Skip to main content

Posts

Showing posts from December 1, 2014

အမေရိကန်တပ် ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိ

အစ္စလာမစ် စစ်သွေးကြွတွေဟာ အမေရိကန် စစ်သားတွေကို အမေရိကန် ပြည်ထောင်စု အတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေး ဌာနတို့က သတိပေးထားပါတယ်။ လုံခြုံရေးဆိုင်ရာ ဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက တနင်္ဂနွေနေ့ ကြေညာပါတယ်။ အဲဒီသတိပေးချက်ထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယ်နမိတ်အတွင်းမှာ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်တာနက် အွန်လိုင်းတွေပေါ်က လူမှုမီဒီယာတွေမှာ အကြမ်းဖက်အစွန်းရောက်သမားတွေ အာရုံစိုက်လာအောင် မလုပ်ကြဖို့နဲ့ တခြားတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်တွေရှိနေရင် ဖျက်ပစ်ကြဖို့ သတိပေးချက်ထဲမှာ နှိုးဆော်ထားပါတယ်။ ဗွီအိုအေ (မြန်မာဌာန) http://ift.tt/1A9UKuD from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1veBXOy

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောနစ်မြုပ် လူ ၅၀ ကျော် ပျောက်ဆုံး

သဘောင်္အမှုထမ်း (၆၀) လိုက်ပါလာတဲ့ တောင်ကိုရီးယား ငါးဖမ်း သင်္ဘောဟာ ရုရှားအရှေ့ဖက် ကမ်းလွန် Bering ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး လူတဦး သေဆုံး (၅၂) ဦး ပျောက်ဆုံးဆဲ ဖြစ်ပါတယ်။ အဲဒီပင်လယ်ပြင်တ၀ိုက်မှာ တခြား သင်္ဘောတွေက ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် လေပြင်းပြီး လှိုင်းကြီးတဲ့ဆိုးရွားလှတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ကြန့်ကြာ ခဲ့ရပါတယ်။ ငါးဖမ်းသဘောင်္အနေနဲ့ ပထမ အခက်အခဲကြုံခဲ့ရပြီး (၃) နာရီကျော်ကြာမှသာ ကယ်ဆယ်ရေးပထမအသုတ် ရောက်ရှိခဲ့ပါတယ်။ သဘောင်္အမှုထမ်း (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ (၄) ဦးဟာ အသက်ကယ်လှေပေါ်မှာရှိနေပြီး ကျန် အမှုထမ်းတွေကတော့ မျောနေတဲ့ အပိုင်းအစတွေကို ဖက်တွယ်ထားကြရတယ်လို့ ဆိုပါတယ်။ သင်္ဘောအမှုထမ်းတွေနဲ့ အင်ဒီနီးရှားလူမျိုး (၃၅) ဦး၊ ဖိလစ်ပိုင် (၁၃) ဦး၊ တောင်ကိုရီးယားနိုင်ငံသား (၁၁) ဦးနဲ့ ရုရှား စစ်ဆေးရေးမှူးတဦး ပါဝင်ပါတယ်။ ကယ်ဆယ်ခံခဲ့ရသူ (၇) ဦးအနက် ကိုရီးယားတဦးမှ မပါဝင်ပါဘူး။ လှိုင်းထန်မှုကြောင့် သင်္ဘောတဖက်ကို တိမ်းလာတဲ့အတွက် အမှုထမ်းတွေက သဘောင်္ကို စွန့်ပစ်ခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ Oryong 501 ငါးဖမ်းသင်္ဘောဟာ (၃၆) နှစ် သက်တမ်းရှိပြီးေ

