Skip to main content

Posts

Showing posts from March 29, 2014

ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း ကောက်ယူမည် မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင...

ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း ကောက်ယူမည် မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား ရန်ကုန်၊ မတ် ၂၉ မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံး ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ဆိုလျှင် ထည့်သွင်းကောက်ယူသွားမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ သန်းခေါင်စာရင်း သပိတ်မှောက်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် မတ်လ ၂၉ ရက်နေ့က စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ဦးခင်ရီက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီဟု မဖြေဆိုဘဲ ရိုဟင်ဂျာဟု ဖြေဆိုပါက ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ပြောဆိုသော်လည်း ပြည်ထောင်စုအစိုးရနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်တို့က တရားဝင် သတင်းထုတ်ပြန်ခြင်း၊ တရားဝင် စာထုတ်ပြန်ခြင်း မရှိသဖြင့် သန်းခေါင်စာရင်းကို ဆက်လက် သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေ

ယူကရိန်းအရေးဆွေးနွေးရန် အိုဘားမားကို ပူတင်ဖုန်းခေါ် မော်စကို၊ မတ် ၂၉ ယူကရိန်း ပ...

ယူကရိန်းအရေးဆွေးနွေးရန် အိုဘားမားကို ပူတင်ဖုန်းခေါ် မော်စကို၊ မတ် ၂၉ ယူကရိန်း ပဋိပက္ခကို သံတမန် နည်းလမ်း အသုံးပြုဖြေရှင်းရန် အမေရိကန်နိုင်ငံက တိုက်တွန်းထားခြင်းကို ဆွေးနွေးနိုင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားထံ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ယူကရိန်းပိုင် ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အပြင်းအထန် ဆန့်ကျင်ခဲ့ပြီး အဆိုပါ ပဋိပက္ခကို မည်ကဲ့သို့ တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရုရှားသမ္မတ ပူတင်က အကြံပြု တင်ပြခဲ့သည်။ နာရီနှင့်ချီ ကြာမြင့်သည့် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုတွင် ယူကရိန်း နယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ တိုးမြှင့် တပ်စွဲထားခြင်းကို ရှောင်ရှားရန် အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ ပူတင်ကို တိုက်တွန်းလိုက်သည်။ ရုရှား-ယူကရိန်း နယ်ခြားဒေသတွင် ရုရှားတပ်ဖွဲ့ဝင် ၄၀,၀၀၀ အထိ ရောက်ရှိနေကြောင်း အမေရိကန် ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။ “အမေရိကန် ပြည်ထောင်စုက တင်းမာမှု လျော့ကျသွားရေး ရည်ရွယ်ပြီး သံတမန်ရေးရာ နည်းလမ်းကို ဆက်

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား...

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်ကာ ပြည်သူအင်းအား ၃ဝဝ ကျော်က မတ်လ ၂၉ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- စည်သူမောင်မောင်) မြောင်းမြတွင် ဖွဲ့စည်းပုံပြင်ရန် ဆန္ဒထုတ်ဖော် from Mizzima - News in Burmese's Facebook Wall http://ift.tt/1k9DZXZ

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား...

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်ကာ ပြည်သူအင်းအား ၃ဝဝ ကျော်က မတ်လ ၂၉ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- စည်သူမောင်မောင်) မြောင်းမြတွင် ဖွဲ့စည်းပုံပြင်ရန် ဆန္ဒထုတ်ဖော် from Mizzima - News in Burmese's Facebook Wall http://ift.tt/1dG77HY

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် အခြေခ...

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် အခြေခံလူတန်းစား တစ်ရပ်ပါဝင်စေရန် The Elders အဖွဲ့ တိုက်တွန်း ဖနိဒါ ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အခြေခံ လူတန်းစားများ၏ ပါဝင်မှု အခန်းကဏ္ဍ တစ်ရပ်ရှိရမည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဘများအဖွဲ့(The Elders)က မတ်လ ၂၄မှ ၂၈ရက်ထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ခရီးစဉ်အတွင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ဆယ်စုနှစ်ပေါင်းများစွာရှိနေသည့် အချင်းချင်း ယုံကြည်မှုကင်းမဲ့ခြင်းအား ကျော်လွှားရန်နှင့် မြန်မာနိုင်ငံ လူဦးရေအတွင်းရှိ ကွဲပြားမှု အမျိုးမျိုးနှင့် ပင်ကိုယ်စွမ်းရည်များအား ထင်ဟပ်စေရန် မြန်မာအစိုးရအနေဖြင့် လူအများပူးပေါင်းပါဝင်မှု ပိုမိုကြီးမားလာစေရေး ကြိုးပမ်းအားထုတ်ရန် ကြေငြာချက်တွင် တိုက်တွန်းထားသည်။ “ရေရှည်ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီကျပါဝင်မှုမှာလည်း လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ပဋိပက္ခများမှာ ဒီမိုကရေစီအားနည်းစေခြင်း၊ ရပ်တန့်စေခြင်းများ ဖြစ်ပေါ်စေလေ့ရှိသော်လည်း နိုငင့တစ်ဝှမ်း သဘောတူညီမှု ရရှိရေးအတွက် စီမံထားသည့် ဒီမိုကရေစီအဖွဲ့အစည

