ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ် တရုတ်ပြည်ကျယ်ဂေါင် ရွှေလီတံတား အနီးတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၁ဝ နာရီက တရုတ်ပြည် ရင်ကျမ်းမြို့နယ်မှ တရုတ်လူမျိုး သုံးဦးတို့သည် ကြော်ငြာဆိုင်းဘုတ်များတပ်ဆင်ရန် မလွတ်ကင်းသည့် သစ်ပင်များ ရှင်းလင်းရေး အတွက် ဘီးလုံးတပ်သံပေါင်ကို အသုံးပြုခဲ့ရာ ဓာတ်ကြိုးနှင် မလွတ်ကင်းသောကြောင့် သုံးဦးစလုံး တစ်ပြိုင်တည်း ဓာတ်လိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးမှာ တရုတ်ပြည်ရွှေလီ ဆေးရုံသို့ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
သေဆုံးသူ တရုတ်လူမျိုးတစ်ဦးမှာ အသက် (၂ဝ)ကျော် ရှိပြီး အိမ်ထောင်သည်ဖြစ်၍ တစ်နှစ်ကျော်သားလေးတစ်ဦးရှိကြောင်း သိရသည်။
ရိုးသျှား
Myanmaalinn
http://ift.tt/1nAnMka
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qh836n
Comments
Post a Comment