သမ္မတ အိုဘားမားရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ရေး အစီအစဉ်

အမေရိကန် သမ္မတ အိုဘားမား က ဖါဂူဆန် မှာ ဖြစ်ပွားတဲ့ အဓိကရုန်းတွေ ကြောင့် အမေရိကန် ရဲတပ်ဖွဲ့ဝင်တွေ ကို သင်တန်း အသစ်တွေ ထပ်မံပေးရေး နဲ့ သူတို့ရဲ့ ယူနီဖေါင်းတွေ ပေါ်မှာ သေးငယ်တဲ့ ကင်မရာ တွေ တပ်ဆင်ပေးရေး အပါအဝင် စီမံကိန်းတွေ အတွက် ကွန်ဂရက် လွှတ်တော် ကနေ ဒေါ်လာငွေ ၂၆၃ သန်း ချပေးဖို့ တောင်းခံလိုက်ပါတယ်။ သမ္မတ အိုဘားမား တောင်းဆိုတဲ့ ငွေကြေး ဟာ ၃ နှစ်အတွင်း သုံးစွဲဖို့ ဖြစ်ပြီး ကင်းလှည့်ရာမှာ ယူနီဖေါင်းပေါ် မှာ တပ်ဆင် လို့ ရတဲ့ ကင်မရာပေါင်း ၅ သောင်း စရိတ် အပါအဝင် ဖြစ်ပါတယ်။ ဒီကင်မရာ ဟာ ရဲ နဲ့ ပြည်သူ အကြား ရင်ဆိုင် ပြဿနာ ဖြစ်တဲ့ အခါမှာ ဘယ်သူ့ကြောင့်လည်း ဆိုတာကို သက်သေပြနိုင်အောင် တပ်ဆင်စေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရုံနဲ့ ပြဿနာ ပြေလည်ဖို့ ရှိပါသလား။ သမ္မတအိုဘားမား နဲ့ ဖါဂူဆန် အရေးအခင်း ဆွေးနွေးခဲ့တဲ့ အမေရိကန် လူမည်း ခေါင်းဆောင်တဉီးဖြစ်တဲ့ ဘုန်းတောကြီး အယ်လ်ရှပ်ပတန် ကတော့ သူပြောလို တာကတော့ သူတို့ဟာ လူမှုအသိုင်းထဲ နေတဲ့ အခါမှာ ရဲ ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သူတို့ ဆန့်ကျင်တာက ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး စံနစ် ပွင့်လင်းမြင်သာမှု မရှိတာ ကို ထောက်ပြ ဝေဖန် တာပါ။ ရဲ ကြောင့် သေဆုံးရတဲ့ မိုက်ကယ်ဘရောင်း အမှုမှာ ဆိုရင

AIDS တိုက်ဖျက်ရေး အောင်မြင်မှုတွေ့ရ

AIDS ရောဂါ တိုက်ဖျက်ရေး တိုးတက်မှု ရှိအောင် ကမ္ဘာအနှံ့မှာ လုပ်ကိုင် ဆောင်ရွက် နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူး လိုက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဟာ အကဲဆတ်တဲ့ အနေထားမျိုးမှာပဲ ရှိနေသေးတယ်လို့ သတိပေးထား ပါတယ်။ ကမ္ဘာ့ AIDS နေ့ဖြစ်တဲ့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ မစ္စတာဘန်ကီမွန်းက အရေးကြီးတဲ့ ရောဂါကုသမှုခံယူတဲ့နေရာမှာ ရှိနေတဲ့ ကွာဟချက်တွေကို ထောက်ပြသွားပါတယ်။ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးငယ်တွေ မှာ လုံလောက်တဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ မရကြဘူးလို့ ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ၂၀၃၀ ခုနှစ် အရောက်မှာ ကမ္ဘာပေါ်မှာ AIDS ရောဂါ လုံးဝ အမြစ်ပြတ်ကင်းစင်ရမယ်ဆိုတဲ့ ရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်တာမှန်သမျှကို လုပ်ဆောင်ကြဖို့ မစ္စတာဘန်ကီမွန်းက နှိုးဆော်လိုက်ပါတယ်။ ကမ္ဘာအနှံ့မှာ လူပေါင်း ၃၅ သန်းဟာ AIDS ရောဂါကို ဖြစ်စေနိုင်တဲ့ HIV ပိုးကူးစက်ခံထား ရပါတယ်။ လူပေါင်း ၁၉ သန်းဟာ သူတို့မှာ ပိုးကူးစက်ခံထားရတယ်ဆိုတာ မသိကြသေးဘူးလို့ ကုလသမဂ္ဂက ပြောပြီး ကွာဟနေမှုကို နီးစပ်သွားအောင် စမ်းသပ်ဖို့နဲ့ antiretroviral ကုထုံးနဲ့ ကုသမှုခံယူနိုင်အောင် လုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ HIV ကူးစ

တိုနန့်နန့်ဝတ်စုံ ၀တ်ဆင်လို့ အရိုက်ခံရတဲ့ အိန္ဒိယ မင်းသမီး

အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ၀တ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။ ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက် ၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ မွတ်စလင် အမျိုးသမီးတဦး ဖြစ်တဲ့အတွက် တိုနှံနှံ အ၀တ်အစားတွေ မ၀တ်သင့်ဘူးလို့ ရိုက်နှက်တဲ့သူက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဇာတ်လမ်းရဲ့ နောက်ဆုံးပိုင်းကို ရိုက်ကူးနေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရိုက်နှက်တဲ့သူကို ဒီဇင်ဘာ ၁ ရက် ဒီနေ့ ရုံးတင်မှာ ဖြစ်ပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ပရိသတ်ထဲက လူတဦးက ခန်ကို စခဲ့တာကို မင်းသမီးက မကျေနပ်တဲ့အတွက် အခုလို အကျိုးဆက်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ ခန်ဟာ ရုပ်ရှင်ဇာတ်ကား ၆ ခုနီးပါး ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ By ဒီဗွီဘီ http://ift.tt/1ysYxCQ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rONcOk

ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်

မြန်မာနိုင်ငံက ငါးခြောက်တွေမှာ ဓာတု ပိုးသတ်ဆေးတွေ ထည့်သွင်း ထားကြောင်း အာဏာပိုင်တွေက ဓာတ်ခွဲ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပိုးသတ်ဆေး တွေက စားသုံးသူတွေအပေါ် အန္တရာယ် ပိုးသတ်ဆေး မျိုးတွေ ဖြစ်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေး တွေ သုံးတာ အဓိက တွေ့ရတယ်လို့ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သ࿿ာရီ စတဲ့ ကမ်းရိုးတန်း ဒေသ ငါးခြောက် လုပ်ငန်း လုပ်ကိုင် သူတွေက ငါးခြောက် ကို မလှန်းခင် ထဲက ဒီပိုးသတ်ဆေး စိမ်တာမျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။ ဒီလို ယင်မနားဆေး သုံးတဲ့ ငါးခြောက် တွေကို စားရင် ကင်ဆာ ရောဂါ အမျိုးမျိုး၊ အာရုံကြော ထိခိုက်၊ ကိုယ်တခြမ်းသေ လေဖြတ်တဲ့ ဝေဒနာတွေ ခံစား ရနိုင်တယ်လို့ ရှင်းပြ ပါတယ်။ ဆေးမတို့တဲ့ ငါးခြောက်တွေနဲ့ ဆေးတို့တဲ့ ငါးခြောက်တွေ အမြင် အားဖြင့် ခွဲရ ခက်ပေမယ့် ယင်နားတာ ယင်အုံတာ မတွေ့ရတဲ့ ငါးခြောက် ဆိုရင် မစားကြဖို့ ဦးဗအုပ်ခိုင်က သတိပေး ပါတယ်။ ဒီပိုးသတ်ဆေး တွေ သုံးလာတာ ဆယ်နှစ် ကျော် လောက် ရှိနေပြီး ခုမှ စားသုံးသူ တွေ ဘက်က သတိပေး တိုင်တန်း လာလို့ အစားအစာ နဲ့ ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ကို တိုင်ကြားပြီး ဈေးထဲက ငါးခြောက်တေ

အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။ အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။ အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ အီဘိုလာ ကူးစက် ခံရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆေးဝါး ကုသမှု ပေးနိုင်ဖို့နဲ့ ရောဂါကြောင့် သေဆုံးသူ ၇၀ ရာခိုင်နှုန်းကို ဘေးကင်းစွာ မြှုပ်နှံ နိုင်ဖို့ လျာထားကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မစ္စတာ Banbury က ပြောခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ Banbury က တချို့ နေရာတွေမှာ ရည်မှန်းချက် ပြည်မီအောင် လုပ်နိုင်ပြီး တချို့ နေရာတွေမှာ ရည်မှန်းချက်ထက် အများကြီး ကျော်လွန်အောင် လုပ်ဆောင်နိုင်ပေမယ့် နေရာ အားလုံး မှာတော့ ရည်မှန်းချက် ပြည့်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။ ရည်မှန်းချက် မအောင်မြင်တဲ့ ဒေသတွေ ထဲမှာ ဆီယာရာ လီယွန်း နိုင်ငံ

ဖော်မြူလာဝမ်း ချန်ပီယံ ၀က်ဘာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိ

ဝါရင့် ဖော်မြူလာဝမ်း ကားမောင်းချန်ပီယံဟာင်း မတ်ခ်ဝက်ဘာဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ကားမောင်း ပြိုင်ပွဲမှာ ကားတိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရသွားပါတယ်။ ပြိုင်ကားမောင်းသမား ၀က်ဘာ မောင်းလာတဲ့ ပေါ်ရှေးပြိုင်ကားနဲ့ အီတလီက မတ်တီအို ခရီဆိုနီ မောင်းနှင်တဲ့ ဖယ်ရာရီပြိုင်ကားတို့ အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်ခဲ့တာပါ။ ၁ နာရီ ကီလိုမီတာ ၃၀၀ လောက်အရှိန်နဲ့ မောင်းနှင်လာတဲ့ ပြိုင်ကား ၂ စီး တိုက်မိပြီး ကွန်ကရစ် အရံအတားတွေကို ထပ်မံ ၀င်တိုက်ကာ မီးစွဲလောင်သွားခဲ့တာကို ရုပ်သံဗွီဒီယိုတွေမှာ မြင်တွေ့ရ ဖြစ်ပါတယ်။ ကားမောင်းသူ ၂ ဦးစလုံးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ကနဦးဆေးစစ်ချက်တွေအရ သူတို့နှစ်ဦးဟာ ကျေနပ်စရာ အခြေအနေ ရှိနေတယ်လို့ ပြိုင်ပွဲစီစဉ်တဲ့ အုပ်ချုပ်ရေးအဖွဲ့က က ပြောပါတယ်။ အသက် ၃၈ နှစ် အရွယ် ၀က်ဘာဟာ ဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာ ၁၂ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် မနှစ်ကမှ အနားယူခဲ့တာပါ။ By ဒီဗွီဘီ http://ift.tt/1ysYxmz ဓာတ်ပုံ – Mark Webber FB from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1y6qzS8

ဆီးရီးယား ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့မှု ကုလ ရပ်ဆိုင်းရ

အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေကြတဲ့ ဆီးရီးယား ဒုက္ခသည် ၁ ဒဿမ ၇ သန်း ကျော် အတွက် မရှိမဖြစ် လိုအပ်တဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု တွေကို ဆိုင်းငံ့ လိုက်ရပြီလို့ ကုလ သမဂ္ဂရဲ့ WFP ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ်က ပြောပါတယ်။ ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီ၊ အီရတ်နဲ့ အီဂျစ် နိုင်ငံတို့မှာ ရှိတဲ့ ဆိုင်တွေမှာ စားစရာတွေ ရယူဖို့ သုံးနိုင်တဲ့ ဘောင်ချာ လက်မှတ်တွေ ဒုက္ခသည်တွေ အတွက် ထုတ်ပေးတာကို ရန်ပုံငွေ အခက်အခဲကြောင့် ရပ်ရတော့မှာ ဖြစ်တယ်လို့ WFP က ပြောပါတာယ်။ စားစရာ အကူအညီ မရကြရင် မိသားစု အတော်များများ ဒီနှစ် ဆောင်းရာသီမှာ ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံကြရလိမ့်မယ် လို့လည်း WFP က သတိပေးပါတယ်။ အလှူ ရှင် နိုင်ငံတွေ အနေနဲ့ အလှူ ငွေတွေ ပိုပေးဖို့ WFP အမှုဆောင် ညွှန်ကြားရေးမှူး Ertharin Cousin က တိုက်တွန်း လိုက်ပြီး ဒုက္ခသည်တွေကို အစားအစာ ထောက်ပံ့ဖို့ ဒီဇင်ဘာ တစ်လတည်း အတွက်ကို ဒေါ်လာ ၆၄ သန်း လိုအပ်တယ်လို့ ဆိုပါတယ်။ အခုလို ရိက္ခာ ထောက်ပံ့မှု အစီအစဉ် ဆိုင်းငံ့မှုကြောင့် ဒုက္ခသည်တွေ အတိ ဒုက္ခ ရောက်ကြရမယ့် အပြင် အိမ်ရှင် နိုင်ငံတွေ မှာလည်း မတည်မငြိမ် မှုတွေ တိုးပွား လာနိုင်တယ်လို့ သူက ပြောပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1pHHW

ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ စာရင်းဇယားတွေ မှန်ကန်ဖို့လို (ရုပ်/သံ)

ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ စာရင်းဇယားတွေ မှန်ကန်ဖို့လို (ရုပ်/သံ) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1y6iLj9 via IFTTT

ဖယ်ဒရယ်တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ် လက်မခံ (ရုပ်/သံ)

ဖယ်ဒရယ်တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ် လက်မခံ (ရုပ်/သံ) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1y6iJYB via IFTTT

မျိုးစောင့်ဥပဒေမူကြမ်း လေးခု ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

မျိုးစောင့် ဥပဒေမူကြမ်း လေးခုကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်းထားပြီး ဖြစ်ကြောင်းနဲ့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး ကြမယ်လို့ သိရပါတယ်။ ဒီနေ့ အစိုးရ သတင်းစာထဲမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြ ထားပါတယ်။ ဒီဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။ ကိုးကွယ်ရာဘာသာအလိုက် ကူးပြောင်းလိုသူဟာ သက်ဆိုင်ရာမြို့နယ်အလိုက် သာသနာရေးမှူး၊ လ.ဝ.က မှူး၊ အုပ်ချုပ်ရေးမှုး စသူတို့ပါဝင်တဲ့ မှတ်ပုံတင်ရေးအဖွဲ့ဆီကို အချက်အလက်တွေတင်ပြရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဘာသာတစ်ခုကနေတစ်ခုကို ကူးပြောင်းလိုသူဟာ တစ်စုံတစ်ယောက်က သွေးဆောင်ဖြားယောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင့်ထက်ပြုကျင့်ပြီး ကူးပြောင်းလိုသူမဖြစ်ရဘဲ အဲဒီလို ပြုမူချက်တွေကိုတွေ့ရှိရင် ဥပဒေအရ ထောင်ဒဏ်ခြောက်လကနေ နှစ်နှစ်၊ ငွေဒဏ်ကျပ် တစ်သိန်းမှ နှစ်သိန်း အသီးသီးကျခံစေရမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်း ဆ

ပီအာရ် စနစ်ကျင့်သုံးရေး ခုံရုံးရဲ့ အဆုံးအဖြတ်ရယူမည်

လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပီအာရ် ( ခေါ်) အချိုးကျ ကိုယ်စားပြု စနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ရ ယူသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်တွေက စုပေါင်း လက်မှတ်တွေ ကောက်ယူ နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြရင် ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။ အဲ့ဒီလက်မှတ်တွေကို အမျိုးသားလွှတ်တော်ဥက္ကဌကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆီ တင်ပြရ မှာဖြစ်ပြီး ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ မရှိကို ဆုံးဖြတ်ချက် ရယူသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာလည်း ပီအာရ်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် အရင်ကျင့်သုံးခဲ့တဲ့ FPTP နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကတော့ ပီအာရ်စနစ်ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ်ထူးလွင် (နေ့စဥ

ဟောင်ကောင် အဓိကရုဏ်းကြောင့် အစိုးရရုံးတွေပိတ်

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အစိုးရရုံးတွေနဲ့ လွှတ်တော်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အစိုးရ ဌာနချုပ်ရုံး အပြင်ဘက်မှာ ဆန္ဒပြမှုတွေ တိုးချဲ့လုပ်သွားဖို့ စီစဉ်နေတဲ့ ရာနဲ့ချီတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ အစောပိုင်းမှာပဲ Admiralty ခရိုင်က အဓိက လမ်းမကြီးတခုကို ဆန္ဒပြသူတွေက သိမ်းပိုက်ဖို့ ကြိုးစားတာမှာ ရဲတပ်ဖွဲ့တွေ ကာရံထားတဲ့ အတားအဆီးတွေကို သူတို့က ကျော်လွန် ၀င်ရောက်ခဲ့ကြပါတယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်လျော့သွားအောင် သူတို့ဘက်က ငရုပ်ရည်တွေ၊ နံပါတ်တုတ်တွေသုံးပြီး ဖြိုခွဲဖို့ကလွဲလို့ တခြား ရွေးစရာနည်းလမ်းမရှိဘူးလို့ ရဲအရာရှိတွေက ပြောပါတယ်။ အခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွင်း ဆန္ဒြုပသူတွေနဲ့ရဲတပ်ဖွဲ့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေမှာ နောက်ဆုံး ဖြစ်ရပ်ပါ။ သောကြာနေ့တုန်း ကလည်း Mong Kok အရပ်မှာရှိတဲ့ အဓိကလမ်းမကြီးပေါ်က အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားချိန်မှာ ဆန္ဒပြသူတွေနဲ့ လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်

ဟောင်ကောင် ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ညက အစိုးရ ရုံးအနီးမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ရဲတွေ အကြား အကြမ်းဖက် မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ တနင်္လာနေ့မှာ အစိုးရ ရုံးတွေ ခေတ္တ ပိတ်လိုက်ရပါတယ်။ Admiralty အရပ်က အစိုးရ ရုံးတွေအနီး Lung Wo လမ်းမပေါ်မှာ ဆန္ဒပြ သမားတွေနဲ့ ရဲတွေ တိုက်ခိုက် ခဲ့ကြပြီး ရဲ အရာရှိ ၁၁ ယောက် ဒဏ်ရာ ရခဲ့ကာ လူ အယောက် ၄၀ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟောင်ကောင် အစိုးရကတော့ အကြမ်းဖက်ကြတဲ့ အစွန်းရောက် သမားတွေဟာ ရဲတွေ တားဆီး ထားတဲ့ နေရာကို အရာဝတ္ထု တွေနဲ့ ပစ်ပေါက် ခဲ့ကြတယ်လို့ ပြောဆိုပြီး ဆန္ဒပြ လှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပေါ် လာတာကို ဟောင်ကောင် အစိုးရက ရှုတ်ချ လိုက်ပါတယ်။ Admiralty အရပ်မှာ ရှိတဲ့ အဓိက သပိတ်စခန်း အနီးက နေရာ တစ်ခုကို ရှင်းလင်း ဖယ်ရှားဖို့လည်း ဒီကနေ့ တနင်္လာနေ့မှာ ဟောင်ကောင် တရားရုံးက အမိန့် ထုတ်လိုက်ပါတယ်။ ကျောင်းသား အများစု ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ၂၀၁၇ ရွေးကောက်ပွဲမှာ ဟောင်ကောင်ရဲ့ ခေါင်းဆောင်ကို လွတ်လွတ် လပ်လပ် ရွေးချယ်ခွင့် အတွက် တရုတ် အစိုးရကို တောင်းဆို နေကြတာ ဖြစ်ပြီး ၃ လထဲ ဝင်လာပြီ ဖြစ်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင် လာကြတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) ht

ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြသည့် ကျောင်းသားများအား နိုင်ငံရေးသမားများ ပိုက်ဆံပေးဟု စွပ်စွဲ

ထိုင်းနိုင်ငံ ခွန်ကန် တက္ကသိုလ်မှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မိန့်ခွန်းပြောနေစဉ် ဆန္ဒပြတဲ့ ခွန်ကန် တက္ကသိုလ် ကျောင်းသား ၅ ဦးကို နိုင်ငံရေး သမားတွေက ပိုက်ဆံပေးခဲ့တာလို့ စစ်တပ် အရာရှိက စွပ်စွဲလိုက်ပါတယ်။ ၀န်ကြီးချုပ်ကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေ သတင်းမှာ ရေးဖို့ အတွက် ကျောင်းသား အုပ်စုကို ဌားခဲ့တာကို ထောက်လှမ်းရာမှာ တွေ့ရှိခဲ့တယ်လို့ စစ်တပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကန်ပနပ် ရိုဒ်ဒီက ပြောပါတယ်။ ကျောင်းသားတွေကို ဘတ် ၅ သိန်းပေးပြီး ဒေသခံနိုင်ငံရေးသမားတွေက ဌားရမ်းခဲ့တာ ဖြစ်သလို ဌားရမ်းတဲ့ နိုင်ငံရေးသမားကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ နိုဝင်ဘာ ၁၉ ရက် ခွန်ကန် ခရိုင်ခန်းမမှာမိန့်ခွန်းပြောကြားနေတဲ့ ၀န်ကြီးချုပ်ကို ကျောင်းသားတွေက ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ By ဒီဗွီဘီ http://ift.tt/1vHFpA8 ဓာတ်ပုံ – ဘန်ကောက်ပို့စ် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1y6emNh

မန်းချောင်း ဆည်တမံနဲ့ အိုးအိမ်ပြောင်းရွှေ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ မန်းချောင်းဆည်တမံ တည်ဆောက်တာ ဆယ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် အိုးအိမ်ပြောင်းရွှေ့ပေးခဲ့ရ တဲ့ ဒေသခံတွေ ခုထိ နေသားတကျ မဖြစ်ကြသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tF3jrV