Skip to main content

Posts

Showing posts from November 8, 2014

ဝန်ကြီးချုပ်ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့သည့် အမျိုးသမီးတစ်ဦးအား အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

နယူးဒေလီ ၊ ၉-၁၁-၂၀၁၄ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် ဂျာမက်အူလ မူဂျာဟစ်ဒင် အဖွဲ့က စီစဉ်လျက် ရှိကြောင်း အိန္ဒိယ အာဏာပိုင် များက ဖော်ထုတ် နိုင်ခဲ့ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် လွန်ခဲ့သည့်လက လက်လုပ်ဗုံး ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့သည့် မူဂျာဟစ်ဒင် အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေတွေ့ရှိ ပြီးနောက် အဆိုပါ အမျိုးသမီးအား နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ အာသံပြည်နယ် တွင် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည် ဝန်ကြီးချုပ် ဟာဆီနာ နှင့် အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခါလီဒါဇီယာ ကိုလည်း သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ရှိတ်ဟာဆီနာ နှင့် ခါလီဒါဇီယာ တို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် ဆယ်စုနှစ် တစ်ခုကျော် အကြာ လွှမ်းမိုးလျက် ရှိသည့်

အိန္ဒိယဝန်ကြီးချူပ် မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်

ရှေ့လာမယ့် သီတင်းပတ် အတွင်း အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ ကို ပါဝင် တက်ရောက်ဖို့ အိန္ဒိယ ဝန်ကြီးချူပ် နရိန္ဒရာ မိုဒီဟာ မြန်မာပြည် ကို ရောက်လာမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိစဉ် မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဝန်ကြီးချူပ် မိုဒီ တွေ့ဆုံ သွားမယ် လို့ အိန္ဒိယရဲ့ ပြည်ပရေးရာ ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Syed Akbaruddin က အတည်ပြု ပြောဆို ပါတယ်။ ဝန်ကြီးချူပ် မိုဒီဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ် ထားပါတယ်။ မြန်မာပြည်ဟာ အိန္ဒိယနိုင်ငံ အဖို့ရာ လုံခြုံရေး အတွက်ရော အရှေ့တောင်အာရှ ဒေသကြီးကို ဆက်သွယ်ရာ တံခါးပေါက် အဖြစ်နဲ့ရော အရေးပါတဲ့ အိမ်နီးချင်း ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံ တို့ကို ဆက်သွယ်ပေးမယ့် ကီလိုမီတာ သုံးထောင့်နှစ်ရာ ရှည်မယ့် အဝေးပြေး လမ်းမကြီး တည်ဆောက်မှု လည်း ပြုလုပ်လျှက် ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/10ERYAG ဝန်ကြီးချူပ် မိုဒီရဲ့ မြန်မာပြည် ခရီးစဉ်မှာ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင် ၂ ဘက်လုံးနဲ့ တွေ့ဖို့ရှိတယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10ERWso

