Skip to main content

Posts

Showing posts from November 1, 2014

စစ်​တပ်​က အာဏာ​ယူ​တာ​ကို ဘာ​ကီ​နာ ဖာ​ဆို အတိုက်​အခံ​တွေ လက်မခံ

အနောက် အာဖရိက ဒေသမှာ ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာ ဖာဆို မှာ တိုင်းပြည် အာဏာ ကို စစ်တပ်က လွှဲပြောင်း ယူလိုက်တဲ့ အပေါ် အတိုက်အခံ တွေက လက်မခံကြောင်း နဲ့ ဒီနေ့ တနင်္ဂနွေ နိုဝင်ဘာ ၂ ရက်နေ့ မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှု တွေ လုပ်သွားမယ် ဆိုပြီး ပြောလိုက်ပါ တယ်။ အာဏာကို ၂၇ နှစ် ရယူထားခဲ့တဲ့ သမ္မတ ကွန်မ်ပါအိုရေး နှုတ်ထွက်သွားအောင် လူထုက ဆန္ဒပြ ခဲ့ကြတဲ့ အောင်မြင်မှု ဟာ စစ်တပ်က ကြားထဲက အာဏာယူဖို့ မဟုတ်ဘူး ဆိုပြီး တော့လည်း အတိုက်အခံ တွေက ဆိုပါတယ်။ ဘာကီနာ ဖာဆိုမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ဖို့ အရပ်သား ဦးဆောင်တဲ့ ယာယီ အစိုးရတစ်ရပ် ထူထောင်ကြ ဖို့ အာဖရိက နိုင်ငံများ သမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။ ဘာကီနာ ဖာဆို ရဲ့ ယာယီ အစိုးရ ကို ဒုတိယ ဗိုလ်မှုးကြီး အိုင်းဇက် ဇီးဒါ ဦးဆောင်မယ် ဆိုပြီး စစ်တပ် က ထုတ်ပြန် ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1uicG7l ဘာကီနာ ဖာဆို ယာယီအစိုးရကို ဗိုလ်မှုးကြီး ဇီးဒါး ဦးဆောင်မယ်လို့ စစ်တပ်က ပြော။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uicHIr

ကမ္ဘာ့​ဘဏ်​ရဲ့ စီးပွား​ရေး အစီရင်ခံ​စာ​ထဲ မြန်မာ​ကို အောက်​ဆုံး ၁​၂ နိုင်ငံ အဖြစ် သ​တ်မှတ်

နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ သင့်တော်မှု ရှိ မရှိ စစ်တမ်း ကောက်ယူပြီး ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ရာ မှာ မြန်မာ နိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ အဆင့် မှာသာ ရှိနေ ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အစီရင် ခံစာထဲက အဆင့် သတ်မှတ်ချက် ထက် တဆင့် တက်လာတာ ဖြစ်ပြီး၊ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကဏ္ဍဍတွေမှာ တိုးတက်မှု တွေ ရှိခဲ့တယ် လို့ ဖော်ပြ ထားပါတယ်။ မြန်မာ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် ဘဏ်ချေးငွေ လွယ်လွယ်ကူကူ ရရှိရေး၊ မြေယာနဲ့ လျှပ်စစ် ဓာတ်အား ပြသနာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာ စတဲ့ အခက် အခဲတွေ ကို ဖြေရှင်းဖို့ လိုနေသေး တယ် လို့လည်း အစီရင် ခံစာထဲ မှာ ဖော်ပြ ထားပါသေး တယ်။ ကမ္ဘာ့ဘဏ် စစ်တမ်းထဲ မှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ရဲ့ သုံးဆယ် ရာခိုင်နှုန်းပဲ ဘဏ်စာရင်း ဖွင့်လှစ် ထားတာကို တွေ့ရပြီး၊ ဒါဟာ ဒေသတွင်း မှာ အနည်းဆုံး ဖြစ်တယ် လို့ အစီရင်ခံစာ မှာ နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။ မြန်မာ နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍဍ မြှင့်တင်ဖို့ အတွက် ကုန်သွယ်ခွန် တွေ လျှော့ပေါ့ ပေးတာမျိုး၊ လိုင်စင် လျှောက်ထား စရာ မလိုတဲ့ ကုန် ပစ္စည်း အမျိုး အစားတွေ သတ်မှတ် ပေးတာမျိုး တွေ လုပ်ပေး ခဲ့

