Skip to main content

Posts

Showing posts from April 24, 2014

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မ...

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အိမ်ရှင်မြန်မာအသင်းသည် အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ အုပ်စုများ မဲနှိုက်ရေးဆွဲခြင်းကို AFC မှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးသမားများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးစိုးမြတ်မင်းတို့က မဲနှိုက်ပေးခဲ့ကြပြီး မြန်မာအသင်းအတွက် မဲနှိုက်ရာတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အ

တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ (ရုပ်/သံ)

ဘုတလင်မြို့နယ်က တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ဘူးလို့ စိမ်းပြာရေညှိ ထုတ်လုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး မတင်မာဆွေ DVB TV - 24.04.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1iQWcLn

ဘုတလင်မြို့နယ်က တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ဘူးလို့ စိမ...

ဘုတလင်မြို့နယ်က တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ဘူးလို့ စိမ်းပြာရေညှိ ထုတ်လုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ (ရုပ်/သံ) - သစ်ထူးလွင် (နေ့စဉ်သတင် www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mImq67

ချန်ပီယံဆုနှင့် အနီးဆုံး အနေအထားကြောင့် အသင်းသားများအားလုံး အံ့အားသင့်နေကြောင်း...

ချန်ပီယံဆုနှင့် အနီးဆုံး အနေအထားကြောင့် အသင်းသားများအားလုံး အံ့အားသင့်နေကြောင်း ဆွာရက်ဇ် ၀န်ခံ အောင်သုတ လီဗာပူးလ်၊ ဧပြီ ၂၄။ ။ ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် အနီးစပ်ဆုံးအနေအထားသို့ရောက်ရှိနေခြင်းကြောင့် အသင်းသားများအားလုံး အံ့အားသင့်နေကြကြောင်း လီဗာပူးလ်အသင်းတိုက်စစ်မှူးဆွာရက်ဇ်က ၀န်ခံပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ငွေကြေးအမြောက်အမြားသုံးစွဲကာ လူအင်အားတောင့်တင်းအောင်အားဖြည့်ထားကြသည့် အခြားပရီးမီးယား လိဂ်ပြိုင်ဖက်အသင်းများနှင့်နှိုင်းယှဉ်လျှင် ပိုမိုအားနည်းသည့်လူစာရင်းကို ပိုင်ဆိုင်ထားသော်လည်း ချန်ပီယံဆုချိန်ရွယ်နေနိုင်သည့်အနေအထားမှာ အသင်းသားများ အားလုံးကို အံ့အားသင့်စေကြောင်း ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်က ပြောသည်။ “ချန်ပီယံဆုကို ရရှိနိုင်ခဲ့မယ်ဆိုရင်တောင် အားလုံး ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတယ်ဆိုပေ မယ့်လည်း အခြားအသင်းတွေထက်စာရင် အမြင့်ဆုံးမှာရှိမနေပါဘူး။ အမှန်တကယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုကစားနေကြသ လဲဆိုတာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အံ့အားသင့်နေကြပါတယ်”ဟု ယခုနှစ်ရာသီတွင် လီဗာပူးလ်အသင်းအတွက် လိဂ်သွင်းဂို

ဖြိုးငွေစိုး၏ ဇနီး မော်ဒယ်ဇင်ဇင် သားဦးရတနာလွယ် ပန်းမြတ်ဇော် ရန်ကုန်၊ မဇ္ဈိမ။...