ယူကရိန်းအရေးဆွေးနွေးရန် အိုဘားမားကို ပူတင်ဖုန်းခေါ်

မော်စကို၊ မတ် ၂၉ယူကရိန်း ပဋိပက္ခကို သံတမန် နည်းလမ်း အသုံးပြုဖြေရှင်းရန် အမေရိကန်နိုင်ငံက တိုက်တွန်းထားခြင်းကို ဆွေးနွေးနိုင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားထံ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ from Voice http://ift.tt/1odkdRt

နယူးယောက်တွင် မြန်မာအစိုးရနှင့် ပုဂ္ဂလိက အကြီးတန်းအရာရှိ ၂၀ ကို ခေါင်းဆောင်မှု သင်တန်းပေး

ရန်ကုန်၊ မတ် ၂၉မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့နှင့် စီးပွားရေး နယ်ပယ်မှ အရာရှိ ၂၀ ဦးကို နယူးယောက်မြို့တွင် GE ကုမ္ပဏီ ယခုလဆန်းပိုင်းအတွင်း ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း ပေးခဲ့ကြောင်း GE ၏ အာဆီယံဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Stuart Dean က ပြောကြားသည်။ from Voice http://ift.tt/1iNiyfP

ကြယ်ငါးပွင့်အဆင့်ရှိ Rose Garden ဟိုတယ် အကြိုဖွင့်လှစ် ရန်ကုန်၊ မတ်၂၉ ဟိုတယ် လ...

ကြယ်ငါးပွင့်အဆင့်ရှိ Rose Garden ဟိုတယ် အကြိုဖွင့်လှစ် ရန်ကုန်၊ မတ်၂၉ ဟိုတယ် လိုအပ်ချက် ရှိနေဆဲ ဖြစ်သော ရန်ကုန်မြို့တော်တွင် ဟောင်ကောင် အခြေစိုက် Emerald Development ကုမ္ပဏီ ပိုင်ဆိုင်သည့် ကြယ်ငါးပွင့် အဆင့်ရှိ Rose Garden ဟိုတယ် အကြိုဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်နေ့တွင် အဆိုပါဟိုတယ် တည်ရှိရာ အထက်ပန်းဆိုးတန်းတွင် ပြုလုပ်ခဲ့သည်။ Rose Garden ဟိုတယ်သည် အကြိုဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် Superior နှင့် Bamboo Deluxe အမျိုးအစား နှစ်မျိုးဖြင့် တည်းခိုနိုင်မည် ဖြစ်ပြီး အခန်းပေါင်း ၁၀၀ ကို တည်းခိုနိုင်ပြီ ဖြစ်ကြောင်း၊ ဟိုတယ်၏ လုံခြုံရေး အတွက် အီလက်ထရွန်နစ် ကတ်စနစ်အပြင် ထပ်ဆင့် တံခါးပိတ်နိုင်မည့် စနစ်ကိုပါ အသုံးပြုထားကြောင်း အဆိုပါဟိုတယ် အရောင်းမန်နေဂျာ ဦးဇော်ဝင်းထွန်းက ပြောကြားသည်။ “အခန်းတွေကို မြန်မာမှုလည်းပြု ခေတ်လည်းဆန်အောင် လုပ်ထားတယ်။ အပြင်အဆင်ကို မတူဘဲ တစ်မူထူးခြားအောင် လုပ်ထားပါတယ်” ဟု ၎င်းကဆိုသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှု အများအပြား ရှိသည့်အတွက် ဥရောပသမဂ္ဂက ၂၀၁၄ ခုနှစ် အတွက် ခရီးသွားလာရန် အကောင်းဆုံး နိုင်ငံအဖြစ် ရွေးချယ်ရန် ကမ်းလှမ်းခဲ့သည့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၂

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် အိန္ဒိယနိုင်ငံသားထံမှ ရွှေတုံးများတွေ့ ရန်ကုန်...