ကားနှင့်မလဲနိုင်သော မြန်မာ့နွားအလှရတနာ

နေပြည်တော် နိုဝင်ဘာ ၈ ငွေကျပ် သိန်း ၆ဝ နှင့် ၇ဝ အကြား အသုံးပြု၍ တန်ဖိုးနည်း ဆလွန်း ကားငယ် သို့မဟုတ် မီနီ ထရပ်ယာဉ် တစ်စီး ဝယ်ယူနိုင်သည်။ ကာလပေါက် ဈေးကျပ်သိန်း ၁ဝဝ သတ်မှတ်ထား သော မြန်မာ့မျိုးရင်း နွားသိုး အလှကို နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရီ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု စက်ကုန်း ကျေးရွာ ပြိုင်ပွဲဝင်း၌ ကျင်းပသော မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ဝင်ရောက် ပြသယှဉ်ပြိုင်ထား သည်ကို တွေ့ရ သည်။ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ နယ် မြစ်ဆုံရွာမှ နွားဝါသနာရှင် တောင်သူကြီး ဦးမြင့်လှိုင် မွေးမြူ၍ ပြိုင်ပွဲဝင်ခဲ့သော ညီနောင်ပဒေသာ အမည်ရှိ အသက် လေးနှစ်ခွဲအရွယ် မြန်မာ့မျိုးရင်းနွားသိုးအလှမှာ ကာလ တန်ဖိုး ငွေကျပ်သိန်း ၁ဝဝ ခေါ်ဆို ထားပြီး နွားဝါသနာရှင်များမှ ဝယ်ယူ သော်လည်း ရောင်းမည်မဟုတ်ဘဲ အဆိုပါနွားမှ ရှာပေးသော ဝင်ငွေ မှာလည်း သိန်းရာချီရှိခဲ့ပြီဖြစ်သော ကြောင့် ဦးမြင့်လှိုင်က ''ကျွန်တော့် နွားဟာ ကျွန်တော့်သားပါပဲ''ဟု နွား ဝါသနာရှင်တစ်ဦးပီပီ သူ၏ နွားကို ချစ်မြတ်နိုးတန်ဖိုးထားကြောင်း ပြော ကြားခဲ့သည်။ ကိုကိုနေ(ကြေးမုံ) The Mirror Daily http://ift.tt/1vGM9kx from သစ်ထူးလွင် (

မြန်မာ့ရိုးရာယဉ်ကျေးမှုနွားအလှနှင့် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈ မြန်မာနွား မျိုးမသုဉ်းရေး၊ နွား ကောင်ရေ ပြန့်ပွားရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို နောင်လာ နောက် သားများ သိရှိစေရန်နှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ပံ့ပိုးကာ မြန်မာ့ ရိုးရာနွား အလှပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ဦးစီး ကျင်းပသော မွေးမြူ ရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို နေပြည် တော် ကောင်စီနယ်မြေ ဇေယျာသီရီ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု စက်ကုန်း ကျေးရွာပြိုင်ပွဲ ဝင်းအတွင်း၌ ယနေ့မှစ၍ နှစ်ရက်တိုင်တိုင်ကျင်းပ မည်ဖြစ်သည်။ ပြိုင်ပွဲကဏ္ဍများတွင် ဆိတ်အလှ ပြိုင်ပွဲ၊ အိမ်မွေးမြန်မာကြက်များနှင့် တိုက်ကြက်များပါ ပါဝင်ပြသကြပြီး နွားပြိုင်ပွဲတွင်မူ နွားသိုးအလှပြိုင်ပွဲ၊ ခြေမောင်းဗလာပြိုင်ပွဲ၊ နွားအကျော့ မောင်းအကြီးတန်း၊ နွားအကျော့ မောင်းအငယ်တန်း၊ ဒုန်းပြိုင်ပွဲ စသည့်ဖြင့် ပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ နွားပြိုင်ပွဲတွင် သွားခြောက်ချောင်း အထက်ကို အကြီးတန်းပြိုင်ပွဲဝင်နွား အဖြစ်လည်းကောင်း၊ သွားခြောက် ချောင်းအောက်ကို အငယ်တန်းပြိုင်ပွဲ ဝင်နွားအဖြစ်လည်းကောင်း သတ် မှတ်ကာ ယှဉ်ပြိုင်ရခြင်း

