Skip to main content

Posts

Showing posts from March 23, 2014

အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲထိုးကျ၊ နှစ်ဦး သေဆုံး၍...

အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲထိုးကျ၊ နှစ်ဦး သေဆုံး၍ ၂၂ ဦး ဒဏ်ရာရ မုံရွာ၊ မတ်၂၃ အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် တစ်စီးသည် မတ်လ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က သနပ်ခါး ရေစခန်းအနီး ကုန်းဆင်းတွင် ဆိုင်ကယ်ကို ရှောင်ရာမှ အရှိန်လွန်ပြီး လမ်း၏ လက်ယာဘက်ရှိ ဝါးသုံးပြန်ခန့် နက်သော ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ခရီးသည် နှစ်ဦး သေဆုံးပြီ ၂၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အသင်းဝင်များနှင့် ယင်းကားပေါ်တွင် ပါလာသည့် ဘုရားဖူးများ၏ ပြောကြားချက်အရ သိရသည်။ ချောက်ထဲ ထိုးကျခဲ့သည့် ဒိုင်နာယာဉ်မှာ အမရပူရမြို့နယ် ယဉ်တော်ရွာမှ အသိနှင့် ဆွေမျိုးသားချင်းများ စုပေါင်းပြီး အလောင်းတော်ကဿပသို့ ဘုရားဖူးသွားရန် စုပေါင်း ငှားလာသည့် ဒိုင်နာယာဉ် ဖြစ်ပြီး ကားပေါ်တွင် ကလေး၊ လူကြီး စုစုပေါင်း၂၆ ဦး ပါဝင်ခဲ့ကြောင်း ကားပေါ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကားဆရာက သောက်ထားတယ်။ အရှေ့က ဆိုင်ကယ်ကို ရှောင်လိုက်တဲ့ အချိန်မှာ ကားက အရှိန်လွန်ပြီး လမ်းဘေးက ချောက်ထဲကို ထိုးဆင်းသွားတာပဲ။ ကျွန်မလည်း မျက်စိစုံ မှိတ်ထားလိုက်တာ ချေ

သတင်းစာ သင်တန်းကျောင်း တည်ထောင်ရန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း ရန်ကုန်၊ မတ်...

သတင်းစာ သင်တန်းကျောင်း တည်ထောင်ရန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း ရန်ကုန်၊ မတ် ၂၃ မြန်မာ့စာနယ်ဇင်းသမား အများစု ပါဝင်ရန် ရည်ရွယ်ထားသည့် မြန်မာ စာနယ်ဇင်း သင်တန်းကျောင်း (Myanmar Journalism Institute) တည်ထောင်ရေးအတွက် ဒါရိုက်တာအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကော်မတီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။ အဆိုပါ သင်တန်းကျောင်း ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် မတ်လ ၂၃ ရက် နေ့က Myanmar Journalism Institute တည်ထောင်ရေး အခမ်းအနား ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ယခင်ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် ဒါရိုက်တာ အဖွဲ့အစား ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါ သင်တန်းကျောင်းကို ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမိတ်နိုင်ငံနှင့် ယူနက်စကို (UNESCO) အဖွဲ့တို့မှ အလှူရှင်များနှင့် မြန်မာနိုင်ငံ အခြေစိုက် ရုပ်သံမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သော Forever Group တို့က မတည်မည် ဖြစ်ကြောင်း IMS ၏ အကြီးတန်း အကြံပေး Mr.Jorgen Ringgard က ပြောကြားသည်။ “သင်တန်းကျောင်းကို လာမယ့် ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နေရာကတော့ ရှာနေ

၈၈ မျိုးဆက်များ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဦးမည် မဟုတ်

ရန်ကုန်၊ မတ် ၂၃လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်မည်ဟု ပြောဆိုထားသော ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား အချို့သည် ယခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲကိုမူ ဝင်ရောက် ယှဉ်ပြိုင်ဦးမည် မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1jtWqq4

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆန္ဒပြ

ရန်ကုန်၊ မတ်၂၃၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး သဖွယ် ဖြစ်နေသော အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် မတ်လ ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင် ပါဝင်ခဲ့သူများက ပြောကြားသည်။ from Voice http://ift.tt/1jtWoP5

အင်တာနက်ဘဏ်နှင့် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှု လာမည့် ဘဏ္ဍာနှစ်အတွင်း စမည်

ရန်ကုန်၊ မတ် ၂၃ပြည်ပမိုဘိုင်းလ် အော်ပရေတာများနှင့် ပြည်တွင်းဘဏ်များ အပြိုင်အဆိုင် ဝန်ဆောင်မှုပေးရန် ကြိုးပမ်းနေသော အင်တာနက် ဘဏ်စနစ်နှင့် မိုဘိုင်းလ်ဘဏ်စနစ်ကို ယူနိုက်တက် အမရာဘဏ် (UAB) က ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အလယ်တွင် ဝန်ဆောင်မှု ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း အဆိုပါဘဏ် Chief Operating Officer ဦးသန့်ဇင်က ပြောကြားသည်။ from Voice http://ift.tt/Q6uAaT

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ၊ ကန်ဒေါ်လာ သန်း ၈၀ နီးပါး ထောက်ပံ့မည်

ရန်ကုန်၊ မတ် ၂၃မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး (ယန်းငွေ ရှစ်ဘီလီယံ) ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Mr.Fumio Kishida ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ အခြေစိုက် Kyodo သတင်းဌာနတွင် ဖော်ပြထားသည်။ from Voice http://ift.tt/Q6uCjd

တပ်ဖွဲ့ဝင်သစ်များကို နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာစစ်တပ်ဝန်ခံ သည်တိုင်းေ...

