Skip to main content

Posts

Showing posts from August 16, 2014

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ သေနတ်...

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ သေနတ်လုယူခြင်းကြောင့်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းဦးက ဒီဗွီဘီသို့ ပြောကြားချက် ဖြစ်စဉ်မှန်နှင့် ကွဲလွဲနေကြောင်း ဒေသခံများပြောကြား ဩဂုတ် ၁၄ ရက်က စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာဖြစ်စဉ်တွင် ဒေသခံ မစန်းကျင်နုက ရဲတပ်ဖွဲ့ဝင်ထံမှ သေနတ်လုသဖြင့် ကျည်ထွက်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ဒုတိယရဲမှူးကြီးဇော်မင်းဦး၏ ပြောကြားချက်မှာ ဖြစ်စဉ်အမှန်နှင့် လွဲချော်နေကြောင်း ကာယကံရှင်နှင့် ကိုယ်တွေ့ကြုံတွေ့သူများက ပြောကြားသည်။ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ထိုသို့ပြောကြားသည်ကို ဩဂုတ် ၁၅ ရက်တွင် DVB သတင်းဌာနမှ ထုတ်လွှင့်ခဲ့ပြီးနောက် ကာယကံရှင် ဒေါ်စန်းကျင်နုနှင့်ဒေသခံများက ထိုသို့ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်မ မလုပါဘူးရှင်။ သေနတ်ဆိုတာ သေတတ်တဲ့အရာမှန်း သိပါတယ်။ ကျွန်မကို မဟုတ်ကဟုတ်ကပြောတာ ကျွန်မလုံးဝ မကျေနပ်ပါဘူး။ ကျွန်မကသေနတ်လုလည်း ဘာခုခံလို့ရမှာလဲ။ ကျွန်မက အပစ်လည်း ခံရသေးတယ်။ သေနတ်လုတယ်လို့လည်း အပြောခံရသေးတယ်။ သူတို့အပြစ်ကို ကျွန်မအပြစ်လို့ ပြောကြတာပါ” ဟု ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုေ

မြင်းခြံဒေသတွင် မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ယခုလကုန်အထိ မိုးရွာသွန်းမ...

မြင်းခြံဒေသတွင် မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ယခုလကုန်အထိ မိုးရွာသွန်းမှုမရှိပါက ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံရမည် မြင်းခြံဒေသတွင် ယခုနှစ်အတွင်း မိုးခေါင်မှုများဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်လကုန်သည်အထိ လုံလောက်သောမိုးရွာသွန်းမှု မရှိပါက ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံရမည်ဖြစ်ကြောင်း သိရသည်။ ဒေသအတွင်း ယခုနှစ်မိုးဦးကာလနှင့် မိုးလယ်ကာလများတွင် မိုးရွာသွန်းမှုများမရှိဘဲ မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး မိုးနှောင်း(မိုးကုန်)ကာလများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အလွန်နည်းပါးသဖြင့် ကျေးရွာများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အခက်ကြုံနေရ ကြောင်း သိရသည်။ ထို့ပြင် မိုးရွာသွန်းမှုမရှိသည့်အတွက် ကျေးရွာအချို့တွင် ကျွဲနွားများအတွက် သောက်သုံးရန်ရေနှင့် အစားအစာ ရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ “ဒီနှစ် မိုးခေါင်တဲ့အတွက် လယ်ယာ လုပ်ငန်းခွင်လည်း မဝင်နိုင်ခဲ့ပါဘူး။ မိုးမရွာတဲ့အတွက် စိုက်ပျိုးရေလည်း မရပါဘူး။ မိုးမရွာတဲ့အတွက် ဆည်မြောင်းချောင်းကန်တွေမှာလည်း ရေမရှိတော့ပါဘူး။ အခုဆိုရင် ဝါခေါင်လကုန်

မကာအိုရှိ စက်ရုံအလုပ်ရုံများနှင့် ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလု...

