Skip to main content

Posts

Showing posts from March 26, 2014
စာကြည့်တိုက်များတွင် တိုင်းရင်းသားဘာသာစကား စာအုပ်များ ထားရှိနိုင်ရေးဆောင်ရွက်မည် myanmar.mmtimes.com မြန်မာနိုင်ငံအနှံ့အပြားရှိစာကြည့်တိုက်များတွင် တိုင်းရင်းသား ဘာသာစကားဖြင့် စာအုပ်စာပေများ ထားရှိနိုင်ရေး နှင့် တိုင်းရင်းသားဘာသာစကားဖြင့်ရေးသားထားသော စာကြည့်တိုက်များ ပေါ်ထွန်း လာရေးအတွက် ပြည်နယ်စာပေ ၊ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက် သွားကြ မည်ဖြစ်ပြီး ဒီဂျစ်တယ် စနစ်အသုံးပြုပြီး စာကြည... from The Myanmar Times's Facebook Wall http://ift.tt/1hvzRii

အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော် လျော်ကြေးရ

ရန်ကုန်၊ မတ် ၂၆ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ CPF ပုစွန်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၂၀၀ ဝန်းကျင်ကို နစ်နာကြေး ဘတ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆သန်း) ပေး၍ အလုပ်ထုတ်လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ from Voice http://ift.tt/1fmdbR8

နိုင်ငံခြားဘဏ်များကို အရေအတွက် ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟုဆို

ရန်ကုန်၊ မတ် ၂၆ပြည်တွင်းတွင် နိုင်ငံခြားဘဏ် လုပ်ငန်းများ အပြည့်အဝ လုပ်ကိုင်ခွင့်ပြုရာတွင် လက်ရှိ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ထားသည့် ဘဏ်များအနက်မှ ရွေးချယ် ကောက်နုတ် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1gsDzwO

အစိုးရ၏ မပြတ်မသား ဖြေဆိုမှုများကို လွှတ်တော် အခွင့်အရေး ကော်မတီ အဖြေရှာ တင်ပြရန် သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ မတ် ၂၆လွှတ်တော်အတွင်း မေးမြန်းသော မေးခွန်းများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ဖြေဆိုရာတွင် ဝေ့လည်ကြောင်ပတ် မပြတ်မသား ဖြေဆိုနေမှုများ ရှိနေသောကြောင့် လွှတ်တော် အခွင့်အရေး ကော်မတီမှ အဖြေရှာပြီး လာမည့် ဒသမအကြိမ် လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ from Voice http://ift.tt/1fmd8Vh

အခြေခံဥပဒေ အခန်း (၁၂) ပြင်ဆင်ရေး မြို့ကြီး သုံးမြို့တွင် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်း၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် မွန်ပြည်နယ် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူများက ပြောကြားသည်။ from Voice http://ift.tt/1gsDwBh

NLD နှင့် ကြံ့ခိုင်ရေး နိုင်ငံရေး ပူးပေါင်း လုပ်ဆောင်မည်ဟု ပါတီဥက္ကဋ္ဌ နှစ်ဦး ပြောကြား

နေပြည်တော်၊ မတ် ၂၆လွှတ်တော်အတွင်း နေရာအများဆုံး အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနှင့် လူထုထောက်ခံမှု အများဆုံး ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ နိုင်ငံရေးတွင် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီများ၏ ဥက္ကဋ္ဌ နှစ်ဦးက ပြောကြားသည်။ from Voice http://ift.tt/1gsDwB3

၆၉နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီ...

၆၉နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်ရေးပြကွင်းတွင် ယနေ့ (မတ်လ ၂၇ရက်) နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ- ခင်မောင်ဝင်း(အေပီ) ၆၉နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pa2Y0C
from Popular Myanmar News Journal's Facebook Wall http://ift.tt/1du7PIb

တပ်မတော်နေ့ဂုဏ်ပြု သမိုင်းမှတ်တမ်းပုံရိပ် --------------------------- တပ်မတော်ဖခ...

တပ်မတော်နေ့ဂုဏ်ပြု သမိုင်းမှတ်တမ်းပုံရိပ် --------------------------- တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တပ်ကိုစစ်ဆေးနေစဉ် from Popular Myanmar News Journal's Facebook Wall http://ift.tt/1du7Pry

၆၉နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား

၆၉နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား from Popular Myanmar News Journal's Facebook Wall http://ift.tt/P4mXkb

၆၉နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တ...

၆၉နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်ရေးပြကွင်းတွင် ယနေ့ (မတ်လ ၂၇ရက်) နံနက်ပိုင်းက ကျင်းပစဉ်။ (ဓာတ်ပုံ- ဝင်းကိုလတ်) ၆၉နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကျင်းပ ၆၉နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်ရေးပြကွင်းတွင် ယနေ့ (မတ်လ ၂၇ရက်) နံနက်ပိုင်းက ကျင်းပစဉ်။ (ဓာတ်ပုံ- ဝင်းကိုလတ်) from Mizzima - News in Burmese's Facebook Wall http://ift.tt/Qin0di

အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော်ေ...

အလုပ်ဖြုတ်ခံရသော ထိုင်းရောက် မြန်မာလုပ်သား တစ်ထောင်ကျော် ကန်ဒေါ်လာ တစ်သန်းကျော် လျော်ကြေးရ ရန်ကုန်၊ မတ် ၂၆ ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ CPF ပုစွန်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၂၀၀ ဝန်းကျင်ကို နစ်နာကြေး ဘတ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆သန်း) ပေး၍ အလုပ်ထုတ်လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ ပုစွန်လုပ်ငန်း အဆင်မပြေသဖြင့် လုပ်သားအင်အား လျှော့ချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာလုပ်သား ၆၀ ကျော်နှင့် ဖေဖော်ဝါရီတို့တွင် ၇၅ ဦးတို့မှာ နစ်နာကြေး မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။ နစ်နားကြေး ပေးလျော်မှုအရ လုပ်သားများသည် အနည်းဆုံး ဘတ် ၃၀၀၀၀ မှ အများဆုံး ဘတ် ၉၀၀၀၀ အထိ ရရှိကြမည် ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။ “ကုမ္ပဏီတစ်ခုကနေ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ဥပဒေအရ နစ်နာကြေး အပြည့်အဝ ပေးရတာ ထိုင်းနိုင်ငံမှာ ဒါပထမဆုံးပဲ” ဟု ဦးအောင်ကျော်က ရှင်းပြသည်။ လုပ်သားများကို နစ်နာကြေး မပေးဘဲ အလုပ်ဖြုတ်ပါက ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် အလုပ်ရှင်၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ
ကားလိုင်စင်ဝင်ပေးမည်ဟုပြောဆိုကာ ၀န်ထမ်းအယောင်ဆောင် လိမ်လည်ခဲ့ myanmar.mmtimes.com လိုင်စင်ဝင်ပေးမည်ဟုပြောဆိုကာ ငွေနှင့်စာရွက်စာတမ်းများကို ၀န်ထမ်းအယောင်ဆောင် လိမ်လည်ခဲ့သည် ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၂၅ ရက် နေ့က မှော်ဘီမြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ from The Myanmar Times's Facebook Wall http://ift.tt/1jNRfRO

ယူကရိန်းနှင့် NATO ပူးတွဲစစ်ရေးလေ့ကျင့်ရန် သမ္မတက ပါလီမန်ကို အဆိုတင်သွင်း

ကိယက်ဗ်၊ မတ် ၂၆ကရိုင်းမီးယား အရေးအခင်းအတွက် ရုရှားနှင့် စစ်ရေးတင်းမာမှု ဖြစ်ပေါ်လျက်ရှိသော ယူကရိန်းနိုင်ငံ၏ သမ္မတအိုလက်ခ်ဆန်ဒါ တာချီနော့ဗ်က ယူကရိန်းနှင့် NATO တို့ ပူးတွဲစစ်ရေး လေ့ကျင့်ရန်အတွက် ပါလီမန် ခွင့်ပြုချက် ရရှိရန် အဆိုတင်သွင်းထားကြောင်း IB Times သတင်းတစ်ရပ်က ဖော်ပြထားသည်။ from Voice http://ift.tt/1du4kBm

SNLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ရန်ကုန်၊ မတ် ၂၆နိုင်ငံရေးပါတီ တည်ထောင်ထားသော်လည်း ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောဆိုထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပေးမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီညီလာခံက ဆုံးဖြတ်လိုက်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1du4kkV

ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် လူပေါင်းတစ်ထောင်ကျော် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနက ရေးသား ဖော်ပြချက်ကို ကန့်ကွက်သည့် အနေနှင့် လူပေါင်း တစ်ထောင်ကျော်က မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မတ်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။ from Voice http://ift.tt/P4fuBx

အခြေခံဥပဒေ ပြင်ဆင်ရာတွင် အခန်း (၁၂) ကိုလိုက်နာရန် လွှတ်တော် ကိုယ်စားလှယ်များကို သမ္မတ တိုက်တွန်း

ရန်ကုန်၊ မတ် ၂၆ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၀၈ အခြေခံ ဥပဒေပါ အခန်း (၁၂) အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းရှိ ပြဋ္ဌာန်းချက်များကို လိုက်နာရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားသည်။ from Voice http://ift.tt/1rDwXjI

အင်ဒိုဘိလပ်မြေ ကုမ္ပဏီ ဇွန်လအတွင်း ပြည်တွင်းလုပ်ငန်းများ စတင်နိုင်ရန် ရည်မှန်း ရ...

အင်ဒိုဘိလပ်မြေ ကုမ္ပဏီ ဇွန်လအတွင်း ပြည်တွင်းလုပ်ငန်းများ စတင်နိုင်ရန် ရည်မှန်း ရန်ကုန်၊ မတ် ၂၆ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေထုတ် ကုမ္ပဏီ PT Semen Indonesia က ဇွန်လအတွင်း ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ လုပ်ငန်း စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း ယင်းကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Mr. DwiSoetjipto က ပြောကြားသည်။ ၎င်းတို့နှင့် ပူးပေါင်းမည့် မိတ်ဖက် ကုမ္ပဏီကို ရှယ်ယာ ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ပေးသွားမည် ဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ “လက်ရှိမှာ မိတ်ဖက်ကုမ္ပဏီကို ပြည်တွင်းမှ ဘိလပ်မြေ ထုတ်လုပ်တဲ့ ကုမ္ပဏီ နှစ်ခုထဲကနေ ရွေးချယ်နေပါတယ်။ ကုမ္ပဏီ နှစ်ခုလုံးအတွက် အခွင့်အရေးကောင်း တစ်ခုပါ။ မြန်မာပြည်မှာက ဘိလပ်မြေစက်ရုံ များများစားစား မရှိဘူးလေ၊ ဒါအခွင့်အလမ်းကောင်းပါပဲ” ဟု PT Semen Indonesia ကုမ္ပဏီမှ ဘဏ္ဍာရေး အရာရှိ Ahyanizzaman က ဆိုသည်။ Semen Indonesia ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် မြေနေရာ၊ ဈေးကွက် အနေအထားနှင့် အစိုးရ အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိရန် ပြင်ဆင်နေပြီး လိုအပ်သည့် ချေးငွေမျ

နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်ေ...

နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းများ။ ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းများ။ from The Voice Weekly's Facebook Wall http://ift.tt/1gswcFD

မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသားကို ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရံ လှူဒါန်း

ရန်ကုန်၊ မတ် ၂၆မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသား ကိုဝင်းဇော်ဦးအား ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရံ လှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်မြို့ M3 စားသောက်ဆိုင်၌ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ from Voice http://ift.tt/1hvnlPB

ပြည်သူလူထု လိုလားသည့် စနစ်နောက်တွင် တပ်မတော်က ရပ်တည်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ မတ် ၂၆ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက် ရှိသည့် မြန်မာနိုင်ငံတွင် တပ်မတော်က ပြည်သူလူထု လိုလားသည့် စနစ်၏ နောက်တွင်သာ မားမားမတ်မတ် ရပ်တည်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။ from Voice http://ift.tt/1o30kws