တပ်ဖွဲ့ဝင်သစ်များကို နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာစစ်တပ်ဝန်ခံ သည်တိုင်းအော့ဖ်အိန္ဒိယ ကိုလံဘို၊ မတ် ၂၃ အမျိုးသမီးတပ်ဖွဲ့ဝင်သစ်များအား ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာစစ်တပ်က ၀န်ခံပြောကြားခဲ့သည်ဟု မတ်လ ၂၃ ရက်က သည်တိုင်းအော့ဖ်အိန္ဒိယသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်တပ်အရာရှိများက တမီးလ်သူပုန်များအပေါ် ဆက်ဆြံပုမှုများနှင့် ပတ်သက်ပြီးစွပ်စွဲမှု အမျိုးမျိုးထွက်ပေါ် ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ယခုကဲ့သို့ ၀န်ခံခြင်းသည် အလွန်ရှားပါးသည့် အဖြစ်အပျက်တစ်ခုဖြစ် သည်။ အတိုက်အခံများ ရေးသားလွှတ်တင်ထားသည့် အင်တာနက်ဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်မှ ဗွီဒီယိုရိုက်ကွက် များမှာ အစစ်အမှန်ဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရသူ တစ်ဦးက ၀န်ခံခဲ့သည်။ ထိုဗွီဒီယို ရိုက်ကွက်များ သည် အမျိုးသမီးတပ်ဖွဲ့ဝင်များအား စစ်သားများက နှိပ်စက်နေသည်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သင် တန်းဆရာများအနေဖြင့် တပ်ဖွဲ့ဝင်သစ်များအပေါ် စစ်စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူဒဏ်ခတ် ရာတွင် လိုသည်ထက်ပိုပြီး အာဏာသုံးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ သီရိလင်္ကာစစ်တပ်၏ စစ်ရဲတပ်ဖွဲ့ဝင်များ တာဝန်ယူပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဗွီဒီယို မှအဖြစ် အပျ

Android အတွက် iTunes application ထုတ်လုပ်ရန် Apple စဉ်းစားနေ CNET ကယ်လီဖိုးနီး...

Android အတွက် iTunes application ထုတ်လုပ်ရန် Apple စဉ်းစားနေ CNET ကယ်လီဖိုးနီးယား၊ မတ် ၂၃ Apple ကုမ္ပဏီက အွန်လိုင်းတွင် သီချင်းနားဆင်နိုင်သည့် ၀န်ဆောင်မှုပေးသော iTunes အား Android အတွက် ထုတ်လုပ်ပေးရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အနုပညာသတင်းများကို ထုတ်ပြန်လျက်ရှိ သည့် Billboard က ဖော်ပြခဲ့သည်။ ကုမ္ပဏီက လက်ရှိအချိန်တွင် သီချင်းထုတ်လုပ်သူ အများအပြားနှင့် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အခြားအွန်လိုင်းသီချင်း ၀န်ဆောင်မှုများဖြစ်သည့် Spotify နှင့် Beats music တို့ကို ယှဉ်ပြိုင်သွားမည်ဟု Billboardက ပြောကြားသည်။ ထုတ်လုပ်သူများနှင့် ဆွေးနွေးနေမှုများမှာ စတင်နေပြီဖြစ်ကြောင်း အမည်မထုတ်ဖော်နိုင် သေးသည့် သတင်းရင်းမြစ်များ၌ ဖော်ပြထားသည်။ ထို့နောက် Apple အနေဖြင့် Android အတွက် iTunes Store application တစ်ခု ထုတ်လုပ်ရန် ကြိုးစား နေကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။ Apple မှ အဆိုပါသတင်းများကို မှတ်ချက်ပေးရန် ငြင်း ဆိုထားလျက်ရှိသည်။ လက်ရှိအချိန်တွင် iTunes ၌ download လုပ်မှုများ တဖြည်းဖြည်းကျဆင်းလာပြီး အွန်လိုင်းသီချင်း ၀က်ဘ် ဆိုဒ်များဖြစ်သည့် Spotify, Pandora တို့တွင်သာ များပြားလျက်ရှိသည်။ လေ့လာဆန်းစစ်ရေးအဖွဲ

ယုံကြည်လောက်တဲ့သဲလွန်စကြောင့် လေယာဉ်တွေ့ရန် မျှော်လင့်ချက်တိုးလာဟု သြဇီဝန်ကြီးချ...

ယုံကြည်လောက်တဲ့သဲလွန်စကြောင့် လေယာဉ်တွေ့ရန် မျှော်လင့်ချက်တိုးလာဟု သြဇီဝန်ကြီးချုပ်ပြော အေအက်ဖ်ပီ ကင်ဘာရာ၊ မတ် ၂၃ လေယာဉ်အပိုင်းအစများဟု ယုံကြည်ရလောက်သည့် အရာဝတ္ထုများ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင် တွင် မျောပါနေသည်ကို တွေ့ရှိရသဖြင့် ပျောက်ဆုံးသွားသော မလေးလေယာဉ် MH 370 နှင့် ခရီးသည် များ၏ ကံကြမ္မာကိုသိရှိရန် မျှော်လင့်ချက်များ တိုးလာကြောင်း သြစတြးလျဝန်ကြီးချုပ်က ထုတ်ဖော်ပြော ကြားလိုက်သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သြဇီဝန်ကြီးချုပ် တိုနီအဘော့တ်က “အတိအကျပြောဖို့ စောပါသေးတယ်။ ယုံကြည်လောက်တဲ့သဲလွန်စ တွေ ဖြစ်တယ်ဆိုတာတော့ သိသာပါတယ်။ ဒါကြောင့် မျှော်လင့်ချက်တော့ တိုးလာတာပေါ့။ ကံမကောင်း အကြောင်းမလှတဲ့ ဒီလေယာဉ်ဘာဖြစ်သွားခဲ့တာလဲဆိုတာ သိနိုင်ဖို့လမ်းစတော့ ဖြစ်နိုင်ပါတယ်” ဟု ပြော သည်။ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း မလေးရှားလေယာဉ်ရှာဖွေမှုတွင် ကုန်ပစ္စည်းတင် သစ်သားပျဉ်ချပ်များ၊ ကြိုးစ များနှင့် ခါးပတ်များကို တွေ့ရှိခဲ့ကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားပြီးနောက် ၀န်ကြီးချုပ် က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပျောက်ဆုံးသွားသော ဘိုရင်း ၇၇၇ လေယာဉ်ကို ရှာဖွေနေသော ဇုန်အတွင

Android အတွက် iTunes application ထုတ်လုပ်ရန် Apple စဉ်းစားနေ CNET ကယ်လီဖိုးနီး...

Android အတွက် iTunes application ထုတ်လုပ်ရန် Apple စဉ်းစားနေ CNET ကယ်လီဖိုးနီးယား၊ မတ် ၂၃ Apple ကုမ္ပဏီက အွန်လိုင်းတွင် သီချင်းနားဆင်နိုင်သည့် ၀န်ဆောင်မှုပေးသော iTunes အား Android အတွက် ထုတ်လုပ်ပေးရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အနုပညာသတင်းများကို ထုတ်ပြန်လျက်ရှိ သည့် Billboard က ဖော်ပြခဲ့သည်။ ကုမ္ပဏီက လက်ရှိအချိန်တွင် သီချင်းထုတ်လုပ်သူ အများအပြားနှင့် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အခြားအွန်လိုင်းသီချင်း ၀န်ဆောင်မှုများဖြစ်သည့် Spotify နှင့် Beats music တို့ကို ယှဉ်ပြိုင်သွားမည်ဟု Billboardက ပြောကြားသည်။ ထုတ်လုပ်သူများနှင့် ဆွေးနွေးနေမှုများမှာ စတင်နေပြီဖြစ်ကြောင်း အမည်မထုတ်ဖော်နိုင် သေးသည့် သတင်းရင်းမြစ်များ၌ ဖော်ပြထားသည်။ ထို့နောက် Apple အနေဖြင့် Android အတွက် iTunes Store application တစ်ခု ထုတ်လုပ်ရန် ကြိုးစား နေကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။ Apple မှ အဆိုပါသတင်းများကို မှတ်ချက်ပေးရန် ငြင်း ဆိုထားလျက်ရှိသည်။ လက်ရှိအချိန်တွင် iTunes ၌ download လုပ်မှုများ တဖြည်းဖြည်းကျဆင်းလာပြီး အွန်လိုင်းသီချင်း ၀က်ဘ် ဆိုဒ်များဖြစ်သည့် Spotify, Pandora တို့တွင်သာ များပြားလျက်ရှိသည်။ လေ့လာဆန်းစစ်ရေးအဖွဲ

မိဘသဘောတူသူကို ဘ၀လက်တွဲဖော် ရွေးချယ်မည့် သက်သခင် မေနှင်းကြည် ရန်ကုန်၊ မတ် ၂၃...

မိဘသဘောတူသူကို ဘ၀လက်တွဲဖော် ရွေးချယ်မည့် သက်သခင် မေနှင်းကြည် ရန်ကုန်၊ မတ် ၂၃ ကိုယ်ကလည်း ချစ်မြတ်နိုးပြီး မိဘများ သဘောတူကြည်ဖြူသူကိုသာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သွား မည်ဟု သရုပ်ဆောင် သက်သခင်က မဇ္ဈိမ၏မေးမြန်းမှုကို တရားဝင်ဖြေကြားပေးသည်။ “အချစ်က ကိုယ့်အပေါ် နားလည်နိုင်ပြီး ပေးဆပ်နိုင်မှုလို့ နားလည်တယ်” ဟု ၎င်းက ပြောသည်။ သရုပ် ဆောင်သက်သခင်သည် ၎င်း၏ ဘ၀လက်တွဲဖော်ကို ယခုအချိန်၌ ပရိသတ် ရှေ့မပြနိုင်သေးဘဲ အဆင်ပြေ သည့် အချိန်ရောက်ရှိမှသာ အသိပေးမည်ဟု ဆိုသည်။ လက်ရှိတွင် အနုပညာအလုပ်များကို ကြိုးစားလုပ်သွားမည်ဖြစ်ပြီး အိမ်ထောင်ရေးကိုလည်း မစဉ်းစားရသေး ကြောင်း ဆိုခဲ့သည်။ ယင်းအပြင် အနုပညာရှင် တစ်ယောက်တွင် ချစ်သူရှိပါက ပရိသတ် အားပေးမှုသည် လျော့နည်းသွားမည်ကို စိုးရိမ်လျက်ရှိသော်လည်း ၎င်း၏ ရွေးချယ်မှုကို ပရိသတ်က လက်ခံမည်ဟု ယူဆ ကြောင်း ယုံကြည်မှုများစွာဖြင့် ပြောခဲ့သည်။ ၎င်းသည် လက်ရှိတွင် ဟာသဇာတ်ရုပ်များကိုသာ သရုပ်ဆောင်နေရခြင်းကြောင့် မေတ္တာဘွဲ့ဇာတ်ရုပ်များ ကိုလည်း သရုပ်ဆောင်လိုသည်ဟု ပြောခဲ့သည်။ သက်သခင်သည် ၂၀၁၀ ပြည့်နှစ်တွင် မော်ဒယ်အနေဖြင့် အနုပညာလောကထဲသို့ ၀င်ရောက်လာခဲ့ပြီး အကယ်ဒမီ ဗန်းကိုင်အဖြစ် လုပ်ဆောင်ခဲ့ရာမှ ပရိသတ်ပိုမို

လာအိုအစိုးရသစ် ကုန်သွယ်မှုကို ထိန်းချုပ်သွားမည် ဆင်ဟွာ ဗီယံကျင်း၊ မတ် ၂၃ လာအို...

လာအိုအစိုးရသစ် ကုန်သွယ်မှုကို ထိန်းချုပ်သွားမည် ဆင်ဟွာ ဗီယံကျင်း၊ မတ် ၂၃ လာအိုအစိုးရအဖွဲ့သည် သစ်ကုန်သွယ်မှုကို ထိန်းချုပ်သွားမည်ဖြစ်ပြီး တရားမ၀င် သစ်တင်ပို့ခြင်းမှ တစ်ဆင့် အခွန်ငွေများ ဆုံးရှုံးမှုမရှိစေရန်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံရှိ တရုတ်သံရုံး၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကောင်စစ်ဝန်၏ ၀က်ဘ်ဆိုက်တွင် မတ် ၁၉ ရက်က ဖော်သည်ဟု ဆင်ဟွာသတင်းဌာနက မတ်လ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။ လာအို ပြည်သူများထံမှ ရှားပါးသစ်များမှ ၀ယ်ယူရန် ကြိုးပမ်းနေသော ကုမ္ပဏီများကို လာအိုအစိုးရက သတိပေးချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၄င်းအပြင် တရားမ၀င်သစ်ခုတ်ခြင်းနှင့် သစ်ကုန်သွယ်မှုများ ပြုလုပ်ရာတွင်ပါဝင်သော အစိုးရအဖွဲ့အရာရှိ များကိုလည်း ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်သည်ဟု သတိပေးထုတ်ပြန်ခဲ့သည်။ ပြည်တွင်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသည့် ပြည်တွင်းပြည်ပကုန်သည်များ အပေါ်တွင် လည်း ပြင်းထန်သော အပြစ်ပေးမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ လာအိုနိုင်ငံနှင့် စီးပွားရေးအရ သစ်ကုန်သွယ်မှုတွင် ပါဝင်သော တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ဥပဒေ

အိန္ဒိယလုပ်ငန်းရှင်များ ဈေးကွက်သစ် ရှာဖွေဖော်ထုတ်သင့် ဟုဆို ဘင်းစနစ်စတန်းဒက် န...

