Skip to main content

Posts

Showing posts from February 25, 2015

ဆံပင်နှင့်ဦးရေပြားအတွက် ကြက်သွန်နီ

ဆံပင်သန်၊ ဆံပင်ပြန်ပေါက်တဲ့ အိမ်တွင်းကုထုံးနည်းလေး ရှိတယ်။ အဲဒါကတော့ ကြက်သွန်နီကို ရေလဲသုံးတာပါပဲ။ ကြက်သွန်နီက ဆာလဖာဓာတ် ပါဝင်မှု မြင့်မားနေသည့်အတွက် မွှန်တဲ့ အနံ့တော့ရှိတယ်။ ဆံပင်မကျွတ်တော့တဲ့အထိ၊ ဆံပင်ပြန်ပေါက်တဲ့အထိ ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့ ဘေးကင်းတဲ့ဆေးတစ်ခုဖြစ်တယ်ဆိုတာကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ သတင်းစကား ပါးချင်ပါတယ်။ အသုံးပြုနည်း (၁) ကြက်သွန်နီကို ထုထောင်း၊ ဘရန်ဒါနဲ့ကြိတ်ပြီး အ၀တ်သန့်သန့်ဖြင့် အရည်ညစ်ယူပါ။ ((၂) အနံ့သက်သာပြီး အကျိုးအာနိသင်လည်း ပိုကောင်းလာအောင် သံပုရာသီး တစ်စိတ်လောက် ညစ်ထည့်ပါ။ (၃) ပျားရည် လက်ဖက်စားဇွန်းခန့် ရောစပ်ပါ။ ၄င်းကြက်သွန်နီအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှု တိုးတက်လာမယ်။ ကြက်သွန်နီထဲက ဆာလဖာဓာတ်ဟာ ဆံပင်ကျန်းမာရေးအတွက် အကျိုးပြုမယ့် ကော်လာဂျင်ကို ထုတ်ပေးတယ်။ ဘက်တီးရီးယားကို နိုင်နင်းတဲ့ အစွမ်းသတ္တိကြောင့် ဦးရေပြားပေါ်က ကူးစက်ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်တယ်။ ပုံမှန်ကတော့ ဆံပင်ထူချင်လို့ ကြက်သွန်နီကို အသုံးပြုကြပေမယ့် နောက်ထပ်အစွမ်းတွေလဲ ရှိပါတယ်။ ဆံပင်မသန်၊၊ ဆံပင်ကျွတ်လွယ် စတဲ့ ဦီးရေပြားပြသနာတေ

အမျိုးသမီး ဆီးမလုံခြင်း

ဆရာရှင့် ခုတစ်ခါ ကျမရဲ့  အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ် ယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။ ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။ • Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။ • Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ

ကလေးများအတွက် သတိထားရမည့်အန္တရာယ်

မိမိတို့၏ကလေးများနှင့် ကုန်တိုက်၊ ရှော့ပ်ပင်မော၊ ရုပ်ရှင်ရုံ စသည့် စက်လှေကားရှိသည့်နေရာများကို အတူသွားလာသည့်အချိန် ကလေးများကို လွတ်မထားပဲ သတိဖြင့် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ပုံထဲမှာ မြင်ရတဲ့ အတိုင်း ကလေးတစ်ယောက်ဟာ စက်လှေကားစီးနေစဉ် လည်ပတ်နေသော စက်လှေကားများ၏လုပ်ရှားမှုများကို စိတ်ဝင်သွားပြီး စူးစမ်းသည့်အနေဖြင့် သူ၏ခြေထောက်ကို ထိုးကြည့်လိုက်သည့်အခါ ဖိနပ်နှင့် စက်လှေကားညှပ်မိပြီး တရွတ်တိုက်ပါသွားပါတယ်။ လုံခြုံရေးများ၏ အကူအညီဖြင့် ကံကောင်းထောက်မစွာ ခြေထောက်မကျိုး၊ အသက်မဆုံးရှုံးလိုက်ရတာပါ။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို စက်လှေကားစီးသည့်အခါ အထူးသတိထားကြည့်ပေးဖို့ လိုအပ်ပါတယ်။ (လူအများသိရှိပြီး အန္တရာယ်မှ ကင်းဝေးစေဖို့ ပြန်လည် မျှဝေပေးနိုင်ကြပါတယ်) စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref : The Danger of Escalator ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/18nlTlQ

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။နေရာ မှန်ပါစေသင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀ကွန်ပျူတာ နှင့် အ

