Skip to main content

ဂရုပြုဖွယ်ရာ ခံတွင်းကင်ဆာ







ယနေ့ ကမ္ဘာပေါ်တွင် သန်းနှင့်ချီသောလူသားများ မှာ ကူးစက်တတ်သောရောဂါများကြောင့် သေဆုံးကြ ရသကဲ့သို့ပင် မကူးစက်တတ်သော အခြားနာတာရှည် ရောဂါများကြောင့် သေဆုံးကြရသည်များလည်း ရှိပါ သည်။ မကူးစက်တတ်သောရောဂါများတွင် ကင်ဆာ ရောဂါကြောင့် လူသေဆုံးမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးမှ ထုတ်ပြန်ထားချက်များအရ သိရပါသည်။ နှစ်စဉ် ကင်ဆာရောဂါဖြစ်ပွားသူပေါင်း ၁၂ သန်းခန့် ဖြစ်ပွား လျက်ရှိနေပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း လျော့ကျ သွားခြင်းမရှိဘဲ နှစ်စဉ်မြင့်တက်လာလျက်ရှိသဖြင့် ယခုနှုန်းအတိုင်းသာ ဆက်လက်မြင့်တက်လာပါက ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ၂၂ သန်းခန့် ကင်ဆာရောဂါဖြစ်ပွား နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ခန့်မှန်း တွက်ချက်ထားပါသည်။ ကင်ဆာရောဂါအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းမြင့်မားလျက်ရှိပြီး ကင်ဆာကြောင့်သေဆုံးမှုနှုန်းမှာလည်း မြင့်တက်လာ လျက်ရှိပါသည်။ ကျွန်ုပ်တို့အာဆီယံဒေသတွင်း နိုင်ငံများ တွင် နှစ်စဉ်ကင်ဆာရောဂါဒေဝနာရှင် ခုနစ်သိန်းခန့် ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားမှုနှုန်းမှာ လျော့ကျမသွားသေး ပေ။

ခံတွင်းကင်ဆာသည်လည်း ကိုယ်ခန္ဓာတွင်ဖြစ်ပွား တတ်သော အခြားကင်ဆာများနည်းတူ ဖြစ်ပွားမှုနှုန်း လျော့ကျမသွားပဲ တဖြည်းဖြည်းမြင့်တက်လာလျက်ရှိပါ သည်။ ခံတွင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းလုံးရှိ ဖြစ်ပွား မှုအများဆုံးကင်ဆာ (၁ဝ)မျိုးတွင်ပါဝင်ပြီး အာဆီယံ ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပွားမှုများသော ကင်ဆာ (၅)မျိုးတွင် ပါဝင်ပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် နှစ်စဉ်ခံတွင်းကင်ဆာ ဖြစ်ပွားသူပေါင်း သုံးသိန်းခန့် ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်း မြင့်မားလျက် ရှိကြောင်း တွေ့ရှိရပါသည်။ ကျွန်ုပ်တို့ အာဆီယံဒေသ တွင်းနိုင်ငံများတွင် နှစ်စဉ် ခံတွင်းကင်ဆာဖြစ်ပွားသူ ပေါင်း ၂၇ဝဝဝ ဝန်းကျင်ခန့် ဖြစ်ပွားလေ့ရှိပါသည်။ ခံတွင်းကင်ဆာဖြစ်ပွားမှု များသော ဒေသများမှာ အာရှ၊ တောင်အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံများတွင် အဓိကဖြစ်ပွားလျက်ရှိသည်။ အိန္ဒိယနိုင်ငံတစ်နိုင်ငံ တည်းတွင်ပင် နှစ်စဉ်ခံတွင်း ကင်ဆာဖြစ်ပွားသူပေါင်း ၈ဝဝဝဝ ကျော်ထိ ဖြစ်ပွားလျက်ရှိပြီး ခံတွင်းကင်ဆာ ဖြစ်ပွားမှု အများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။သီရိလင်္ကာနိုင်ငံတွင်လည်း ခံတွင်းကင်ဆာသည် အဖြစ် အများဆုံးကင်ဆာရောဂါများတွင် အဆင့်တစ်တွင်ရှိနေပါ သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်ည်း ခံတွင်းကင်ဆာ သည် အဖြစ်အများဆုံးကင်ဆာငါးမျိုးတွင် ပါဝင်ပါသည်။ ထိုင်းနိုင်ငံတွင် အဖြစ်အများဆုံး ကင်ဆာများတွင် အဆင့်(၃) ဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိပါသည်။


ခံတွင်းကင်ဆာသည်လည်း အခြားကင်ဆာများ နည်းတူ အသက်အန္တရာယ်ပေးနိုင်သော ရောဂါဆိုးတစ်ခု ဖြစ်ပြီး ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသူ လူနာရှင် အပါအဝင် အခြားမိသားစုဝင်များတွင်ပါ လူမှုစီးပွားအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်လာစေပါသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခံတွင်းကင်ဆာရောဂါဖြစ်ပွားမှုများ သိသိသာသာမြင့်တက်လာလျက်ရှိပြီး စိန်ခေါ်မှုတစ်ခု သဖွယ်ဖြစ်လာပါသည်။ ခံတွင်းကင်ဆာဖြစ်ပွားပါက အခြား ကင်ဆာရောဂါများနည်းတူ ရောဂါကုသရာတွင် အခက် အခဲများစွာရှိနိုင်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခံတွင်း ကင်ဆာရောဂါကုသရာတွင် အောင်မြင်မှုရာခိုင်နှုန်းမှာ လွန်စွာ နည်းပါးလျက်ရှိနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ခံတွင်းကင်ဆာမဖြစ်ပွားအောင် ဂရုတစိုက် နေထိုင်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပေမည်။ ဆေးရွက်ကြီးသုံးစွဲမှုနှင့်အဓိက ဆက်နွှယ်နေသောခံတွင်း ကင်ဆာမှာ ဆေးရွက်ကြီးသုံးစွဲမှု မြင့်မားလာသည်နှင့်အမျှ ခံတွင်းကင်ဆာဖြစ်ပွားမှုလည်း မြင့်တက်လာလျက်ရှိပါ သည်။ ရှောင်လွှဲ၍မရသော အကြောင်းတရားများမှလွဲပြီး အခြားကျန်သော ရောဂါဖြစ်စေသော အကြောင်း အရင်းအများစုမှာ ဂရုတစိုက်ရှောင်ကျဉ်၍ရသဖြင့် ခံတွင်း ကင်ဆာရောဂါသည် ရောဂါမဖြစ်ပွားအောင် ကာကွယ်၍ ရနိုင်သော ကင်ဆာရောဂါတစ်မျိုးပင်ဖြစ်ပါသည်။ ထို့ကြောင့် ခံတွင်းကင်ဆာမဖြစ်ပွားအောင် ခံတွင်းကင်ဆာ နှင့်ပတ်သက်သော ဗဟုသုတများ၊ ရှောင်ရန် ဆောင်ရန်များ ကို သိရှိထားဖို့ လိုအပ်ပါမည်။


၁။ခံတွင်းကင်ဆာဆိုသည်မှာ

ခံတွင်းကင်ဆာဆိုသည်မှာ ခံတွင်းနှင့် ဆက်စပ်နေရာ များတွင် ပုံမှန်မဟုတ်သော ဆဲလ်များအထိန်းအချုပ်မဲ့ ကြီးထွားလာပြီး အခြေအနေပိုမိုဆိုးရွားလာပါက အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပြန့်ရည်ကြောများ၊ သွေး ကြောများမှတစ်ဆင့် ပျံ့နှံ့သွားနိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော ရောဂါတစ်မျိုးပင်ဖြစ်ပါ သည်။ ခံတွင်းအစိတ်အပိုင်းများဖြစ်သော နှုတ်ခမ်း၊ လျှာ၊ ပါးစောင်၊ သွားဖုံး၊ ခံတွင်းကြမ်းပြင်၊ အာခေါင်၊ မေးရိုးများ နှင့် ခံတွင်းရှိ တံတွေးဂလင်းများတွင် ဖြစ်ပွားတတ်ပါသည်။ ခံတွင်းကင်ဆာစတင်ဖြစ်ပွားချိန်တွင် တွေ့ရသော ပုံစံများ မှာ တစ်မျိုးနှင့်တစ်မျိုး အနည်းငယ်ခြားနားမှုရှိတတ်သော ကြောင့် အချို့သောသူများမှာ မိမိခံတွင်းတွင် ကင်ဆာ ရောဂါဖြစ်နေသည်ကိုပင် သတိမမူဘဲဖြစ်တတ်ပါသည်။


၂။ ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်သော အကြောင်းအရင်း များ

ခံတွင်းကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများ မှာ များစွာရှိပြီး နေရာဒေသပတ်ဝန်းကျင်အပေါ် မူတည် ပြီး အနည်းငယ်ကွာခြားမှုများလည်း ရှိပါသည်။ သုတေသန များစွာ ပြုလုပ်ပြီး ရှာဖွေတွေ့ရှိထားသော ခံတွင်းကင်ဆာ ဖြစ်ပွားစေသည့်အကြောင်းအရင်းများမှာ