ဖြိုးငွေစိုး၏ ဇနီး မော်ဒယ်ဇင်ဇင် သားဦးရတနာလွယ် ပန်းမြတ်ဇော် ရန်ကုန်၊ မဇ္ဈိမ။ ။ သရုပ်ဆောင် ဖြိုးငွေစိုးနှင့် မော်ဒယ်ဇင်ဇင်တို့ သားယောင်္ကျားလေး ကိုယ်ဝန်လွယ်ထား ရပြီဟု သရုပ်ဆောင် ဖြိုးငွေစိုးက ဧပြီ၂၄ရက်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။ "ဒီနေ့ ကျွန်တော်အရမ်းပျော်နေပါတယ်။ ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ပျော်ရွှင်ခြင်းမျိုးပါ၊ မနက်က ဇင်ဇင့်ကို ဆေးခန်းသွားပြတယ်၊ ဆရာဝန်ကပြောတယ်ဗျာ၊ ယောင်္ကျားလေးတဲ့၊ တီဗီကနေလဲမြင်ခဲ့ရတယ်၊ အသည်းယားလိုက်တာဗျာ၊ ပြီးတော့ အဖေနဲ့အမေ့ကို ချက်ခြင်းသတိရမိတယ်၊ ဖုန်းဆက်ပြီးပြောပြတော့ သူတို့လည်း ပျော်နေကြတယ်ဗျာ၊ မိဘမေတ္တာဆိုတာ ဘာလဲ အခုမှသိတယ်ဗျာ၊ ကဲအဲဒါမိသားစုပဲ၊ ဘာမှမလိုတော့ဘူး သူတို့ရှိရင်ရပြီ"ဟု သရုပ်ဆောင်ဖြိုးငွေစိုးက ရေးသား ထားခြင်းဖြစ်သည်။ သရုပ်ဆောင် ဖြိုးငွေစိုး နှင့် မော်ဒယ်ဇင်ဇင် တို့သည် ၂၀၁၄ခုနှစ် ဧပြီ ၁ရက်က မြရိပ်ညို ဟိုတယ်တွင် မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ချစ်သူ သက်တမ်း ၆နှစ်ကြာခဲ့ပြီးမှ မင်္ဂလာပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်သရုပ်ဆောင် ဖြိုးငွေစိုးသည် ၎င်း၏ သားဦးအတွက် ဖေ့ဘွတ်က သူငယ်ချင်းများကို နာမည် ဝိုင်းစဉ်းစားပေးရန်လည်း ရေးသားထာ

တောင်ကြီး အတက်လမ်းတွင် ကားမီးလောင်မှုဖြစ်

တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီးသည် ဧပြီလ ၂၄ရက် ညနေ ၄နာရီ ၁၅ မိနစ်က တောင်ကြီး အတက်လမ်း 'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာ တွင် ရောက်ရှိနေသည့် တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ ကားမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။ ယာဉ်မောင်းနှင့် အတူပါသူ အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး စုံစမ်းဆဲဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ကားမီးလောင်ကျွမ်းမှုကို တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူငြိမ်းနှင့် အဖွဲ့ နှင့် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၂၅မိနစ်တွင် မီးငြိမ်းခဲ့ပြီး ယင်းကဲ့သို့ ကားမီးလောင်ကျွမ်းခြင်းကို အရေးယူရန် ဆောင်ရွက်ဆဲဖြစ်သည်ဟု ဆိုသည်။ ဂျွန်ချစ်ငြိမ်း Mizzima - News in Burmese from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1lJcrtn

ဘိုလီးဗီးယား နိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့်...

ဘိုလီးဗီးယား နိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့် အဖြစ်ကို ပိုမိုလူပြောများစေမည့် အခြေအနေမျိုး ကြုံနေရပြီ ဖြစ်သည်။ ဟာနန်ဒိုဆိုင်းလ်စ် ဘောလုံးကွင်းသည် လာပက်ဇ်မြို့တော်တွင် တည်ရှိသည်။ ယမန်နေ့ညက ကစားသော ဘောလုံးပွဲစဉ် တစ်ခုကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ ပွဲကြည့်စင်၌ လူပုံသဏ္ဍန် အရိပ်တစ်ခု ထူးခြားစွာ ပေါ်လာသည်ကို ကင်မရာ မှတ်တမ်းများ၌ တွေ့မြင်ခဲ့ရသည်။ ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1jUAqV7

“The Chosen One”စာတန်းကို မန်ယူအသင်း ဖယ်ရှား အောင်သုတ မန်ချက်စတာ၊ ဧပြီ ၂၄။...

“The Chosen One”စာတန်းကို မန်ယူအသင်း ဖယ်ရှား အောင်သုတ မန်ချက်စတာ၊ ဧပြီ ၂၄။ ။ မန်ယူအသင်းသည် အသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ၎င်း၏ရုပ်ပုံပါဝင်ကာ ၎င်းကိုရည်ညွှန်း၍ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ပွဲကြည့်စင်တွင် ချိတ်ဆွဲထားသည့် “The Chosen One” စာတန်းကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ မန်ယူအသင်းသည် ဂန္ထ၀င်နည်းပြဟောင်းဖာဂူဆန်၏ထောက်ခံမှုဖြင့် အဲဗာတန်အသင်းနည်းပြဟောင်းဒေးဗစ်မိုယက်စ်ကို အသင်းနည်းပြသစ် အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ပရိသတ်များ၏ ထောက်ခံ အားပေးမှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် ၎င်းစာတန်းကို ယခုနှစ်ရာသီအစကတည်းက ချိတ်ဆွဲထားခြင်းဖြစ်သည်။ သို့သော် မန်ယူအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ရလဒ်များတောက်လျှောက်ကျဆင်းခဲ့ကာ နည်းပြမိုယက်စ်အ နေဖြင့် မန်ယူအသင်းကို အောင်မြင်မှုရအောင် မစွမ်းဆောင် ပေးနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းကို လက်ရှိအချိန်တွင် ၀ါရင့်ကစားသမားရိုင်ယန်ဂစ်က ယာယီနည်းပြအဖြစ်ကိုင်တွယ်နေပြီး စနေနေ့တွင်ကစားမည့် နောဝှစ်ခ်ျအသင်းနှင့် ပွဲမတိုင်မီတွင် “The Chosen One”စာတန်းကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ယင်းစာတန်းချိတ်ဆွဲရန် အကုန်အကျခံထား သည့် အသင်းပရ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အသက် ၂၉ နှစ်အရွယ် Joey Polk ဆိုသူဟာ ကမ္ဘာ့...

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အသက် ၂၉ နှစ်အရွယ် Joey Polk ဆိုသူဟာ ကမ္ဘာ့စံချိန်တင် အလေးချိန် ၈၀၅ ပေါင် ရှိတဲ့ ငါးမန်းကြီးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတုန်းက Earnie ဆိုသူ ဖမ်းဆီးရရှိခဲ့တဲ့ ပေါင်ချိန် ၇၃၀ ရှိတဲ့ ငါးမန်းကြီးထက် အလေးချိန်ပိုများတာကြောင့် ကမ္ဘာ့စံချိန်သစ်ကို ထပ်တင်နိုင်ခဲ့တာပါ။ ကမ္ဘာ့စံချိန်တင် အလေးချိန်ရှိတဲ့ ငါးမန်းကြီးကို ဖမ်းမိပြီး အသားကင်လုပ်စားခဲ့သူ - သစ်ထ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1jUvpfj

ဒူဘိုင်းနိုင်ငံမှာ တည်ရှိတဲ့ ၈၂၉.၈ မီတာမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့...

ဒူဘိုင်းနိုင်ငံမှာ တည်ရှိတဲ့ ၈၂၉.၈ မီတာမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa ကနေ လူစွန့် စားနှစ်ဦးက ခုန်ချပြီး စတန့် ပြခဲ့တာပါ။ Vince Reffet နဲ့ Fred Fugen ဆိုသူနှစ်ယောက်အတွဲဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ပါဝင်ခွင့်ရဖို့ အတွက် ဒီစိန်ခေါ်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Burj Khalifa မိုးမျှော်တိုက်ရဲ့ ထိပ်ဖျားနေရာကနေ နှစ်ယောက်တွဲ အလွတ်ခုန်ချခဲ့တာဖြစ်ပြီး လေထုထဲမှာ အလှပြကွက်တစ်ချို့ ပြသခဲ့ပြီးမှ မြေပြင်ကို လေထီးနဲ့  အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးကနေ ကမ္ဘာ့စံချိန်တင်ဖို့ အတွက် အလွတ်ခုန်ချပြခဲ့တဲ့ လူစွန့် � http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1l745gG

ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲေ...

ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီးသည် ဧပြီလ ၂၄ရက် ညနေ ၄နာရီ ၁၅ မိနစ်က တောင်ကြီး အတက်လမ်း 'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာ တွင် ရောက်ရှိနေသည့် တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ တောင်ကြီး အတက်လမ်းတွင် ကားမီးလောင်မှုဖြစ် - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1l7464i

BNF 67 PDF | March - Sept, 2014 | 8.5 MB Download link => http://www.mediafire....

BNF 67 PDF | March - Sept, 2014 | 8.5 MB Download link => http://ift.tt/1icsC3o (Credit to Kyi Phyo Htet) BNF 66 (Android application) APK | Sept, 2013 - March, 2014 | 19 MB Download link => http://ift.tt/1gTEUJJ from Myanmar Medical Community's Facebook Wall http://ift.tt/1gTEV01

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထား ၀န်ထမ်း တစ်ဦ...

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထား ၀န်ထမ်း တစ်ဦးမှ မြန်အောင်မြို့နယ်၊ ရိုးဖျား ကျေးရွာမှ ကြံခင်းမှ ဟင်္သာတသို့ ထွက်လာသော လော်ကယ်ရထား ဖြင့် စီးနင်းလိုက်ပါလာသည့် အမျိုးသမီး တစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတရထားရဲစခန်းသို့ လာရောက်တိုင်ကြား ထားကြောင်း အဆိုပါ စခန်းမှ စုံစမ်းသိရှိရသည်။ ရထားစီး ခရီးသည် အမျိုးသမီးကို ရထားဝန်ထမ်းမှ သားမယားအဖြစ် အဓမ်္မပြုကျင့် - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iig99t

ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာ အုပ်စု၊ ပွင့်တကောင်းကျေ...

ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာ အုပ်စု၊ ပွင့်တကောင်းကျေးရွာ အနီးရှိ ရွှေအင်ဒုံစား ကျက်မြေ ပေါ်၌ သင်္ကြန်အတက်နေ့ ဧပြီ လ ၁၆ ရက်နေ့က အမျိုးသမီး နှစ်ဦးအဓမ်္မပြုကျင့် ခံရပြီး တစ် ဦး အသတ်ခံခဲ့ရကြောင်း ဒေသ ခံများထံမှ သိရှိရသည်။ အဆိုပါ အမျိုးသမီး နှစ်ဦးမှာ ဇင်မာဌေး ၁၆ နှစ် (သေဆုံးသူ)နဲ့ သီသီနွယ်(ခ)မိပု အသက် ၁၄ ဖြစ်ပြီး သင်္ကြန် အတက်နေ့က ရွှေအင်ဒုံကျေးရွာ သက်ကြီးပူဇော်ပွဲရှိ၍ ရေကစား ရန် သူငယ်ချင်းများနဲ့ ချိန်းထား သဖြင့်အိမ်မှထွက်လာခဲ့ရာ သက် ကြီးပူဇော်ပွဲနေရာအနီးအရောက် အသိအမျိုးသားတစ်ဦးမှ ဆိုင် ကယ်နှင့်ရောက်ရှိလာပြီး ဒိုက်ဦး ဘက်မှာ ရေကစားမဏ္ဍပ်ရှိ ကြောင်းပြောကာ လိမ်လည်ခေါ် ဆောင်ကာ အဓမ်္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ အရွယ်မရောက်သေးသည့်အမျိုးသမီးနှစ်ဦးကို ၃ ကြိမ် အဓမ်္မပြုကျင့်သတ်ဖြတ်သူကို အရေးယူပြီ - www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nrqnwb

၄၈ လမ်းဗလီ မီးလောင်မှု ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှု၏ တရားခ...

၄၈ လမ်းဗလီ မီးလောင်မှု ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှု၏ တရားခံအဖြစ် တနှစ်ကျော်ကြာ တရား ရင်ဆိုင်နေရသည့် ဗလီဆရာနှစ်ဦးကို ထောင်ဒဏ် ၈ နှစ်စီ ကျခံစေရန် ဗိုလ်တထောင်မြို့နယ် တရားရုံးက ၂၀၁၄ ခုနှစ် ဧပြီလ ၂၄ ရက် ညနေပိုင်းက အမိန့်ချမှတ်လိုက်သည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ) 48 ဗလီမီးလောင်မှု တရားခံများဖြစ်သော ကိုဇေယျာဖြိုးနှင့် ခင်မောင်အေးတို့ကို မီးပေါ့ဆမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅(ခ) အတွက် ထောင်ဒဏ် ၂နှစ် နှင့် လူသေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) အတွက် ထောင်ဒဏ် ၆ နှစ်တို့ကို သီးခြားစီ ကျခံစေခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pt3wCb

လီဗာပူးလ်နှင့် ပွဲစဉ်တွင် အားနည်းသည့် လူစာရင်း အသုံးပြုခဲ့ပါကလည်း ချယ်လ်ဆီးအရေးယ...

လီဗာပူးလ်နှင့် ပွဲစဉ်တွင် အားနည်းသည့် လူစာရင်း အသုံးပြုခဲ့ပါကလည်း ချယ်လ်ဆီးအရေးယူခံရဖွယ်မရှိ ဝေဘုန်းလူ လာမည့်တနင်္ဂနွေနေ့တွင် လီဗာပူးလ်နှင့်ရင်ဆိုင်ရမည့်ပွဲ၌ ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက အားနည်းသည့် လူစာရင်းဖြင့်ရင်ဆိုင်လာခဲ့ပါကလည်း အရေးယူအပြစ်ခံရနိုင်ဖွယ်မရှိကြောင်း ဘီဘီစီသတင်းဌာနက သုံးသပ်ခဲ့ သည်။ အလားတူအပြုအမူမျိုးအတွက် ဘလက်ပူးအသင်းမှာ ၂၀၁၁ ခုနှစ်တွင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ပရီးမီးယားလိဂ်စည်းမျဉ်များကို ဖြေလျှော့ခဲ့ပြီးဖြစ်ပြီးဖြစ်ကာ ကစားသမား ၂၅ ဦးစားရင်း၌လူငယ်ကစားသမား များပါဝင်ခြင်းမရှိမှသာ အရေးယူခံရနိုင်သည့်အနေအထားသို့ပြောင်းလဲသွားသည်။ ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် အက်သလက်တီကိုနှင့်ကစားရမည့် ချန်ပီယံလိဂ်ဆီမီးဒု-ကျော့မှာ ဦးစားပေးပွဲစဉ်ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားထားသည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားရန်ကျန်နေ သေးချိန်တွင် ၂၀၁၀ ခုနှစ်ချန်ပီယံချယ်လ်ဆီးအသင်းမှာ ဇယားထိပ်က လီဗာပူးလ်အောက် ၅ မှတ်အကွာ၊ တစ်ပွဲလျော့ မန်စီးတီးထက် တစ်မှတ်အသာဖြင့် ဒုတိယနေရာ၍ ရပ်တည်နေသည်။ အက်သလက်တီကိုနှင့်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်ရမည့် ကွင်းလယ်ကစားသမား လမ်းပတ်နှင့် မီခေးလ်တို့မှာ လီဗာပူးလ်နှင့်

ဦးဝင်းတင်အတွက် ဖြူးတွင် ဆွမ်းသွတ်တရားတော်နာ ပြုလုပ်မည် သက်အောင် ဖြူး၊ မဇ္ဈိမ။...