မကာအိုရှိ စက်ရုံအလုပ်ရုံများနှင့် ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမားများ စေလွှတ်မည် မကာအိုရှိ စက်ရုံအလုပ်ရုံများနှင့် ကာစီနိုလုပ်ငန်းများတွင်လုပ်ကိုင်ရန် မြန်မာအလုပ်သမားများ စေလွှတ်သွားမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးမင်းလှိုင်က ဩဂုတ် ၁၆ ရက် တွင်The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။ ထိုသို့ မကာအိုသို့ အလုပ်သမားစေ လွှတ်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်အေ ဂျင်စီအသင်းချုပ်နှင့် မကာအိုရှိ အေဂျင်စီတို့ အလုပ်သမားစေလွှတ်ရေး နှစ်ဖက်နားလည်မှု စာချွန်လွှာ(MoU)ကို မကြာမီရေးထိုးသွား မည်ဖြစ်သည်ဟု သိရသည်။ “မကာအိုက တိုင်းပြည်ကလည်းအေး ချမ်းတယ်။ လစာကလည်း ထိုင်းတို့ မလေးရှားတို့ထက် နှစ်ဆ သုံးဆလောက် ပိုကောင်းတယ်။ လုံခြုံရေးကိုတောင် အမေရိကန်ဒေါ် လာ ၁ဝဝဝ ကျော် လစာပေးတယ်။ လုံလောက်တဲ့အလုပ်သမား အခွင့်ရေးကလည်း ရှိတယ်ဆိုတော့ မကြာခင်မှာMoU ရေးထိုးပြီး အလုပ်သမား စေလွှတ်သွားမှာပါ။ အလုပ်သမား ဝန်ကြီးဌာနကလည်း ကျွန်တော်တို့ကို အမြန် ဆုံး MoU ထိုးဖို့ တိုက်တွန်းထားပါတယ်” ဟု ဦးမင်းလှိုင်က ဆိုသည်။ “အဓိကတော့ အမျိုးသားရော၊ အမျိုးသမီးကိုရော စေလွှတ်မှာပါ။ စက်ရုံ အလုပ်ရုံ တွေလည်းပါမယ်။ က

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား မယုံကြည်မှုနှင့် သံသယများရှိနေ...

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား မယုံကြည်မှုနှင့် သံသယများရှိနေ၍ အပစ်ရပ်မူကြမ်းပါ တပ်သားသစ် မစုဆောင်းရေးအချက် အပါအ၀င် အချက်အချို့ ညှိနှိုင်းနိုင်ခြင်း မရှိသေး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား မယုံကြည်မှုနှင့် သံသယများ ရှိနေသေး၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းပါ “တပ်သားသစ် မစုဆောင်းရေး” ဆိုသည့် အချက်အပါအဝင် ဝေါဟာရဆိုင်ရာ အချက်အချို့ကို ညှိနှိုင်းနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ညှိနှိုင်းရန် ရွှေ့ဆိုင်းထားရကြောင်း ဩဂုတ် ၁၆ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲ ဒုတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ၏ ရှင်းလင်းပြောကြားမှုများအရ သိရသည်။ ဩဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် UPWCနှင့် NCCT တို့၏ဆွေးနွေးပွဲ ပထမ နေ့သတင်းစာရှင်းလင်းပွဲတွင် အပစ်ရပ်မူကြမ်းပါ အခန်း ခုနစ်ခန်းစလုံးကို ဩဂုတ် ၁၆ ရက် တွင် ပြီးဆုံးအောင် ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ပြော

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းရှိ အချို့နေရာများ ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင...