(က)ဆေးရွက်ကြီးသုံးစွဲမှု

ဆေးရွက်ကြီးကို ရှေးနှစ်ပေါင်းများစွာကပင် ပုံစံမျိုးစုံ ဖြင့် အသုံးပြုလာခဲ့ကြပြီး နိုင်ငံဒေသများအပေါ်မူတည် ပြီး သုံးစွဲမှုပုံစံလည်းကွာခြားကြသည်။ အများစုသုံးစွဲလျက် ရှိသောပုံစံများမှာ အငွေ့ထွက်ဆေးရွက်ကြီးသုံးစွဲမှု (smok- ing tobacco) အနေဖြင့် ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံနှင့် အချို့ဒေသများတွင် ကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး သုံးစွဲကြသော ဆေးရွက်ကြီးလိပ် သောက် သုံးမှုများပါဝင်ပြီး အငွေ့မထွက်ဘဲ ဆေးရွက်ကြီးသုံးစွဲမှု(smokeless tobacco)အနေဖြင့် ကွမ်းဝါးခြင်း၊ အသင့် စားကွမ်းယာထုပ်များဝါးခြင်း၊ ဆေးရွက်ကြီးငုံခြင်း တို့ ပါဝင်ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန် ချက်များအရ နှစ်စဉ်လူပေါင်း ၅ ဒသမ ၄ သန်းခန့်သည် ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆက်နွှယ်နေသော ရောဂါများ ကြောင့် သေဆုံးနေကြရသည်။ ခံတွင်းကင်ဆာဖြစ်ပွားမှု၏ ၉ဝ ရာခိုင်နှုန်းမှာလည်း ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆက်နွှယ် ဖြစ်ပွားလျက်ရှိပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သုံးသူ အမျိုးသား ၄၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၇ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အရွယ်ရောက်ပြီး ကွမ်းဝါးသူ အမျိုးသား ၅၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ၂ဝ၁၂ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်သောဆေးရွက်ကြီးသုံးစွဲမှုစာရင်းများအရ သိရသည်။


တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆေးလိပ် ကွမ်းယာများမှာ လွယ်ကူစွာ ဝယ်ယူသုံးစွဲရနိုင်သဖြင့် ကလေးလူကြီးလူငယ် အမျိုးသားအမျိုးသမီးအလွှာစုံတွင် သုံးစွဲလျက်ရှိသည်။ သုတေသနပြုရှာဖွေတွေ့ရှိချက်များ အရ ဆေးရွက်ကြီးတွင် ကင်ဆာဖြစ်စေသောဓာတုပစ္စည်း များစွာ ပါဝင်လျက်ရှိပြီး အဓိကပါဝင်သော ကင်ဆာဖြစ် စေသော ပစ္စည်းမှာ PAH ခေါ် Polycyclic Aromatic Hydrocarbons ဖြစ်သည်။ ဆေးလိပ်ငွေ့တွင် ယင်း ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများအပြင် အခြားသော ကင်ဆာဖြစ်စေသော ပစ္စည်းများပါဝင်ပြီး စီးကရက်ကဲ့သို့ သော ဆေးလိပ်များတွင် အန္တရာယ်ရှိသောဓာတုပစ္စည်း ပေါင်း ထောင်နှင့်ချီကာပါဝင်ပါသည်။ ကွမ်းယာများတွင် ပါဝင်သော ဆေးရွက်ကြီးတွင်လည်း အထက်ဖော်ပြပါ PAH ခေါ် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများပါဝင်ပါ သည်။ အနံ့အရသာကောင်းမွန်စေရန် ကွမ်းယာတွင် အသုံးပြုသော ဆေးရွက်ကြီးနှင့် အသင့်စားကွမ်းယာထုပ် များတွင် အခြားသောဓာတုပစ္စည်းများ ထပ်မံအသုံးပြု ထားသဖြင့် ပို၍ပင် အန္တရာယ်ရှိပါသည်။ ထို့အပြင် ကွမ်းယာတွင် ထည့်သွင်းစားသုံးသော ကွမ်းသီးတွင်လည်းARECOLINE ခေါ် ဓာတုပစ္စည်းတစ်မျိုးပါဝင်ပြီး ကွမ်းယာတွင် ပါဝင်သောဖောက်ထုံး SLAKED LIME နှင့် တွေ့သောအခါ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းပုံစံဖြစ်သော ARECOIDENE အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် ကွမ်းဝါးသည်ဖြစ်စေ၊ ဆေးလိပ်သောက်သည်ဖြစ်စေ ဆေးရွက်ကြီးနှင့် ဆက်စပ် ပစ္စည်းများတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ ပါဝင်ပြီး ခံတွင်းတွင် ထိတွေ့မှုများလာသဖြင့် အချိန်ကြာ လာသောအခါတွင် ခံတွင်းကင်ဆာရောဂါအဖြစ်သို့ ပြောင်းလဲသွားပါသည်။ အန္တရာယ်ကင်းသော ဆေးရွက် ကြီးသုံးစွဲမှုဟူ၍မရှိပေ။ ယခုနောက်ပိုင်း ကွမ်းကိုအချိန် ကြာမြင့်စွာ ငုံဝါးသောသူများတွင် ပါးစောင်ကင်ဆာ အဖြစ် များလာကြောင်း သုတေသနလေ့လာမှုများအရ သိရသည်။


ဒေါက်တာမျိုးမင်းသိန်း

Myanmaalinn

http://ift.tt/1xK4A5u





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1xdErIZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...