Skip to main content

Posts

Showing posts from April 9, 2014

အီဘိုလာဗိုင်းရပ်စ်က အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာ ရိုက်တာ ၀ါရှင်တန်၊ ဧပြီ ၉...

အီဘိုလာဗိုင်းရပ်စ်က အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာ ရိုက်တာ ၀ါရှင်တန်၊ ဧပြီ ၉ အသက်အန္တရာယ် ဆုံးရှုံးစေသည်အထိ ပြင်းထန်သော အီဘိုလာဗိုင်းရပ်စ်ပိုးမှာ အာဖရိကတိုက်အတွင်းရှိ အခြားနေရာများ၌ လွန်ခဲ့သောနှစ်လေးဆယ်ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့ပြီးဖြစ်သော်လည်း အနောက် အာဖရိက၌ ယင်းဗိုင်းရပ်စ်ပိုး အလျင်အမြန် ပျံ့နှံ့မှုမှာ ကျန်းမာရေးဝန်ထမ်းများအတွက် “အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်” ဖြစ်နေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောကြားလိုက်သည်ဟု ဧပြီ ၉ ရက်က ရိုက် တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂီနီနိုင်ငံတောင်ပိုင်းရှိ သစ်တောများမှ စတင်ပျံ့နှံ့ခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်မိ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ကိုင်ချီဖူကူဒါက ပြောကြားလိုက်သည်။ “ဂီနီနိုင်ငံလို အာဖရိက အနောက်ပိုင်းက နိုင်ငံမျိုးတွေမှာ ယခင်က အီဘိုလာဗိုင်းရပ်စ်ပိုး အလျင်အမြန် ပျံ့နှံ့ တာမျိုး မရှိခဲ့ပါဘူး” ဟု ရောဂါပိုးပျံ့နှံ့မှုကိုထိန်းချုပ်ရန် ဂီနီသို့ ကျန်းမာရေး လုပ်သားပေါင်းများစွာ အလျင်အမြန် စေလွှတ်နေရသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖူကူဒါက ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့

ရှမ်းနီလူမျိုး ၂၈ ဦး ကေအိုင်အေ တပ်မတော်တွင် စစ်သားအဖြစ် စုဆောင်းခံထားရ ကြယ်ြ...

ရှမ်းနီလူမျိုး ၂၈ ဦး ကေအိုင်အေ တပ်မတော်တွင် စစ်သားအဖြစ် စုဆောင်းခံထားရ ကြယ်ပြာ ရန်ကုန်၊ ဧပြီ ၉ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း ရှမ်းရေးရာအဖွဲ့၏ ကောက်ယူရရှိထားသော စာရင်းများအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသား ၂၈ဦးကို စစ်သားအဖြစ် စုဆောင်းခဲ့သည်ဟု ရှမ်းရေးရာအဖွဲ့မှ အဖွဲ့ဝင် ဦးစိုင်းထွန်း ယဉ်က မဇ္ဈိမကို ဧပြီ ၉ရက်က ပြောသည်။ ဖမ်းစီးခံထားရသော ရှမ်းနီများကို ပြန်လည်လွှတ်ပေးရေးအတွက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ (PCG) နှင့် ရှမ်းရေးရာအဖွဲ့တို့နှင့် အတူ ဖမ်းစီးခံထားရသော ရှမ်းနီလူမျိုး များ၏ မိသားစုဝင် အချို့တို့ ဧပြီ ၈ရက်မှ ၉ ရက် အထိ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အဆိုပါ လူဦးရေ စာရင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။ ဦးစိုင်းထွန်းယဉ်က “ ကျွန်တော်တို့ တွေ့တာက တပ်မဟာ ၁ထဲမှာ ဖမ်းခံထားရတဲ့ မြင့်အောင်ဆိုတဲ့ ကောင်လေးက ကျန်းမာရေး မကောင်းဘူး။ ဒါကြောင့် သူ့ကို လွတ်ပေးဖို့ သူ့မိဘတွေအတူ PCG ကို ကျွန်တော် တို့စာရင်း သွားထပ်ပေးတာပါ။ PCG ကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။ ရှမ်းရေးရာအဖွဲ့သည် မြစ်ကြီးနာြး

ကွန်ပျူတာသုံးမြန်မာစာစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ယူနီကုတ်စနစ်ကို အ...

