အရက်အတူထိုင်သောက်ရင်း ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည် သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့် ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြပြီး ချစ်ကို အပါအ၀င် လူငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ပြောသည်။
ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/TM2mUQ
Comments
Post a Comment