Skip to main content

တပ်မတော်(ရေ) စစ်ရေယာဉ်များက ပင်လယ်ထဲမျောပါနေသော ရေလုပ်သား ၂၅၂ ဦးအားဆယ်ယူ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်



ရန်ကုန် နိုဝင်ဘာ ၈

နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်အကွာတွင် တည်ရှိခဲ့သည်။


ယင်းမုန်တိုင်းငယ် သတင်းနှင့် အတူ နိုဝင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်တွင် ပင်လယ်ပြင်မှတိုက်ခတ် သည့် လေပြင်းမုန်တိုင်းကြောင့် ရန်ကုန်မြစ်ဝနှင့် ဒဂုံမီးပြကြားတွင် ရှိသော ပင်လယ်ပြင်တွင်အခြေပြု၍ ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသည့် ကျားဖောင်ရေလုပ်သားများ လေပြင်း မုန်တိုင်းအရှိန်ကြောင့် ပင်လယ်ပြင် တွင် မျောပါနေခဲ့ကြသည်။ ယင်း သတင်းများကိုရရှိခဲ့သော ဧရာဝတီ ရေတပ်စခန်း MRCC ၏ သတင်း ပေးပို့မှုကြောင့် ရန်ကုန်မြစ်ဝတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် တပ်မတော်ရေယာဉ် ၅၆၃ နှင့် ထောက်ပံ့ရေးရေယာဉ် ၆၂ဝ တို့သည် ယင်းနေရာတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင် နိုဝင်ဘာ ၇ ရက် ညအထိ ရေလုပ်သား ၂၅၂ ဦးအား ရေတပ် စခန်းဌာနချုပ်က ပင်လယ်ပြင်တွင် တွေ့၍ ကယ်ဆယ်နိုင်ခဲ့သည်။


ထိုသို့ ပင်လယ်ပြင်ကျားပိုက် ဖောင်များပျက်စီး၍ မျောပါနေသော ရေလုပ်သား ၂၅၂ ဦးသည် နိုဝင်ဘာ ၈ ရက်တွင် သာကေတမြို့နယ် ရေတပ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ ကြောင်းသတင်းရရှိ၍ မြန်မာ့ သတင်းစဉ် (ပြည်တွင်း)က အဆိုပါ ရေလုပ်သားများနှင့် တာဝန်ရှိသူများ အား သွားရောက်တွေ့ဆုံမေးမြန်း ခဲ့သည်။


ဗိုလ်မှူးထွန်းသူရ

(တပ်မတော်ရေ)


နိုဝင်ဘာ ၆ ရက် နနံနက် ၄ နာရီ လောက်မှာ ပင်လယ်ပြင်မှာ တိုက်ခတ်တဲ့ လေပြင်းမုန်တိုင်းကြောင့် ရန်ကုန်မြစ်ဝမှာရှိတဲ့ Pilot Vessel နဲ့ ဒဂုံမီးပြကြားမှာရှိတဲ့ ပင်လယ်မှာ အခြေပြုပြီးတော့ ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေတဲ့ ကျားဖောင် ရေလုပ်သားတွေ လေပြင်းမုန်တိုင်း အရှိန်ကြောင့် ပင်လယ်ပြင်မျောပါ နေတယ်ဆိုပြီး ဧရာဝတီရေတပ်စခန်းMRCC က သတင်းရရှိခဲ့ပါတယ်။ အဲ့ဒီသတင်းရရှိတာနဲ့ ရန်ကုန်မြစ်ဝမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော် ရေယာဉ် ၅၆၃ နဲ့ ထောက်ပံ့ရေး ရေယာဉ် ၆၂ဝ ကို အဲ့ဒီနေရာ တစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ဖို့ တာဝန် ပေးစေခိုင်းခဲ့ပါတယ်။ အဲ့ဒါ ပြီးတာ နဲ့ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ဖို့ တာဝန်ပေးအပ် ထားတဲ့ စစ်ရေယာဉ် ၅၅၆ ကို ထပ်မံ တာဝန်ပေးအပ်ခဲ့ပြီး ကျွန်တော်တို့ စေလွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုဝင်ဘာ ၇ ရက် နေ့လယ်ကစပြီး တစ်ညလုံး ပင်လယ်ပြင်မှာ ပိုက်စိပ် တိုက်ရှာဖွေခဲ့တာ ပင်လယ်ပြင်မှာ မျောပါနေတဲ့ ရေလုပ်သား ၂၅၂ ဦးကို ဆယ်တင်နိုင်ခဲ့ပါတယ်။ ကျန်ရှိ ရေလုပ်သားတွေကိုတော့ စစ်ရေယာဉ် ၅၆၄ ရယ်၊ တွဲဖက်စစ်ရေယာဉ်နဝရတ် နှစ်စင်းထပ်မံစေလွှတ်ပြီး ရေယာဉ် လေးစင်းနဲ့ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။