အိန္ဒိယလုပ်ငန်းရှင်များ ဈေးကွက်သစ် ရှာဖွေဖော်ထုတ်သင့် ဟုဆို ဘင်းစနစ်စတန်းဒက် နယူးဒေလီ၊ မတ် ၂၃ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဥရောပသမဂ္ဂနှင့် အမေရိကန်ကဲ့သို့သော ထုံးတမ်းစဉ်လာ ဈေးကွက် ဟောင်းများမှ အာဖရိနှင့် တရုတ်ကဲ့သို့အရပ်ဒေသများသို့ ဈေးကွက်သစ်များ ထိုးဖောက်ရမည် ဖြစ်သည်ဟု ကုန်သွယ်ရေး ယူနီယံ အတွင်းရေးမှူး ရာဂျစ်ခါကပြောခဲ့ကြောင်း ဘင်းစနစ်စတန်ဒစ် သတင်းတွင် မတ် ၂၃ ရက်က ဖော်ပြသည်။ အာဖရိကသည် ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး ဈေးကွက်နေရာ ရထားသင့်ကြောင်း အင်ဂျင်နီယာသုံးပစ္စည်းများ တင်ပို့သူ အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ခါက ပြောကြားခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင် အာရှ နိုင်ငံများတွင် ဈေးကွက်သစ်များ ပေါ်လာနေသလိုပင် တရုတ်နိုင်ငံသည်လည်း ဈေးကွက်ကြီးတစ်ခုဖြစ်သည် ဟု ခါက ဆိုသည်။ ၎င်းပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့ နိုင်ငံများကို အိန္ဒိယပို့ကုန် လုပ်ငန်း ရှင်များ လျစ်လျူရှုထားကြကြောင်းနှင့် ပီရူး၊ ကိုလံဘီယာနှင့် ချီလီက အလားအလာ ရှိသည့် ဈေးကွက်များဖြစ် သည်ဟုလည်း ထောက်ပြ ပြောဆိုခဲ့သည်။ ဈေးကွက်တွင် ရေရှည်ခိုင်မြဲရန်အတွက် ဈေးကွက်သစ်များကို အိန္ဒိယလုပ်ငန်းရှင်များက ထိုးဖောက်ရမည် ဖြစ်သည်ဟု

ထိုင်ဝမ်သမ္မတက တရုတ်နှင့် ကုန်သွယ်မှုစာချုပ်ကိစ္စ ပြီးပြတ်အောင် လုပ်ဆောင်မည် ရိုက်...

ထိုင်ဝမ်သမ္မတက တရုတ်နှင့် ကုန်သွယ်မှုစာချုပ်ကိစ္စ ပြီးပြတ်အောင် လုပ်ဆောင်မည် ရိုက်တာ တိုင်ပေ၊ မတ် ၂၃ ထိုင်ဝမ်သမ္မတ မာယင်ဂျိုးသည် နိုင်ငံတွင် လက်ရှိအငြင်းပွားနေသော တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်ကိစ္စကို ပြီးပြတ်အောင် လုပ်ဆောင်ရန် လုပ်အပ်နေသည်ဟု ပြောကြားလိုက်ပြီး ပါလီမန် အဆောက်အအုံကို သိမ်းပိုက်ထားသော ဆန္ဒပြသူများကိုလည်း ဒီမိုကရေစီစနစ်ကို လေးစားမှု ရှိရန်နှင့် အဆောက်အအုံမှ ပြန်လည်ထွက်ခွာရန် တနင်္ဂနွေနေ့က မေတ္တာရပ်ခံ တောင်းဆိုလိုသည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၂၃ ရက်တွင် ရေးသားဖော်ပြသည်။ ၎င်းကုန်သွယ်မှု သဘောတူညီမှုစာချုပ်ကို ထိုင်ဝမ်ပါလီမန်က ခွင့်ပြုပေးလိုက်ခြင်းသည် ထိုင်ဝမ်နှင့်တရုတ် နိုင်ငံတို့အကြား ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်းမှု လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုင်ဝမ်သို့ တရုတ်ဝန်ဆောင်မှု ကဏ္ဍ ၈၀နှင့် တရုတ်နိုင်ငံသို့ ထိုင်ဝမ်ဝန်ဆောင်မှုကဏ္ဍ ၆၄ ရပ်တို့ကို ရင်းနှီးမြှုပ်နှံရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ သို့ရာတွင်လည်း ဆန္ဒပြသူများသည် ၎င်းစာချုပ်ကြောင့် ထိုင်ဝမ်နိုင်ငံအပေါ် တရုတ်တို့၏ စီးပွားရေးလွှမ်းမိုး မှုများ ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။ ထိုင်ဝမ်နိုင်ငံ၏ ကု

အင်ဒိုနီးရှားက ခရီးသွားလာရေး နေရာ ၁၆ ခုကို ယခုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ရန် စီ...

အင်ဒိုနီးရှားက ခရီးသွားလာရေး နေရာ ၁၆ ခုကို ယခုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ် အင်ဒိုနီးရှားထရာဘယ်လ် ဂျာကာတာ၊ မတ် ၂၃ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအတွင်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာနှင့် ခရီးသွားလာရေး နေရာများကို အစဉ်မပြတ် တိုးချဲ့ခြင်းဖြင့် နိုင်ငံတကာခရီးသွားဧည့်သည် ၀င်ရောက်မှုကို ရှစ် ရာခိုင်နှုန်း တိုးတက်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်အတွင်း ခရီးသွားလာရေးနေရာ ၁၆ခုကို တိုးချဲကဖွင့်လှစ်သွားမည်ဟု အင်ဒိုနီးရှား ထရာဘယ်လ် သတင်းဌာနက မတ်လ ၁၈ ရက်တွင် ရေးသားဖော်ပြသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန်သော အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသို့ ခရီးသွား ဧည့် သည် ၀င်ရောက်မှုမှာ နှစ်စဉ် ၂၂ ဒသမ ၅၉ ရာခိုင်နှုန်းမြင့် တက်လျက်ရှိပြီး ယင်းအနေအထားတိုင်း ဆက် လက်မြင့်တက်နေမည်ဆိုပါက ယခုနှစ်အတွက် မျှော်မှန်းထားသော ခရီးသည် အရေအတွက်ကို ပြည့်မီ နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၄ တွင် ကမ္ဘာလှည့်ခရီးသည် ၉ ဒသမ ၃ သန်းနှင့် ၉ ဒသမ ၅ သန်းအကြား လာရောက်လည်ပတ်ရန် မျှော်မှန်းထားပြီး ယင်းအရေအတွက်အတိုင်း ခရီးသည်ဝင်ရောက်မှု ရှိပါက၂၀၁၃ ခုနှစ်ကထက် ခြောက်ရာခိုင်န

အက်စ်စန်မိုဘိုင်း ဗီယက်နမ်တွင် ဒေါ်လာ၂၀ ဘီလီယံတန်ဖိုးရှိ စွမ်းအင်ထုတ်စက်ရုံများ တ...