ခရီးသွားစဉ် ကြုံရတတ်တဲ့ ပြဿနာများ

မူးဝေခြင်း (motion sickness ) ခရီးသွားစဉ် ကားမူးခြင်း၊ လှိုင်း မူးခြင်းတို့ဖြစ်ပါက ပြတင်းပေါက်မှ တစ်ဆင့် အဝေးတစ်နေရာသို့ ကြည့် ပေးပါ။ မျက်စိ၊ နားနှင့် ခြေဆစ်လက် ဆစ်များမှ ဦးနှောက်ထံ သတင်း အချက်အလက်များ အဆက်မပြတ် ပေးပို့နေစဉ် ဦးနှောက်မှနားလည်မှု လွဲပါက ရုတ်တရက်မူးဝေလာတတ် သည်။ သင်္ဘောခရီးဆိုပါက ကုန်း ပတ်ပေါ်တက်၍ လေကောင်းလေ သန့်ထွက်ရှူပါ။ လှုပ်ယမ်းမှုအနည်း ဆုံးဖြစ်ပေါ်သည့်သင်္ဘောအထပ်နိမ့် အလယ်ပိုင်းတွင် နေထိုင်ပါ။ ကားစီး လျှင် ရှေ့ဘီးနှင့် နောက်ဘီးကြားအ လယ်ခုံများ၌ ထိုင်ပါ။ ဝမ်းပျက်ခြင်း သင်္ဘောရက်ရှည်ခရီးသွားတဲ့ အခါ သင်္ဘောတစ်ခုလုံး ဝမ်းပျက်ဝမ်း လျှောကပ်ကျရောက်တတ်ပါတယ်။ Norovirus အမည်ရှိ ဗိုင်းရပ် ဟာ သင်္ဘောဆရာဝန်တွေ ကြောက် ရတဲ့ပိုးဖြစ်ပြီး မသန့်ရှင်းမှုကြောင့် အဓိကကူးစက်လေ့ရှိပါတယ်။ သင်္ဘောစားသောက်ခန်း၊ သန့်စင်ခန်း များအနေနှင့် သန့်ရှင်းဖို့ အထူးလို အပ်ပါတယ်။ နားအူခြင်း သန်းဝေခြင်း၊ ပီကေဝါးခြင်းဖြင့် နားအူ၊ နားပိတ်ခြင်းမှသက်သာစေပါ တယ်။ လေယာဉ်ခရီးမသွားခင် pseudoephedrine ပါဝင်တဲ့ ချောင်း ဆိုးပျောက်ဆေးကို နာရီဝက်ခန့်ကြို သောက်ခြင်းဖြင့် နားအူ၊ နားပိတ် သက်သာစေပါတယ်။ ဇော်ကို Source:RD Health Updates Journal

လှုပ်ရှားမှု နည်းသော နေထိုင်မှု ပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက် နိုင် သည်များ

လှုပ်ရှားမှု နည်းသော နေထိုင်မှု ပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက် နိုင်သည်များ အထိုင်များတာက သင့်ကျန်းမာရေးအတွက် မကောင်းသလို မတ်တတ်ရပ်တာများရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့် နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့ တာမှာ မတ်တတ် ရပ်တာနဲ့ ထိုင်တာကို မျှခြေ ဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့ အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်း နေတာကြောင့် တက်ကြွ လန်းဆန်းမှု မရှိ ဖြစ်နေ တတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ်လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင် ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော် ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့် အစား နေရာ အရောက် သွားပြီး စကား ပြောဆိုပါ။ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှား ဆောင်ရွက် နေတာထက် ထိုင်နေတဲ့ အချိန်က ပိုများ နေပါ သလား။ လှုပ်ရှားမှု နည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေ အပြင် အရွယ် မတိုင်မီ သေဆုံး နိုင်ခြေ များစေ ပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေ များတဲ့ ကျန်းမာရေး အခြေအနေ တွေနဲ့ ဖြေရှင်းနည်း တွေကို ရေးသား လိုက်ပါတယ်။ (၁) နောက်ကျောနာကျင်ခြင်း လှုပ်ရှာ

ကြက်မောက်သီး အစွမ်း

၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစပါတယ်။ ၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၃။ ကော့ပါးဓာတ် အတော်အသင့် ပါဝင်တာမို့ သွေးဖြူဥ၊ သွေးနီဥ တိုးပွား စေပြီး သွေးအားလည်း ကောင်းမွန် စေပါတယ်။ ၄။ ကြက်မောက်သီးဟာ ကယ်လိုရီဓာတ် နည်းပါးပြီး ဖိုက်ဘာဓာတ် များ၃ တဲ့အတွက် ဝိတ်ချဖို့အတွက် မှီဝဲသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်မောက်သီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ စပေါ်ပြီး အာရှတိုက်သို့ ပြန့်နှံ့ ပါတယ်။ ယခုတော့ အမေရိက တိုက်အထိ ရောက်ရှိသွားပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုး အဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။ . Ref: medic facts Aung Kham (MM Social Sky) from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1LJQWpP

အစာအိမ် အချဉ်ပေါက်တယ် ဆိုတာ

အစာအိမ် အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင် သိထားဖို့ လိုပါတယ်။ ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော် ပျင်းပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေ နိုင်ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက် အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ်က လူကို ဒုက္ခ မပေးစေပါဘူး။ အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာ ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာ ကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ်သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ အစာအိမ်နဲ့ ဆက်စပ် ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက် ဆက်စပ်နေကြောင်း သိရပါတယ်။ Ref: medic-fact မြ၀တီ ကျန်းမာရေး from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1LJQYxU

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။ ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။ မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။ ပေါင်ကြွက်သားများ သန်မာအောင် လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေ

နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ

ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။ သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။ (၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။) (၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။ (၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။ (၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။ (၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ်ဇွန်းတို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်။) (၆) အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါ