Skip to main content

Posts

Showing posts from May 25, 2014

အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေမျာြး...

အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံမှာ အရေးကြီးတဲ့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့တွေက Al Qaeda ကို နှိမ်နင်းခဲ့သလို တာလီဘန်တို့အရဲ့အရှိန်ကိုလည်း အာနည်းအောင်လုပ်နိုင်တယ်လို့ပြောပါတယ်။ အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mqCRld

တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး...

တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။ သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။ ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/TM2nbh

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ၁၂ နှစ် အရွယ် သမီးငယ်လေးကို အဓမ္မပြု ကျင့်သတ်ဖြတ် ခံရမှုသည်ကသာ မြို့နယ်၌ လူထုစိတ်ဝင် စားမှုရှိသော အမှုတစ်မှုဖြစ်ခဲ့သည်။ ထိုအမှုတွင် သံသယရှိသူများကို ခေါ်ယူစစ် ဆေးခဲ့ပြီးနောက် ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်များ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ တရားခံဟု ယူဆရသူဦးမြဒေါင်း (၅၇) နှစ်ကို ဖမ်းဆီးနိုင်ခဲ့သည်။ မြေးအရင်းကို အဓမ္မကျင့်လို့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ပြီ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mqCPtz

အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင်...

အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့် ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြပြီး ချစ်ကို အပါအ၀င် လူငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ပြောသည်။ ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/TM2mUQ

အိမ်အကူကလေးငယ်၏လက်နှစ်ဖက်ကိုဆီပူအိုးထဲနှစ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့၍ အမှုဖွင့်တိ...

အိမ်အကူကလေးငယ်၏လက်နှစ်ဖက်ကိုဆီပူအိုးထဲနှစ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့၍ အမှုဖွင့်တိုင်ကြားခံထားရသော အိမ်ရှင်လင်မယားအမှုကို မေလ ၂၆ ရက်တွင် ဥပဒေရုံးသို့တင်ပို့မည်ဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်မတ်လက ဗဟန်း မြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ် ကွက်အတွင်းနေထိုင်သော အိမ် ရှင်လင်မယားနှစ်ဦးက ၎င်း၏အိမ်အကူအလုပ်သမား အသက် (၁၄) နှစ်အရွယ် မနော်ထက်ထက်(ခ) သဲအယ်ဝါးအား ဆီပူအိုးအတွင်း လက်နှစ်ဖက်ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်းစသည့် မတရားနှိပ်စက်မှုများပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ အိမ်အကူကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖွင့်ခံရသောအမှု ဥပဒေရုံးသို့တင်မည် - သစ်ထူ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/TM2l31

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာမည် ရွှေဘုတ် ဘာစီလိုနာအသင်း...

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာမည် ရွှေဘုတ် ဘာစီလိုနာအသင်း၏ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် Ooredoo ကုမ္ပဏီမှ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ရထားသော ကာတာအခြေစိုက် ကုမ္ပဏီ Ooredoo အနေဖြင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွက် လီယွန်နယ်မက်ဆီ ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ မြန်မာပြည်သူ ခြောက်သန်းကျော်ကို နှစ်နှစ်အတွင်း ကူညီကုသမှုပေးရန် စီစဉ်ထားသည်။ ယင်းအစီအစဉ်အတွက် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့သို့ သွားရောက်ကာ မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် ညှိနှိုင်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပြန်မည်ဟု Ooredoo ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ မသီရိကြာညိုက ပြောသည်။ “မက်ဆီ မြန်မာနိုင်ငံလာဖို့က ကျွန်မတို့ ညှိနှိုင်းဆဲအဆင့်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ဘာစီလိုနာကို သွားပြီး ဒီမှာ လှုပ်ရှားမယ့် အစီအစဉ်တွေကို ပြသခဲ့ပါတယ်။ မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတဲ့အတွက် ကမ္ဘာ့ဖလားပြီးမှ ပြန်ညှိမှာပါ။ ကျွန်မတို့အနေနဲ့တော့ သတင်းထုတ်ပြန်မှုတွေ ဆက်လုပ်

၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ့်ဆန်မြိ...

၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့်နတ်စင်ကုန်းကြား၊ နမ့်ဆန်-သီပေါကားလမ်းတွင် ဆိုင်ကယ်တစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ နမ့်ဆန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်၊ ခါးအောက်ပိုင်းပွင့်ထွက်ညိုမဲ ဒဏ်ရာများနှင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။ အင်ဂျင်အပူရှိန်လွန်ကဲကာ ဆိုင်ကယ်မီးလောင်ပေါက်ကွဲ၍ ၁ ဦးသေဆုံး - သစ်ထူးလွင် (ကျန်းမာရေ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6eoXz

အဆိုတော်ထူးအယ်လင်းနှင့် ချစ်ကြိုက်နေသည်မှာ ဟုတ်ပြီး လက်ထပ်မည့်အချိန်သည်အချိန် က...

အဆိုတော်ထူးအယ်လင်းနှင့် ချစ်ကြိုက်နေသည်မှာ ဟုတ်ပြီး လက်ထပ်မည့်အချိန်သည်အချိန် က စကား ပြောပါလိမ့်မယ်ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို မေ ၆ ရက်ထုတ် အတွဲ၃ ၊ အမှတ် ၄၂ ၊ စာ ၂၂ တွင်ဖြေကြားခဲ့သည့် မော်ဒယ်လ် အဆိုတော် Calroline သည်မေ ၂၄ ရက် ည ၈ နာရီက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာထက်တွင် ထူးအယ်လင်းနှင့် မည်သို့ မျှ ပတ်သက်မှု မရှိတော့ကြောင်း ဖော်ပြလာသည့်အတွက် မဇ္ဈိမမှ ၎င်းကိုထပ်မံ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။ ထူးအယ်လင်းနှင့် မည်သို့မျှ ပတ်သက်မှု မရှိဟု Calroline မှ ငြင်းဆိုလာ - သစ်ထူးလွင် (ကျန်းမာရေးနှ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6eoqq

ကျွန်မ မော်ဒယ် Calroline သည်ယခုအချိန်မှ စတင်ပြီး ချစ်သူရည်းစား မရှိကြောင်း ကြေညာ...

ကျွန်မ မော်ဒယ် Calroline သည်ယခုအချိန်မှ စတင်ပြီး ချစ်သူရည်းစား မရှိကြောင်း ကြေညာအပ်ပါသည်။ ဆရာတပည့် သံယောဇဉ်ဖြင့် အဆိုတော် ထူးအယ်လင်းနှင့် သတင်းမှာလည်း မဟုတ်ကြောင်း ရှင်းလင်း သွားပါမည်ဖြစ်ပြီး ဖေ့ဘွတ်မှ သူငယ်ချင်းများကိုလည်း အသိပေးရင်း ဂျာနယ်များတွင်လည်း ထပ်မံ ဖြေကြားသွားမည်ဖြစ်ကာ အနုပညာအလုပ်ကိုသာ ကြိုးစားလုပ်ဆောင်သွားမည်ဟု မော်ဒယ် Calrolineက ၎င်း၏ကိုယ်ပိုင် စာမျက်နှာပေါ် တွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ထူးအယ်လင်းကို မဇ္ဈိမက ဆက်သွယ် မေးမြန်းဖြစ်ခဲ့သည်။ ချစ်သူ Calroline နှင့် ဆက်ဆံရေးသည် အရင်အတိုင်း အေးအေး ဆေးဆေးပါပဲလို့ ထူးအယ်လင်းဆို - သစ်ထူးလ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6eoH1

၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက် ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပ...

၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက် ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားပြီဖြစ်ပါတယ်။ အခုဆိုရင် ညီမဖြစ်သူ ငွေမှုံရတီကလည်း အနုပညာဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ " ညီမလေးက အဆိုတော် ဝါသနာပါတာ။ အသံကောင်းတော့ သီချင်းဆိုချင်နေတာလေ။ ရွှေမှုံတုန်းက မေမေက train လုပ်ပေး သလိုပဲ။ ညီမလေး ကို လုပ်ပေးနေတယ်။ အနုပညာ ဝါသနာပါတဲ့ ညီမဖြစ်သူ ငွေမှုံရတီ အကြောင်းပြောပြတဲ့ ရွှေမှုံရတီ - သစ်ထူးလွင် (ကျန်းမ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6enTq

ခင်ဝင့်ဝါက “၉၉၉” ဆိုတဲ့ ဇာတ်ကား ကို ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ...

ခင်ဝင့်ဝါက “၉၉၉” ဆိုတဲ့ ဇာတ်ကား ကို ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ပထမဆုံး ဇာတ်ကားစတင် ရိုက်ကူးခဲ့ တုန်းက ဒါရိုက်တာ ကြည်ဖြူသျှင် နဲ့ပဲ ဖြစ်ပြီး ဒုတိယမြောက် ပြန်ဆုံတဲ့ကား ဖြစ်ပါတယ်။ ဇာတ်ကား စတင်ရိုက်ကူး မှုကို ပြန် သုံးသပ်ဖြစ်တယ်ဆိုတဲ့ ခင်ဝင့်ဝါက.. “ညီမရဲ့ပထမဆုံး အခွေက ထွက်လာပြီ။ တချို့ပရိသတ်တွေကျ တော့ အသံဖလိုး အများကြီး လိုသေးလို့ဝေဖန် အကြံပေးကြတယ်။ အဲဒီအတွက် ပြင်ဆင်ပါတယ်။ ကိုယ့်ကား ထွက်လာတော့ ကြည့်ပြီး လိုအပ်ချက်တွေ တအားများ တာ တွေ့ရတော့ မကြည့်ချင်တော့ လောက်အောင် ဖြစ်မိတယ်။ ပရိသတ်တွေနဲ့အတူ အနုပညာလောကမှာ ရှင်သန်ချင်တဲ့ ခင်ဝင့်ဝါ - သစ်ထူးလွင် (ကျန်းမာရေးနှင့် အ http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mdH0Yb

အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်က...

အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ် ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့ ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mdH1Lw

၂၄-၅-၂၀၁၄ ရက်နေ့ နေ့လည်(၂း၃၀)အချိန်ခန့်တွင် ပဲခူးမြို့နယ်၊ ၀ါးပြန်ကုန်းကျေးရွာအု...

၂၄-၅-၂၀၁၄ ရက်နေ့ နေ့လည်(၂း၃၀)အချိန်ခန့်တွင် ပဲခူးမြို့နယ်၊ ၀ါးပြန်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိပ်ကုန်းကျေးရွာအနီး၊ ဆိပ်ဖူးတောင်နှင့် မြေနီတောင်ကြားတောထဲတွင် အောင်ခိုင်မင်း (၂၅)နှစ် (ဘ)ဦးမြင့်ဝင်း၊ လယ်လုပ်၊ သစ်ဆိပ်ကုန်းကျေးရွာသည် တစ်ရွာတည်းနေ သန်းနိုင်ဦး၊ မြင့်အေး၊ စိုးမင်းဦး၊ ခိုင်ဝင်းတို့နှင့်အတူ တောဆင်ရိုင်းတစ်ကောင်ရောက်ရှိနေကြောင်းကြားသိရ၍ ရွာထဲဝင် ရောက်မည်စိုးသဖြင့် သွားရောက်ခြောက်လှန့်မောင်းနှင်ခဲ့ကြောင်း၊ တောဆင်ရိုင်းနင်း၍ လူတစ်ဦးသေဆုံး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6ekXS

၂၆.၅.၂၀၁၄ရက်နေ့ ၀၄၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်း အတိုင်း ဒဂုံမြို့သစ်(...

၂၆.၅.၂၀၁၄ရက်နေ့ ၀၄၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်း အတိုင်း ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်ဘက်မှ မြို့တွင်းဘက်သို့ ယာဉ်မောင်း ရဲအောင် (၂၁)နှစ်၊ စည်ပင်ဝန်ထမ်း၊ (ဘ)ဦးမြင့်နိုင် မောင်းနှင်လာသော ၇ခ/----၊ နစ်ဆန်းကင်တာအပြာရောင် အမှိုက်သိမ်းယာဉ်သည် ဆင်မင်းသင်္ကန်းတိုက်အရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ၉ဌ/---- ထော်လာဂျီ အမှိုက်သိမ်းယာဉ်နှင့်ထော်လာဂျီယာဉ်နောက်တွင်ရပ်နေသူများ ဖြစ်သည့် စည်ပင်သန့်ရှင်းရေးကြီး ကြပ်ရေးမှူး ဦးတင်ထွန်းအောင်နှင့် သန့်ရှင်းရေးလုပ်သား ကိုကျော်သန်းတို့အား တိုက်မိခဲ့ပါသည်။ ထော်လာဂျီ အမှိုက်သိမ်းယာဉ် သန့်ရှင်းရေးဝန်ထမ်း (၂)ဦးတို့အား တိုက်မိသဖြင့် သေဆုံး - သစ်� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1w6emyW

ထိုင်းနိုင်ငံ စစ်ခေါင်းဆောင်များ လူမှုကွန်ရက် မီဒီယာကို ပိတ်ပစ်ရန် ခြိမ်းခြောက်...

ထိုင်းနိုင်ငံ စစ်ခေါင်းဆောင်များ လူမှုကွန်ရက် မီဒီယာကို ပိတ်ပစ်ရန် ခြိမ်းခြောက် ဘန်ကောက်၊ မေ ၂၅ ထိုင်းနိုင်ငံတွင် မကြာသေးမီက အာဏာသိမ်းထားသော စစ်ခေါင်းဆောင်များသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများကို လှုံ့ဆော်သော အရေးအသားများ သို့မဟုတ် စစ်တပ် ခေါင်းဆောင်များအပေါ် ဝေဖန်ရေးသားသည့် မည်သည့် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းကိုမဆို ပိတ်ဆို့ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတော်ပိုင် ရုပ်သံလိုင်း တစ်လိုင်းက အာဏာသိမ်း စစ်တပ်အဖွဲ့၏ ကြေညာချက်များကို ထုတ်ပြန်သည့်အထဲတွင် ဆိုရှယ်မီဒီယာ လိုင်းများတွင် ရေးသားကိုင်တွယ် နေကြသူများကို မိမိတို့ စစ်တပ်နှင့် ပူးပေါင်း လက်တွဲ ကူညီပေးကြရန်နှင့် အကယ်၍ အကြမ်းဖက်မှုများကို ပေါ်ပေါက်စေမည့် အရေးအသားများ၊ ဥပဒေကို ချိုးဖောက်ရန် အားပေးအားမြှောက် ပြုသည့် ရေးသားမှုများနှင့် အာဏာသိမ်း စစ်ကောင်စီအပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျှင် ယင်းမီဒီယာကို ပိတ်ပင်ပစ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ “အကြမ်းဖက်ရန် လှုံ့ဆော်သည်ကို တွေ့ရှိရလျှင် ထိုမီဒီယာကို ချက်ချင်း ပိတ်သိမ်းမည် ဖြစ်ပြီး ယင်းသို့ လှုံ့ဆော်ရာတွင် တာဝန်ရှိသူကို အရေးယူသွားမည်” ဖြစ်ကြေ

ကံတရားကြောင့် AFC Challenge Cup ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဟု အေဗရာမိုဗစ်ဆင်ခြေပေး...

ကံတရားကြောင့် AFC Challenge Cup ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဟု အေဗရာမိုဗစ်ဆင်ခြေပေး ရဲရင့်ဌေး AFC Challenge Cup ပြိုင်ပွဲ အုပ်စုအဆင့်မှ မြန်မာ့လက်ရွေးစင်အသင်း ထွက်ခဲ့ရခြင်းမှာ ကံမကောင်းသောကြောင့်ဟု နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။ မြန်မာအသင်းမှာ AFC Challenge Cup အုပ်စု(က)တွင် အိမ်ရှင်မော်လ်ဒိုက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင် ရခဲ့သော်လည်း ပါလက်စတိုင်းအသင်းကို ၀-၂ ဂိုး၊ ကာဂျစ္စတန်အသင်းကို ၀-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ကာ ရမှတ် သုံးမှတ်သာရခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။ “ကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရင် ကစားသမားတွေအနေနဲ့ ပွဲတိုင်းမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် အားထုတ် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမီးဖိုင်နယ် တက်သင့်ပေမယ့် ကံမကောင်းတာကြောင့် ပြိုင်ပွဲကထွက်ခဲ့ ရတာပါ။ ကာဂျစ္စတန်နဲ့ပွဲမှာဆိုရင် ကျွန်တော်တို့ အကောင်းဆုံးကစားပြီး သရေကျဖို့ အခွင့်အရေးတွေ ရခဲ့ ပေမယ့် ဂိုးဖြစ် မလာခဲ့ဘူး။ ကျွန်တော်တို့အသင်းဟာ ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်ပါတယ်” ဟု အေဗရာမို ဗစ်က ဆိုသည်။ မြန်မာအသင်းအနေဖြင့် ယခုတစ်ကြိမ် AFC Challenge Cup ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်ပြိ

Ooredoo Futsal Cup ဖွင့်ပွဲကို အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်မည် ရဲရင့်ဌေး မေလ ၂၇...

Ooredoo Futsal Cup ဖွင့်ပွဲကို အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်မည် ရဲရင့်ဌေး မေလ ၂၇ ရက်တွင် စတင်ကျင်းပမည့် MFF Ooredoo Cup Futsal Cup ဖွင့်ပွဲစဉ်များကို ပရိသတ်များအနေ ဖြင့် ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ် ပြန်ထားသည်။ MFF Ooredoo Cup Futsal Cup အဖွင့်ပွဲစဉ်များကို မေလ ၂၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ အမျိုးသား အားကစားရုံ-၁ (သုဝဏ္ဏ)တွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ပွဲစဉ်ခြောက်ပွဲ ကစားမည် ဖြစ် သည်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် လက်ရွေးစင်ဟောင်းများ အသင်းနှင့် အနုပညာရှင်များ ပါဝင်သော Actor Stars အသင်းတို့ သရုပ်ပြပွဲကစားမည် ဖြစ်သည်။ 2014 Ooredoo Cup Futsal Cup ပြိုင်ပွဲတွင် စုစုပေါင်း ၄၂ သင်း အုပ်စုရှစ်စု ခွဲကာ ယှဉ်ပြိုင်ကစားစေမည် ဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ သိန်း ၃၀၊ ဒုတိယရသည့်အသင်း သိန်း ၂၀၊ တတိယအသင်း ၁၀ သိန်း၊ စတုတ္ထရသည့်အသင်း ငါးသိန်းနှင့် အသန့်ရှင်းဆုံးအသင်း ဆုအတွက် လေးသိန်း၊ ချီးမြှင့်မည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုအတွက် သုံးသိန်း၊ ဂိုးသွင်းအများဆုံး ကစား သမားဆုအတွက် သုံးသိန်း

နောက်ထွက်မည့် Windows 8.1 အသစ်ကို တန်ဖိုးနည်း ပစ္စည်းများတွင် ထည့်သုံးနိုင်မည် န...

နောက်ထွက်မည့် Windows 8.1 အသစ်ကို တန်ဖိုးနည်း ပစ္စည်းများတွင် ထည့်သုံးနိုင်မည် နယူးယောက်၊ မေ ၂၅ မကြာမီ အသစ်ထုတ်တော့မည် ဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် တစ်ခုဖြစ်သော Windows 8.1 with bing ကို တန်ဖိုးနည်း တက်ဘလက်နှင့် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာများတွင် ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း First Post သတင်းတွင် ဖော်ပြထားသည်။ ယင်း ဆော့ဖ်ဝဲ OS အသစ်တွင် အင်တာနက် ရှာဖွေရေး ဆော့ဖ်ဝဲအဖြစ် Internet Explore ကို ထည့်သွင်းပေးထားမည် ဖြစ်ကာ မကြာသေးမီက အဆင့်မြှင့်ခဲ့သော Windows 8.1 နှင့် Windows 8.1 Update တို့ထက် အသုံးပြုရသည်မှာ ပိုပြီး လွယ်ကူ အဆင်ပြေနိုင်ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက သူတို့၏ ဘလော့ဂ်တစ်ခု ဖြစ်သည့် Windows Experience တွင် ရေးသားထားသည်။ မိုက်ခရိုဆော့ဖ်က ထုတ်သည့် OS များတွင် နောက်ပိုင်း၌ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများအတွက် လူအသုံးများသည့် Office ဆော့ဖ်ဝဲကို ထည့်သွင်းပေးလိုက်သည် ဖြစ်ရာ ယခုထုတ်မည့် Windows 8.1 with bing တွင်လည်း Office ကို ထည့်သွင်းပေးထားမည် ဖြစ်ပြီး Office 365 ဆော့ဖ်ဝဲအတွက်မူ အခမဲ့တစ်နှစ် အသုံးပြုခွင့် ပေးထားမည် ဖြစ်သည်။ OS စက်လည်ပတ်ရေ

စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို...

စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို မန္တလေး၊ မေ ၂၅ အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက် အကူအညီရယူကာ နှင်ထုတ် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယက ဆရာတော် ဦးဇဋိလက မိန့်ကြားသည်။ မေလ ၂၅ ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရှိ ၈၈ လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ “ဘုန်းကြီးတို့က သူတစ်ပါး ကျောင်းထဲမှာ ကျူးကျော် ဝင်ရောက်နေတာကို ဖယ်ရှားပေးဖို့ တိုင်းသံဃနာယက၊ မြို့နယ် သံဃနာယက အဖွဲ့တွေက စာထုတ်ပြီး လာရောက် ညှိနှိုင်းဖို့ သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ပါတယ်။ နောက်ဆုံး မလာတဲ့အတွက် အာဏာပိုင် အဖွဲ့အစည်း အသီးသီးရဲ့ အင်အားကိုရယူပြီး ကျောင်
ပြင်းအား ၅.၆ရစ်ချက်တာစကေးရှိ ငလျင်တစ်ခု တရုတ်မြန်မာနယ်စပ်တွင် လှုပ်ခတ် myanmar.mmtimes.com ပြင်းအား ၅.၆ရစ်ချက်တာစကေးအဆင့်ရှိ ငလျင်တစ်ခု မေလ ၂၄ရက်နေ့ (စနေနေ့) အစော ပိုင်းက တရုတ်မြန်မာနယ်စပ်တွင် လှုပ်ခတ်သွားခဲ့သည်ဟု ဘူမိဗေဒပညာရှင်များက ပြောခဲ့ ကြောင်း နေရှင်နယ်မာလ်တီမီဒီယာသတင်းဝဘ်ဆိုဒ်၏ဖော်ပြချက်အရသိရသည်။ from The Myanmar Times's Facebook Wall http://ift.tt/1h44xxh

ဝန်ကြီးချုပ်ဟောင်း ယင်လပ် စစ်ဘက်ထိန်းသိမ်းမှုမှ လွတ်မြောက်သွားပြီဟုဆို ----------...

ဝန်ကြီးချုပ်ဟောင်း ယင်လပ် စစ်ဘက်ထိန်းသိမ်းမှုမှ လွတ်မြောက်သွားပြီဟုဆို ----------- ထိုင်းနိုင်ငံ အာဏာသိမ်း စစ်အစိုးရသတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်မှာ စစ်တပ်၏ ထိန်းသိမ်းမှုအောက်တွင် မရှိတော့ကြောင်း စီအင်န်အင်န်က ဖော်ပြသည်။ သတင်းအပြည့်အစုံ... http://ift.tt/1tc0v5V ၀န်ကြီးချုပ်ဟောင်း ယင်လပ် စစ်ဘက်ထိန်းသိမ်းမှုမှ လွတ်မြောက်သွားပြီဟုဆို 7daydaily.com ထိုင်းနိုင်ငံ အာဏာသိမ်း စစ်အစိုးရသတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်မှာ စစ်တပ်၏ ထိန်းသိမ်းမှုအောက်တွင် မရှိတော့ကြောင်း စီအင်န်အင်န်က ဖော်ပြသည်။ from 7Day News Journal's Facebook Wall http://ift.tt/1tc0v5Z

အာဖဂန်နစ္စတန်သို့ မကြေညာဘဲ အိုဘားမား ရုတ်တရက်သွားရောက် ---------- အမေရိကန်သမ္မတ အိ...

အာဖဂန်နစ္စတန်သို့ မကြေညာဘဲ အိုဘားမား ရုတ်တရက်သွားရောက် ---------- အမေရိကန်သမ္မတ အိုဘားမားသည် အာဖဂန်နစ္စတန်သို့ မမျှော်လင့်ဘဲ ရုတ်တရက်သွားရောက်ခဲ့ကာ ကဘူးလ်အပြင်ဘက်မှ ဘက်ဂရမ်လေတပ်စခန်းသို့ မကြေညာဘဲ သွားရောက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံ... http://ift.tt/1tc0v5L အာဖဂန်နစ္စတန်သို့ မကြေညာဘဲ အိုဘားမား ရုတ်တရက်သွားရောက် 7daydaily.com အမေရိကန်သမ္မတ အိုဘားမားသည် အာဖဂန်နစ္စတန်သို့ မမျှော်လင့်ဘဲ ရုတ်တရက်သွားရောက်ခဲ့ကာ ကဘူးလ်အပြင်ဘက်မှ ဘက်ဂရမ်လေတပ်စခန်းသို့ မကြေညာဘဲ သွားရောက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ from 7Day News Journal's Facebook Wall http://ift.tt/1kDESud

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ဇွန်လတွင် ထွက်ရှိမည် ရန်ကုန်၊ မေ ၂၅ ပထမဆုံး...

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ဇွန်လတွင် ထွက်ရှိမည် ရန်ကုန်၊ မေ ၂၅ ပထမဆုံးအကြိမ် ပြည်တွင်းလူမှုအဖွဲ့အစည်းများ ကိုယ်တိုင် ပါဝင် ရေးဆွဲထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေမှာ ယခုနှစ် ဇွန်လအတွင်း ထွက်ရှိမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။ နိုင်ငံတစ်ဝန်း စီမံကိန်းကြီးများ အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေမှာ ၂၀၁၂ ခုနှစ်က ထွက်ရှိထားပြီး ဖြစ်ရာ ယင်းဥပဒေကို အထောက်အပံ့ ပေးနိုင်မည့် နည်းဥပဒေမှာ လွှတ်တော်သို့ တင်ပို့ထားပြီး ဖြစ်၍ ဇွန်လအတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “လာမယ့် လွှတ်တော်မှာ ပြန်လည် ပြင်ဆင်စရာလည်း မရှိဘူးဆိုရင် ဥပဒေ အတည်ပြုပြီး ဇွန်လအတွင်း ထွက်ရှိနိုင်မယ်” ဟု ဦးနေအေးက ဆိုသည်။ အဆိုပါ နည်းဥပဒေ ထွက်ရှိလာပါက လက်ရှိ ဖြစ်ပေါ်နေသော ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို ဥပဒေ၊ နည်းဥပဒေနဲ့ အညီ လုပ်ထုံးလုပ်နည်းများအရ ထိထိရောက်ရောက် အရေးယူ ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဂေဟစနစ် ထိန

ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု အာဏာသိမ်းအဖွဲ့ကြေငြာ...

ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု အာဏာသိမ်းအဖွဲ့ကြေငြာ ဟင်္သာနီ (မွန်မြေ) စံခရပူရီ၊ မဇ္ဈိမ။ ။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင် စစ်တပ်က တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။ ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက် အပြင် ရှပ်နီ (တက်ဆင် ထောက်ခံသည့် အင်စားစု)များ အမာခံ နယ်မြေ ချင်းမိုင်ခရိုင်သို့ပါ ပြန့်နှံ့ လာနေခဲ့သည်။ ၎င်းဆန္ဒပြမှုကို စစ်တပ်က အင်အားသုံး၍ လူစုခွဲစေပြီး ဆန္ဒပြသူ အချို့ကို မေလ ၂၅ရက်က ဖမ်းဆီးထိမ်းသိမ်းမှု ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိသေးပေ။ လက်ရှိ ကာလသည် စစ်အုပ်ချုပ်ရေး ကာလအဖြစ် ကြေငြာထားပြီး ဖြစ်ရာ စစ်အုပ်ချုပ်ရေး ကာလ၌ လူသားချင်း စာနာမှု စံနှုန်း ဥပဒေများ အသက်ဝင်မည် မဟုတ်ဟုလည်း အာဏာသိမ်း အဖွဲ့က ကြေငြာထားသည်။ လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံ၏ စစ်တပ် အာဏာသိမ်းမှုကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကန့်ကွက်ထားပြ

စစ်အာဏာသိမ်းမှုကို ထိုင်းဘုရင်က အသိအမှတ်ပြု မဇ္ဈိမသတင်းဌာန ထိုင်းဘုရင်မင်းမြတ်...