အက်စ်စန်မိုဘိုင်း ဗီယက်နမ်တွင် ဒေါ်လာ၂၀ ဘီလီယံတန်ဖိုးရှိ စွမ်းအင်ထုတ်စက်ရုံများ တည်ဆောက်မည် တော့တာနယူး ဗီယံကျင်း၊ မတ် ၂၃ အမေရိကန်၏ ထိပ်တန်းစွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော အက်စ်စန်မိုဘိုင်း ကော်ပိုရေးရှင်းသည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိ စွမ်းအင်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက် ရန်စီစဉ်လျက်ရှိပြီး ယင်းစီမံကိန်းကို ဗီယက်နမ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PVN နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု ဗီယက်နမ်စက်မှု နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြောင်းတော့ တာနယူးစ် သတင်းဌာနက မတ်လ ၂၀ ရက်တွင် ဖော်ပြသည်။ ယင်းစီမံကိန်း လုပ်ဆောင်ရန်အတွက် ၂၀၁၃ ဇူလိုင်က ဗီယက်နမ်နိုင်ငံ သမ္မတ ထရောင်တန်ဆောင်း၏ အမေရိကန်ခရီးစဉ်အတွင်း နှစ်ဖက်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် အက်စ်စန် မိုဘိုင်းကော်ပိုရေးရှင်းသည် ဗီယက်နမ်နိုင်ငံ ဘင်ဆွန်းဒေသတွင် တည် ရှိသော ဒေါက်ကွက်စက်ရုံ၏ အရှေ့မြောက်ဘက်ရှိ မြေနေရာတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည်ဟု ဗီယက်နမ် နိုင်ငံထုတ် ဒေါင်းတူးသတင်းစာက ထုတ်ပြန်သည်။ ၎င်းစီမံကိန်းအရ ဗီယက်နမ်ကမ်းရိုးတန်း၏ အနီးအနားတွင်ရှိသော

သတင်းတိုများ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဒုတိယ၀န်ကြီးချုပ် တွန်းအားပေး တ...

သတင်းတိုများ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဒုတိယ၀န်ကြီးချုပ် တွန်းအားပေး တရုတ်နိုင်ငံသည် ယွမ်ငွေကြေးလည်ပတ်မှုအတွက် ဈေးကွက်အရင်းခံအတိုးနှုန်းနှင့် ငွေကြေးလဲလှယ်နှုန်း တို့ကို ဖော်ဆောင်သွားမည်ဟု တရုတ်ဒုတိယ၀န်ကြီးချုပ် ကျန်ဂေါင်လီက တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်နေသည့် နိုင်ငံခြားအဆင့်မြင့် အရာရှိများသို့ ပြောသည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၂၂ ရက်တွင် ရေးသားဖော်ပြသည်။ တရုတ်နိုင်ငံသည် မျှတပွင့်လင်းသော ဈေးကွက်ဥပဒေများနှင့်အညီ ခေတ်မီလွတ်လပ်ပြီး ယှဉ်ပြိုင်နိုင်သော ဈေးကွက်စနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ဖွံ့ဖြိုးမှု ဖိုရမ်တွင် ကျန်ကပြောခဲ့သည်။ ယူကရိန်းသို့ ငွေကြေးကူညီပေးမည်ဟုအီးယူကတိပြု ဘဏ္ဍာရေး ယိမ်းယိုင်နေသည့် လတ်တလောအခြေအနေသည် ယူကရိန်းစီးပွားရေးအတွက် အဓိကပြဿနာ ဖြစ်ပြီး ဘတ်ဂျက်လိုငွေပြမှု အကျပ်အတည်းမှ ကယ်တင်ရန်အတွက် ဥရောပသမဂ္ဂကိုယ်စားများက ယူက ရိန်းသို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အကူအညီပေးသွားရန် ဥရောပကော်မရှင်က သဘောတူခဲ့သည်ဟု ဗွိုက်အော့ဖ် ရုရှသတင်းဌာနက မတ်လ ၂၃ ရက်တွင် ရေးသားဖော်ပြသည်။ ဂျာမနီနိုင်ငံမှ တန်ဖိုးကြီး Audi A3 ဆီဒင်ကားများ အိန္ဒိယတွင် ရောင်းချမည် ဂျာမနီလုပ် ဇိမ်ခံကားအမျိုးအစား တစ်မျု

သတင်းတိုများ ယူနိုက်တက်အမရဘဏ် ယခုနှစ်အတွင်း ATM ငွေထုတ်စက်များ ထပ်မံထားရှိမည်...

သတင်းတိုများ ယူနိုက်တက်အမရဘဏ် ယခုနှစ်အတွင်း ATM ငွေထုတ်စက်များ ထပ်မံထားရှိမည် ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်နှင့် မန္တလေးနှစ်မြို့အတွင်း ATM ငွေထုတ်စက်အလုံး ၇၀ ခန့်ထားရှိသွားမည်ဟု ယူနိုက်တက်မရဘဏ် (UAB) မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ လက်ရှိတွင်ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးသုံးမြို့အတွင်း ATM စက် အလုံးရေ ၂၂ လုံးထားရှိပြီး ဖြစ်သည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ ကျောက်မျက်ရတနာ ဈေးရောင်းပွဲတော် ကျင်းပမည် Star Event Production မှ ဂျွန်လွင် စီစဉ်ကျင်းပသော New Star Grem & Jewellery ၏ (၂၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား မတ်လ ၂၅ ရက်တွင် Sedona Hotel တွင် ကျင်းပမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ကျောက်မျက်ရတနာ ဈေးရောင်းပွဲကို အမှတ် ၃၀၊ ရွှေတိဂုံ ဘုရားလမ်းတွင် အထူးဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်သည်ဟု အဆိုပါပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIzrb

ပြည်သူများ နိုင်ငံရေးဦးတည်ချက် မပျောက်ရေး စာပေပညာရှင်များ ဘက်လိုက်မှုမရှိဘဲ ကူညီ...