မြန်မာပြည် ခရီးစဉ်ဟာ အိုဘားမားရဲ့ အာရှ-ပစိဖိတ်ရေးရာ မူဝါဒ အတွက် အရေးကြီး

အမေရိကန် သမ္မတ အိုဘားမား အတွက် အခုတခေါက် မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး အတွက် သာမက အမေရိကန်ရဲ့ အာရှဒေသ ဆက်ဆံရေး အတွက်ပါ အရေးကြီးတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု ရဲ့ Institute of Peace USIP အဖွဲ့အစည်း က ပြောပါတယ်။ ၂၀၁၂ ခုနှစ်မှာ သမ္မတ အိုဘားမား မြန်မာပြည်ကို ၆ နာရီကြာ လာခဲ့ တုန်းကတော့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကို အားပေးဖို့ ဖြစ်ပြီး၊ အခု အခေါက် မှာတော့ နိုင်ငံတကာ နဲ့ ဒေသတွင်း အင်အားကြီး တွေ နဲ့ပါ တွေ့ဆုံမှာ ဖြစ်လို့ ၊ သူ့လက်ထက် မှာ ဆောင်ရွက်လာတဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ် ဒေသနဲ့ ဆက်ဆံရေး အပေါ် အာရုံစိုက်တဲ့ မူဝါဒ အတွက် အရေးကြီးတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် ဆိုပြီး USIP ရဲ့ အကြီးတန်း အကြံပေး ပရက်စီလာ ကလက်ပ် က သုံးသပ်ပါ တယ်။ မြန်မာ့ နိုင်ငံရေး အတွက်လည်း မစ္စတာ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ မြို့ခံ လူငယ်တွေနဲ့လည်း တွေ့ဆုံတဲ့ အစီအစဉ်တခု လုပ်ပါလိမ့်မယ် ဆိုပြီး ပရက်စီလာ ကလက်ပ် က ဘီဘီစီကို ပြောပါတယ်။ မြန်မာ အစိုးရပိုင်းကိုတော့ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် ပြောဖို့ ရှိတယ် ဆိုပြီးတော့လည်း မစ်ကလက

စပါးရိတ်ချိန် မိုးရွာသွန်းမှုကြောင့် ထန်းတပင်မြို့နယ်တွင် လယ်သမားများ အခက်ကြုံ

နိုဝင်ဘာ ၈ရက်၊ ၂၀၁၄ ခုနှစ်။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၌ ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စပါးရိတ်ချိန်တွင် မိုးရွာ သွန်း မှုကြောင့် စပါးများ ရေစိုကာ စပါးရိတ်ရန် အခက်ကြုံနေရသည်ဟု ဒေသခံ လယ်သမားများ ထံမှ သိရှိရသည်။ “ကျနော်တို့ဆီမှာ မိုးဆက်တိုက်ရွာတာ ၃ရက်ရှိသွားပြီး။ စပါးက မိုးရွာလို့ ရိတ်လို့မရဘူး။ ကောက်လှိုင်းတွေ လည်း စိုတယ်။ စပါးစေ့တွေ ကြွေပြီးတော့ အပင်ပြန်ပေါက်တာလည်း ရှိတယ်။ အသီးမအောင်သေးတဲ့ စပါးပင်တွေ လေတိုက်လို့ လှဲသွားတာလည်း ရှိတယ်။ အဲဒီစပါးပင်ဆို အသီးအောင်မှာ မဟုတ်ဘူး”ဟု ထန်းတပင်မြို့နယ် ပျဉ်ဂန်းရွာမှ လယ်သမား စောကပေါ်က ကေအိုင်စီသို့ ပြောသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးစတင်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးပြီး မိုးများလာသည့် အချိန် တွင်လည်း ရေကြီးကာ စိုက်ပျိုးထားသည့် စပါးများနစ်မြှုပ်သည့်အတွက်ကြောင့် စပါးများပျက်စီးကာ နှစ်ကြိမ်ခန့် ထပ်မံပြန်စိုက်ပျိုးခဲ့ရသည်ဟု ဒေသခံလယ်သမားများက ပြောဆိုသည်။ လက်ရှိ မိုးရွာသွန်း၍ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည့် နေရာများမှာ ထန်းတပင်မြို့နယ်ရှိ ရှမ်းကြီးဘို၊ ပျဉ်ဂန်း၊ လေးတစ် စသည့် ကျေးရွာအုပ်စုတို့အတွင်း ဒေသများဖြစ်ကြပြီး ကျေးရွာပေါ

မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၅)၊ အမှတ်(၆၉၇)

Myanmar Times (Myan) Vol 35 No 697.pdf by Thit Htoo Lwin မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၅)၊ အမှတ်(၆၉၇) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1pBMF17 via IFTTT

Reporter News Journal Issue - 95

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1zatmfi via IFTTT

တပ်မတော်(ရေ) စစ်ရေယာဉ်များက ပင်လယ်ထဲမျောပါနေသော ရေလုပ်သား ၂၅၂ ဦးအားဆယ်ယူ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်

ရန်ကုန် နိုဝင်ဘာ ၈ နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်အကွာတွင် တည်ရှိခဲ့သည်။ ယင်းမုန်တိုင်းငယ် သတင်းနှင့် အတူ နိုဝင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်တွင် ပင်လယ်ပြင်မှတိုက်ခတ် သည့် လေပြင်းမုန်တိုင်းကြောင့် ရန်ကုန်မြစ်ဝနှင့် ဒဂုံမီးပြကြားတွင် ရှိသော ပင်လယ်ပြင်တွင်အခြေပြု၍ ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသည့် ကျားဖောင်ရေလုပ်သားများ လေပြင်း မုန်တိုင်းအရှိန်ကြောင့် ပင်လယ်ပြင် တွင် မျောပါနေခဲ့ကြသည်။ ယင်း သတင်းများကိုရရှိခဲ့သော ဧရာဝတီ ရေတပ်စခန်း MRCC ၏ သတင်း ပေးပို့မှုကြောင့် ရန်ကုန်မြစ်ဝတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် တပ်မတော်ရေယာဉ် ၅၆၃ နှင့် ထောက်ပံ့ရေးရေယာဉ် ၆၂ဝ တို့သည် ယင်းနေရာတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင် နိုဝင်ဘာ ၇ ရက် ညအထိ ရေလုပ်သား ၂၅၂ ဦးအား ရေတပ် စခန်းဌာနချုပ်က ပင်လယ်ပြင်တွင် တွေ့၍ ကယ်ဆယ်နိုင်ခဲ့သည်။ ထိုသို့ ပင်လယ်ပြင်ကျားပ

နိုဝင်ဘာလ (၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xlNBHv

ကိုပါကြီးသတ်ဖြတ်ခံရမှု စစ်တပ်အရာရှိ ၃၀ ကျော်ကို စစ်ဆေးမေးမြန်း

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန်တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေး မေးမြန်း ခဲ့ပါတယ်။ ကိုပါကြီးရဲ့ ရုပ်အလောင်း ရင်ခွဲ စစ်ဆေးချက်အဖြေနဲ့ အဲ့ဒီအရာရှိတွေကို စစ်ဆေး မေးမြန်းထား ချက်တွေကို စုစည်းပြီးမှ ကိုပါကြီးသေဆုံးရတဲ့ အကြောင်းအရင်းကို သုံးသပ်လို့ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။ "ကျိက်မရောနားကို koo အဖွဲ့လာတာကစပြီး ဖြစ်စဉ်ကဆက်စပ်နေတော့ အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ အဲ့ဒီနေရာမှာဖြစ်တဲ့ ခ.မ.ရ (၂၁ဝ)၊ ခ.မ.ရ (၂ဝ၈)၊ (၂ဝ၄)၊ ခ.လ.ရ (၈၁) တပ်တွေက တပ်မှူးကြီးတွေ၊ အရာရှိတွေ၊ အရာရှိကြီးအဆင့်တွေ၊ ရဲဘက်ကလည်း အရာရှိကြီးအဆင့်တွေဖြစ်ပါတယ်၊ နောက် ပြည်နယ်ကလည်းပဲ ဝန်ကြီးတစ်ဦး ထွက်ဆိုချက်ပေးပါတယ်၊ ရင်ခွဲစစ်ဆေးချက်နဲ့ နောက်ထပ် အရာရှိတွေ စစ်တာနဲ့ကျမှ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်လို့ရမယ်ဆိုတာပေါ့" ဒါ့အပြင် ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးတစ်ဦးနဲ့ အခင်း

NLD အပြတ်အသတ်မနိုင်အောင် PR စနစ်ကြိုးပမ်းတာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင်လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ "ဒီ PR စနစ်ကို လက်ခံလိုက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ဆန္ဒမဲတွေ ပြန့်သွားပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲတွေ အပြတ်အသတ်မနိုင်အောင်လို့ လုပ်နေသလားလို့ ကျမတို့က စဉ်းစားစရာတွေ ဖြစ်လာတယ်" လက်ရှိအခြေအနေအရ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ပြောနေတာမဟုတ်ပဲ ဖက်ဒရယ်လို့ပြောရင် ဖမ်းဆီးနေတဲ့ စစ်အစိုးရလက်ထက်အချိန်ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား တစ်သောင်းနီးပါးလေ