ပင်လယ်ပြင်မှာ သုံးရက်လောက် ထမင်းမစားရဘဲ အာဟာရပြတ်တဲ့ ရေလုပ်သားတွေရှိမယ်။ အနည်းငယ် ထိခိုက်ဒဏ်ရာရတဲ့ ရေလုပ်သား၊ ဖျားနာတဲ့ရေလုပ်သားတွေကိုတော့ ရေတပ်မှာပါတဲ့ ဆေးတပ်ဖွဲ့က ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးခဲ့ပါ တယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့ အတွက် ကျွန်တော်တို့တပ်မတော် ရေတပ်ကဂုဏ်ယူမိပါတယ်။ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးဆိုတာ က ကျွန်တော်တို့တပ်မတော်ရေရဲ့ အဓိကလုပ်ငန်းတာဝန်တစ်ရပ်ထဲမှာ လည်း ပါဝင်ပါတယ်။ ရေလုပ်သား တွေကတော့ ပင်လယ်ပြင် အတွေ့အကြုံရှိတဲ့လူတွေလည်း ရှိ သလို အတွေ့အကြုံမရှိတဲ့ ရေလုပ် သားတွေကတော့ ကြောက်ရွံ့နေ တာပေါ့။


ကိုအောင်မျိုး

ဖျာပုံခရိုင် (အမာမြို့နယ်ခွဲ)

ခါးပြတ်ကျေးရွာ၊အောင်မင်္ဂလာ ၂လမ်း (၂)ရပ်ကွက် အမှတ် (၁၅၂)


ကျွန်တော်တို့ဆီမှာ အသက် မွေးဝမ်းကျောင်းက ကျားဖောင် လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ မုန်တိုင်းက မြန်မာလို ၁၃ ရက်နေ့ကတည်းက ချတယ်။ ပင်လယ်ထဲမှာ သုံးရက်ကြာတယ်။ မြန်မာလို ၁ ရက်နေ့မှ ရေတပ်က ကယ်တာပါ။


ကပ်ပေါ်မှာလှန်းထား တဲ့ ငါးပုပ်ရေ၊ ငါးနှပ်ခြောက်ရေ သောက်ပြီးနေရတယ်။ ကျွန်တော်တို့ မှာ ငါးဖောင်နဲ့ ကျားတန်းနောက်မှာ စောင့်တဲ့ ဦးစီးချုပ်ဆိုတာရှိပါတယ်။ သူတို့က ဒီလိုလေမိုးချပြီဆိုရင် ခေါ်လို့မရဘူး။ မုန်တိုင်းရှိပြီဆို ရိက္ခာ သင်္ဘောကရေလည်းတောင်းလို့ မရ တော့ဘူး။ စားဖို့လည်းတောင်းလို့ မရ တော့ဘူး။ ကျွန်တော်တို့က ဖောင်မှာ နေတဲ့အတွက် အဆက်အသွယ်မရှိဘူး၊ စကားပြောစက်မရှိဘူး။ ကျွန်တော် တို့ဖောင်မှာ သုံးယောက်ရှိတယ်။ ကျွန်တော်က အထောင်ဦးစီးပါ။


လူတွေအများကြီး မျောလာတာက သခွတ်တို့၊ မီးပြတို့နားမှာပေါ့။ ရေတပ်သင်္ဘောက ရန်ကုန်ကို လိုက်မယ့် ရေဘေးဒုက္ခသည်ရှိလား ဆိုပြီး လှမ်းမေးတော့ ကျွန်တော်တို့က လိုက်မယ်ဆိုပြီး အကုန်လုံးတက်လာ ကြတာပါ။ ဒုက္ခရောက်နေတဲ့ ဖောင်က လူတွေအကုန်လုံး ရေတပ်က လိုက်ကယ်ထားတာ။ မီးပြတစ်ဝိုက်က ကယ်လာတာ။ ဒါတောင် အရှေ့ တောင်လေနဲ့မို့လို့ ရန်ကုန်ပင်လယ်ဝ ရောက်လာတာ။ ရေတပ်က အကုန် လိုက်ကယ်တာ။ ဒဏ်ရာနဲ့ လူတွေ လည်း ပါပါတယ်။ ဆေးရုံကိုခေါ်တဲ့ လူခေါ်သွားပြီ။ လုပ်သက် ၁၁ နှစ် ရှိပြီ။ ရေတပ်က သူတို့မှာရှိတာ အကုန်ထုတ်ကျွေးတယ်။


ချက်ပြုတ် ကျွေးတယ်။ ရေသောက်တာကအစ ဖြည်းဖြည်းသောက်ဖို့ပေါ့။ အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်အောင် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး လုပ်ပေးမယ်ပေါ့။ ရေတပ်က ဆရာ တွေကို တော်တော်ကျေးဇူးတင် ပါတယ်။ ဖောင်တွေကလည်း စုတ် ကုန်ပြီ။ ကားနဲ့ပြန်ပို့ပေးမယ်။ ကား အခုလာမယ်ပြောတယ်။ ရေလုပ်သား အဖြစ် မလုပ်တော့ဘူးဆိုပေမယ့် သားသမီး၊ သားမယား ဒုက္ခရောက် မှာလည်း ရှိတယ်။


ဒုတိယတိုင်းဦးစီးမှူး ဦးကြည်သာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီ လောက်မှာ ရေကြောင်းရဲ ဒုတိယ ရဲမှူးကြီးကိုကိုနိုင်က ကျွန်တော် တို့ဆီကို အကြောင်းကြားလာပါတယ်။ တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးကလည်း ဖုန်းဝင်လာတယ်။ နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှာတော့ ရေလုပ်သားတွေ ကယ်ဆယ်ထားတဲ့ စစ်ရေယာဉ်က ပြန်ရောက်နေပါပြီ၊ လိုအပ်တဲ့ စုဖွဲ့မှုတွေလုပ်တယ်။ ကျွန်တော်တို့ဌာနက ရေလုပ်သား တွေပြန်လည်ပို့ဆောင်ဖို့ ပုသိမ်တစ်ဖွဲ့၊ ဖျာပုံတစ်ဖွဲ့ထုတ်တယ်။ ကျွန်တော် တို့ကို နေရပ်ပြန်ပို့ပေးတယ်။ ရေမျော ဒုက္ခသည်တွေကိုလည်း အင်္ကျီ၊ ပုဆိုး၊ မျက်နှာသုတ်ပဝါပေးတယ်။ ဆေးဝါး ကုသမှုခံယူဖို့လိုအပ်တဲ့ ရေလုပ်သား ခြောက်ဦးကိုတော့ အမှတ် (၂) တပ်မတော်ဆေးရုံ ခုတင် (၅ဝဝ) ကို ပို့ပေးတယ်။ ဌာနပေါင်းစုံက ဝိုင်းဝန်း ဆောင်ရွက်ပေးတာပါ။ သူတို့တွေ စီးပွားရေးအတွက်ကတော့ သူတို့ ပြန်လုပ်ရမှာပေါ့။ ရေတပ်က ကယ် တင်လာတယ်။


ဒီလိုလေမုန်တိုင်း ကျတဲ့အချိန်မှာ ကျားဖောင်တွေ ထားပြီးသွားလိုက်ရင် အလုပ်ရှင်၊ အလုပ်သမားပြဿနာတော့ ဖြစ်နိုင် တာပေါ့။ ဒါကိုလည်း သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနတို့၊ မွေးရေ တို့၊ ငါးလုပ်ငန်းတို့ စသဖြင့် သက်ဆိုင် ရာတာဝန်ရှိတဲ့ လူတွေက ဖြေရှင်း မှာပေါ့။ အလုပ်သမားဆိုလည်း သူ့ အခွင့်အရေးတော့ရှိမှာပါ။ ရေလုပ် သား တွကလည်း စွန့်ခွာလိုက်လို့ အလုပ်ပြုတ်ပြီ ထင်နေကြတယ်။ သူတို့ကို အသက်ဘေးကြောင့် ကယ်တင်လိုက်တာဆိုတော့ ရေလုပ် သားတွေလည်း ဘာမှမဖြစ်ဘူးလို့ ထင်ပါတယ်။