ပြည်သူများ နိုင်ငံရေးဦးတည်ချက် မပျောက်ရေး စာပေပညာရှင်များ ဘက်လိုက်မှုမရှိဘဲ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း ----------- သတင်းအပြည့်အစုံ..... http://ift.tt/1ghcA7n ပြည်သူများ နိုင်ငံရေးဦးတည်ချက် မပျောက်ရေး စာပေပညာရှင်များ ဘက်လိုက်မှုမရှိဘဲ ကူညီပေး� 7daydaily.com ပြည်သူများ နိုင်ငံရေးဦး တည်ချက် မပျောက်စေရေး စာပေ ပညာရှင်များ ၀ိုင်းဝန်းကူညီပေး ရန် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၃ ရက်တွင် အထက် မြန်မာပြည် စာပေပညာရှင်များ နှင့် တွေ့ဆုံရာ၌ တိုက်တွန်းအကူ အညီ တောင်းခံခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1f8YfFI

Air Asia လက်မှတ် အရောင်းဌာန လပြည့်ဝန်းပလာဇာသို့ ပြောင်းရွှေ့ဖွင့် ရန်ကုန်၊ မတ် ၂...

Air Asia လက်မှတ် အရောင်းဌာန လပြည့်ဝန်းပလာဇာသို့ ပြောင်းရွှေ့ဖွင့် ရန်ကုန်၊ မတ် ၂၃ အာရှဒေသတွင်း နိုင်ငံများတွင် စရိတ်နည်း လေကြောင်းလိုင်း အဖြစ် ပြေးဆွဲလျက်ရှိသည့် Air Asia လေကြောင်းလိုင်း၏ လက်မှတ် အရောင်းဌာန ရုံးခန်း အသစ်ကို မတ်လ ၂၃ ရက်နေ့မှ စ၍ လပြည့်ဝန်း ပလာဇာသို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း အဆိုပါ Air Global Travel & Tours ကုမ္ပဏီထံမှ သိရသည်။ Air Asia လက်မှတ် အရောင်းဌာနကို ယခင်က ဆီဒိုးနားဟိုတယ်တွင် ဖွင့်လှစ်ထားရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လပြည့်ဝန်းပလာဇာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း Air Global Travel & Tours ကုမ္ပဏီထံမှ သိရသည်။ လိပ်စာအသစ်သို့ ပြောင်ရွှေ့ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် Air Asia က ရန်ကုန်မှ ဘန်ကောက်နှင့် ကွာလာလမ်ပူသို့ မတ်လ ၂၆ ရက်မှ ဇူလိုင်လ ၂၀ ရက်နေ့အတွင်း သွားရောက်မည့် ခရီးစဉ် တစ်ခေါက်လျှင် လက်မှတ်ခကို အမေရိကန်ဒေါ်လာ ၃၀ ဖြင့် စတင်၍ ရောင်းချပေးသွားမည် ဖြစ်ရာ မတ်လ ၂၅ ရက်နေ့ထိ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းတင်က ပြောကြားသည်။ အဆိုပါ နေရာအသစ်တွင် လေယာဉ်လက်မှတ် ရောင်းချခြင်း၊ လက်မှတ်ရက် ပြောင်းရွှေ့ခြင်း၊ ခရီးဆောင်

ယူနန်အခြေစိုက် သတင်းဌာန မင်္ဂလာမြန်မာရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်မည် ရန်ကုန်၊...

ယူနန်အခြေစိုက် သတင်းဌာန မင်္ဂလာမြန်မာရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်မည် ရန်ကုန်၊ မတ် ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရအောက်ရှိ ကူမင်း အခြေစိုက် တရုတ်သတင်းဌာန တစ်ခုဖြစ်သော မင်္ဂလာမြန်မာ သတင်းဌာနက ရန်ကုန်မြို့တွင် ရုံးခွဲတစ်ခုကို ယခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာန ရုံးအဖွဲ့မှူးက ပြောကြားသည်။ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော မြန်မာသတင်း ဌာနကို မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ရုံးခန်း လာရောက် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့က ခွင့်ပြုချက် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီး နောက်ပိုင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသော ကဏ္ဍများကို တရုတ်-မြန်မာ ချစ်ကြည်ရေးကို အဓိကထား ဖော်ပြသော မဂ္ဂဇင်း ဖြစ်သည့်အပြင် www.yunnan gateway.com ဟူသည့် အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ထားပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ဘာသာစကားများဖြင့် သတင်းများ လွှင့်တင်ကြောင်း ၎င်းကဆိုသည်။ “ဧပြီ ၃ ရက်နေ့မှာ အသိပေး ရှင်းလင်းပွဲ ရန်ကုန်မှာ လုပ်ဖို့ရှိတယ်” ဟု ပြောဆိုသော်လည်း နေရာနှင့် လုပ်ငန်း ဆောင်ရွက်ရန် အခြေအနေကိုမူ
၂၀၁၃ မိုဘိုင်းစစ်တမ်းများအရ ဟွာဝေးမှ ရောင်းအားအကောင်းဆုံးဆုရရှိ myanmar.mmtimes.com အင်တာနက်ဂျာနယ်နှင့် Outlab Biz Group တို့က ပူးပေါင်း ကောက်ခံခဲ့သည့် ၂၀၁၃ မိုဘိုင်း စစ်တမ်းများအရ ဟွာဝေးဖုန်းအမျိုးအစားမှာ ရောင်းအားအကောင်းဆုံးဆု ရရှိခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/OMv4lu

ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး

ရပ်စောက် ၊ ၂၄-၃-၂၀၁၄ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။ ထို ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး ကို ထူးဆန်းသဖြင့် လာရောက် ကြည့်ရှု့သူ များပြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ နွားခြံပိုင်ရှင် သည် နွားခြံ လုပ်ငန်း လုပ်ကိုင် ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်၍ ယခုကဲ့သို့ ၄င်း၏ နွားခြံမှ ထူးဆန်းသော ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး မွေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။ (၁၆၆) The Myawady Daily from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1gZYMOk

ပုဂံဘုရားအမှတ် ၁၆၅ ပရိဝုဏ်မြေတွင် မြေကွက်ရိုက်ဟု ပခုက္ကူ၊ မတ် ၂၃ မြန်မာနိုင်ငံ၏...