ဦးဝင်းတင်အတွက် ဖြူးတွင် ဆွမ်းသွတ်တရားတော်နာ ပြုလုပ်မည် သက်အောင် ဖြူး၊ မဇ္ဈိမ။ ။ ၂၀၁၄ခုနှစ်၊ ဧပြီလ ၂၁ရက်က ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ရည်စူး၍ ဖြူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဧပြီလ ၂၅ရက်နေ့၌ ဆွမ်းသွတ် တရားတော်နာ ပြုလုပ်သွားမည်ဟု ဖြူးမြို့နယ် ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၇၃)အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကို ဖိတ်ကြားထားပြီး ဖြစ်သည်။ ဆရာကြီး ဦးဝင်းတင်၏ နောက်ဆုံးခရီးစဉ်ကို လိုက်မပို့နိုင်ခဲ့သည့် နယ်ကပါတီဝင်များအတွက် ယခုကဲ့သို့ နယ်ပါတီဝင်များအားလုံး၊ ဆရာကြီးကို ချစ်သည့် ပြည်သူများ စုပေါင်းကာ ဆွမ်းသွတ်တရားနာ ပြုလုပ်ပေးပြီး ဆရာကြီး ကောင်းရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း အမျှအတမ်းပေးဝေသွားမည်ဟု ဦးသန်းညွန့်က ပြောသည်။ ဆရာကြီးအတွက် အလှူငွေများ ရရှိခဲ့ပါကလည်း ဦးဝင်းတင် ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဟု ဦးသန်းညွန့်က ဆက်လက်ပြောကြားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pt3tGv

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခန်းမြို့၊ ပြည်သူ့စစ် ပန်ဆေးဦးကျော်မြင့်ပိုင်တဲ့...

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခန်းမြို့၊ ပြည်သူ့စစ် ပန်ဆေးဦးကျော်မြင့်ပိုင်တဲ့ ၈၈၈ စီးကရက် စက်ရုံဝင်းမှာ ဧပြီ ၂၃ ရက် ည ၁၉း၄၅ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါ တယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ နမ့်ခန်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းဆိုင်ဝမ်း က ပြောပါတယ်။ “ပန်ဆေး ကျော်မြင့်တို့လုပ်တဲ့ စီးကရက်ရုံ လို့ပဲ ခေါ်ကြတာပေါ့။ ထိခိုက်မှုကတော့ ရဲမှူးပြောတာကတော့ ထိတော့ ထိတယ်တဲ့။ ဆေးရုံမှာ တက်နေတယ်တဲ့။ ဘယ်နှယောက်လဲတော့ မသိဘူး။ မြို့ထဲမှာ လုံခြုံရေးကတော့ ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စောင့်ပေးဖို့။ မြို့ထဲမှာ ဗုံးမပေါက်ဖို့ သူတို့ တာဝန်ယူပေးလာတယ်။” နမ့်ခန်းမြို့တွင် ဗုံးပေါက်ကွဲ၊ တိုက်ပွဲများဖြစ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/ROkf4p