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းရှိ အချို့နေရာများ ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် မော်တော်ယာဉ် ရာနှင့်ချီပိတ်မိပြီး ဆင်များဖြင့် ဆွဲနေရ ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း -ပါဟုတ် ဖားကန့်လမ်းပိုင်း နန့်ယားနှင့်နန့် တိန်းကျေးရွာကြား ကျောက်ထုတောင် (ဒေသ ခေါ်ရုံးတောင်) နေရာ ဖားကန့်ဘက်မှ အတက်ဘက်တွင် ဩဂုတ် ၁၆ ရက် နံနက် ၁ဝ နာရီတွင် အတက်အဆင်းကားများ ပိတ်မိနေရာ ညနေပိုင်းအထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်း မှာ ဖားကန့်ဘက်မှ အတက်ကားများမှာ ရုံးတောင်အတက်တွင် ဘီးချော်မှုများ ဖြစ်ပေါ်နေရာ အဆင်းအတက်ကားများ ယာဉ်လမ်းကြောင်း ကျပ်တည်းကာ ပိတ်ဆို့ခဲ့ရခြင်းဖြစ်သည်ဟု ကားဆရာများကဆိုသည်။ ပိတ်မိနေသည့် အတက်အဆင်းကားများ ငါးရာခန့်ရှိနေပြီး လူစီးယာဉ်ကားငယ်များကို ဦးစားပေးကာ အတက်အဆင်း ပြုလုပ်နေကြောင်း သိရသည်။ ယင်းအတက်ကားများ တောင်မတက်နိုင်မှုကြောင့် ဒေသခံများ၏ ဆင်များဖြင့် နေ့လယ်ပိုင်းမှ စတင်၍ဆွဲထုတ်ခဲ့သော်လည်း ကားအစီးရေ များလွန်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းကို ဆယ်နှစ်ကျော်ကြာ ကားမောင်းလာပြီး ယာဉ်ကြောပိတ်ဆိုနေသည့် ကားဆ

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနလေးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား...

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနလေးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား မြင်နိုင်သည့် နည်းပညာမြင့် လုံခြုံရေးစက်များ အပါအ၀င် ဆက်သွယ်ရေး ကိရိယာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးမြှင့်အသုံးပြုသွားမည် ပြည်ထဲရေးဝန်ကြီးလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနငါးခုတို့တွင် မောင်းနှင်နေသော ယာဉ်အတွင်းပိုင်းအား မြင်နိုင်သည့် နည်းပညာမြင့် လုံခြုံရေးအတွက် စစ်ဆေးနိုင်မည့် စက်ကိရိယာများနှင့် ဆက်သွယ်ရေးကိရိယာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးမြှင့်အသုံးပြုသွား တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ထောက်ပံ့ရေးဌာနမှ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဌေးအောင်က ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ ယင်းကဲ့သို့ နည်းပညာမြင့် စက်ကိရိယာများဖြင့် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း စုံစမ်းသိရသည်။ “ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ဌာနတွေမှာ နည်းပညာမြင့် လုံခြုံရေးစက်ကိရိယာတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အားလုံးကိုင်နိုင်အောင် တိုးချဲ့ခွင့်ပြုသွားမှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ နှစ်အလိုက် ဘဏ္ဍာရေးအခြေအနေ ပေါ်မူတည်ပြီးတော့ တိုးမြ§

◘◘ Popular News PHOTO ESSAY ◘◘ ခိုကိုးရာမဲ့ ဆည်းဆာ နားလည်ပေးပါ..အိုမင်း မစွမ်း...

◘◘ Popular News PHOTO ESSAY ◘◘ ခိုကိုးရာမဲ့ ဆည်းဆာ နားလည်ပေးပါ..အိုမင်း မစွမ်းသော ငါ့အား..ထိုထိုသော စကားလုံး တို့ဖြင့် ရေးသား သီကုံးသော စာပေတို့သည် သင်တို့ အိမ်နံရံ တစ်ဖက် တစ်ချက်မှာသာ တွေ့မြင်နိုင်ပေမယ့်...သူတို့ဆီကား ဘယ်သော အခါမျှ လမ်းမှား၍ ရောက်မလာ။ မရေရာ ဖြေစရာတွေ အတွက်..သူ..မလွမ်းဆွေးဝံ့။ နွေးထွေးမှု ကင်းမဲ့သော လူသွားလမ်း ပလက်ဖောင်းထက် မှေးစက် နားခိုသူ အရွယ်လွန် တစ်ဦး အတွက် ခွန်အားမဖြစ်။ အစွန့်ပစ်ခံ အရွယ်လွန် တစ်ဦး၏ ရွေ့ လျားမှုစက်ဝန်းသည် ရာထောင်သော ခြေသံအစုံတွေကြား နေ့တစ်ဖုံ၊ ညတစ်လှည့် မှန်မှန်သာလှည့်ပတ်ရင်း. မီးစာကုန် ဆီခန်း၊ ဤဘဝ လမ်းဆုံးဖို့ အရေး..သူ့အတွေးနဲ့ သူ။ ဓါတ်ပုံ - မောင်သော်အောင် from Popular Myanmar News Journal's Facebook Wall http://ift.tt/1oF8riA

ကမ္ဘာသို့ဝင်တိုက်နိုင်ဖွယ်ရှိသော ဂြိုဟ်သိမ်တစ်ခုကို သိပ္ပံပညာရှင်များ ပြန်လည်တွေ့...

ကမ္ဘာသို့ဝင်တိုက်နိုင်ဖွယ်ရှိသော ဂြိုဟ်သိမ်တစ်ခုကို သိပ္ပံပညာရှင်များ ပြန်လည်တွေ့ရှိ ကမ္ဘာဂြိုလ်အား ၀င်တိုက်နိုင်ဖွယ်ရှိသည့် ဂြိုလ်သိမ်တစ်ခုကို ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ပျောက်ကွယ်သွားရာမှာ ယခုအခါ အဆို ဂြိုလ်ကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။#MizzimaDaily သတင်းအပြည့်အစုံဖတ်ရန် - http://ift.tt/1BoAmb1 ကမ္ဘာသို့ဝင်တိုက်နိုင်ဖွယ်ရှိသော ဂြိုဟ်သိမ်တစ်ခုကို သိပ္ပံပညာရှင်များ ပြန်လည်တွေ့ရှ mizzimaburmese.com ကမ္ဘာဂြိုလ်အား ၀င်တိုက်နိုင်ဖွယ်ရှိသည့် ဂြိုလ်သိမ်တစ်ခုကို ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ပျောက်ကွယ်သွားရာမှာ ယခုအခါ အဆို ဂြိုလ်ကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/VurjEm

Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး

Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ သွေးလွန်-တုပ်ကွေးကို (အေဒီးစ် အီဂျစ်ပတိုင်း) ခြင်ကနေကူးပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ (ဗိုင်းရပ်စ်) အမျိုးမျိုးတွေကနေ ဖြစ်စေတဲ့ ရောဂါနာမယ်တွေပြောရင် တချို့က မျက်လုံးပြူးကြမယ်ထင်တယ်။ ပြောကြည့်ပါ့မယ်။ HIV ဒါလောက်တော့ သိပါတယ်။ နောက်တခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ ဟိုတုပ်ကွေး-ဒီတုပ်ကွေး၊ အအေးမိ၊ ပသိရောင်၊ ဝမ်းလျှော၊ ဝက်သက်၊ ရေယုံ၊ (ပိုလီယို)၊ ရေကျောက်၊ ကင်ဆာနဲ့ ကြွက်နို့တောင် ပါသေးတယ်။ အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါအမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာတခုရှိပါတယ်။ ကနေ့အချိန်ထိ ဒီအကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးပါ။ “ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ Pandemic (ပင်းဒမစ်) အဆင့်ပေါ့။ နေရာကွက်ပြီး အများကြီး ဖြစ်တဲ့ Endemic (အင်းဒမစ်) ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂ

Chikungunya ဆင်ဖြူတော် တုပ်ကွေး

နာမယ် အခေါ်က တကျောင်း-တဂါထာ၊ စာလုံးပေါင်းရတာကလဲ တရွာ-တပုဒ်ဆန်း၊ အသံကလည်း မှန်းထွက်ရတဲ့ တုပ်ကွေး ရောဂါ။ (မြန်မာတိုင်းမ်) ကတော့ “ဂျပန်တုပ်ကွေး” သုံးတယ်။ အိန္ဒိယက Times of India ၁၉-၁ဝ-၂ဝ၁ဝ သတင်းစာရဲ့ ကျန်းမာရေး သတိပေးချက်မှာ မျောက်ပုံနဲ့ ဖေါ်ပြပြန်သေးတယ်။ ရေဒီယိုတွေကရော၊ မြန်မာလိုရေးကြတဲ့ ဆိုဒ်တွေကပါ အများဆုံး သုံးနေကြတာကတော့ “ဆင်တုပ်ကွေး” တဲ့။ အများညီရင် “ဤ” ကို “ကျွဲ” လို့ ဖတ်ကြတယ် မဟုတ်လား။ ဒီစာဖတ်ပြီး “ကျွဲတုပ်ကွေး” လို့တော့ မလုပ်လိုက်ကြနဲ့။ အင်္ဂလိပ်လို Chickungunya လို့ အမှတ်မထင် မှားပေါင်းထားတာ ဖတ်ရသေးတယ်။ အပြစ်တင်ဘို့ မရှိပါ။ အင်္ဂလိပ် စကားလုံးလည်း မဟုတ်ဘူး။ အသံထွက်လဲ သူတို့လို မှန်အောင်ထွက်ဘို့ မလွယ်ဘူး။ အင်္ဂလိပ်တွေကလဲ ဗမာတွေလို ပါဘဲ၊ ကိုယ်နဲ့ အဆင်ပြေတာ လုပ်တာပါဘဲ Chicken guinea လို့မှားကြသလို အခု CHIKV လို့ အလွယ်ခေါ် ခေါ်နေကြတယ်။ (မြန်မာတိုင်းမ်) သတင်းခေါင်းစဉ်မှာ “ချီကန်ကင်ညာ” လို့ ဖတ်ရပြန်တော့ စကားလုံးရဲ့ (အောရီဂျင်နယ်လ်) နဲ့ဆို အထင် မှားဦးမယ်။ Chikungunya ဆိုတာ (တန်ဇန်နီးယား) အရှေ့တောင်ပိုင်း နဲ့ (မိုဇမ်ဘစ်) မြောက်ပိုင်းနေ လူတွေသုံးတဲ့ Makonde စကားဖြစ်ပါသတဲ့။ Kenya ရဲ့တောင်ဘက်ကျပါတယ်။

Influenza vaccine တုပ်ကွေးကာကွယ်ဆေး

ဆရာရှင့် တစ်နှစ်ခွဲ ကလေးကို တုတ်ကွေးကာကွယ်ဆေးထိုးလို့ရပါသလားရှင့်။ ဆေးထိုးလိုက်ရင် ဖျားနာတာ ဖြစ်တတ်ပါလား။ တုပ်ကွေးကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေနဲ့မတူပါ။ တရာသီခံဆေးသာဖြစ်တယ်။ ထိုးဆေးကို Flu shot လဲခေါ်တယ်။ Nasal spray နှာခေါင်းထဲပန်းတဲ့ဆေးလဲရှိတယ်။ မထိုးမနေရကာကွယ်ဆေးမဟုတ်ပါ။ အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ၆ လကနေ ၂ နှစ်အထိကလေးတွေ။ ထိရောက်မှုအတွက် မတူတဲ့ကိန်းဂဏန်းတွေရှိတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ထိုဆေးထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။ Flu vaccines ဆေးတွေကတော့ - 1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) နဲ့ 2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) ဖြစ်တယ်။ ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥန

Influenza (Flu) တုပ်ကွေး

1. ဆရာခင်ဗျား ကျွန်တော် တုပ်ကွေးအကြောင်းပြည့်ပြည့်စုံစုံသိချင်ပါတယ်ခင်ဗျား။ အခု H1N1H5N1 တွေလဲ တုပ်ကွေး။ သွေးလွန်တုပ်ကွေးလဲတုပ်ကွေး။ebola လဲတုပ်ကွေး။ ယခုမိုးကာလတွင်လည်းမြန်မာတွင် တုပ်ကွေးနဲ့ နားမရှင်းပါ။ ကျေးဇူးပြု၍ အမျိုးအစား ကွဲပြားပုံအကြောင်း ဖြစ်စေသော virus နှင့် ကုသပုံတို့ကို ရှင်းပြပေးပါခင်ဗျား။ 2. “ဟုတ်ကဲ့ပါဆရာ တုပ်ကွေးဖြစ်နေရင် Paracetamol တစ်ခုပဲ သောက်ရတာလား။ အများအားဖြင့် ဆရာတွေက အဲဒီဆေးပဲ ညွန်းကြတယ်ကော၊ ကျေးဇူးတင်ပါတယ်ဆရာ။” တုပ်ကွေးကလည်း အခုခေတ်မှာ “လေးကောင်ဂျင်ရောဂါ” လား မေးရတော့မယ်။ အကောင်နာမယ်တွေနဲ့ ပြောကြတယ်။ ကြက်-ဝက်-ဆင်-မျောက်။ ဘာနာမယ် ဖြစ်ဖြစ် ဗိုင်းရပ်စ် ကနေဖြစ်တာချည်းပါဘဲ။ ဆရာဝန်တွေ သိပ်မနိုင်သေးတဲ့ အကောင်ပေါ့။ ဒီအကောင်ကို မနိုင်ပေမဲ့ မကူးစေအောင်နဲ့၊ ခံချနိုင်အောင်လောက်တော့ ရပါတယ်။ တုပ်ကွေးက အင်မတန် ကူးစက်မြန်လှတယ်။ RNA virus အုပ်စုထဲက အကောင်တွေကြောင့်ပေါ့။ ငှက်တွေရော နို့တိုက် သတ္တဝါတွေမှာလည်း ကူးတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး မတူတာလေးတွေ ရှိသေးတယ်။ Influenzavirus A ထဲကနေမှာ နာမည်ကြီးလာတာက H1N1 ဆိုတဲ့ အကောင်ဘဲ။ ၁၉၁၈ တုံးက စပိန်မှာ စနာမည်ကြီးခဲ့တယ်။ ၁၉၅၇ မှာ အာရှတိုက်၊ ၁၉၆၈

မြန်မာ နိုင်ငံရှိ ထူးခြား ထင်ရှားသော ကျောက်တော်ကြီး ဘုရားငါးဆူ

မြန်မာနိုင်ငံတွင် ထူးခြားထင်ရှားသော ကျောက်တော်ကြီးဘုရား ငါးဆူရှိရာ အဆိုပါ ဘုရားငါးဆူမှာ လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရား၊ လောကသရဖူ ကျောက်တော်ကြီးဘုရား၊ မဟာသကျရံသီ ကျောက်တော်ကြီး ဘုရား၊ မဟာသကျမာရဇိန် ကျောက်တော်ကြီး ဘုရားနှင့် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးတို့ ဖြစ်သည်။ လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရားကို မြန်မာသက္ကရာဇ် ၁ဝ၈၆ ခုနှစ် ခရစ်နှစ် ၁၇၂၄ တွင် တနင်္ဂနွေ မင်းကြီးက စစ်ကိုင်းမြို့ သောတာပန် ရပ်ကွက် လေးကျွန်းမာန်အောင် စေတီအတွင်း၌ တည်ထားခဲ့ပြီး ဉာဏ်တော် ၁၃ ပေ ၁ဝ လက်မရှိသည်။ လောကသရဖူ ကျောက်တော်ကြီးဘုရားကို မြန်မာသက္ကရာဇ် ၁ဝ၉၃ ခုနှစ် ခရစ် နှစ် ၁၇၃၁ တနင်္ဂနွေမင်း လက်ထက်က ထုလုပ်ခဲ့ပြီး သားတော် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် ပြီးစီးသည်။ လောကသရဖူ ကျောက်တော်ကြီး ဘုရားသည် အင်းဝမြို့၌ တည်ရှိပြီး ဉာဏ်တော်မှာ ၂၅ ပေ ရှိကြောင်း သိရသည်။ မဟာသကျရံသီ ကျောက်တော်ကြီး ဘုရားကို ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ခရစ်နှစ် ၁၈၃ဝ တွင် ထုလုပ်ခဲ့ပြီး အမရပူရမြို့ တောင်သမန်အင်း အရှေ့ဘက် အာနန္ဒာပုံတော် စေတီအတွင်း၌ တည်ထားကိုးကွယ်ခဲ့ရာ ဉာဏ်တော်မှာ ၁၇ ပေ ၉ လက်မ ရှိသည်။ မဟာသကျမာရဇိန