ပုဂံဘုရားအမှတ် ၁၆၅ ပရိဝုဏ်မြေတွင် မြေကွက်ရိုက်ဟု ပခုက္ကူ၊ မတ် ၂၃ မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦး မြို့နယ် ငှက်ပစ်တောင်ရပ် အမှတ် ၃ နယ်မြေရှိ ဘုရားအမှတ် ၁၆၅ ရှင်ပင်ပွင့်လင်း ဘုရားနှင့် လှိုဏ်ဂူပေါင်း ၉၉ ခုရှိရာ ပရိဝုဏ် မြေနေရာတွင် ဟိုတယ် ဆောက်လုပ်ရန်နှင့် လူနေအိမ် ဆောက်လုပ်ရန်အတွက် မြေများကို အကွက် ရိုက်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။ မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၏ အသည်းနှလုံးဟု ကမ္ဘာက တင်စားထားသည့် ပုဂံရှေးဟောင်း နယ်မြေတွင် စေတီပုထိုးပေါင်း ၃၁၂၂ ဆူ ရှိပြီး စေတီများ အနီးရှိ မြေလွတ် မြေရိုင်းများကို အကွက်ရိုက်ကာ မြေနေရာ ချထားခြင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အရုပ်ဆိုး အကျည်းတန်စေကြောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ထိန်းသိမ်းရန်မှာ နယ်မြေ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးပိုင်းတို့တွင် တာဝန်ရှိကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရန်အတွက် ရှေးဟောင်း သုတေသန အဖွဲ့၏ တာဝန်ဖြစ်ကြောင်း၊ ယင်းသို့ ရှေးဟောင်းနယ်မြေတွင် မြေကွက် ရိုက်မည် ဆိုပါက ကြိုတင်ကာ အသိပေးသ

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီး လေးခုတွင် ယှဉ်ပြိုင်မည်ဟုဆိ...

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီး လေးခုတွင် ယှဉ်ပြိုင်မည်ဟုဆို ပုသိမ်၊ မတ် ၂၃ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လေးခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားသည်။ ပုသိမ်မြို့ ကန်သာယာ ပြည်ထောင်စုကွင်းတွင် မတ်လ ၂၂ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ဒေသခံ လယ်သမား ပါတီဝင်များ တွေ့ဆုံ မိတ်ဆက်ပွဲတွင် ဦးကျော်စွာစိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် တောင်သူလယ်သမား အများစုမှာ ဆင်းရဲတွင်းနက်သည့် အပြင် မြန်မာနိုင်ငံတွင် အနှိမ်အခံရဆုံး လူတန်းစားများ ဖြစ်ကြကြောင်း၊ စပါးပွဲစားက မယားငယ်ထား၍ စက်ပိုင်က တိုက်ဆောက်နေချိန်တွင် လယ်သမား အများစုမှာ ဗိုက်မှောက်နေကြရကြောင်း၊ လယ်သမားများမှာ ခါးတောင်းကျိုက်ပြီး လုပ်ကိုင်နေရသော်လည်း ကျောမွဲဘဝမှ မတက်ကြရခြင်းကြောင့် ယင်းသို့ ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဥပဒေကို လယ်သမား အများစုက နားမလည်ကြဘူး။ ဥပဒေ နားလည်တဲ့ လူတစ်စုက ဥပဒေ နားမလည်တဲ့ လူထုကို ဥပဒေ စကားလုံးတွေ သုံး

ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် ငြိမ်းချမ်းရေးအကြွေးဆပ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် ငြိမ်းချမ်းရေးအကြွေးဆပ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာတွင် ဖော်ပြ ----------- သတင်းအပြည့်အစုံ.... http://ift.tt/1gZWxL2 ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် ငြိမ်းချမ်းရေးအကြွေးဆပ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည� 7daydaily.com ဆရာကြီး သခင်ကိုယ် တော်မှိုင်းအပေါ် ‘‘ငြိမ်းချမ်းရေး အစစ်’’ အကြွေးတင်နေပြီး ဆရာကြီးအတွက် တတ်နိုင်သ မျှ အကြွေးပြန်ဆပ်ရန်လိုကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏ (၁၃၈)နှစ်မြောက် မွေးနေ့ အခမ်းအနားသို့ ပေးပို့သော ဒေါ် အောင်ဆန်းစုကြည်၏ သ၀ဏ် လွှာတွင် ဖော်ပြထားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1gZWxe0

လမ်းတံတား အသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း နှစ်ရာကျော် လေလံပစ်မည် -----------------...

လမ်းတံတား အသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း နှစ်ရာကျော် လေလံပစ်မည် ----------------- သတင်းအပြည့်အစုံ........ http://ift.tt/1jtBMpU လမ်းတံတား အသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း နှစ်ရာကျော် လေလံပစ်မည် | 7Day Daily 7daydaily.com မြန်မာနိုင်ငံတစ်ဝန်းမှ လမ်းတံတားအသုံးပြုခ ကောက်ခံ မှုဂိတ်ပေါင်း နှစ်ရာကျော်အား လေလံပစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1dgNOor

သမီးကလေးကျေးရွာ နေသူများကို ကြံ့ခိုင်ရေးပါတီက မြေကွက်ချပေးမည် ရန်ကုန်၊ မတ် ၂၃...

သမီးကလေးကျေးရွာ နေသူများကို ကြံ့ခိုင်ရေးပါတီက မြေကွက်ချပေးမည် ရန်ကုန်၊ မတ် ၂၃ ပဲခူးတိုင်းဒေသကြီး အလိုင်နီ ကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ခိုလှုံလျက် ရှိသော သမီးကလေး ကျေးရွာနေ ပြည်သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီရန်ပုံငွေဖြင့် လှည်းကူးမြို့နယ် ဖောင်ကြီးမြို့အနီး ဝါးယားကုန်း ကျေးရွာတွင် မြေ ၁၁ ဧက ဝယ်ယူကာ မဲစနစ်ဖြင့် မြေကွက် ချပေးမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက The Voice သို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့က တပ်ပိုင်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေး ကျေးရွာနေသူ လူဦးရေ ၅၀၀ ကျော် ရှိသည့် အိမ်ထောင်စု ၁၅၇ စုကို အိမ်ထောင်တစ်စုလျှင် ပေ ၄၀၊ ပေ ၆၀ မြေကွက် အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများ ထံမှ သိရှိရသည်။ “အိမ်ထောင်စု အားလုံးအတွက် မြေကွက်တွေ ရိုက်ပြီးပြီ။ စက်ရေတွင်း နှစ်တွင်းက လောလောဆယ် တစ်တွင်း တူးပြီးလို့ သောက်သုံးရေ ရနေပြီ။ ပဲခူးတိုင်းဘက်က မတ်လ ၃၀ ရက်နေ့ အပြီး ရွှေ့ပေးမယ် ဆိုတာကြောင့် အချိန်မီ ပြောင်

ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး

ရပ်စောက် ၊ ၂၄-၃-၂၀၁၄ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။ ထို ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး ကို ထူးဆန်းသဖြင့် လာရောက် ကြည့်ရှု့သူ များပြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ နွားခြံပိုင်ရှင် သည် နွားခြံ လုပ်ငန်း လုပ်ကိုင် ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်၍ ယခုကဲ့သို့ ၄င်း၏ နွားခြံမှ ထူးဆန်းသော ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ်လေး မွေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရှိရသည်။ (၁၆၆) The Myawady Daily from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1f8M4ZG

ကျားသစ်လေးဟာ ကိုယ့်ရဲ့ ၀မ်းစာ တစ်နပ်အတွက် မျောက်တစ်ကောင်ကို သတ်ခဲ့တယ်။ မထင်မှတ်ပ...

ကျားသစ်လေးဟာ ကိုယ့်ရဲ့ ၀မ်းစာ တစ်နပ်အတွက် မျောက်တစ်ကောင်ကို သတ်ခဲ့တယ်။ မထင်မှတ်ပဲ အဲဒီ မျောက်မ မှာ မွေးကင်းစ မျောက်ကလေး ပါလာတယ်။ ကျားသစ် တစ်ကောင်ရဲ့ ထူးထူးဆန်းဆန်း အကြင်နာတရားလေးကို တွေ့လိုက်ရတဲ့ အချိန်မှာ မဖေါ်ပြတတ်တဲ့ အတွေးတွေ ရလိုက်ပါတယ်။ မျောက်လေးအပေါ် သူ့ရဲ့ ကြင်နာမှုပေါ်မှာ တကယ်ကောမျောက်လေး အသက်ရှင်နိုင်ပါမလား.. နှလုံးသားကို ထိတွေ့စေတဲ့ မြင်ကွင်း - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1hdAug6

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဥ...

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံတွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1hdAvAB

မြစ်ဆုံ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ရန်ကုန်ကနေ မြစ်ဆုံ...

မြစ်ဆုံ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ရန်ကုန်ကနေ မြစ်ဆုံအထိ လမ်းလျှောက်တဲ့ ခရီးစဉ်ကို အင်အား(၁၀ဝ)နီးပါးနဲ့ နိုင်ငံရေး အကျဉ်သားဟောင်းများ အဖွဲ့ချုပ်က စတင် လိုက်ပါတယ်။ ရွေတိဂုံ ကြေးသွန်းဘုရားကနေ စတင် ဆန္ဒ ထုတ်ဖော်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်း သားဟောင်းတွေနဲ့ မြို့နယ် အသီသီးက ပြည်သူတွေ ပါဝင် ပါတယ်။ မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1hdAsoC

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်...

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ “အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။ ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုး� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jkU8h6

နှလုံးသားကို ထိတွေ့စေတဲ့ မြင်ကွင်း

ကျားသစ်လေးဟာ ကိုယ့်ရဲ့ ၀မ်းစာ တစ်နပ်အတွက် မျောက်တစ်ကောင်ကို သတ်ခဲ့တယ်။ မထင်မှတ်ပဲ အဲဒီ မျောက်မ မှာ မွေးကင်းစ မျောက်ကလေး ပါလာတယ်။ ကျားသစ် တစ်ကောင်ရဲ့ ထူးထူးဆန်းဆန်း အကြင်နာတရားလေးကို တွေ့လိုက်ရတဲ့ အချိန်မှာ မဖေါ်ပြတတ်တဲ့ အတွေးတွေ ရလိုက်ပါတယ်။ မျောက်လေးအပေါ် သူ့ရဲ့ ကြင်နာမှုပေါ်မှာ တကယ်ကောမျောက်လေး အသက်ရှင်နိုင်ပါမလား... မူရင်း >>>>ဈာန်<<<< Classic Burma News from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1hdzDvU

ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည် ------------- သတင်းအပြည့်အစုံ.......

ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည် ------------- သတင်းအပြည့်အစုံ..... http://ift.tt/1jkRhF5 ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည် | 7Day Daily 7daydaily.com မြန်မာနိုင်ငံတွင် ရထား လမ်းများ စောင့်ကြည့်စနစ်နှင့် ဆေးရုံများ၌ နောက်ဆုံးပေါ် ဆေး ၀ါးကိရိယာများသုံးစွဲရေးအတွက် ဂျပန်နိုင်ငံမှ နောက်ထပ် ဂျပန် ယန်းငွေ ရှစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၇၈ သန်း) ထောက်ပံ့ပေး မည့်အစီအစဉ်ကို ဂျပန် အစိုးရက ယနေ့ ကြေညာမည်ဖြစ်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1jkRhFa

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လေ...

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လျော်ကြေးမရဟုဆို ကွမ်းလုံ၊ မတ် ၂၃ အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ယင်းစီမံကိန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများနှင့် ရော်ဘာခြံများအတွက် လျော်ကြေးများ မရရှိသေးကြောင်း ကွမ်းလုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအယ်လ်တိန်းဘောင်က ပြောကြားသည်။ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ တာဝန်ရှိသူများ ကွမ်းလုံမြို့ မြို့မိမြို့ဖများနှင့် မတ်လ ၁၉ ရက်နေ့က ကွမ်းလုံမြို့ သံလွင်ဦး ခန်းမတွင် ပြုလုပ် ကျင်းပခဲ့သော အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက စီမံကိန်းအတွက် လမ်းဖောက်လုပ်ရာတွင် ဒေသခံ ပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာခြံများမှ ရော်ဘာ အပင်ရေ ငါးသောင်းကျော် ပျက်စီး သွားခဲ့သဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက လျော်ကြေးပေးမည်ဟု ပြောပြီး အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိသေးကြောင်း ဦးအယ်လ်တိန်းဘောင်က ဆိုသည်။ “လယ်ယာမြေနဲ့ ရော်ဘာခြံတွေအတွက် လျော်ကြေး အမြန

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့

ပက်သ်၊ မတ်၂၃ ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ “အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။ ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တုက ထောက်လှမ်း တွေ့ရှိခဲ့သော ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်းအစဟု ယူဆရသော အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာ