Skip to main content

အက်စ်စန်မိုဘိုင်း ဗီယက်နမ်တွင် ဒေါ်လာ၂၀ ဘီလီယံတန်ဖိုးရှိ စွမ်းအင်ထုတ်စက်ရုံများ တ...



အက်စ်စန်မိုဘိုင်း ဗီယက်နမ်တွင် ဒေါ်လာ၂၀ ဘီလီယံတန်ဖိုးရှိ စွမ်းအင်ထုတ်စက်ရုံများ တည်ဆောက်မည်



တော့တာနယူး



ဗီယံကျင်း၊ မတ် ၂၃



အမေရိကန်၏ ထိပ်တန်းစွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော အက်စ်စန်မိုဘိုင်း ကော်ပိုရေးရှင်းသည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိ စွမ်းအင်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက် ရန်စီစဉ်လျက်ရှိပြီး ယင်းစီမံကိန်းကို ဗီယက်နမ်အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PVN နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု ဗီယက်နမ်စက်မှု နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြောင်းတော့ တာနယူးစ် သတင်းဌာနက မတ်လ ၂၀ ရက်တွင် ဖော်ပြသည်။



ယင်းစီမံကိန်း လုပ်ဆောင်ရန်အတွက် ၂၀၁၃ ဇူလိုင်က ဗီယက်နမ်နိုင်ငံ သမ္မတ ထရောင်တန်ဆောင်း၏ အမေရိကန်ခရီးစဉ်အတွင်း နှစ်ဖက်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် အက်စ်စန် မိုဘိုင်းကော်ပိုရေးရှင်းသည် ဗီယက်နမ်နိုင်ငံ ဘင်ဆွန်းဒေသတွင် တည် ရှိသော ဒေါက်ကွက်စက်ရုံ၏ အရှေ့မြောက်ဘက်ရှိ မြေနေရာတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည်ဟု ဗီယက်နမ် နိုင်ငံထုတ် ဒေါင်းတူးသတင်းစာက ထုတ်ပြန်သည်။



၎င်းစီမံကိန်းအရ ဗီယက်နမ်ကမ်းရိုးတန်း၏ အနီးအနားတွင်ရှိသော သဘာဝဓာတ်ငွေ့လုပ်ကွက်အမှတ် ၁၁၇၊ ၁၁၈၊ ၁၁၉ တို့မှထွက်ရှိသော ဓာတ်ငွေ့များဖြင့် စွမ်းအင်ထုတ်လုပ်သွားမည်ဟု သိရသည်။ အစော ပိုင်းက အက်စ်စန်မိုဘိုင်း ကုမ္ပဏီနှင့် PVN တို့သည် ကွမ်ငိုင် ပြည်နယ်တွင် စုစုပေါင်း ၂၀၀ ဟက်တာခန့် ရှိသော မြေနေရာတစ်ခုကို ရှာဖွေနေပြီး ယင်းဧရိယာ၏ တစ်ဝက်တွင် ပထမအဆင့်အနေဖြင့် ၁,၅၀၀ မီဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဒုတိယအဆင့်အနေ ဖြင့် မီဂ္ဂါဝပ် ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်ငွေ့သန့်စင် ထုတ်လုပ်မည့် စက်ရုံတို့ကို တည်ဆောက်သွားမည် ဖြစ်သည်။



အက်စ်စန် မိုဘိုင်းကုမ္ပဏီသည် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လာမည့်လတွင် PVN နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် စာရွတ်စာတမ်းများ လဲလှယ်သွားမည် ဖြစ်သည်။ ကွယ်ငိုင်ပြည်နယ် အာဏာပိုင်များက ၎င်းစီမံကိန်းကြောင့် ကွမ်ငိုင်ပြည်နယ်ကို အမျိုးသားရေနံချက်လုပ်ငန်းစုကြီး တစ်ခု အဖြစ် ကူးပြောင်းသွားစေမည်ဟု မျှော်လင့်နေကြသည်။



အက်စ်စန် မိုင်ဘိုင်းကုမ္ပဏီသည် အမေရိကန် ပြည်ထောင်စု တက်ဆကပြည်နယ်တွင် အခြေစိုက်ပြီး နေ့ စဉ် ရေနံစိမ်းစုစုပေါင်း ၆ ဒသမ ၅ သန်းခန့် ထုတ်လုပ်နေသော ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံကုမ္ပဏီ တစ် ခုဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/OQjsh4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...