ဆရာရှင့် တစ်နှစ်ခွဲ ကလေးကို တုတ်ကွေးကာကွယ်ဆေးထိုးလို့ရပါသလားရှင့်။ ဆေးထိုးလိုက်...

ဆရာရှင့် တစ်နှစ်ခွဲ ကလေးကို တုတ်ကွေးကာကွယ်ဆေးထိုးလို့ရပါသလားရှင့်။ ဆေးထိုးလိုက်ရင် ဖျားနာတာ ဖြစ်တတ်ပါလား။ တုပ်ကွေးကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေနဲ့မတူပါ။ တရာသီခံဆေးသာဖြစ်တယ်။ ထိုးဆေးကို Flu shot လဲခေါ်တယ်။ Nasal spray နှာခေါင်းထဲပန်းတဲ့ဆေးလဲရှိတယ်။ မထိုးမနေရကာကွယ်ဆေးမဟုတ်ပါ။ http://ift.tt/1t9sOD7 Influenza vaccine တုပ်ကွေးကာကွယ်ဆေး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1p0rWl1

နာမယ် အခေါ်က တကျောင်း-တဂါထာ၊ စာလုံးပေါင်းရတာကလဲ တရွာ-တပုဒ်ဆန်း၊ အသံကလည်း မှန်းထွက...

နာမယ် အခေါ်က တကျောင်း-တဂါထာ၊ စာလုံးပေါင်းရတာကလဲ တရွာ-တပုဒ်ဆန်း၊ အသံကလည်း မှန်းထွက်ရတဲ့ တုပ်ကွေး ရောဂါ။ (မြန်မာတိုင်းမ်) ကတော့ “ဂျပန်တုပ်ကွေး” သုံးတယ်။ အိန္ဒိယက Times of India ၁၉-၁ဝ-၂ဝ၁ဝ သတင်းစာရဲ့ ကျန်းမာရေး သတိပေးချက်မှာ မျောက်ပုံနဲ့ ဖေါ်ပြပြန်သေးတယ်။ ရေဒီယိုတွေကရော၊ မြန်မာလိုရေးကြတဲ့ ဆိုဒ်တွေကပါ အများဆုံး သုံးနေကြတာကတော့ “ဆင်တုပ်ကွေး” တဲ့။ အများညီရင် “ဤ” ကို “ကျွဲ” လို့ ဖတ်ကြတယ် မဟုတ်လား။ ဒီစာဖတ်ပြီး “ကျွဲတုပ်ကွေး” လို့တော့ မလုပ်လိုက်ကြနဲ့။ http://ift.tt/1p0rW4o Chikungunya ဆင်ဖြူတော် တုပ်ကွေး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1p0rUJZ

Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့...

Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ http://ift.tt/1t9sLHu Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1t9sLHA

သာကေတရှုခင်းသာဖက်ကမ်းမှ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းခွင်သို့ ကြည့်ရှုနိုင်ရ...