ဆီဆိုင်မှာ စစ်သားတွေ မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကား ၊ မြို့တွင်း လမ်းမပေါ်တွေ့ သမျှ အရပ်သားများကို ဝိုင်းရိုက်ခဲ့

ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ မနေ့ညက (31-10-2014) အောက်တို ဘာလ ၃၁ရက်နေ့ သောကြာနေ့ ည (၈) နာရီကျော် အချိန် နယ်မြေခံ တပ်ရင်း ခမရ(၄၂၄)က ဗိုလ်နိုင်ချမ်းသာနဲ့ တပည့် စစ်သားနှစ်ယောက် အရက်ဆိုင်မှာ အရက်သောက်ရင်း အရပ်သား သုံးယောက်နဲ့ ရန်ဖြစ်ခဲ့ ကြကြောင်း သိရပါတယ်။ အဲဒီနောက် တပ်ရင်းကို ပြန်ပြီး ကျန်ရှိသော စစ်သားများကို တပ်ရင်းမှ faw ကားဖြင့် ခေါ်လာပြီး မြို့တွင်းလမ်းမပေါ်တွေ့ သမျှ အရပ်သားများကို ဝိုင်းရိုက်ခဲ့ကြရာ အပြစ်မဲ့ အရပ်သားသုံးဦး ဒါဏ်ရာ အပြင်းအထန် ရရှိပြီး ဆီဆိုင်မြို့ပြည်သူ့ ဆေးရုံတွင် တင်ထားရပါတယ်။ ဒါဏ်ရာရရှိသူများမှာ မြကန်သာ ရပ်ကွက်က ကိုပေါက်ဖေါ် ဆိုသူနှင့် ညီဖြစ်သူ ကိုနေအောင်တို့ ဖြစ်ပါ တယ်။ ကိုပေါက်ဖေါ်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ရှစ်ချက်ချုပ်ရပြီး ကိုနေအောင်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ခြောက်ချက်ချုပ်ရကြောင်း သိရပါတယ်။ အဆိုပါ အရိုက်ခံရသော အရပ်သားများမှာ လမ်းမပေါ်တွင် အပြစ်မဲ့စွာ အရိုက်ခံရသော သူများဖြစ်ပြီး လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်များကိုလည်း ရိုက်ချိုးဖျက်ဆီး သွားခဲ့ကြပါတယ်။ လမ်းဘေး လက်ဘက်ရည်ဆိုင် အတွင်းရှိ မီးဖိုများ ခုံများ ကိုလည်း ရိုက်ချိုး ဖျက်ဆီး

နိုင်ငံရေး အကျဉ်းသား ကိစ္စ အငြင်းပွားစရာ ဖြစ်နေဆဲ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းတို့ တင်ပြထားတဲ့ ၂၀၁၃ခုနှစ်အတွင်း နောက်ဆုံး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ စာရင်းထဲက ၃ဦး ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ ၂၇ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ပဲ တခြားပြစ်မှု ကျူးလွန်သူတွေ ဖြစ်ကြောင်း ဒီကနေ့ စနေနေ့ထုတ် သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ လုပ်ငန်း ကော်မီတီဝင် ကိုတိုးကျော်လှိုင်ကတော့ အဲဒီ အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုထိန်းသိမ်းခံထားရဆဲ အကျဉ်းသား ၂၇ဦးထဲမှာ အများစုဟာ တိုင်းရင်းသားတွေ ဖြစ်ပြီး သံသယတွေနဲ့ ဆက်ထိန်းသိမ်းထားတယ် ဆိုတာကို ဖြစ်စဉ်တွေ အရ ပြောနိုင်တယ်လို့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။ အခုလို သတင်း ထုတ်ပြန်တာဟာ အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ်မှာ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူး ဆိုတာကို ပြချင်တဲ့ သဘောလို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။ ၂၀၁၄ခုနှစ် အတွင်းမှာလည်း ပုဒ်မ ၁၈နဲ့ ဖြစ်ဖြစ်၊ ၅၀၅( ခ ) နဲ့ ဖြစ်ဖြစ်၊ လယ်သိမ်း မြေသိမ်းခံရလို့ ဆန္ဒ ထုတ်ဖော်တာပဲ ဖြစ်ဖြစ်၊

ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ကိုယ်ပိုင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန် နိုဝင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၆)ရပ်ကွက်နှင့်အမှတ် (၃)ရပ်ကွက်အကြား မင်းဓမ္မလမ်းမ ပေါ်၌ အောက်တိုဘာ ၃ဝ ရက် ည ၇ နာရီကျော်ခန့်က ယာဉ်တစ်စီးမီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ(7D/----) မာစီးဒီး ဆလွန်း (Micko Bus) ခဲရောင်ကိုယ် ပိုင်မော်တော်ယာဉ်သည် မင်းဓမ္မလမ်း အတိုင်း မြောက်မှတောင်သို့ မောင်း နှင်လာစဉ် မင်းဓမ္မလမ်း မီးပွိုင့်အလွန် အမျိုးသား ပြန်လည်သန်စွမ်းရေး ဆေးရုံရှေ့ စိတ္တသုခပျိုးဥယျာဉ်အနီး ယာဉ်စက်ချွတ်ယွင်းမှုကြောင့် ရပ်တန့် သွားကာ ည ၇ နာရီ ၁၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်စဉ် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးလှထွေး၏ ဆက်သွယ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် နိုင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်ငါးဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ရောက်ရှိ ငြှိမ်းသတ်ရာ ည ၇ နာရီခွဲတွင် မီး ငြိမ်းသွားခဲ့သည်။ စစ်ဆေးမှုပြုလုပ်ရာ၌ ဝါယာရှော့ ဖြစ်လောင်ကျွမ်းခဲ့ကြောင်းနှင့် ယာဉ် မောင်းသူ(စုံစမ်းဆဲ)အားဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း ဒု-ရဲအုပ် ချမ်းကိုက ပ/၄၉၈/၂ဝ၁၄၊ ပုဒ်မ ၂၈၅ မီး ပေါ့ဆမှုနှင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။ The M

ဘကီနာ ခေါင်းဆောင်အဖြစ် နောက်တဦးက ကြေညာ

ဘကီနာ ဖာဆို နိုင်ငံမှာ သမ္မတ ဘလေ့စ် ကွန်ပေါင်ရေး ရာထူးက နှုတ်ထွက် သွားပြီး တဲ့နောက် သူ့နေရာ ကို ဘယ်သူ ဆက်ခံမလဲ ဆိုတာ စစ်တပ်ထဲ မှာအငြင်းပွား နေခဲ့ရာ ကနေ အခုတော့ သမ္မတ အစောင့်တပ် အရာရှိ တဦးက အာဏာရယူ လိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ က နိုင်ငံ ခေါင်းဆောင် တာဝန်ကို သူရယူ လိုက်ပြီလို့ သောကြာနေ့ ညတုန်းက ရုပ်မြင်သံကြား ကနေ ကိုယ် တိုင်ထွက် ပြောခဲ့ ပါတယ်။ သူက နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက် အဖွဲ့ အစည်းတွေ နဲ့ တွေ့ဆုံ တိုင်ပင်ပြီး ဒီမိုကရေစီ စံနစ်ဆီကို အမြန်ဆုံး သွားနိုင်အောင် ကြိုးစား မယ်လို့ ပြောခဲ့ ပါတယ်။ စောစော ပိုင်းမှာ တုန်းကတော့ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အွန်နာရေ ထရာအိုရေး က သူခေါင်းဆောင် ဖြစ် ကြောင်း ကြေညာ ခဲ့ပြီး အဲဒီ နောက်ပိုင်း သူ့ကို လူမြင်ကွင်းမှာ မတွေ့ရတော့ ပါဘူး။ သမ္မတ ကွန်ပေါင်ရေး က သူ့ရဲ့ ၂၇ နှစ် ကြာ အုပ်ချုပ်မှုကို ထပ်ပြီး သက်တမ်းတိုးဖို့ ကြိုးစား ခဲ့လို့ အကြမ်းဖက် ဆန္ဒပြမှု တွေ ဖြစ်ပွား ခဲ့ပြီး သောကြာနေ့ တုန်းက ရာထူး ကနေ နှုတ်ထွက် သွားခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/10cdNYj ဒုဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ ဟာ နိုင်ငံခေါင်းဆောင် အြ