အိုဘားမားအရေး နှင့် မြန်မာ့အရေး

အမေရိကန်ကို ရန်လုပ်တဲ့ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး အမေရိကန်နဲ့ လက်တွဲလိုတဲ့ အစိုးရ မြန်မာပြည်မှာ ပေါ်ထွက်လာ တာဟာ နိုင်ငံခြားရေး လမ်းစဉ် အောင်မြင်မှု တခု ဖြစ်တယ်လို့ သမ္မတ အိုဘားမား က လွန်ခဲ့တဲ့ မေလကုန်ပိုင်းက West Point စစ်တက္ကသိုလ်မှာ ပြောသွား ပါတယ်။ အိုဘားမားရဲ့  ပထမနဲ့ ဒုတိယ မြန်မာနိုင်ငံ ခရီး စဉ်အကြား (၂) နှစ်ကာလမှာ မြန်မာ့ အခြေအနေဟာ တိုးတက်တာ ရှိသလို၊ ရပ်တန့်နေတာနဲ့ ဆုတ်ယုတ်သွား တာလဲ ရှိပါတယ်။ အခြေအနေ အမျိုးမျိုးကို အိုဘားမား အစိုးရက အမျိုးမျိုး တုန့်ပြန် နေပါတယ်။ ထိရောက်တာတွေ ရှိသလို၊ မထိရောက်တာ တွေလည်း ရှိပါတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေး အရှိန်သေသွားတာကို အလေးအနက် စဉ်းစားသင့်တယ်လို့ အမေရိကန်လူ့အခွင့်အရေးအဖွဲ့က သမ္မတအိုဘားမားကို သတိပေးထားပါတယ်။ ဒါပေမဲ့ အိုဘားမားကတော့ အာရှဗဟိုပြုလမ်းစဉ်မှာ အာဆီယံဟာ အရေးပါတာမို့ အပယ်ခံမြန်မာကို လက်တွဲခေါ်ယူနိုင်တာဟာ အောင်မြင်မှုတခု ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးလမ်းစဉ်မှာ ဦးစားပေးမဟုတ်ပေမဲ့ အရေးကြီးနေဆဲ ဖြစ်ပါတယ်။ ပြုပြင်ရေးကို အားပေးတဲ့အနေနဲ့ ရန်ကုန်အမေရိကန် သံရုံးဟာ လုပ်ငန်းပေါင်းနှစ်ဆယ်ကျော်မှာ ပါဝ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး APEC ပူးပေါင်းဆောင်ရွက်မယ်

တရုတ် အမေရိကန်အပါအဝင် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ APEC အေပက် အဖွဲ့ဝင် နိုင်ငံတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ပိုပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ် တွေကို ကြေညာ လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များနှင့် ဥပဒေ အကောင်အထည်ဖော်ရေး အေဂျင်စီများ ကွန်ယက် ACT-NET လို့ နာမည်ပေးထားတဲ့ အဖွဲ့ကို တရုတ်နိုင်ငံ ဘီဂျင်းမြို့မှာ တနင်္လ࿿ာနေ့ စကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲမှာ ဖွဲ့စည်းဖို့ အေပက်ခေါင်းဆောင်တွေ စီစဉ်နေတာ ဖြစ်ပါတယ်။ ပင်လယ်ရပ်ခြားကို တရားမဝင် ရွေ့ပြောင်းထားတဲ့ ပိုင်ဆိုင်မှုအဝဝကို ရှာဖွေ ဖေါ်ထုတ်နိုင်ဖို့ နိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။ တရုတ်နိုင်ငံမှာ အဂတိလိုက်စားပြီး နိုင်ငံခြားကို ထွက်ပြေးနေကြတဲ့ တရုတ်အစိုးရအရာရှိတွေကို လိုက်လံ ဖေါ်ထုတ် အရေးယူတဲ့ Operation Fox Hunt စစ်ဆင်ရေးတရပ်ကို ဒီနှစ်ထဲ စတင် ဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းနဲ့ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေကို သေဒဏ် အပစ်ပေးလေ့ ရှိတာတွေကြောင့် စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် အထူးသဖြင့် တရားခံ လွှြဲေ