၈၈ မျိုးဆက်ကျောင်းသား သုံးဦးကို ပခုက္ကူ ရဲစခန်း ခေတ္တဖမ်းဆီး

ပခုက္ကူ၊ မတ် ၂၆အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီးနှင့် ဒေသခံ ၈၈ မျိုးဆက် ကျောင်းသား နှစ်ဦးကို ပခုက္ကူမြို့နယ် မြို့မရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖြင့် ခေတ္တဖမ်းဆီးခဲ့ကြောင်း အဆိုပါ မြို့နယ်မှ ၈၈ မျိုးဆက်ကျောင်းသား ဦးဉာဏ်လင်းက ပြောကြားသည်။ from Voice http://ift.tt/1o30hRk

ပညာသင်ဆု ငါးရာကျော် ပါဝင်သော အိန္ဒိယ ပညာရေးပြပွဲ ပထမဆုံး ကျင်းပမည်

ရန်ကုန်၊ မတ် ၂၆မြန်မာနိုင်ငံမှ ပြည်ပ ပညာသင် သွားလိုသူများ အတွက် အိန္ဒိယ ပညာရေးပြပွဲကို ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ရာ အိန္ဒိယထိပ်တန်း တက္ကသိုလ်နှင့် ပညာရေး အဖွဲ့အစည်း ၄၀ ကျော်က ပညာသင်ဆု ငါးရာကျော် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲစီစဉ်သူ အိန္ဒိယနိုင်ငံသား Mr.Sanjay Thapa က The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1hvnkeD

နိုင်ငံခြားဘဏ်များကို အရေအတွက် ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟုဆို ရန်ကုန်၊ မတ်...

နိုင်ငံခြားဘဏ်များကို အရေအတွက် ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဟုဆို ရန်ကုန်၊ မတ် ၂၆ ပြည်တွင်းတွင် နိုင်ငံခြားဘဏ် လုပ်ငန်းများ အပြည့်အဝ လုပ်ကိုင်ခွင့်ပြုရာတွင် လက်ရှိ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ထားသည့် ဘဏ်များအနက်မှ ရွေးချယ် ကောက်နုတ် ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ နိုင်ငံခြားဘဏ် အားလုံးကို လုပ်ကိုင်ခွင့် မပြုခြင်းသည် အဆိုပါ ဘဏ်များကို ကြီးကြပ်ကွပ်ကဲရာတွင် အခက်အခဲ ဖြစ်နိုင်သည့်အတွက် အဆိုပြုလာသည့် ဘဏ်များအနက်မှ အရည်အချင်း သတ်မှတ်ချက် ပြည့်မီသော၊ ကြီးကြပ် ကွပ်ကဲရန် အဆင်ပြေနိုင်သော အရေအတွက်အထိသာ ခွင့်ပြုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “နိုင်ငံခြားဘဏ် အားလုံးကို ခွင့်ပြုမယ်ဆိုရင် ဒီမှာရှိတဲ့ လူတွေနဲ့ ကြီးကြပ်ကွပ်ကဲဖို့ ခက်ခဲနိုင်တယ်လို့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့) ကလည်း အကြံပေးတာကြောင့် အဆိုပြုသူတွေထဲက Selective ပုံစံနဲ့ ခွင့်ပြုသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။ နိုင်ငံခြားဘဏ် ၁၀ ခုခန့်အထိ ရွေးချယ်ခွင့်ပြုရန် ဆောင်ရွက်လျက် ရှိသည်ဟု ဗဟိုဘဏ် သတင်းရင်းမြစ်များကို ကိုးကား၍ Bangkok Post သတင်းစာကလည်း ရေးသားထားသည်။ “ဘဏ်
၈၈မျိုးဆက်ခေါင်းဆောင်များကို ပုဒ်မ၁၈ဖြင့် ပခုက္ကူရဲစခန်းမှ အမှုဖွင့်ခံရ myanmar.mmtimes.com ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များဖြစ်သည့် ကိုပြုံးချို၊ မနီလာသိန်း၊ မမီးမီး နှင့်ပခုက္ကူနယ်ခံ ကိုသန်းနိုင်တို့ကို ခွင့်ပြုမိန့်မရရှိဘဲ အခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒပြခဲ့သောကြောင့် ပခုက္ကူမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးဝင်းလှိုင်က မတ်လ ၂၆ရက်တွင် ပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူလိ... from The Myanmar Times's Facebook Wall http://ift.tt/1jNFCdK