Skip to main content

Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး





Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ စပိန်စကားလုံးမို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။

သွေးလွန်-တုပ်ကွေးကို (အေဒီးစ် အီဂျစ်ပတိုင်း) ခြင်ကနေကူးပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ (ဗိုင်းရပ်စ်) အမျိုးမျိုးတွေကနေ ဖြစ်စေတဲ့ ရောဂါနာမယ်တွေပြောရင် တချို့က မျက်လုံးပြူးကြမယ်ထင်တယ်။ ပြောကြည့်ပါ့မယ်။ HIV ဒါလောက်တော့ သိပါတယ်။ နောက်တခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ ဟိုတုပ်ကွေး-ဒီတုပ်ကွေး၊ အအေးမိ၊ ပသိရောင်၊ ဝမ်းလျှော၊ ဝက်သက်၊ ရေယုံ၊ (ပိုလီယို)၊ ရေကျောက်၊ ကင်ဆာနဲ့ ကြွက်နို့တောင် ပါသေးတယ်။ အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါအမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာတခုရှိပါတယ်။ ကနေ့အချိန်ထိ ဒီအကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးပါ။


“ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ Pandemic (ပင်းဒမစ်) အဆင့်ပေါ့။ နေရာကွက်ပြီး အများကြီး ဖြစ်တဲ့ Endemic (အင်းဒမစ်) ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ၊ မိုးလိုက်ရွာ” ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေဘဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမဲ့ တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယား တို့လည်း မလွတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုးတိုး လာလို့ သွေးလွန်-တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ကမ္ဘာတလွှား ဒုက္ခများများပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား-ငါလားပါဘဲ။


ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေကူးတာပါ။ ခြင်အမျိုးတော့မတူဘူး။ “ငှက်ဖျားခြင်က တောသူ၊ သွေးလွန်ခြင်က မြို့သူ”။ ငှက်ဖျားနဲ့ သွေးလွန်ဟာ ခြင်အမကနေသာကူးတယ်။ မ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်း အောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အများအားဖြင့် မနက် မလင်းတလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာနေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေ မှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစားငါး မွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။


သွေးလွန်-တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယို-တုပ်ကွေး”လို့ နာမည်ပေးရင်တော့ မမိုက်ဘူး မဟုတ်လား။


ခြင်အကိုက် ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုး တုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုက-ဒီကနာ ဖြစ်မယ်။ အရိုးထဲကနာတာ သိသာတာမို့ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁ဝ၃-၁ဝ၄-၁ဝ၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ် ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ဝမ်းထဲ သွေးပါရင် ဝမ်း အရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။


ရက်တို-ရောဂါ ဖြစ်လို့ ၂-၇ ရက်သာ ကြာမယ်။ သွေး-အရည်ယိုတာ ကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိလုံးဝလစ်မယ်၊ တက်လည်းတက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်၊ ပြော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် အရေးပေါ်အခြေအနေ Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။


သွေး-အရည်တွေ အပြင်စိမ့်ထွက်လာလို့ အဆုပ်အိတ်ထဲ အရည်များတာ၊ ရေဖျင်းရှိတာ၊ သွေးထဲ (ပရိုတင်း) နည်းတာတို့ ရှိနိုင်တယ်။ သွေးလွန်တုပ်ကွေးဆိုတာ သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ Tourniquest test စမ်းသပ်နည်းလုပ်ရင် အပေါင်းဖြစ်မယ်။ ဒီနည်းက လက်ဖြစ်လုပ်လို့ရတယ်။ ဂျပ်စက္ကူလေးတခုမှာ ၁ လက္မ အချင်းရှိတဲ့ စက်ဝိုင်းလေးတခုကိုဖေါက်ထားပါ။ လူနာရဲ့ လက်ကို သွေးဖိအားတိုင်း ရာဘာအိပ်ပတ်ပြီး အထက်သွေးဖိအားနဲ့ အောက်သွေးဖိအားဂဏန်းကြား အလယ်ဂဏန်းမှာ ထားပါ။ ၅ မိနစ်နေရင် လက်ဖျံပေါ်မှာ အဝိုင်းပေါက်လေးပါ ဂျပ်ကိုတင်ပြီး အပေါက်ထဲမှာ ပေါ်နေမဲ့ သွေးခြည်ဥလေးတွေကိုရေတွက်ပါ။ ၁ဝ ကနေ ၂ဝ ထက်ပိုနေရင် ရောဂါကို သံသယရှိနိုင်တယ်။


သွေးမှုံအရေအတွက် နည်းနေမယ်။ ပုံမှန် 150,000 - 400,000 platelets/microliter (mcL) (μL) ရှိရမယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် Platelets သွေးမှုံကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။


တခြား (ဗိုင်းရပ်စ်) ရောဂါတွေလိုဘဲ၊ သွေးလွန်-တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါကျစေနိုင်တယ်။ ရေနဲ့အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။


အနာဂတ် ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့ လူကြီးတွေက မနိုင်သေးတာ မှန်သမျှကို အနိုင်ရကြပါလိမ့်မယ်။


Influenza (Flu) တုပ်ကွေး http://ift.tt/1ppFLcv

Chikungunya ဆင်ဖြူတော် တုပ်ကွေး http://ift.tt/1ppFO87


ဒေါက်တာတင့်ဆွေ

http://ift.tt/1rGO2aq





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1rGO1n0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...