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် အိန္ဒိယနိုင်ငံသားထံမှ ရွှေတုံးများတွေ့ ရန်ကုန်၊ မတ် ၂၉ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့ လိုက်ပါမည့် အသက် ၄၃ နှစ်အရွယ် အိန္ဒိယနိုင်ငံသား အမျိုးသားထံမှ စုစုပေါင်း ရွှေအလေးချိန် နှစ်ပိဿာခန့်ရှိ အကယ်ဒမီ စာတန်းပါ ရွှေတုံးများ တွေ့ရှိခဲ့ကြောင်း လေဆိပ်အကောက်ခွန် ဦးစီးဌာနထံမှ သိရှိရသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တွင်နေသူ Mr. Jaffar Mohamed Shafi သည် မြန်မာနိုင်ငံသို့ အလည်ဗီဇာဖြင့် ရောက်ရှိခဲ့ပြီး ယင်းနေ့က မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH-743 ဖြင့် မွန်းလွဲ ၃ နာရီတွင် ပြည်ပထွက်ခွာ X-Rays စစ်ဆေးရေးဂိတ်၌ ၎င်း၏ ခရီးဆောင် ကျောပိုးအိတ်ကို စစ်ဆေးခဲ့ရာမှ အိတ်အတွင်း ပလတ်စတစ် အနက်ဖြင့် ထုပ်ပိုးကာ တိပ်အနက်ရောင်ဖြင့် ပတ်ထားသော ကျပ်သိန်း ၁၃၀၀ ခန့်ရှိ ရွှေတုံးများကို တွေ့ရှိခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “ရွှေတုံးတစ်တုံးကို တစ်ဆယ်ကျပ်သား ရှိပြီး ရွှေတုံး စုစုပေါင်း ၂၀ တုံးကို ခွင့်ပြုချက် မရှိဘဲ ပြည်ပကို သယ်ယူဖို့ ကြိုးစားတာကြောင့

ယနေ့ထုတ် #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1k9w1xY

ဘူတာကြီး ကညနတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ တစ်ထောင်ကျော်ရှိ ရန်ကုန်၊ မတ...

ဘူတာကြီး ကညနတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ တစ်ထောင်ကျော်ရှိ ရန်ကုန်၊ မတ် ၂၉ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) က ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ရန် မတ်လဆန်းက အသစ်ဖွင့်လိုက်သည့် ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီးတို့အနက် ရန်ကုန်ဘူတာကြီး သက်တမ်းတိုးရုံးတွင် စတင်ဖွင့်လှစ်သည့် မတ်လ ၄ ရက်မှ ၂၈ ရက်ထိ သက်တမ်းတိုး ဆောင်ရွက်သူ ၁၂၇၃ ဦးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) ဒုတိယဦးစီးမှူး ဒေါ်ညွန်ညွန့်ဝင်းက ပြောကြားသည်။ ရန်ကုန်ဘူတာကြီးတွင် ဖွင့်လှစ်ထားသည့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရုံးတွင် မြို့နယ် ၁၁ မြို့နယ်မှ သက်တမ်းတိုးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အသစ်ထပ်မံ ဖွင့်လှစ်ထားသည့် သက်တမ်းတိုးသည့် နေရာနှစ်ခုမှာ နယ်ဝင်နယ်ထွက်များ၊ လိုင်စင်ပျောက်ခြင်း၊ ပျက်ခြင်းအတွက် အသစ်ပြုလုပ်ပေးခြင်း မဟုတ်ဘဲ သက်တမ်းတိုးခြင်း သီးသန့်သာ ပြုလုပ်ပေးကြောင်း၊ သက်တမ်းတိုးခြင်းအတွက် အခြားနေရာများကဲ့သို့ လေးရက်ခန့် မစောင့်ရဘဲ ချက်ချင်း ပြုလုပ်ပေးကြောင်း ဒေါ်ညွန့်ညွန့်ဝင်းက ပြောကြားသည်။ ရန်ကုန်ဘူတာကြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရုံးတွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပု

တပ်သိမ်းမြေ ပြန်ပေးရန် လျှောက်ထားသူ ၂၅ ဦးတွင် သုံးဦးသာ လယ်မြေအချို့ ပြန်လည်ရရှ...

