Skip to main content

Posts

Showing posts from March 24, 2015

ရုံးပတီသီး၏ ကျန်းမာရေးအစွမ်းများ

ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာတဲ့သူ တစ်ယောက်အတွက် နည်းလမ်းရှာကြည့်လိုက်ရမှာ အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။ ဒါကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်အပြင် မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တွေလဲ ပါဝင်နေတာပါ။ ကဲ- စပြောပါမယ်။ ရုံးပတီသီးရဲ့အစွမ်းတွေ။ ၁။ သွေးနီဆဲလ် ထုတ်လုပ်ရာမှာ ကူညီပေးလို့ သွေးအားနည်းရောဂါ အနီးမီးယားအတွက် အစွမ်းထက်ပါတယ်။ ၂။ ရုံးပတီသီးထဲက အင်တီအောက်စီးဒန့်ဟာ ကင်ဆာဖြစ်စေတတ်တဲ့ ဆဲလ်အသွင်ပြောင်းခြင်းတွေကို ကာကွယ်ပေးတာကြောင့် ကင်ဆာ ကာကွယ်နိုင်တဲ့ အသီးလို့ ပြောနိုင်ပါတယ်။ ၃။ ရင်ကျပ်ပန်းနာသမားတွေအတွက် စားသုံးသင့်တဲ့ ရုံးပတီသီးပါ။ ၄။ ရုံးပတီသီးထဲက ဖောလစ်အက်ဆစ်ကြောင့် အရိုးကိုလဲ သန်မာစေပါတယ်။ ၅။ ကိုလက်စထရော လျှော့ချပေးနိုင်တာ

Daytime sleepiness အိပ်ငိုက်ခြင်း

အသက် ၂၉ နှစ်ပါ။ အိမ်ထောင်မရှိ အပျိုတယောက်ပါ။ ကျန်းမာရေးပြဿနာကတော့ အရမ်း အိပ်ငိုက်တတ်ခြင်းပါရှင်။ အိပ်ရေးလည်း ဝအောင်အိပ်ပါတယ်ရှင့်။ ဒါပေမယ့် အလုပ်သွားပြီး ခဏအကြာ လုပ်ငန်းခွင်အတွင်း အိပ်ငိုက်လာခြင်း ဖြစ်ပါသည်။ မအိပ်ချင်အောင် ကော်ဖီခါးခါးများ ချိုချဉ်များစားသော်လည်းမရပါ။ ထို့အတူ ဈေးဝယ်ထွက်သော အခါများတွင်လည်း Shopping center ရောက်လျှင်လည်း စတင်အိပ်ချင်လာခြင်းဖြစ်ပါသည်။ အပျိုစဖြစ်သည့်အချိန်မှစ၍ ခုချိန်အထိ ရာသီမမှန်ပါရှင်။ ၂ လတစ်ခါမှလာတတ်သလို ၃,၄ လ အကြာမှလည်း လာတတ်ပါသည်။ တိုင်းရင်းဆေးများ သုံးသော်လည်း မရပါရှင်။ အဲဒီပြဿနာနှင့်အိပ်ချင်ခြင်း ဆက်စပ်မှုရှိပါသလားရှင်။ နောက်ပိုင်း အိမ်ထောင်ပြုဖြစ်ခဲ့ရင် သားသမီးကို မလိုချင်ပဲရသွားတာမျိုးကောဖြစ်နိုင်ပါသလားရှင်။ • Excessive daytime sleepiness (EDS) လို့လဲခေါ်တယ်။ • အိပ်ငိုက်တယ်ဆိုတာ အိပ်ချိန်မဟုတ်ဘဲ အိပ်ချင်လာမယ်၊ မောပန်းမယ်၊ မျက်လုံးကိုမဖွင့်ချင်ဘူး၊ အားယုတ်သလိုဖြစ်မယ်၊ စိတ်တက်ကြွမှုလဲ နည်းလာမယ်။ • ကျန်းမာရေးချို့ယွင်းချက်ရှိနေသလား စစ်ဆေးသင့်တယ်။ ဥပမာ Sleep disorders ရောဂါဖြစ်တယ်။ သူ့ထဲမှာ ခွဲထားသေးတယ်။ Sleep apnea, Insomnia နဲ့ Narcolepsy တွေပါတယ်။