ကွန်ပျူတာသုံးမြန်မာစာစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ယူနီကုတ်စနစ်ကို အထောက်အပံ့ပြုရန် လိုအပ်ဟု ဂူဂဲလ်မန်နေဂျာဆို မောင်မန်း ရန်ကုန်၊ ဧပြီ ၈ အချက်အလက်များကို မြန်မာဘာသာဖြင့် ရှာဖွေနိုင်သော Google.com.mm တွင် Myanmar Unicode စနစ်ကို အသုံးပြုထားသောကြောင့် ယင်းစနစ် ပိုမိုကောင်းမွန်စေအတွက် အထောက်အပံ့ပေးရန် လိုအပ် သည်ဟု Google ၏ Senior Product Manager ဖြစ်သူ Mr. Andrew Mc Glinchey က ပြောသည်။ ၎င်းက ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ကျင်းပပြုလုပ်သည့် Net Monday Seminer တွင် ပြောခဲ့ခြင်းဖြစ်သည်။ Mr.Andrew Mc Glinchey က “မြန်မာနိုင်ငံက Google မှာရှာဖွေတဲ့နေရာမှာ မြန်မာဘာသာကို အသုံး ပြုနိုင်ဖို့ google.com.mm ကို လုပ်ထားပါတယ်။ Google မှာ Unicode ကိုသုံးမယ်။ Unicode က မြန်မာ နိုင်ငံအတွက် အရေးပါပါတယ်။ Unicode ကို ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာကို မေးခွန်း ထုတ်ချင်ပါတယ်”ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိမြန်မာစာစနစ်ကို အချင်းချင်းဆက်သွယ်ရန်အတွက်သာ အသုံးပြုနေပြီး အခြား နေရာများတွင် အသုံးပြုမှုနည်းပါးသဖြင့် မြန်မာယူနီကုတ်အား အသုံးပြုမှုနည်းပါးခြင်းသာဖြစ်ပြီး မြန်မာယူ နီကု

သင်္ကြန်မှာ သတိထားရမယ့် အချက်ခုနစ်ချက် ---------------------- မြန်မာ့ရိုးရာသင်္ကြန်...

သင်္ကြန်မှာ သတိထားရမယ့် အချက်ခုနစ်ချက် ---------------------- မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပြည်သူတို့ပျော်ရွှင်စွာ ဆင်နွှဲကြရန် သုံးရက်သာ လိုပါတော့သည်။ သတင်းဆောင်းပါးအပြည့်အစုံ.... http://ift.tt/1i0qKdi သင်္ကြန်မှာ သတိထားရမယ့် အချက်ခုနစ်ချက် | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပြည်သူတို့ပျော်ရွှင်စွာ ဆင်နွှဲကြရန် သုံးရက်သာ လိုပါတော့သည်။ ထူးခြားမှုအဖြစ... from 7Day News Journal's Facebook Wall http://ift.tt/Q4ATLw

သမီးလေးရွာသား ၁၆၀ ဦးကျော် DKBA နယ်မြေရောက်ရှိ ဖနိဒါ ချင်းမိုင်၊ ဧပြီ ၉ ရက် ဒ...

သမီးလေးရွာသား ၁၆၀ ဦးကျော် DKBA နယ်မြေရောက်ရှိ ဖနိဒါ ချင်းမိုင်၊ ဧပြီ ၉ ရက် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် လိုက်ပါသော သမီးလေး ကျေးရွာသားများက ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာတွင် နေအိမ်များ ဆောက်လုပ်ပေးနေပြီဟု ရွာသားများ နှင့်အတူ လိုက်ပါလာသော ဆရာတော် ဥာဏာဝုဒ်နှင့် DKBA ကလူထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။ “ဒီမှာက အများကြီး အစစအရာရာကို ဟိုမှာထက်ကို သာလွန်နေတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇင်းတို့ကို ဒီမှာက အဖွဲ့အစည်းတွေအများကြီးဝိုင်းပြီး ကူညီပံ့ပိုးပေးတဲ့အတွက် ဒီမှာဆိုရင် တော်တော်လေးကို အဆင်ပြေတဲ့ အတိုင်းတာရှိတယ်။ အခု အိမ်ယာဆောက်ဖို့အတွက်လည်း ပြုလုပ်နေတယ်။ ကိုယ်ထူကိုယ်ထ ကော်မတီလေးတွေ ဖွဲ့ပြီးတော့ အိမ်ဆောက်နေတယ်”ဟု အင်းပတီးကျေးရွာမှ ဒေါ်ကာလီ ဆရာတော် ဦးဥာဏာဝုဒ်က မဇ္ဈိမကို မိန့်သည်။ လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ အိမ်ထောင်စု ၅၇ စု လူဦးရေ ၁၆၀ ဦးကျော်သည် ကရင်ပြည်နယ် ကျောက်ခက်သို့ ဧပြီလ ၅ ရက်က ရောက်ရှိလာခဲ့သည်။ သမီးလေးကျေးရွာမှ ပြောင်းရွှေ့လာသူများကို မူလ အိမ်ခြေ ၄၀ နေထိုင်နေသော ကျောက်ခက်ကျေးရွာ ဥက္ကဋ္ဌနှင့် သမီးလေးရွာသားများ အပါအဝင် ၁၀ ဦးပါ ကော

နေအိမ်ထဲထိ ၀င်ပြီး ဆွဲကြိုးဖြတ် ဇော်ဇော်ထွေး အမျိုးသားတစ်ဦးက နေအိမ်ထဲထိဝင်ရော...

နေအိမ်ထဲထိ ၀င်ပြီး ဆွဲကြိုးဖြတ် ဇော်ဇော်ထွေး အမျိုးသားတစ်ဦးက နေအိမ်ထဲထိဝင်ရောက်လာပြီး ရွှေဆွဲကြိုးအား လုယက်ခဲ့သည်ဆိုသည့် တိုင်တန်းမှု တစ်ခုကို သာကေတမြို့နယ်ရဲစခန်းက ဧပြီ ၆ ရက်တွင် တိုင်တန်းထားသူကို ဖမ်းဆီးစစ်ဆေးနေသည်။ အမှုမှာ သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်ဖြစ်သူ မမြသက်ဆွေသည် အိပ်ရာမှထပြီး နေအိမ်အောက်ထပ်တွင် ဈေးစာရင်းများ ပြုလုပ်နေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ပါးစပ်ပိတ်ကာ လည်ပင်းရှိ ငါးသိန်းတန် ရွှေဆွဲကြိုးအား ဖြတ်ယူထွက် ပြေးသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရသည်ဟု ကာယကံရှင်က ရဲထံတွင် ထွက်ဆိုထားသည်။ ယင်းကြောင့် နေအိမ်အောက်ထပ်တွင် အိပ်ပျော်နေသည့် မောင်ဖြစ်သူမှ လိုက်လံဖမ်းဆီးရာ အနော်မာ (၁၇)လမ်းအတွင်းတွင် အထက်ပါအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင်လည်း ဖော်ပြထား သည်။ ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ပြစ်မှုကျူးလွန်သူဟု ယူဆထားသူသည် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်နေ ရှိန်းကိုကို (ခ) မောင်လေး (၂၃)နှစ် ဆိုသူဖြစ်ကြောင်းနှင့် လုယူသွားသည့် ရွှေဆွဲကြိုးကို ထွက်ပြေးစဉ် လမ်းတစ်နေရာတွင် လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆ

အဆောင်ကိုမီးရှို့သည်ဟုဆိုကာ လက်ထောက်ကျန်းမာရေးမှူးကို အမှုဖွင့် ဇော်ဇော်ထွေး လက်...

အဆောင်ကိုမီးရှို့သည်ဟုဆိုကာ လက်ထောက်ကျန်းမာရေးမှူးကို အမှုဖွင့် ဇော်ဇော်ထွေး လက်ထောက်ကျန်းမာရေးမှူးတစ်ဦးက လူနေအဆောင်ကို မီးရှို့ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို ဧပြီ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထား သည်။ အမှုမှာ လှိုင်သာယာမြို့နယ်တွင် (၆) ရပ်ကွက် အောင်မြေသာယာဘုရားလမ်း၊ အမှတ် (၄၁၀)ရှိ ဦးသန်း ဌေးအောင် ပိုင်ဆိုင်သည့် ချမ်းမြေ့အဆောင်တွင် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်တွင် အဆောင်တွင် ငှားရမ်းနေထိုင်သည့် ဒေါ်ခင်နှင်းဖြူထံသို့ ၎င်း၏တူမဖြစ်သူ မစန်းသန္တာကိုမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာန၊ စိမ်းလန်းကျေးရွာမှ လက်ထောက်ကျန်းမာ ရေးမှူးဖြစ်သူ ခင်မောင်ဆွေ (၃၆)နှစ်နှင့် အဆင်မပြေသဖြင့် လာရောက်နေထိုင်ခဲ့သည်ဟု မှုခင်းမှတ် တမ်းတွင် ဖော်ပြထားသည်။ ထို့နောက် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီတွင် ခင်မောင်ဆွေဆိုသူမှာ မစန်းသန္တာကိုထံ လာရောက်ခဲ့ရာ အတွေ့မခံဘဲ ပုန်းအောင်းနေခဲ့သည်ဟုလည်း တရားလိုက ရဲထံတွင် ထွက်ဆို တိုင်တန်းထားသည်။ ထိုအခါတွင် ခင်မောင်ဆွေက အရက်မူးပြီး နေအိမ်အား မီးရှို့ခဲ့ရာ အဆောင်ခြံစည်းရိုးမှ အ၀တ်အထည် များနှင့် ပလတ်စတစ်ရေ

ပုဂ္ဂလိကဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူသည့်စနစ် ပြည်သူများ စိတ်ဝင်စားမှုနည်း မျိုးသ...

ပုဂ္ဂလိကဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူသည့်စနစ် ပြည်သူများ စိတ်ဝင်စားမှုနည်း မျိုးသန့် မန္တလေး၊ ဧပြီ ၈ ပုဂ္ဂလိကဘဏ်များမှ အရစ်ကျစနစ်ဖြင့် ကုန်ပစ္စည်းဝယ်လိုသူများမှာ သက်ဆိုင်ရာဌာနအာမခံချက်၊ ပစ္စည်း တန်ဖိုးထက် ပိုမိုသည့်ငွေစာရင်း ဖွင့်လှစ်ထား သူအာမခံချက်စသည်တို့ လိုအပ်သဖြင့် အများစုက စိတ်ဝင် စားမှု နည်းပါးလျက်ရှိကြောင်း သိရသည်။ ကုန်ပစ္စည်းသစ်များကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာတွင် ဘဏ်တိုးပေးဆောင်ရမှုများခြင်း၊ အာမခံထားရှိ ရမှုများခြင်း၊ လိုချင်သည့် ကုန်ပစ်္စည်းအမှတ်တံဆိပ်ကိုဝယ်ယူရန် မလွယ်ကူခြင်းနှင့် လိုချင်သည့်ကုန်ပစ္စည်း အလွယ်တကူမရရှိခြင်းတို့ကြောင့်ဖြစ်သည်။ “ဘဏ်တွေမှာ အရစ်ကျစနစ်နဲ့ ကုန်ပစ်္စည်းတွေကို ရောင်းချပေးမယ်ဆိုတုန်းကတော့ ၀မ်းသာပေမယ့် လုပ်ရမယ့်အချက်တွေ၊ အာမခံတွေ၊ အတိုးနှုန်းထားတွေကများတော့ စိတ်မ၀င်စားတော့ပါဘူး”ဟု ချမ်း အေးသာစံမြို့နယ်တွင် နေထိုင်သော ကုမ္ပဏီဝန်ထမ်း ကိုမျိုးကိုက ပြောသည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူလိုသူများထံမှ ၀န်ထမ်းဖြစ်လျှင် လက်ရှိဌာနမှ အာမခံပေးနိုင်သော တာဝန်ရှိသူ တစ်ဦး၏ထောက်ခံချက်၊ ၀ယ်မည့်ပစ္စည်းတန်ဖိုး ထက်ပိုသော ငွေစုစာရင်းထားရှိသူတစ်ဦး၏ ထောက်ခံ ချက်၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံ၏ ထောက်ခံခ

ရေနံ့သာကျေးရွာ ယာမြေဧက ၉၀ ကျော်တွင် ထွန်တုံးတိုက်ပွဲဝင် အောင်ကိုဦး မန္တလေးတိုင...

ရေနံ့သာကျေးရွာ ယာမြေဧက ၉၀ ကျော်တွင် ထွန်တုံးတိုက်ပွဲဝင် အောင်ကိုဦး မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာရှိ ကွင်းအမှတ်-၁၅၃နှင့် ကွင်းအမှတ်-၁၅၄ရှိ ယာမြေဧက ၉၀ ကျော် ကို ၁၉၉၁ ခုနှစ်တွင် ကျန်းမာရေး ၀န်ကြီးဌာနက ရေနံ့သာ အနာကြီးရောဂါ ဆေးရုံတိုးချဲ့တည် ဆောက်ရန် သိမ်းယူခဲ့သော်လည်း ယနေ့အချိန်ထိ တည်ဆောက်ခြင်းမရှိဘဲ ဆေးရုံက သီးစားပြန်ချထား နေသဖြင့် အဆိုပါမြေများ ပြန်လည်ရရှိစေရန် မူလပိုင်ရှင် ဒေသခံတောင်သူ ၄၀ ကျော်တို့သည် ဧပြီလ ၈ ရက် နံနက် ၉ နာရီ မှစ၍ ထွန်တုံးတိုက်ပွဲဝင်လျက်ရှိသည်။ “ကိုယ့်မြေကိုယ်ပြန်ယူတာပါ။အခုချိန်ထိ ဆေးရုံမဆောက်ဘဲ ဆေးရုံအုပ်ကြီးက သီးစားချစားနေတယ်။ ဒါကို လုံးဝလက်သင့်မခံဘူး။ ကျွန်တော်တို့တွေသာ ယာမဲ့မြေမဲ့ဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုကျော် ဒုက္ခမျိုး စုံကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်တို့ဘ၀တွေကို ပြန်ကြည့်ပေးသင့်ပါတယ်။ “လုပ်ကိုင်ခွင့်လေး ပြန်ရဖို့ အကြိမ်ကြိမ် ဆေးရုံအုပ်ကြီးစီသွားပြီး တောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမြေတွေ က ဆေးရုံကပိုင်တာ ပြန်မပေးနိုင်ဘူးလို့ ပြန်ပြောခဲ့ တယ်။ ၂၀၁၃ အောက်တိုဘာ ၂၂ ရက်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို စာတင်ပြီး တောင်းဆိုတာ ဘာမှထူး ခြားမလာဘူး။ ဒါကြောင့် ယာမြေတေ
from Mizzima - News in Burmese's Facebook Wall http://ift.tt/1kqm047

စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မေ...

စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ၏ ရှင်းလင်းပွဲ စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) from Mizzima - News in Burmese's Facebook Wall http://ift.tt/1iwEg6b

ပင်လယ်ထဲကမြစ်များ စီးရီးမိတ်ဆက်ပွဲကို ဧပြီလ ၉ ရက် နေ့လည် ၂နာရီက ဆာကူရာတာဝါတွင် က...

ပင်လယ်ထဲကမြစ်များ စီးရီးမိတ်ဆက်ပွဲကို ဧပြီလ ၉ ရက် နေ့လည် ၂နာရီက ဆာကူရာတာဝါတွင် ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်) ယင်းတေးစီးရီးကို ဧပြီ ၂၇ရက်တွင် CMP (Charr Music Production) နှင့် Street Entertainment တို့မှ ထွက်ရှိမည်ဖြစ်သည်။ ပင်လယ်ထဲကမြစ်များ စီးရီးမိတ်ဆက်ပွဲ ပင်လယ်ထဲကမြစ်များ စီးရီးမိတ်ဆက်ပွဲကို ဧပြီလ ၉ ရက် နေ့လည် ၂နာရီက ဆာကူရာတာဝါတွင် ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်) ယင်းတေးစီးရီးကို ဧပြီ ၂၇ရက်တွင် CMP (Charr Music Production) နှင့် Street Entertainment တို့မှ ထွက်ရှိမည်ဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1kqm2cd

ဗိုလ်ဗထူးအိမ်ရာစီမံကိန်း လွှတ်တော်ကိုယ်စားလှယ်များအား မဲနှိုက်ချပေးမည် ဗိုလ်ဗထူးအ...

ဗိုလ်ဗထူးအိမ်ရာစီမံကိန်း လွှတ်တော်ကိုယ်စားလှယ်များအား မဲနှိုက်ချပေးမည် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းအား လွှတ်တော်ကိုယ်စားလှယ်များသို့ လည်း ဝေပုံကျစနစ်ဖြင့် မဲနှိုက်ချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းရှိ အခန်း ၄ဝဝ ကျော် အနက် အခန်း အရေအတွက် ၁၂၂ ခန်းကို ရန်ကုန်စည် ပင် ဝန်ထမ်းများမှအပ လုပ်သက် နှစ် ၂ဝ ကျော်အခြားအစိုးရ ဝန်ထမ်း စုစု ပေါင်း ၆၅၁ဝ ကို မဲနှိုက်ချထားပေးပြီး ဖြစ်သည်။ သို့ဖြစ်ရာ အခန်းအရေအတွက် ၃၁၂ ခန်းကျန်ရှိပြီး ယင်းအခန်းများကို လွှတ်တော်ကိုယ်စားလှယ်၊ အသင်းအဖွဲ့၊ အများပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်း စားနှင့် စည်ပင်ဝန်ထမ်းများကို ထပ်မံ၍ ဝေပုံချကာ မဲနှိုက်ချ ထားပေးသွားရန် ရှိသည်ဟု သိရသည်။ မြောက်ဒဂုံမြို့နယ်တွင် အကောင် အထည်ဖော် ဆောက်လုပ်နေသော ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းကို ၂ဝ၁၅ ခု နှစ် ဇွန်လတွင် ပြီးစီးမည်ဟု လျာထားသည်။ ယင်းကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်ရာ စီမံကိန်းကို ၁၁၄ ဧက အကျယ်ရှိသော မြေပေါ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ခြောက်ထပ် အဆောက်အအုံများ အပါအဝင် အဆောက်အအုံပေါင်း ၆၇ လုံး တည် ဆောက်သွားမည် ဖြစ်သည်။ ယင်းအိမ်ရာကို

အပတ်စဉ် စီးပွားရေးသတင်း (မတ်လ ၃၀ - ဧပြီ ၅) http://ift.tt/1itBtJC

အပတ်စဉ် စီးပွားရေးသတင်း (မတ်လ ၃၀ - ဧပြီ ၅) http://ift.tt/1itBtJC အပတ်စဉ် စီးပွားရေးသတင်း (မတ်လ ၃၀ - ဧပြီ ၅) www.youtube.com ဂျီအက်စ်ပီ အခွင့်အရေးနဲ့ မြန်မာ့ကုန်သွယ်မှုအကြောင်း၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်ချက်အကြောင်းနဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအကြောင်းတွေ ဖြစ်ပါတယ်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1itBwFn

Online အိမ်ခြံမြေ ၀န်ဆောင်မှု မှန်ကန်သည့် ဈေးကွက်ပေါ်လာနိုင်ဟု လုပ်ငန်းရှင်များေ...

Online အိမ်ခြံမြေ ၀န်ဆောင်မှု မှန်ကန်သည့် ဈေးကွက်ပေါ်လာနိုင်ဟု လုပ်ငန်းရှင်များ မျှော်လင့်နေ http://ift.tt/1ejfAkU Online အိမ်ခြံမြေ ၀န်ဆောင်မှု မှန်ကန်သည့် ဈေးကွက်ပေါ်လာနိုင်ဟု လုပ်ငန်းရှင်များ မျှော်လင် www.youtube.com အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေဟာ အင်တာနက်ကို အသုံးပြုပြီး ရောင်းဝယ်တဲ့ အွန်လိုင်းအိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်စားလာကြပါပြီ။ တွင်ကျယ်လာနေတဲ့ အွန်လိုင်းအိမ်... from Mizzima - News in Burmese's Facebook Wall http://ift.tt/1itBwoY

ကျေးလက်ဒေသလျှပ်စစ်မီး မီကြိုးသွယ်တန်းရေး ကိုယ်ထူကိုယ်ထပြုလုပ်နေရ http://youtu.b...

ကျေးလက်ဒေသလျှပ်စစ်မီး မီကြိုးသွယ်တန်းရေး ကိုယ်ထူကိုယ်ထပြုလုပ်နေရ http://ift.tt/1ejfCJo ကျေးလက်ဒေသလျှပ်စစ်မီး မီကြိုးသွယ်တန်းရေး ကိုယ်ထူကိုယ်ထပြုလုပ်နေရ www.youtube.com မကြာသေးခင်က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဧပြီလ ၁ ရက်နေ့ကနေစပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံသွားတော့မှာဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံလိုက်ရတာဟာ လျှပ်စစ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1ejfCJr

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ --------------- ရန်ကုန်မြို့မှ ၁၄ မ...

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ --------------- ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲအချို့တွင် ကားပစ္စည်းအဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်းအချို့ကိုလည်း ပြင်ပတွင် ပိုင်ရှင်မဲ့တွေ့ရသည်။ သတင်းဆောင်းပါး အပြည့်အစုံ... http://ift.tt/1qi2s0W ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com မိုးညို၊သူရကျော် ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာေ... from 7Day News Journal's Facebook Wall http://ift.tt/1iwvyVt

တနိုင်း ပယင်းမှော်မှ ထွက်ပြေးလာသူအချို့ကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ပို့ပေးနေသ...

တနိုင်း ပယင်းမှော်မှ ထွက်ပြေးလာသူအချို့ကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ပို့ပေးနေသည်ဟုဆို ဖနိဒါ ချင်းမိုင်၊ ဧပြီ ၉ရက် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ ပယင်းမှော်အတွင်း အစိုးရစစ်တပ်များ ဝင်ရောက်လာသဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ကားစီစဉ်ပေးမှုများ ရှိနေသည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက မဇ္ဈိမကို ပြောသည်။ “တနိုင်းပယင်းမှော်က လူတွေရဲ့ အခြေအနေ အေးအေးဆေးဆေးပါဘဲ။ သူ့အိမ်ကိုယ့်အိမ် ပြန်နေကြပါပြီ။ အခက်အခဲ ရှိတဲ့လူတွေကိုလည်း ကချင်ပြည်နယ် အစိုးရကနေ အခမဲ့ စီစဉ်ပြီး လိုက်ပို့ပေးတယ်။ တချို့က ကိုယ့်ဟာကို ပြန်ကြတယ်။ အခက်အခဲရှိတဲ့လူတွေကို ကျနော်တို့ အစိုးရက စီစဉ်ပေးပါတယ်”ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ကိုရေးအရာရှိက ပြောသည်။ ဧပြီလ ၆ ရက်မှစတင်၍ အစိုးရဘက်မှ တနိုင်းဂိတ်ကို ပိတ်လိုက်သဖြင့် ပယင်းမှော်မှ ထွက်ပြေးလာသူများသည် တနိုင်းမြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းများ၊ မနော်ကွင်းနှင့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များတွင် ယာယီခိုလှုံနေရပြီး ယနေ့အထိ လူ၂၀၀ ခန့် ခိုလှုံနေဆဲဖြစ်သည်ဟု တနိုင်းမြို့နယ် အုပ်ချုပ

GSP နှင့် ပို့ကုန်ကဏ္ဍ အရည်အသွေးမြင့်ထုတ်ကုန်များ လိုအပ်နေ http://youtu.be/88UQ8x...

GSP နှင့် ပို့ကုန်ကဏ္ဍ အရည်အသွေးမြင့်ထုတ်ကုန်များ လိုအပ်နေ http://ift.tt/1lJUrA0 GSP နှင့် ပို့ကုန်ကဏ္ဍ အရည်အသွေးမြင့်ထုတ်ကုန်များ လိုအပ်နေ www.youtube.com မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လကစပြီး အီးယူနိုင်ငံတွေရဲ့ အကုန်သွယ်မှု အထူးကင်းလွတ်ခွင့် ဂျီအက်စ်ပီ ကိုရရှိလိုက်တာကြောင့် ပို့ကုန်ကဏ္ဍမှာ အကျိုးအမြတ်တွေ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1lJUrA2

ဘင်္ဂလာဒေခ်ျ့ UN ဒုက္ခသည်စခန်းတွင် လုပ်သေနတ်နှင့် လူတစ်ဦးဖမ်းမိ

UN အသိအမှတ်ပြု ဒုက္ခသည် စခန်းမှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်ပြီး ရာဇ၀တ်မူများ ကျူးလွန်နေသူဟု ယူဆခံရသူ ဒုက္ခသည် တစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးခံရသူမှာ အသက် (၄၇) နှစ်အရွယ် သူတို့ အခေါ် (ရိုဟင်ဂျာ) ဘင်္ဂလီ လူမျိုး အာဘဒူလ်ဟာမီး ဆိုသူဖြစ်သည်။ ယင်းမှာ UN အသိအမှတ်ပြု ဒုက္ခသည် တစ်ဦး ဖြစ်ပြီး အခန်းနံပါတ် ၁၂၂၅/၄တွင် နေထိုင်ကာ အမည်မှာ အာဘဒူလ်ဟာမီး ဖြစ်သည်။ သူ့အား ယမန်နေ့ နံနက်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သွားရောက် ဖမ်းမိ ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေခ်ျ့ နိုင်ငံထုတ် ဒေသထုတ် သတင်းစာများက ဖော်ပြသည်။ နောက်ထပ် တရားခံနှစ်ဦးမှာ ဖမ်းဆီးနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။ သူတို့ကို ဖမ်းဆီးနိုင်ရန် တက်ကနက်ရဲစခန်းတွင် အမှူဖွင့်ထားကြောင်း အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ အရာရှိတစ်ဦးက ဆက်လက် ပြောဆိုသည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် UNHCR မှ ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများမှ ဘင်္ဂလီ(ရိုဟင်ဂျာ)ဒုက္ခသည်များ အချို့သည် ရခိုင်ပြည်နယ် အတွင်းသို့ မကြာခဏ ၀င်ရောက်ပြီး ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု နယ်စပ် ဒေသခံများက ပြောသည်။ ထိုသို့ ကျူးလွန်ပြီးနောက်ြ

သင်္ကြန်အကြို ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပြီးနောက် လုံခြုံရေးတိုးမြှင့်

မကြာမီကျင်းပ တော့မည့် ထိုင်းသင်္ကြန်မကျ ရောက်မီ တစ်ပတ်အလို ပြီးခဲ့ သည့် နှစ်ရက်က ထိုင်းတောင်ပိုင်းယာလာ ပြည်နယ်တွင် ပြီးခဲ့ သည့်နှစ်ရက်အတွင်း ဗုံးခွဲတိုက် ခိုက်မှုများဖြစ်ပွား၍ လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားသည်။ တနင်္လာနေ့က ယာလာအုပ် ချုပ်ရေးနယ်အတွင်းရှိ ကုန်တိုက် ကြီးတစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ပြီး မီးလောင်ခဲ့ရာ ဘတ်ငွေသန်း ၃၀၀ ဖိုးခန့် ပျက်စီးခဲ့ရသည်။ အဆိုပါ ဆရီဆမ်မိုင်ကုန်တိုက် မှာ ဒေသတွင်း စားသုံးကုန်များ ရောင်းချရာအကြီးဆုံးကုန်တိုက် ကြီးဖြစ်ပြီး တောင်ပိုင်း ပြည်နယ် များဖြစ်သည့် ယာလာ၊ နာရာသီ ၀ပ်နှင့် ပတ္တနီ ပြည်နယ်သုံးခုသို့ ကုန်စည်များဖြန့်ဖြူးရာ ပင်မ နေရာတစ်ခုလည်းဖြစ်သည်။ ကုန်တိုက်နှင့်ကပ်လျက် စတိုး ဆိုင် တစ်ခုမှာလည်း တနင်္လာနေ့ နံနက်က ပစ်မှတ်ထားတိုက်ခိုက် ခံရသည့်နေရာ လေးခုတွင် တစ်ခု အပါအ၀င်ဖြစ်ခဲ့သည်။ ယာလာပြည်နယ်အုပ်ချုပ် ရေးမှူးက တနင်္ဂနွေနှင့် တနင်္လာ နှစ်ရက်ဆက်တိုက် ပေါက်ကွဲခဲ့ သည့် ဗုံးများကို အုပ်စုတစ်ခု တည်းက ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းရေးမှူးများ၏ တွေ့ရှိချက်ကို ကိုးကားပြောကြား သည်။ ၎င်းက တိုက်ခိုက်မှုတွင် ကားဗုံးနှင့် ဆိုင်ကယ်ဗုံးများ ပါ ၀င်ပြီး ကြိုတင်ပြင်ဆင်ပြုလုပ်ခဲ့

