Skip to main content

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ







ဆီးသွားချိန် အရမ်းနာကျင်တယ်လို့ ခံစားရရင် Urinary Tract Infection အတိုကောက် UTI လို့ သုံးပါတယ်။ ဆီးလမ်းကြောင်း ကူးစက်ရောဂါ လို့ ဆိုသဗျ။ ဆီးသွားဖို့တောင် ခပ်လန့်လန့်။ ရုတ်တရက် ဆီးသွားရတာ နာကျင်တယ်လို့ ခံစားရရင် လွယ်ကူ အစွမ်းထက် နည်းလမ်းတွေလဲ လက်တကမ်းမှာ လက်လှမ်းမီပါတယ်။

(၁) Vitamin C


၅၀၀၀ မီလီဂရမ်ကျော် လိုအပ်ပါတယ်တဲ့။ ဆီးမှာ acidic ချဉ်တဲ့ အက်ဆစ်ဓာတ် ဖြစ်အောင် လုပ်ပေးဖို့ပါ။ ဒါမှ ဆီးအိမ်ထဲကို နာကျင်ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ ၀င်မလာနိုင်အောင် ထိန်းသိမ်းပေးဖို့ ဗစ်တာမင် စီ ရှိနေဖို့ပါ။


(၂) ရေ


ရေမှန်မှန် သောက်ပေးရင် ဆီးသွားစေပါတယ်။ ဆီးသွားနေချိန်မှာ ဆီးကနေတဆင့် ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးပါတယ်။ ဆီးသွားရ နာကျင်နေပြီဆိုရင် ရေသာ ပိုသောက်ပေးပါ။ နာကျင်မှု သက်သာအောင် အပူထုပ် (ကြပ်ထုပ်) ကပ်ပေးလို့ရပါတယ်။


(၃) နာနတ်သီး


အင်ဇိုင်း ဘရိုမီလိန်း ကြွယ်ဝလှတဲ့ နာနတ်သီးထဲက Bromelain ဓာတ်ဟာ ရောဂါကူးစက် မ၀င်လာအောင် ကူညီ တိုက်ထုတ်ပေးနိုင်ပါတယ်။ နာနတ်သီး တစ်ပန်းကန်စာလောက်ဟာ infection ကို ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။


(၄) Cranberry Juice ခရမ္ဘယ္ရီ


ခရမ္ဘယ္ရီမွာ ပဋိဇီ၀ အရည်အသွေးတွေ ရှိပါတယ်။ ခရမ်ဘယ်ရီဖျော်ရည် ၄ အောင်စ လောက်ဟာ ဆီးအိမ်ထဲ ရောဂါပိုး မကူးစက်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဆီးသွားရင် နာကျင်နေပြီ ဆိုရင်တော့ ခရမ်ဘယ်ရီဖျော်ရည်ကို ၄ ခွက်ကနေ ၈ ခွက် အထိ သောက်ပေးလို့ရပါတယ်။ ဆရာဝန် ညွှန်းထားတဲ့ ဆေးတွေကိုဖယ်ပြီး Cranberry ပဲ စားသောက်တာတော့ မလုပ်နဲ့ပေါ့။


(၅) Blueberry


ဘလူးဘယ်ရီကလဲ ခရမ်ဘယ်ရီလိုပဲ ရောဂါပိုး ဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဘလူးဘယ်ရီဟာ ဆီးသွားစဉ် နာကျင်တဲ့ ဝေဒနာ ဖြစ်ပွားခြင်းကို ကောင်းကောင်း ကာကွယ်နိုင်တယ်လို့ သုတေသီတွေကလဲ ပြောကြပါတယ်။ ဘလူးဘယ်ရီကို morning cereal လို့ခေါ်တဲ့ မနက်ပိုင်း စားတတ်ကြတဲ့ မုန့်ကြွပ်တွေနဲ့ တွဲစားနိုင်ပါတယ်။


(၆) Baking Soda မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါ လ္ဘက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၁ ဖန်ခွက်ထဲ ရောသောက်။ ဆီးကို ပုံမှန်အတိုင်း ဖြစ်စေပြီး အပျောက်လဲ မြန်ပါတယ်။ နာကျင်မှု နဲနဲလောက် စ ခံစားရပြီ ဆိုတာနဲ့ ရေထဲ မုန့်ဖုတ်ဆိုဒါ ထည့်သောက်လိုက်ပါ တဲ့။ ၂ ရက်လောက် မသက်သာသေးပဲ နာကျင်နေသေးတယ် ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားလိုက်ပါတော့။


ဆောင်ရန်/ရှောင်ရန်


- ဆီးသွားချင်စိတ် ရှိနေရင်၊ ဆီးသွားလိုက်ပါ။ ဆီးမသွားသေးပဲ ထိန်းထား အောင့်ထားရင် ရောဂါ ဖြစ်စေမယ့် ဘက်တီးရီးယားတွေကို စုထားသလို ဖြစ်တတ်ပါတယ်။


- အမျိုးသမီးတွေကတော့ သက်တောင့်သက်သာရှိဖို့ အောက်ခံ၊ အတွင်းခံဘောင်းဘီကို ချည်သား ၀တ်ဆင်ပေးပါ။ အမျိုးသားတွေကတော့ လက်ဝှေ့ထိုး ဘောင်းဘီမျိုး ၀တ်ပေးပါ။


- ဆီးအိမ်ကို စပ်ဖျဉ်းဖျဉ်း ကျိန်းစပ်စပ် ဖြစ်တတ်တဲ့ အရက်ကို ရှောင်ကြဉ်ပါ။


- လိင်မဆက်ဆံခင် သန့်ရှင်းရေးလုပ်ပါ။ ပြီးသွားရင် ဆီးသွားလိုက်ပါ။ ကွန်ဒွမ် သုံးစွဲရင် UTI ကာကွယ်ဖို့ ပိုကောင်းပါတယ်။


- နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။


- ကဖင်းကိုတော့ လုံးဝရှောင်ပါ။ ကဖင်းကတော့ ဆီးအိမ်ကို စပ်ဖျဉ်းစေပါတယ်။


ဆီးသွားစဉ် နာကျင်တဲ့ဝေဒနာက အကြောင်းတစ်ချက်မက ဖြစ်တတ်ပါတယ်။ အရေးအကြီးဆုံးကတော့ ရောဂါဖြစ်စေတဲ့ အစားအသောက်၊ အပြုအမူတွေကို ရှောင်ဖို့ပါပဲ။ ကျန်းမာစေမယ့် နေထိုင်စားသောက်တဲ့ ပုံစံကသာ အကောင်းဆုံး ကာကွယ်ပေးတဲ့ ကုသနည်းဖြစ်ပါတယ်။


ဦးစောနွဲ့နေဆိုင်(ပူတာအို)

ကျန်းမာရေးသတင်းများ





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1xwPnci

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...