အသည်းရောဂါအမျိုးမျိုးအတွက် အစွမ်းထက်ဆေးပင်များ

မိတ်ဆွေတို့ရေ.. အသည်းရောင် ရောဂါတွေ အဖြစ်များကြတယ်နော်။ A B C အဆင့် ၃ ဆင့် ခွဲထားပြီး A အဆင့်က လပိုင်းနဲ့ ကုသပျောက်ကင်းနိုင်ပေမယ့် B နဲ့ C အဆင့်တွေကတော့ အသက်သေဆုံးရတဲ့အထိပါ ပြင်းထန်တယ်ဆိုတာ သိကြပြီးသားပါ။ လူ လူချင်း ရောဂါကူးစက်ပုံတွေကလဲ တဆင့်နဲ့ တဆင့် ကွဲပြားခြားနားကြပါတယ်။ ဒီရောဂါအဆင့်အလိုက် ပညာပေးရှင်းပြထားတာတွေလဲ အများကြီး ရှိပြီးသားပါ။ ရောဂါအဆင့်လိုက် ဆောင်ရန်၊ရှောင်ရန်၊ ဆေးဝါး၊ ကုသပုံတွေလဲ အမျိုးမျိုး ရှိနေပါတယ်။ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျ ကနေ အသည်းရောဂါတွေ မဖြစ်သေးခင် ကြိုတင်ကာကွယ်နိုင်မယ့် လက်တကမ်းဆေးပင်ဆေးရွက်လေးတွေ သိရအောင် ဝေမျှပေးလိုက်ပါရစေ။ ပစ္စည်းအမျိုး ၂၀ တောင် တွေ့ရတယ်ဆိုတော့ တနည်းမဟုတ် တနည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (၁) Artichoke လို့ခေါ်တဲ့ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် တိုးတက်လုပ်ဆောင်ပေးနိုင်တဲ့ ဂေါ်ဖီထုပ်လို အရွက်ထုပ်ဟင်းပင် တစ်မျိုး စားပေးပါနော်။ မမြင်ဖူးရင်လဲ ဓာတ်ပုံလေးပါ တွဲပြီး တင်ပေးထားပါတယ်။ ဒီအပင်မျိုး ပတ်ဝန်းကျင်မှာ ရှာတွေ့ဖို့ ခက်နေရင် မပူပါနဲ့။ တခြားနည်းလမ်းတွေ အများကြီး အောက်မှာ ဆက်ကြည့်ပါ။ (၂) အသည်းရဲ့ဆဲလ်တွေကို စွမ်းရည်မြ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

ဆီးသွားချိန် အရမ်းနာကျင်တယ်လို့ ခံစားရရင် Urinary Tract Infection အတိုကောက် UTI လို့ သုံးပါတယ်။ ဆီးလမ်းကြောင်း ကူးစက်ရောဂါ လို့ ဆိုသဗျ။ ဆီးသွားဖို့တောင် ခပ်လန့်လန့်။ ရုတ်တရက် ဆီးသွားရတာ နာကျင်တယ်လို့ ခံစားရရင် လွယ်ကူ အစွမ်းထက် နည်းလမ်းတွေလဲ လက်တကမ်းမှာ လက်လှမ်းမီပါတယ်။ (၁) Vitamin C ၅၀၀၀ မီလီဂရမ်ကျော် လိုအပ်ပါတယ်တဲ့။ ဆီးမှာ acidic ချဉ်တဲ့ အက်ဆစ်ဓာတ် ဖြစ်အောင် လုပ်ပေးဖို့ပါ။ ဒါမှ ဆီးအိမ်ထဲကို နာကျင်ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ ၀င်မလာနိုင်အောင် ထိန်းသိမ်းပေးဖို့ ဗစ်တာမင် စီ ရှိနေဖို့ပါ။ (၂) ရေ ရေမှန်မှန် သောက်ပေးရင် ဆီးသွားစေပါတယ်။ ဆီးသွားနေချိန်မှာ ဆီးကနေတဆင့် ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးပါတယ်။ ဆီးသွားရ နာကျင်နေပြီဆိုရင် ရေသာ ပိုသောက်ပေးပါ။ နာကျင်မှု သက်သာအောင် အပူထုပ် (ကြပ်ထုပ်) ကပ်ပေးလို့ရပါတယ်။ (၃) နာနတ်သီး အင်ဇိုင်း ဘရိုမီလိန်း ကြွယ်ဝလှတဲ့ နာနတ်သီးထဲက Bromelain ဓာတ်ဟာ ရောဂါကူးစက် မ၀င်လာအောင် ကူညီ တိုက်ထုတ်ပေးနိုင်ပါတယ်။ နာနတ်သီး တစ်ပန်းကန်စာလောက်ဟာ infection ကို ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။ (၄) Cranberry Juice ခရမ္ဘယ္ရီ ခရမ္ဘယ္ရီမွာ ပဋိဇီ၀ အရည်အသွေးတွေ ရှိပါတယ်။ ခရမ်ဘယ်ရီဖျော်

သွားဖုံးသွေးယို၊ နှာခေါင်း သွေးလျှံခြင်းများ ဖြစ်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

သွားဖုံးသွေးယိုခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။ ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။ နှာခေါင်း သွေးလျှံတာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီး သွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယားကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။ နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗု