Skip to main content

မြ၀တီမြို့တွင်(D.K.B.A) ၀တ်စုံများဝတ်၍ ရမ်းကားခဲ့ကြသည့် မွတ်စလင်များ ကိစ္စ ဗိုလ်မှူးကြီးစောစန်းအောင် ရှင်းလင်း





အတွဲ(၈)၊ အမှတ်(၄၄)၊ News Watch ဂျာနယ် မျက်နှာဖုံး တွင်ပါ ရှိခဲ့သည့် “D.K.B.A ပြောက်ကျား ဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကြီး ဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား” သတင်းနှင့် ပတ်သက်၍ (D.K.B.A) တပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောစန်းအောင်က ကျောက်ခက်ကျေးရွာတွင် ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းက အောက်ပါအတိုင်း ရှင်းလင်း ပြောကြား ခဲ့သည်။

''ကျွန်တော်တို့ တပ်ဖွဲ့က အောက်လက်ငယ်သားတချို့ကို မွတ်စလင်တချို့ က ငွေပေးပေါင်းတယ်။ ပြီးတော့ (D.K.B.A)တံဆိပ်ပါ ၀တ်စုံတွေဝတ်ပြီး ကျွန်တော်တို့ အထက်လူကြီးတွေ မသိအောင် တရားမ၀င်စီးပွားရေးတွေလုပ်တယ်။ တရားမ၀င်စီးပွားရေးဆိုတာက ဥပမာ- လိုင်စင်မဲ့ကားတစ်စီးကို (D.K.B.A) တပ်မတော်ကဆိုပြီး မြ၀တီမြို့ကနေ တခြားမြို့တွေကို ယူဆောင်ပြီး ရောင်းစားကြတာပေါ့။


ဒီတော့ (D.K.B.A) တပ်ဖွဲ့ ၀င်တချို့ကို ငွေပေးပြီးလုပ်စားကြတာပေါ့။ ဒီတော့ အောက်လက်က တပ်သားတွေနဲ့ ရင်းနှီးနေကြတယ်။ နောက်ပြဿနာတစ်စုံ တစ်ရာဖြစ်ရင် သူတို့ကိုယ်တိုင် သူတို့ရှာကြံထားတဲ့ (D.K.B.A) ၀တ်စုံတွေဝတ်ပြီး ရင်းနှီးတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်ငယ်သားတွေကိုခေါ်သွားပြီး ရှင်းကြတာပေါ့။”


“အမှန်တော့ မလုပ်သင့်တဲ့ကိစ္စပါ။ ကျွန်တော်တို့ (D.K.B.A) တပ်မတော်မှာ မွတ်စလင် တွေကို သင်တန်းပေးပြီး တပ်ဖွဲ့ဝင်တွေ အဖြစ် ခန့်အပ်ထားတာမရှိပါဘူး။ မွတ်စလင်တပ်ဖွဲ့ဝင်တွေ (D.K.B.A) တပ်မတော်မှာ ဆရာတို့တွေ့ဖူးလို့လား။


နောက်ပြီး ကျွန်တော်တို့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်က (D.K.B.A) ဆိုတာ ပြည်သူ့အကျိုးပြုတပ်မတော်ပဲဖြစ် ရမယ်၊ ပြည်သူ့အကျိုးတွေကိုပဲ ဆောင်ရွက်ရမယ်၊ ပြည်သူတွေကို အနိုင်မကျင့်ရဘူးဆိုပြီး အမိန့်ပေးလမ်းညွှန်ထားတယ်။ ဒီတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ အောက်လက်က တပ်ဖွဲ့ဝင်တွေကို ကျွန်တော်အရေးယူသွားမှာ ဖြစ်တယ်။


နောင်ကိုလည်း ပြည်သူအပေါ် အနိုင်ကျင့်တဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ မဖြစ်အောင် တပ်ဖွဲ့ဝင်တွေကို ကျွန်တော်အမိန့် ပေးထားတယ်။ ဖြစ်ရင်လည်း ထိရောက်စွာ အရေးယူသွားမယ်'' ဟု ရှင်းလင်းပြော ကြားသည်။


သက်ဦးနိုင်(မြ၀တီ)


News Watch(စောင့်ကြည့်သတင်းဂျာနယ်)









from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1l6Q42p

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...