တပ်သိမ်းမြေ ပြန်ပေးရန် လျှောက်ထားသူ ၂၅ ဦးတွင် သုံးဦးသာ လယ်မြေအချို့ ပြန်လည်ရရှိ မော်လမြိုင်၊ မတ် ၂၉ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိနယ်မြေ မျှော်လင့် (၁) ရပ်ကွက်တွင် တပ်မတော်က သိမ်းယူထားသော လယ်မြေ ၁၈၃ ဧကကို လယ်ပိုင်ရှင်၂၅ ဦးထံ ပြန်လည် ပေးအပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးဌာန ခုနှစ်ခုသို့ တိုင်ကြားထားရာ လယ်သမား သုံးဦးသာ လယ်မြေအချို့ ပြန်လည် ရရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။ သိမ်းဆည်းခံရသည့် လယ်မြေများထဲမှ လယ်ဧက ၇၀ နီးပါကို ငါးကန် ၅၆ ကန် တူးဖော်ထားပြီး ငါးကန်များနှင့် လယ်မြေများကို တပ်မတော်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ လယ်သမားများ၊ အုတ်လုပ်ငန်းရှင်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များကို အငှားချထားပေးခြင်း ဖြစ်ကြောင်း လယ်သမားခေါင်းဆောင် ဦးမောင်မြင့်က ပြောကြားသည်။ သိမ်းယူထားသော လယ်မြေများအနက် တပ်မတော်က လုပ်ကိုင်ခြင်း မရှိတော့သည့် ရွာသစ်ကွင်း လယ်မြေ ၂၃ ဒသမ ၅၉ ဧကို ပြန်လည် ပေးအပ်ရန် မြို့နယ်မြေစာရင်း ဦးစီးဌာနက မတ်လ ၂၅ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး လယ်မြေ ပြန်လည်ရရှိသူများထဲတွင် လယ်ပြန်လည်ရရှိရေးအတွက်

တပ်သိမ်းမြေ ပြန်ပေးရန် လျှောက်ထားသူ ၂၅ ဦးတွင် သုံးဦးသာ လယ်မြေအချို့ ပြန်လည်ရရှိ

မော်လမြိုင်၊ မတ် ၂၉မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိနယ်မြေ မျှော်လင့် (၁) ရပ်ကွက်တွင် တပ်မတော်က သိမ်းယူထားသော လယ်မြေ ၁၈၃ ဧကကို လယ်ပိုင်ရှင်၂၅ ဦးထံ ပြန်လည် ပေးအပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးဌာန ခုနှစ်ခုသို့ တိုင်ကြားထားရာ လယ်သမား သုံးဦးသာ လယ်မြေအချို့ ပြန်လည် ရရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။ from Voice http://ift.tt/1fAZk9v

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် အိန္ဒိယနိုင်ငံသားထံမှ ရွှေတုံးများတွေ့

ရန်ကုန်၊ မတ် ၂၉ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့ လိုက်ပါမည့် အသက် ၄၃ နှစ်အရွယ် အိန္ဒိယနိုင်ငံသား အမျိုးသားထံမှ စုစုပေါင်း ရွှေအလေးချိန် နှစ်ပိဿာခန့်ရှိ အကယ်ဒမီ စာတန်းပါ ရွှေတုံးများ တွေ့ရှိခဲ့ကြောင်း လေဆိပ်အကောက်ခွန် ဦးစီးဌာနထံမှ သိရှိရသည်။ from Voice http://ift.tt/1lvskaa

BBC မြန်မာပိုင်း အစီအစဉ်ကို MNTV ရုပ်သံလိုင်းမှ ပထမဆုံး ထုတ်လွှင့်မည်

ရန်ကုန်၊ မတ် ၂၉ဗြိတိန်နိုင်ငံအခြေစိုက် BBC မြန်မာပိုင်း အစီအစဉ်များကို မြန်မာနေရှင်နယ်တီဗီ MNTV Chennel က ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲမင်းဦးက ပြောကြားသည်။ from Voice http://ift.tt/1fAZj5z

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိ

ရန်ကုန်၊ မတ် ၂၉အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း အဆိုပါ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။ from Voice http://ift.tt/1fAZj5n

အခြေခံဥပဒေ ပြင်ရန် အချိန်စောသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား ရန်...

