Skip to main content

Posts

Showing posts from January 11, 2015

ဂရုပြုဖွယ်ရာ ခံတွင်းကင်ဆာ

ယနေ့ ကမ္ဘာပေါ်တွင် သန်းနှင့်ချီသောလူသားများ မှာ ကူးစက်တတ်သောရောဂါများကြောင့် သေဆုံးကြ ရသကဲ့သို့ပင် မကူးစက်တတ်သော အခြားနာတာရှည် ရောဂါများကြောင့် သေဆုံးကြရသည်များလည်း ရှိပါ သည်။ မကူးစက်တတ်သောရောဂါများတွင် ကင်ဆာ ရောဂါကြောင့် လူသေဆုံးမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးမှ ထုတ်ပြန်ထားချက်များအရ သိရပါသည်။ နှစ်စဉ် ကင်ဆာရောဂါဖြစ်ပွားသူပေါင်း ၁၂ သန်းခန့် ဖြစ်ပွား လျက်ရှိနေပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း လျော့ကျ သွားခြင်းမရှိဘဲ နှစ်စဉ်မြင့်တက်လာလျက်ရှိသဖြင့် ယခုနှုန်းအတိုင်းသာ ဆက်လက်မြင့်တက်လာပါက ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ၂၂ သန်းခန့် ကင်ဆာရောဂါဖြစ်ပွား နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ခန့်မှန်း တွက်ချက်ထားပါသည်။ ကင်ဆာရောဂါအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းမြင့်မားလျက်ရှိပြီး ကင်ဆာကြောင့်သေဆုံးမှုနှုန်းမှာလည်း မြင့်တက်လာ လျက်ရှိပါသည်။ ကျွန်ုပ်တို့အာဆီယံဒေသတွင်း နိုင်ငံများ တွင် နှစ်စဉ်ကင်ဆာရောဂါဒေဝနာရှင် ခုနစ်သိန်းခန့် ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားမှုနှုန်းမှာ လျော့ကျမသွားသေး ပေ။ ခံတွင်းကင်ဆာသည်လည်း ကိုယ်ခန္ဓာတွင်ဖြစ်ပွား တတ်သော အခြ

အိပ်၍ မပျော်ခြင်း

မေး။ ။ Dr စွမ်းရှင့်။ ကျွန်မအသက် ၅၁ နှစ်ကျော် ပင်စင်ယူခါနီး ဝန်ထမ်း တစ်ဦးပါ။ အခုတလော ကျွန်မမှာ အခက်အခဲတစ်ခု ရှိနေပါတယ် ဆရာ။ ညဆိုရင် အိပ်မပျော်တာပါ။ အိပ်ပျော်ရင်လည်း ခနလေးသာ အိပ်ပျော်ပြီး နံနက်ရုံးသွားခါနီးဆိုလျှင် လူက နုံးချိချိ ဖြစ်နေပါတယ် ဆရာ။ (မရိုမသေ ကျွန်မ သွေးဆုံးကိုင်ပြီးပါပြီ ဆရာရှင့်)။ အခုလို အိပ်မပျော်တဲ့ ဒုက္ခကို အဆုံးသတ် ချင်ပါတယ်။ ကူညီပါဦး ဆရာ။ ဒေါ်အေးအေးမြင့် (သင်္ဃန်းကျွန်း) ဖြေ။ ။ဒေါ်အေးအေးမြင့်ရဲ့ အိပ်မပျော်ခြင်းဟာ ရောဂါကြောင့်လား၊ စိတ်ကြောင့်လား ဆိုတာ သိရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူ လူကြီးအချို့မှာ လည်း အိပ်မပျော်ခြင်းကို ခံစားရ တတ်ပါတယ်။ ဒီလိုရောဂါရှိလို့ အိပ်မပျော်တာ ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှ ဆရာဝန် တစ်ဦး၏ လမ်းညွှန်ချက်ဖြင့် အိပ်ဆေး အနည်းငယ် မှီဝဲရမှာပါ။ အိပ်ဆေး မမှီဝဲခင် အိပ်ရာ မဝင်မီမှာလည်း လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အဆီပါအစား အသောက်များ လည်း ရှောင်ကြဉ်ပေးပါ။ ခရက်ကာလို ဘီစကွတ် အနည်းငယ်နှင့် အိုဗာတင်း၊ မိုင်လို၊ နွားနို့ပူပူ တစ်ခွက် သောက်သုံးပြီး အိပ်စက်ပါ။ အိပ်ရာထဲ ရောက်သည်နှင့် ခေါင်းအစ ခြေအဆုံး ကြွက်သားတွေကို လျှော့ပေးပါ။ အလုပ်ကြောင့