ကိုစိုင်းညီဇော်၊ ကိုစောမိုးဇက်၊

ပုသိမ်၊ အိမ်မဲမြို့

ကန်ကြီးထောင့်ကျေးရွာ


ရေတပ်သင်္ဘောက မနေ့က ကျွန်တော်တို့ကိုတွေ့ပြီး ရန်ကုန်ကို ဆယ်လာတာပါ။ အလုပ်က ကျား ဖောင်ထောင်တယ်။ ပင်လယ်ထဲမှာ သုံးရက်ကြာတယ်။ စားဖို့မရှိတော့ဘူး။ ဖောင်တွေ အကုန်ပျက်စီးကုန်တယ်။ လှိုင်းထဲမှာ ဖောင်နဲ့ရိုက်မိတာ ခေါင်း ပေါက်သွားတယ်။ တချို့ ဖောင်တွေ တော့ အသေအပျောက်ရှိနိုင်တယ်။ ကျွန်တော်တို့ ဖောင်က သုံးယောက် လုံး အသက်ရှင်ပါတယ်။ ကျွန်တော်တို့ ဦးစီးထောင်ထားတာ ဖောင် ၅၃ ဖောင်ရှိပါတယ်။ အကုန်တော့ မပါ လာဘူး။ ကျန်တဲ့လူတွေ ရှိသေးတယ်။ ဖောင် ၃ဝ လောက်ပဲ ပါလာတာ။ ကျွန်တော်တို့က ပွဲစားနဲ့လိုက်လာတာ။ ရေတပ်သင်္ဘောလာတော့ ကျွန်တော် တို့ကို အကုန်ခေါ်သွားတယ်။


ကျွန်တော်တို့နေတဲ့နေရာ အသီး သီးကို ပြန်ပို့ပေးမယ်ပြောတယ်။ စားဖို့လည်း အတတ်နိုင်ဆုံး လုပ် ပေးပါတယ်။ ကျားဖောင်မှာ ခွာကြိုး ဆိုတာရှိတယ်။ လှိုင်းကြီးလို့ ခွာကြိုး ကို မခုတ်ဖြတ်ရင် ဖောင်မှောက် တယ်။ တချို့ကဖြုတ်တယ်။ ဖြုတ် ချိန်မရရင် ဓားနဲ့ခုတ်ဖြတ်ရတယ်။ ဖောင်ဖျက်ဆီးရင်ဆူတယ်။ ကျွန် တော်တို့အတွက် အလုပ်လာလုပ် တာ ပိုက်ဆံက ဘယ်လောက် ရမလဲ တော့ မသိဘူး။ ပွဲစားပဲသိတာ။


ဦးလှဝင်း

ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်း

ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး

ဦးစီးမှူး


အခု ကယ်ဆယ်ထားတဲ့ရေလုပ် သားတွေက အလုပ်ထုတ်မယ်။ ပြန်မခေါ်တော့ဘူးထင်ပြီး စိုးရိမ် နေကြတာ။ အဲ့ဒါမဟုတ်ပါဘူး။အလုပ်ရှင်ကလည်း အလုပ်သမား လိုတယ်။ လုပ်ငန်းရှင်ကလည်း သူတို့ဆုံးရှုံးတာ ပြန်ထွက်မှရမယ်။ အခုမှ ငါးဖမ်းရာသီပြန်စတာ။ ရေလုပ်သားက ရေလုပ်ငန်းပြန်လုပ် မှာပါ။ လယ်မထွန်နိုင်ဘူး။


တပ်မတော် စစ်ရေယာဉ်က ကယ်တင်ခဲ့သော ရေလုပ်သား ၂၅၂ ဦးတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်မှ၁၈၃ဦး၊ ဟင်္သာတမြို့ နယ်မှ ၄၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး မှ ၂၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ တစ်ဦးစီတို့ပါဝင်သည်။


ရန်ကုန်တိုင်း ဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးမှ ရေလုပ်သား ၂၃ ဦးတို့အား နိုဝင်ဘာ ၈ ရက်နံနက် ၉ နာရီခွဲတွင် နေရပ် သို့ ပို့ဆောင်ပေးခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင်မှ ၁၈၃ ဦးနှင့် ဟင်္သာတမြို့နယ်မှ ၄၅ဦးတို့ကို နံနက် ၁၁ နာရီတွင် နေရပ်သို့ ပို့ဆောင် ပေးခဲ့သည်။ စစ်ရေယာဉ်သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲချိန် ထိ ရေလုပ်သား ၄၃ဦးအား ထပ်မံ ဆယ်ယူထားကြောင်း သိရသည်။

တပ်မတော် စစ်ရေယာဉ်က ကယ်တင်ခဲ့သော ရေလုပ်သားများ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ၊ ငါးလုပ်ငန်းဦးစီးဌာနက ကျပ်၂ဝဝဝ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြန်လည် နေရာချထားရေးက တစ်ဦးလျှင် ပုဆိုး၊ မျက်နှာသုတ်ပဝါနှင့် အင်္ကျီ များနှင့် ရန်ကုန်တိုင်းဒေသကြီး စစ် ဌာနချုပ်တိုင်းမှူးက ဒံပေါက်၊ ခေါက် ဆွဲ ခြောက်နှင့် ရေသန့်ဘူးများ ဝေ ငှခဲ့ကြောင်း သိရသည်။


သတင်းအင်တာဗျူး-ရဲခေါင်ညွန့်

ဓါတ်ပုံ-ဖိုးထောင်

Myanmaalinn

http://ift.tt/1xK4A5u












from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xlNA6y

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3