အခြေခံဥပဒေ ပြင်ရန် အချိန်စောသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား ရန်ကုန်၊ မတ် ၂၉ ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်မှာ အချိန်စောနေသေးကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အချိန်စောသေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံကြောင့်သာ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်း ဖြစ်ပြီး ဆန္ဒစောမိပါက တည်ငြိမ်မှု ပျက်သွားနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခြင်း ဖြစ်ပြီး ယင်းပြောကြားမှုကို နိုင်ငံရေးပါတီ ခေါင်းဆောင်များက သဘောမတူကြောင်း အသီးသီး တုံ့ပြန် ပြောကြားသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ယင်းပြောကြားချက်ကို လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။ “အခြေခံဥပဒေ ပြင်ဖို့က စောတယ်၊ နှေးတယ်ဆိုတာ မရှိဘူး။ လိုအပ်တဲ့အချိန် ချက်ချင်းပြင်ရမှာပဲ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ ရခိုင္အမ်

နယူးယောက်တွင် မြန်မာအစိုးရနှင့် ပုဂ္ဂလိက အကြီးတန်းအရာရှိ ၂၀ ကို ခေါင်းဆောင်မှု သင်...

နယူးယောက်တွင် မြန်မာအစိုးရနှင့် ပုဂ္ဂလိက အကြီးတန်းအရာရှိ ၂၀ ကို ခေါင်းဆောင်မှု သင်တန်းပေး ရန်ကုန်၊ မတ် ၂၉ မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့နှင့် စီးပွားရေး နယ်ပယ်မှ အရာရှိ ၂၀ ဦးကို နယူးယောက်မြို့တွင် GE ကုမ္ပဏီ ယခုလဆန်းပိုင်းအတွင်း ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း ပေးခဲ့ကြောင်း GE ၏ အာဆီယံဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Stuart Dean က ပြောကြားသည်။ အဆိုပါ သင်တန်းကို Myanmar Executive Leadership Program (MELP) ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် GE က ဖွင့်လှစ်ထားသည့် ခေါင်းဆောင်မှုဆိုင်ရာ တက္ကသိုလ် GE Crotonville တွင် လေကြောင်းလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ စီမံခန့်ခွဲမှု နည်းဗျူဟာများ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ လေ့လာသုံးသပ်မှုများ၊ အစိုးရမူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ (Laws and Regulations) အတွက် မရှိမဖြစ် လိုအပ်သော ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်များကို ရက်တိုသင်တန်း ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း GE ကုမ္ပဏီထံမှ သိရှိရသည်။ “မြန်မ

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ် ဘာသာဝင်များကြား နားလည်မှု တည်ဆောက်မည်ဟု ဦးဝီရသူနှင့် ကိုမြအေး ပူးတွဲကြေညာ

ရန်ကုန်၊ မတ် ၂၉ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင် အသိုင်းအဝိုင်း နှစ်ခုကြား အထင်အမြင် လွဲမှားမှုများကို နိုင်ငံ့အပေါ် သစ္စာစောင့်သိ ရိုသေမှုနှင့်အတူ နားလည်မှု ရရှိအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးတို့ ပူးတွဲ ကြေညာချက် တစ်စောင်ကို မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ from Voice http://ift.tt/QtFub4

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ရန်ကုန်၊ မတ် ၂၉အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါက ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ from Voice http://ift.tt/QtFuaV

KNU က ရေးဆွဲသည့် အပစ်ရပ်မူကြမ်းကို NCCT အစည်းအဝေးတွင် ဆွေးနွေးမည်

ရန်ကုန်၊ မတ် ၂၉ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးက အတည်ပြုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လာမည့် ဧပြီလဆန်းတွင် ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အစည်းအဝေးတွင် တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ from Voice http://ift.tt/QtFuaP

စစ်တွေပဋိပက္ခ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်

ရန်ကုန်၊ မတ် ၂၉ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO နှင့် ဒေသခံများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူ များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။ from Voice http://ift.tt/QtFtE2

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1fwtWsW

ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်းပေါင်း နှစ်သောင်းကျော် ဝန်ကြီးဌာနလေးခု ထုတ်သုံး

နေပြည်တော်၊ မတ် ၂၇နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကို ဝန်ကြီးဌာနလေးခုမှ ထုတ်ယူ သုံးစွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ from Voice http://ift.tt/1g9trnX