စစ်အာဏာသိမ်းမှုကို ထိုင်းဘုရင်က အသိအမှတ်ပြု မဇ္ဈိမသတင်းဌာန ထိုင်းဘုရင်မင်းမြတ် ဘူမိဖွန်အတူလဒိစ်က ကြည်းတပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ဂျန်းအိုချားကို နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီအဖွဲ့ (National Peace and Order Maintaining Council)၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြောင်း မေလ ၂၆ရက်တွင် ဘုရင့် နန်းတော်က ထုတ်ပြန်တဲ့ ကြေငြာလိုက်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tc0rD3

ရန်ကုန် စတော့ခ်အိတ်ချိန်း ဝင်ရောက်ရေး အကြိုပြင်ဆင်ရန် MAPCO ခြေလှမ်းစ ရန်ကုန်၊...

ရန်ကုန် စတော့ခ်အိတ်ချိန်း ဝင်ရောက်ရေး အကြိုပြင်ဆင်ရန် MAPCO ခြေလှမ်းစ ရန်ကုန်၊ မေ ၂၅ လာမည့် ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း၌ စတင် ဖော်ဆောင်မည့် ရန်ကုန်စတော့ခ်အိတ်ချိန်း (Yangon Stock Exchange) ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး အကြိုပြင်ဆင်မှု လုပ်ငန်းများ ခြေလှမ်းစတင်ရန် မြန်မာ့လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက် (MAPCO) နှင့် Daiwa Securities တို့ မေလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရန်ကုန်စတော့ခ်အိတ်ချိန်းတွင် အများပိုင် ကုမ္ပဏီတစ်ခု ပါဝင်နိုင်ရေးအတွက် အကြိုပြင်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။ အများပိုင်ကုမ္ပဏီများသည် ကုမ္ပဏီ၏ အရှုံး၊ အမြတ် စာရင်းများကို ရှယ်ယာရှင်များသို့ ပွင့်လင်းမြင်သာစွာ တင်ပြသင့်ပြီး အစုရှယ်ယာရှင်များနှင့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်၍ မည်သည့် ရှယ်ယာရှင်မဆို ရှယ်ယာ ဝယ်ယူခွင့် ရသင့်ကြောင်း ၎င်းက ပြောကြားသည်။ “လူ ၇၀ လောက်ကပဲ ရှယ်ယာ ဝယ်ခွင့်ရမယ်။ လုပ်ငန်းကြီးတွေကို သူတို့ကပဲ လုပ်နေတယ် ဆိုရင် အများပိုင်ကုမ္ပဏီရဲ့ ဝိသေသနဲ့ မညီဘူ

" နေပြည်တော် ကြေညာစာတမ်းအောက်က စာပိုဒ်တစ်ခုပဲလား အမျိုးသမီးနှင့် ကလေးသူငယ်အရေး...

" နေပြည်တော် ကြေညာစာတမ်းအောက်က စာပိုဒ်တစ်ခုပဲလား အမျိုးသမီးနှင့် ကလေးသူငယ်အရေး " ”၂ဝ၁၅ ခုနှစ်လွန် အာဆီယံမျှော်မှန်းချက်များကို စတင်ရေးဆွဲရာမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်များရဲ့အခန်းကဏ္ဍကို ပိုမိုမြင့်မားစေမယ့် စီမံချက်တွေကို အလေး ထားပြီး ထည့်သွင်းဖို့ကိုလည်း တိုက်တွန်း အပ်ပါတယ်” နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အသစ်ကြီး၏ အစည်းအဝေးခန်း မတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်းစကားကို (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံသက်တမ်း နှစ်ပေါင်း ၄ဝ ကြာအပြီး ပထမဆုံးလက်ခံရယူခဲ့ရသည့် အာဆီယံဥက္ကဋ္ဌရာထူးနှင့် ကိုက်ညီမှုရှိစေရန် နေပြည်တော်ကြေညာ ချက်ကိုလည်း မေလ ၁၁ ရက် နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ သဘောတူညီချက် ၂၈ ချက်ပါ ယင်းကြေညာချက်တွင် အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်နှင့်မသန်စွမ်းသူများ၊ အား နည်း သူများ ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်ဟူသည့် အချက်မှာလည်း တရားဝင်ပါဝင်နေပြန်သည်။ အာဆီယံဥက္ကဋ္ဌ မြန်မာအနေနှင့် အာဆီယံခေါင်းဆောင်များအား အထူးတလည်တိုက်တွန်းချက်များ ရှိနေမည် ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးမတိုင်မီ မေလ ၁ဝ ရက်နေ့ကပင် သမ္မတ၏

မြန်မာအမျိုးသား အာမခံကောလိပ် ဖွင့်လှစ်မည် ရန်ကုန်၊ မေ ၂၅ မြန်မာနိုင်ငံတွင် အာမ...

မြန်မာအမျိုးသား အာမခံကောလိပ် ဖွင့်လှစ်မည် ရန်ကုန်၊ မေ ၂၅ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးရန် ရည်ရွယ်၍ ရန်ကုန်မြို့တော်တွင် မြန်မာအမျိုးသားအာမခံ ကောလိပ် (MNIC− Myanmar National Insurance College) ဖွင့်လှစ်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ပြည်ပအာမခံ ကုမ္ပဏီများကလည်း လာရောက် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သဖြင့် ပြည်တွင်း၌ စွမ်းရည်မြင့် လုပ်သားများ မဖြစ်မနေ လိုအပ်လာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အစောဆုံး ဖွင့်ဖြစ်ရင် ဒီနှစ်ထဲမှာပဲ။ နောက်အကျဆုံးတောင် ၂၀၁၅ ခုနှစ်ထက် မကျော်ပါဘူး” ဟု ၎င်းကဆိုသည်။ ယင်းကောလိပ် တက်ရောက်လိုပါက ဘွဲ့တစ်ခုခု ရရှိထားရမည် ဖြစ်ကာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး အာမခံလုပ်ငန်း နယ်ပယ်မှ ဝန်ထမ်းများကို ဦးစားပေး ခေါ်ယူမည် ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။ from The Voice Weekly's Facebook Wall http://ift.tt/1tbXdPZ

ပဋိပက္ခကြောင့် မစိုက်ပျိုးနိုင်သည့် လယ်မြေဧက လေးရာကျော် ပြန်စိုက်နိုင်ရန် အစိုးရ...

ပဋိပက္ခကြောင့် မစိုက်ပျိုးနိုင်သည့် လယ်မြေဧက လေးရာကျော် ပြန်စိုက်နိုင်ရန် အစိုးရ ထောက်ပံ့မည် ရန်ကုန်၊ မေ ၂၅ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ပဋိပက္ခများကြောင့် မစိုက်ပျိုးနိုင်သည့် လယ်မြေဧက လေးရာကျော် ပြန်လည် စိုက်ပျိုးနိုင်ရန် လယ်သမားများကို မျိုးစပါး၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီများကို အစိုးရက ဇွန်လ ပထမပတ်မှ စတင်ကာ အခမဲ့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စစ်တွေမြို့နယ် အနောက်စံပြ ရပ်ကွက်တွင် ၂၃ ဧက၊ လေယာဉ်ကွင်း အနီးတွင် ဧက ၃၀၊ သင်းကနက်ကျေးရွာ အုပ်စု ဧက ၂၀၀ နှင့် ဘုမေကျေးရွာအုပ်စု ဧက ၁၉၇ စုစုပေါင်း ဧက ၄၅၀ ဧကတို့မှာ ပဋိပက္ခကြောင့် မစိုက်ပျိုးနိုင်သည့် လယ်မြေများအဖြစ် သတ်မှတ်ထားပြီး ယင်းလယ်မြေများ ပြန်လုပ်ကိုင်နိုင်ရန် ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ မစိုက်ပျိုးနိုင်ဘဲ ပဋိပက္ခ လယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် လယ်မြေဧက ၄၅၀ ၏ ဧက ၄၀၀ ခန့်မှာ ဘင်္ဂါလီများ၏ လယ်ယာမြေများ ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ လယ်မြေဧက ၅၀ ခန့်သာ ပါဝင်ကြောင်း ၎င်းကဆိုသည်။ တစ်ဧကကို မျိုးစပါး နှစ်တင်း၊ ဓာတ်မြေသြဇာ တစ်အိတ်၊ စက်သုံးဆီ ၅ ဂါလန်နှုန်းထား အခမဲ့ ထုတ်ပေးသွား
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း ပါအချက်အချို့ ထိပ်သီးခေါင်းဆောင်များ... myanmar.mmtimes.com ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးကော်မတီ (NCCT) ) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးပေါင်းမူ ကြမ်း ရေးဆွေးနွေးပွဲတွင်အဆိုပြုတင်ပြခဲ့ကြသည့် အပစ်ရပ်မူကြမ်းပါအချက် များအားလုံးကို ဆွေးနွေးနိုင်ခဲ့ကြ သော်… from The Myanmar Times's Facebook Wall http://ift.tt/1ij1ex5