ဟံသာဝတီဦးဝင်းတင်နှင့် ထောင်ထဲတွင် အတူနေခဲ့သည့် အေးနေ၀င်း၏ အမှတ်တရစကား

ချစ်စရာကောင်းသော အဘိုးကြီး တစ်ယောက် ထောင်ထဲတွင် ကျွန်တော်နှင့် ညီအလတ်ကိုကျော်တို့ တည်းခိုခဲ့စဉ် ညီအငယ်ဆုံး ကိုဇွဲထံ သို့ စာအုပ်တစ်အုပ် လက်ဆောင်ရောက်လာသည်။ ညီအစ်ကို သုံးယောက်စလုံး အတွက် လက်ဆောင်ပေး လာသော စာအုပ်ဖြစ်၏။ ကိုဇွဲနှင့် ညီအစ်ကိုများ-သို့ စာရေးသူထံမှ ဟံသာဝတီဦးဝင်းတင် ၂၆-၃-၂ဝ၁၃ ဟူ၍ ရေးထိုးထားသည်။ အဘဦးဝင်းတင်က ကျွန်တော်တို့ မတိုင်ခင် လွတ်နှင့်နေပြီမို့ ထောင် အကြောင်းရေးထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်းရေး ထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်း အမှတ်တရ တွေ့ခဲ့ပုံလေးများ ထည့်ရေးထားသဖြင့် ဖတ်စေ ချင်လို့ဟု ဆိုသည်။ မနေ့က အလွမ်းပြေပြန်ဖတ်မိ လိုက်တော့ ဆို့နင့်မှု တစ်ခုကို ခံစား လိုက်ရသည်။ ဦးဝင်းတင် ပြန်ကြားရေး ဌာနတွင် အရာရှိကြီးတစ်ဦး အဖြစ် မန္တလေး ၌ တာဝန်ကျစဉ်က ကျွန်တော်တို့အဘိုးက နန်းတော်ထဲသို့ဖိတ်ကာ ထမင်း ကျွေးရင်း စကားစမြည် ပြောကြကြောင်းကို လူတော်တော်များများ သိသည်။ လူသိနည်းသည်မှာ တစ်ခါက ဦးဝင်းတင်သည် အစိုးရတာဝန်တစ်ခု ဖြင့် လန်ဒန်မြို့သို့ ရောက်နေတုန်း ကျွန်တော်တို့ မိသားစုကလည်း ခရီးစဉ်တစ်ခုနှင့် ရောက်သွားသည်။ လန်ဒန်တွင် မြန်မာအရာရှိများ ခရီး ထွက်လာသည့်အခ

မြ၀တီမြို့တွင်(D.K.B.A) ၀တ်စုံများဝတ်၍ ရမ်းကားခဲ့ကြသည့် မွတ်စလင်များ ကိစ္စ ဗိုလ်မှူးကြီးစောစန်းအောင် ရှင်းလင်း

အတွဲ(၈)၊ အမှတ်(၄၄)၊ News Watch ဂျာနယ် မျက်နှာဖုံး တွင်ပါ ရှိခဲ့သည့် “D.K.B.A ပြောက်ကျား ဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကြီး ဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား” သတင်းနှင့် ပတ်သက်၍ (D.K.B.A) တပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောစန်းအောင်က ကျောက်ခက်ကျေးရွာတွင် ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းက အောက်ပါအတိုင်း ရှင်းလင်း ပြောကြား ခဲ့သည်။ ''ကျွန်တော်တို့ တပ်ဖွဲ့က အောက်လက်ငယ်သားတချို့ကို မွတ်စလင်တချို့ က ငွေပေးပေါင်းတယ်။ ပြီးတော့ (D.K.B.A)တံဆိပ်ပါ ၀တ်စုံတွေဝတ်ပြီး ကျွန်တော်တို့ အထက်လူကြီးတွေ မသိအောင် တရားမ၀င်စီးပွားရေးတွေလုပ်တယ်။ တရားမ၀င်စီးပွားရေးဆိုတာက ဥပမာ- လိုင်စင်မဲ့ကားတစ်စီးကို (D.K.B.A) တပ်မတော်ကဆိုပြီး မြ၀တီမြို့ကနေ တခြားမြို့တွေကို ယူဆောင်ပြီး ရောင်းစားကြတာပေါ့။ ဒီတော့ (D.K.B.A) တပ်ဖွဲ့ ၀င်တချို့ကို ငွေပေးပြီးလုပ်စားကြတာပေါ့။ ဒီတော့ အောက်လက်က တပ်သားတွေနဲ့ ရင်းနှီးနေကြတယ်။ နောက်ပြဿနာတစ်စုံ တစ်ရာဖြစ်ရင် သူတို့ကိုယ်တိုင် သူတို့ရှာကြံထားတဲ့ (D.K.B.A) ၀တ်စုံတွေဝတ်ပြီး ရင်းနှီးတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်ငယ်သားတွေကိုခေါ်သွားပြီး ရှင်းကြတာပေါ့။” “အမှန်