သာကေတရှုခင်းသာဖက်ကမ်းမှ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းခွင်သို့ ကြည့်ရှုနိုင်ရန်မှန်ပြောင်းများထားရှိ သာကေတရှုခင်းသာဖက်ကမ်းမှ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းခွင်သို သာကေတရှုခင်းသာဖက်ကမ်းမှ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းခွင်သို့ ကြည့်ရှုနိုင်ရန်မှန်ပြောင်းများထားရှိ၊ လာရောက်ကြည့်ရှုသူတစ်နေ့တခြားများပြားလာ from Eleven Media Group's Facebook Wall http://ift.tt/1p0pR8K

အီဘိုလာထိန်းချုပ်ရန်ခြောက်လခန့်ကြာနိုင်ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ပြောကြား

အီဘိုလာထိန်းချုပ်ရန်ခြောက်လခန့်ကြာနိုင်ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ပြောကြား အီဘိုလာထိန်းချုပ်ရန်ခြောက်လခန့်ကြာနိုင်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ပြောကြ� အီဘိုလာရောဂါ ရင်ဆိုင်နေရသူများအတွက် စားနပ်ရိက္ခာလိုအပ်လျက်ရှိနေ from Eleven Media Group's Facebook Wall http://ift.tt/1p0pOK9

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မူကြမ်းဆွေးနွေးမှု ညှိနှိုင်းမှုမပြီးပြတ်သဖြင့် တ...

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မူကြမ်းဆွေးနွေးမှု ညှိနှိုင်းမှုမပြီးပြတ်သဖြင့် တစ်ရက်ထပ်တိုး တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မူကြမ်းဆွေးနွေးမှု ညှိနှိုင်းမှုမပြီးပြတ်သဖြင့် တစ် စစ်ဘက်ဆိုင်ရာနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များနှင့်သက်ဆိုင်သည့် ဆွေးနွေးမှုများပြီးစီးခဲ့ from Eleven Media Group's Facebook Wall http://ift.tt/1p0pOtH

ကန့်ဘလူကြံစီမံကိန်းဧရိယာတွင် ဖျက်ဆီးခံနေရမှုအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု တော...

ကန့်ဘလူကြံစီမံကိန်းဧရိယာတွင် ဖျက်ဆီးခံနေရမှုအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု တောင်သူများပြော ကန့်ဘလူကြံစီမံကိန်းဧရိယာတွင် ဖျက်ဆီးခံနေရမှုအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု ကန့်ဘလူကြံစီမံကိန်းဧရိယာတွင် ဖျက်ဆီးခံနေရမှုအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု တောင်သူများပြော၊ ကျပ်သိန်းထောင်ချီဖျက်ဆီးခံခဲ့ရပြီး ငြိမ်းချမ်းသော နည်းဖြင့် တော... from Eleven Media Group's Facebook Wall http://ift.tt/1qfVtn4

လေ့လာမှုတစ်ခုအရ ကလေးများ အသက် ၁၁ နှစ်ကျော်လာလျှင် နည်းပညာ အသစ်များကြောင့် ပျော်ရ...

လေ့လာမှုတစ်ခုအရ ကလေးများ အသက် ၁၁ နှစ်ကျော်လာလျှင် နည်းပညာ အသစ်များကြောင့် ပျော်ရွှင်မှု လျော့ကျလာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းမှ စိတ်ပိုင်းဆိုင်ရာ နှိုးဆွမှုများကြောင့်ဟု ဆိုသည်။ လူငယ် အလုပ်သမား ၇ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာသည့်အခါ မိန်းကလေးများသည် ယောက်ျားလေးထက် မပျော်ရွှင်မှုကို ပိုမိုဆိုးဝါးစွာ ခံစားရကြောင်း သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီးမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံစွာ ခံစားလိုမှုနှင့် မိမိ အသိုက်အဝန်းတွင် ကျေနပ်လိုမှု တို့မှာ အသက် ၁၁ နှစ် မှ ၁၆ နှစ်အထိ ပို၍ဆိုးဝါးစွာ ခံစားရသည်။ ယောက်ျားလေးများ ၏ ပျော်ရွှင်မှုမှာ မိန်းကလေးများထက်ပို၍ တည်ငြိမ်သည်ဟုဆိုသည်။ http://ift.tt/1vVX4XH ကလေးများအသက် ၁၁ နှစ် ကျော်လျှင် ပျော်ရွှင် မှုများ လျော့ကျ လာသည်ကို လေ့လာ တွေ့ရှိ - သစ်ထူး http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1vVX2PF