မြောက်ဥက္ကလာမှာ PR စနစ်ကန့်ကွက်သူ၂၀၀ လောက် ဆန္ဒပြ

တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူအင်အား နှစ်ရာလောက်က ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္က လာပမြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။ PR စနစ် လွှတ်တော်မှာ တင်သွင်းစဉ်က ပြည်သူတွေရဲ့ သဘောထား ဆန္ဒမပါပဲ တင်သွင်းခဲ့ တာကြောင့် ကန့်ကွက်ဆန္ဒပြ ရတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ မြောက်ဥက္ကလာပမှာ နေထိုင်သူ မဝါက ပြောပါတယ်။ "လွှတ်တော်အသံ ပြည်သူ့အသံ ဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ဆန္ဒကို ယူပြီးတော့မှ လွှတ်တော်ထဲမှာ တင်သွင်းသင့်တယ်လို့ ကျမတို့ကယူဆတယ်၊ ကျမတို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဒီပီအာစနစ် တင်သွင်းတာကို လုံးဝမသိခဲ့ရဘူး၊ မသိပဲနဲ့ သူ့သဘောဆန္ဒနဲ့သူ တင်သွင်းခဲ့တယ်ပေါ့၊ နောက်အခု ပီအာစနစ်ဆိုတာလည်း မြန်မာနိုင်ငံ လက်ရှိပကတိအခြေအနေနဲ့ မသင့်တော်သေးဘူးလို့ ယူဆတဲ့အတွက်ကြောင့်မို့ ကျမတို့ကန့်ကွက်ရတာပါ" ပြည်သူလူထုနားလည်ရန် ခက်ခဲသော PR စနစ်အလိုမရှိ ၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး PR စနစ် ဖျက်သိမ်းပေးနဲ့ မဲဆန္ဒရှင်ပြည်သူကို အလေးမထား PR တင်သွင်းသူ ဝေးဝေးသွား စတဲ့ဆိုင်းပုဒ်တွေကိုကိုင်ပြီး ကြွေးကြော်

ကွန်တိန်နာကားတစ်စီး ဘရိတ်ပေါက်၍ အငှားယာဉ်နှင့် ဈေးဆိုင်ခန်းများအား ၀င်ရောက်တိုက်မိ

ရန်ကုန် နိုဝင်ဘာ ၁ ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မြို့သစ်( က+ခ) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမပေါ်တွင် အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ မိနစ် ၄ဝ ခန့်က ကွန်တိန်နာ ၁ဝ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ခ/၆ လမ်းထိပ်ရှိ ဓာတ်တိုင်၊ အငှားယာဉ်၊ ကွမ်းယာဆိုင်နှင့် ကားဝပ်ရှော့ဆိုင်တို့ ကို ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ ဘုရင့်နောင်လမ်းမ ကြီးအတိုင်း ရန်ကုန်ဘက်မှ ပေါက်တောဝဘက်သို့ ယာဉ်မောင်း နေဝင်းအောင်(၂၈ နှစ်) ဖိုလေးလုံးကျေးရွာ မကွေးမြို့နယ်နေသူ မောင်းနှင် လာသော H/----ကွန်တိန်နာ ၁ဝ ဘီးယာဉ်သည် မြို့သစ်(က+ခ) ရပ် ကွက်၊ ခ/၆ လမ်းထိပ်အရောက်တွင် ဘရိတ်ရှူးပေါက်၍ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိကာ ဓာတ်တိုင်နားတွင် ရပ်ထားသော အငှားယာဉ်နှင့်ကိုထင်ကျော် ကွမ်းယာဆိုင်၊ လှိုင်မင်း ကားပြင်ဆိုင်တို့ကို ဆက်လက်တိုက်မိရာ ဓာတ်တိုင်မှာ တိမ်းစောင်းသွားခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေ (၁၄) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်မောင်းနေဝင်းအောင်ကို အရေးယူထားပြီး မြို့နယ်လျှပ်စစ်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က လျှပ်စစ်ဓာတ်အားလိုင်းများကို လာရောက်စစ်ဆေးသည်။ ယင်းဖြစ်စဉ်

ဓာတ်လိုက်၍ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

မူဆယ် နိုဝင်ဘာ ၁ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ် တရုတ်ပြည်ကျယ်ဂေါင် ရွှေလီတံတား အနီးတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၁ဝ နာရီက တရုတ်ပြည် ရင်ကျမ်းမြို့နယ်မှ တရုတ်လူမျိုး သုံးဦးတို့သည် ကြော်ငြာဆိုင်းဘုတ်များတပ်ဆင်ရန် မလွတ်ကင်းသည့် သစ်ပင်များ ရှင်းလင်းရေး အတွက် ဘီးလုံးတပ်သံပေါင်ကို အသုံးပြုခဲ့ရာ ဓာတ်ကြိုးနှင် မလွတ်ကင်းသောကြောင့် သုံးဦးစလုံး တစ်ပြိုင်တည်း ဓာတ်လိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးမှာ တရုတ်ပြည်ရွှေလီ ဆေးရုံသို့ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ သေဆုံးသူ တရုတ်လူမျိုးတစ်ဦးမှာ အသက် (၂ဝ)ကျော် ရှိပြီး အိမ်ထောင်သည်ဖြစ်၍ တစ်နှစ်ကျော်သားလေးတစ်ဦးရှိကြောင်း သိရသည်။ ရိုးသျှား Myanmaalinn http://ift.tt/1nAnMka from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qh836n

အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၁

အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၁ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wSAkrw

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rKls6t

ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၉၄၅

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1sXwhCs via IFTTT

ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၁

Good Health No 511.pdf by Thit Htoo Lwin ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၁ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1sXwjub via IFTTT

ကုမုဒြာ ဂျာနယ် - အတွဲ ၄ အမှတ် ၂၆

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1sXwgOW via IFTTT

တီဗွီပိတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုး၍သေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၁ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာနေ ဖောင်ဦးစီး တင်မင်းနိုင်(၃၇)နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဖောင်နောက်လိုက် သန်းအေး(၄၀)နှစ်နှင့် လှမိုးတို့ (၃)ဦး ပင်လယ်ပြင်တွင် ကျားဖောင်ဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေစဉ် သန်းအေးမှ ခေါက်တီဗွီဖြင့် တီဗွီကြည့်နေသဖြင့် ဖောင်ဦးစီးဖြစ်သူ တင်မင်းနိုင်မှ အလုပ်လုပ်ရန်အတွက် တီဗွီအား အခွေထုတ်ပြီး ပိတ်လိုက်ရာ သန်းအေးမှ မကျေမနပ်ဖြစ်ပြီး အရိုးအသွား(၁၃)လက်မ၊ ဗျက်(၃)လက်မခန့်ရှိ ငါးခွဲဓါးနှင့် ထိုးသဖြင့် တင်မင်းနိုင်တွင် ၀ဲရင်ညွန့်အောက် (၃)လက်မခန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိပြီး သေဆုံး သွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးပေါင်းဦးစီးလုပ်ကိုင်သူ ဦးမြင့်လွင်မှ အရေးယူပေးရန် တိုင်တန်း ခဲ့ရာ သန်းအေးအား အမာနယ်မြေရဲစခန်း(ပ)၁၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။ ရဲဇာနည် http://ift.tt/1t1wG91 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1o0Ulsv

ဘင်္ဂလားဒေရှ့် တနိုင်ငံလုံး အမှောင်ကျ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မဟာဓာတ်အား ပင်မလိုင်းနဲ့ ချိတ်ဆက်ဓာတ်အား သွယ်တန်းပေးတဲ့ ဓာတ်အားလိုင်း ပြတ်တောက်တဲ့ အတွက် တနိုင်ငံလုံး နီးပါး မီးပျက်သွား ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ကနေ လွှတ်ပေးတဲ့ဓာတ်အားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် သွယ်တန်းယူတဲ့ ဓာတ်အားလိုင်းမှာ ချို့ယွင်းချက်ရှိခဲ့တဲ့ အတွက် မီးပျက်ခဲ့တာ ဖြစ်ပုံရတယ်လို့ နိုင်ငံပိုင် ဓာတ်အား ကုမ္ပဏီ တာဝန်ရှိ သူတွေက ပြောပါတယ်။ အဲဒီဓာတ်အားလိုင်းကို အားကိုးနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းလောက်မှာ မီးမှောင်ကျခဲ့တာပါ။ လူနေထူထပ်တဲ့ နိုင်ငံထဲမှာ မီးအားပြန်ရဖို့ အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အဆိုးဆုံး မီးအမှောင်ကျမှု ၂၀၀၇ ခုနှစ်တုန်းက တခါဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းက အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မဟာဓာတ်အားပေးလိုင်း ပြတ်တောက်ခဲ့တဲ့အတွက် နာရီတော်တော်ကြာ မီးပျက်ခဲ့ပါတယ်။ ဗွီအိုအေ (မြန်မာဌာန) http://ift.tt/1o0Ukot ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပင်မဓာတ်အားလိုင်း ပြတ်တောက်သွားပြီး တနိုင်ငံလုံးနီးပါး မှောင်အတိကျခဲ့စဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၄) from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo

လူကိုအမြဲတမ်းမောပန်းနေစေသည့် အလေ့ကျင့်ဆိုးများ

လူတစ်ယောက်မှာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်သော်လည်းကောင်း၊ အနေအထိုင်မှားယွင်းမှုများကြောင့်သော်လည်း ပင်ပန်းနွမ်းနယ်မှုကိုမကြာခဏ ခံစားရလေ့ရှိပါတယ်။ ပင်ပန်းနွမ်းနယ်မှုအများစုဟာ အဟာရဓါတ်ချို့တဲ့ခြင်းကြောင့်အများစုက ယူဆထားတတ်ကြပြီး မိမိတို့နှင့်ကိုက်ညီမယ်လို့ထင်တဲ့အားဆေးနှင့် ဖြည့်စွက်စာများကို စားသောက်ခြင်းက မိမိအနေဖြင့် အနေထိုင်မှားယွင်းမှုများကြောင့် ပင်ပန်းနွမ်းနယ်မှုများခံစားနေရသူဖြစ်ပါက ရည်ရှည်မှာကျန်းမာရေးအတွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုသင့်ပါတယ်။ ပင်ပန်းနွမ်းနယ်ပြုမကြာခဏခံစားရခြင်းဟာ လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကျဆုံးစေ ရုံသာမက၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွန်အားများကိုလည်း ကျဆင်းစေပြီး တိုးခေါ်မျှော်မြင်မှု၊ စဉ်စားဆုံးဖြတ်နိုင်များ ကျဆင်းပြီး စိတ်ဖိအားများကိုပါဖြစ်ပေါ်လာနိုင်တာကြောင့် အသေးမွှားကျန်းမာရေးပြသနာအဖြစ် မှတ်ယူထားလို့မဖြစ်ပါဘူး။ အချို့သော မိမိတို့ထင်မှတ်မထားသည့် အလေ့အကျင့်များက မိမိကိုအမြဲတမ်းပင်ပန်းနွမ်းနယ်မှုများဖြစ်ပေါ်စေနိုင်တာကြောင့် မည်သည့်အလေ့အကျင့်မျိုးတွေကိုရှောင်ရှားရမယ် ဆိုတာကို NewsWAtch ဂျာနယ်ပရိတ်သတ်များသိရှိထားမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှု