Skip to main content

သမီးလေးရွာသား ၁၆၀ ဦးကျော် DKBA နယ်မြေရောက်ရှိ ဖနိဒါ ချင်းမိုင်၊ ဧပြီ ၉ ရက် ဒ...



သမီးလေးရွာသား ၁၆၀ ဦးကျော် DKBA နယ်မြေရောက်ရှိ



ဖနိဒါ



ချင်းမိုင်၊ ဧပြီ ၉ ရက်



ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် လိုက်ပါသော သမီးလေး ကျေးရွာသားများက ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာတွင်

နေအိမ်များ ဆောက်လုပ်ပေးနေပြီဟု ရွာသားများ နှင့်အတူ လိုက်ပါလာသော ဆရာတော် ဥာဏာဝုဒ်နှင့် DKBA ကလူထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။



“ဒီမှာက အများကြီး အစစအရာရာကို ဟိုမှာထက်ကို သာလွန်နေတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇင်းတို့ကို ဒီမှာက အဖွဲ့အစည်းတွေအများကြီးဝိုင်းပြီး ကူညီပံ့ပိုးပေးတဲ့အတွက် ဒီမှာဆိုရင် တော်တော်လေးကို အဆင်ပြေတဲ့ အတိုင်းတာရှိတယ်။ အခု အိမ်ယာဆောက်ဖို့အတွက်လည်း ပြုလုပ်နေတယ်။ ကိုယ်ထူကိုယ်ထ ကော်မတီလေးတွေ ဖွဲ့ပြီးတော့ အိမ်ဆောက်နေတယ်”ဟု အင်းပတီးကျေးရွာမှ ဒေါ်ကာလီ ဆရာတော် ဦးဥာဏာဝုဒ်က မဇ္ဈိမကို မိန့်သည်။



လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ အိမ်ထောင်စု ၅၇ စု လူဦးရေ ၁၆၀ ဦးကျော်သည် ကရင်ပြည်နယ် ကျောက်ခက်သို့ ဧပြီလ ၅ ရက်က ရောက်ရှိလာခဲ့သည်။



သမီးလေးကျေးရွာမှ ပြောင်းရွှေ့လာသူများကို မူလ အိမ်ခြေ ၄၀ နေထိုင်နေသော ကျောက်ခက်ကျေးရွာ ဥက္ကဋ္ဌနှင့် သမီးလေးရွာသားများ အပါအဝင် ၁၀ ဦးပါ ကော်မတီဖွဲ့ကာ ကျောက်ခက်ကျေးရွာ သမီးလေးအပိုင် (သို့မဟုတ်) ရပ်ကွက် ဟူ၍ အမည်ပေး၍ နေအိမ်များ ဆောက်လုပ်ရန် စီစဉ်ပေးနေခြင်း ဖြစ်သည်။



ထို့ပြင် လုပ်ကိုင်စာသောက်ရန် မြေယာများ စီမံပေးခြင်း၊ စိုက်ပျိုးစားသောက်ရန် အစားအသောက်ရန် စိုက်ပျိုးစရိတ်များလည်း ထုတ်ပေးမည်ဟု ပြောဆိုထားသည်ဟု ဆရာတော်က မိန့်သည်။



DKBA မှ မြေနေရာများပေးထားသော နေရာတွင် နေအိမ်များ ဆောက်လုပ်ရန် စီစဉ်ပေးနေပြီး နေအိမ်များ ဆောက်လုပ်ပြီးပါက ရွာသားများ၏ အလုပ်အကိုင်အတွက် မိုးရာသီတွင် ပြောင်းခင်းများတွင် နေ့စားအဖြင့် သွားရောက်လုပ်ကိုင်နိုင်သလို၊ တောင်ယာများလည်း လုပ်ကိုင်နိုင်သည်ဟု DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကို ပြောသည်။



“ရွာသားတွေက ကျောက်ခက်မှာရောက်နေပါပြီ၊ လိုအပ်တဲ့ ကျန်းမာရေးဆေးမှူးတွေလည်း စီစဉ်ထားပေးတယ်။ နေအိမ်တွေဆောက်ဖို့အတွက် ဖက်တွေလည်း တချို့ပို့ထားတယ်။ ဝါးတွေလည်း သူတို့ ခုတ်ထားတာကို ကားနဲ့ ကျွန်တ်ာတို့ သယ်ပေးတယ်။ လူမှုအဖွဲ့တွေကလည်း သူတို့ဆီ လာအားပေးတယ်။ လာလှူကြပါတယ်”ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။



လက်ရှိ ရွာသားများအတွက် ရခိုင်ပြည်အမျိုးသားကောင်စီမှ ဆန်အိတ် ၁၀၀ လှူဒါန်းခြင်း၊ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အခြား လူမှုအဖွဲ့အစည်းများ လာရောက် လှူဒါန်းမှုများ ရှိနေပြီး လမ်းတလျှောက်တွင် ကူညီပေးခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မြို့သူမြို့သားများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။



ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးလေးကျေးရွာ ဖျက်ခံရသဖြင့် နေစရာမဲ့နေသော ရွာသားများကို အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA ၏ ဖိတ်ခေါ်မှုအရ ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။



DKBA နှင့် လိုက်ပါလာသော ရွာသားမျာနှင့် ၎င်းတို့အား ပို့ဆောင်သူ လူမှုအဖွဲ့အစည်းမှ လူ ၁၀၀ ဦးခန့်တို့ကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးရ၏ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက တားဆီးခံခဲ့ရသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1kquRms

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...