ရိုဟင်ဂျာ အကြမ်းဖက် လက်နက်ကိုင် ၄ ဦး ၀င်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ဖောက်ခွဲရေး သမားလေးဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ် နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါစာရွက်တွေကို နေရာအတော်များများမှာ ကပ်ထားသလို လုံခြုံရေးတွေ တိုးမြှင့်ထား လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မော်လမြိုင်ခရိုင် ရဲစခန်းက အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက မှန်ကန်ကြောင်း အတည်ပြု ပြောပါတယ်။ "ပိုက်စိတ်တိုက်ပဲ ကျနော်တို့လုပ်နေပါတယ်၊ ခရိုင်က ခရိုင်စီမံချက်ချပြီးလုပ်တယ်၊ မြို့နယ်ကလည်း မြို့နယ်စီမံချက်ချပြီးလုပ်ပါတယ်၊ ဧည့်စာရင်းတွေစစ်တယ်၊ နောက်မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေရှိတယ်၊ အဝင်အထွက်ကားတွေ စစ်တာဆေးတာတို့ အကုန်လုံးလုပ်နေပါတယ်" ရဲတပ်ဖွဲ့ထုတ်ပြန်ထားသူတွေကတော့ RSO ရိုဟင်ဂျာ အကြမ်းဖက်ဖောက်ခွဲရေးအဖွဲ့က ပြည်တွင်းလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် သန်းဝင်း၊ မြန်မာပြည်တာဝန်ခံ အိုစမာ ခေါ် ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွသင်တန်းဆင်း အာဇက် ခေါ် အမင်းနဲ့ အဖွဲ့ဝင် အီစမိုင် ခေါ် ဇော်ဝင်းတို့ဖြစ်ပါတယ်။ ဒီ RSO ရိုဟင်ဂျာအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ်ကနေ မွန

ဒေါ်အောင်ဆန်းစုကြည် မိုးဗြဲမြို့ ဟောပြောချက် (ရုပ်/သံ)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1tq2RNG via IFTTT

ဖွဲ့စည်းပုံပြင်ရေး လူထု မျက်ခြေမပြတ်ဖို့ ဒေါ်စု တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒသဘောထား တွေကို လွှတ်တော်တွင်း တင်ပြပြီး ဖြစ်လို့ ရလာဒ်ကို ပြည်သူတွေ မျက်ခြေမပြတ် စောင့်ကြည့်ပါ၊ ပြည်သူ့ဆန္ဒ အကျိုးမဲ့ဖြစ်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတီစည်းရုံးရေး စတုတ္ထမြောက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ် လူထုကို အခုလို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ် နောက်ဆုံးရသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။ “အဲဒီတော့ ----- ဒီကိစ္စကို သူကိုယ်တိုင် လေ့လာပေးပါမယ်၊ ဘယ်လိုဖြစ်တာလဲ။ အဲဒီတော့ တရားခံတွေကနေပြီးတော့ - တရားခံတွေ၊ တရားလိုတွေပေါ့နော်- ဘယ်သူတွေက ဘာပြောသလဲ၊ အဲဒီလို ဖြစ်တဲ့ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်လို့၊ အဖြေမှန်ရအောင်လို့ ကျမတို့ ကြိုးစားပေးပါမယ်။ အဲဒီတော့ သမီးကို အဖွဲ့ချုပ်ထဲကဖြစ်ဖြစ် လူတယောက်ယောက်နဲ့ ဆက်သွယ်မယ်။ ဆက်သွယ်လိုက်တော့ -- ဥပဒေအထောက်အကူအဖွဲ့ကနေပြီးတော့ လက်တွေ့ကျကျ ကူညီပါ့မယ်။ မတရားမှု လုပ်ခဲ့တယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ တတ်နိုင်သမျှ ဒီကိစ္စကိုပြင်ဖို