မဇ္ဈိမသတင်းစာ (၉-၄-၂၀၁၄) ဒေါင်းလုဒ်ရယူရန် http://ift.tt/1n2Lv8U...

မဇ္ဈိမသတင်းစာ (၉-၄-၂၀၁၄) ဒေါင်းလုဒ်ရယူရန် http://ift.tt/1k2OLkI from Mizzima - News in Burmese's Facebook Wall http://ift.tt/1n2LstP

လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော် တည်ဆောက်ရေးလုပ်ငန်းများစတင် ကိုတိုးကြ...

လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော် တည်ဆောက်ရေးလုပ်ငန်းများစတင် ကိုတိုးကြီး ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းမှ တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ပြောင်းရွှေ့တည်ထားမည့် နေရာသစ်တွင် ဧပြီ ၉ ရက် နံနက်ပိုင်းက မြေသန့်မင်္ဂလာနှင့် အတူ တည်ဆောက်ရေး လုပ်ငန်းများ စတင်လိုက်ပြီး စေတီတော်ကို “လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော်ကြီး” ဟူသော ဘွဲ့တော်ဖြင့် တည်ထားသွားမည်ဟု ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးကပြောသည်။ စေတီတော်နှင့် သိမ်တော်ပြောင်းရွှေ့မည့် နေရာသစ်ဖြစ်သည့် စီမံကိန်းဝင်းအတွင်း မုံရွာ-ယင်းမာပင်- ဂန့်ဂေါ လမ်း ကျော်ရွာ အနီး(ဧရာဂိတ်)တွင် ကနဦးပြင်ဆင်မှုများနှင့် အတူ အကြိမ်ကြိမ်မြေသန့် မင်္ဂလာပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။ “ဒီကနေ့မနက် ၇ နာရီအချိန်က အသစ်တည်ဆောက်မယ့် နေရာမှာ ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အသစ် တည်ဆောက်မယ့် စေတီရဲ့ဘွဲ့အမည်ကတော့ လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော်ပဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းတစ်ဦး ကဧပြီလ ၉

နာရေးကားနှင့် လူနာတင်ကားနှစ်စီးကို လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေး...

နာရေးကားနှင့် လူနာတင်ကားနှစ်စီးကို လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦး ယနေ့လွတ်မြောက်လာ ရန်ကုန်၊ ဧပြီ ၉ နာရေးကားနှင့် လူနာတင်ကားနှစ်စီးကိုလိုင်စင်မဲ့ဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦးယနေ့လွတ်မြောက်လာကြောင်းသိရသည်။ ညောင်လေးပင်မြို့နယ် သော်ဝိကျေးရွာမှ အဆိုပါအသင်းပိုင်ကားနှစ်စီးမှာလိုင်စင်မဲ့ကားဖြစ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အသင်းဝင်ခုနှစ်ဦးသည် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ တို့ဖြင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့အဖမ်းခံခဲ့ရပြီးနောက် ယနေ့ ဧပြီ ၉ ရက်နေ့တွင်ညောင်လေးပင်မြို့နယ်တရားရုံးမှနောက်ဆုံးစီရင်ချက်အဖြစ်ထောင်ဒဏ်တစ်ပတ်နှင့် ဒဏ်ငွေတစ်သောင်း စီရင်ချက်ချခဲ့ကြောင်း ၊ချုပ်ရက်မှာ ၁၄ ရက်ဖြစ်နေ၍ အသင်းဝင်ခုနှစ်ဦးလုံး ယနေ့လွတ်မြောက်လာကြကြောင်း ၊ ရန်ကုန်နာရေးကူညီမူအသင်းအပါအ၀င်လူမူကူညီရေးအသင်းများကလည်း အားပေးရန်အတွက်ညောင်လေးပင်မြို့နယ်သို့ရောက်ရှိနေကြောင်း ရွာခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်းကပြောသည်။MZ လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော နာရေးကားနှင့် လူနာတင်ကားနှစ