ဆော်ဒီဘုရင်က ညီဖြစ်သူကို ထီးနန်းဆက်ခံမည့် ပုဂ္ဂိုလ်အဖြစ် ထုတ်ပြန်

ရီယဒ်၊ မတ် ၂၈အသက် ၉၀ ရှိပြီဖြစ်သော ဆော်ဒီအာရေးဗီးယား ဘုရင်က ၎င်း၏ အဖေတူညီ ဖြစ်သည့် မိုကရန် အသက် ၆၉ နှစ်ကို ကမ္ဘာ့ရေနံ တင်ပို့မှု အမြင့်ဆုံး တိုင်းပြည်၏ ထီးနန်းဆက်ခံမည့် ပုဂ္ဂိုလ်အဖြစ် ကြေညာခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ from Voice http://ift.tt/1g9trnL

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးခေါ်ယူ

ပုသိမ်၊ မတ် ၂၈ဧရာဝတီတိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေများနှင့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ အသုံးစရိတ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် မတ်လ ၃၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူထားကြောင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။ from Voice http://ift.tt/1gLYyM5

ရန်ကုန်မြို့လယ် ရွှေလင်ဗန်းစားသောက်ဆိုင် ဓာတ်ဆီပက်မီးရှို့

ရန်ကုန်၊ မတ် ၂၈ကျောက်တံတားမြို့နယ် အမှတ် (၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀ အလယ်ဘလောက် ထောင့်တွင် ဖွင့်လှစ်ထားသော ရွှေလင်ဗန်း စားသောက်ဆိုင်တွင် မတ်လ ၂၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စားသောက်ဆိုင် ခြံစည်းရိုး အုတ်နံရံနှင့် မီးဖိုချောင် အုတ်နံရံကြားကို လူတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ from Voice http://ift.tt/1g9tsZ6

ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ဝါဂွမ်းနှင့် ချည်မျှင်ပြန်ခွင့်ပြု

ရန်ကုန်၊ မတ် ၂၈ပြည်ပတင်ပို့ခွင့် ၁၄ နှစ်ကြာ ပိတ်ပင်ထားသည့် လယ်ယာထွက်ကုန် ပစ္စည်းများမှ ဝါဂွမ်းနှင့် ချည်မျှင်ကို ပြန်လည် တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ from Voice http://ift.tt/1gLYyfk

#emg_opinions ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (Written by: ဒေါက်တာအောင်က...

#emg_opinions ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)) နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အဓိကစီးပွားရေး ကဏ္ဍကြီးများဖြစ်သော လယ်ယာသားငါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍတို့သည် အပြန်အလှန် သဟဇာတရှိရှိ အချိတ်အဆက်မိမိ (အပြန်အလှန် အထောက်အကူပြု ပံ့ပိုးပေးနိုင်သော) ဖွံ့ဖြိုးတိုးတက်မှုရှိရန် လိုအပ်ပေမည်။ ဆိုလိုသည်မှာ ဤစီးပွားရေးကဏ္ဍကြီး သုံးခုလုံးသည် အရေးကြီးပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ ၀င်ငွေဖြစ်တည်မှု (Income Generations) နှင့် သာယာဝပြောမှု (Welfarce) တို့ကို ပံ့ပိုးပေးသောကြောင့်ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ဤကဏ္ဍကြီးသုံးခု ဖွံ့ဖြိုးတိုးတက်မှုသည် ဤကဏ္ဍကြီးများ၏ အဓိကလိုအပ်သော သွင်းအားစုများ၏ အရေအတွက်နှင့် အရည်အသွေး မြင့်မားအောင် (ပို၍ပို၍ မြင့်မားအောင်) ဆောင်ကြဉ်းပေးရန်လည်း လိုအပ်ပေမည်။ ဤတွင် အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော (က) မည်သည့်ကုန်ပစ္စည်း အမျိုးအမည်များကို (ခ) မည်သည့်သွင်းအားစုများကို (ဂ) မည်သို့ပေါင်းစပ်ကာ (ဃ) မည်ရွှေ့မည်မျှ ထုတ်လုပ်ပြီး (င) မည်သည့်ဈေးကွက်များ (ပြ

#emg_opinions "ဂန္ဒီ" ဆိုထုံး နှလုံးမူနိုင်ပါစေ ... (Written by: ကိုသိန်း (ကေ...

#emg_opinions "ဂန္ဒီ" ဆိုထုံး နှလုံးမူနိုင်ပါစေ ... (Written by: ကိုသိန်း (ကျောက်ကြီး)) စာရေးသူတို့နိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူအများစုဟာ တရားမျှတမှုကို မြတ်နိုးပြီး တန်ဖိုးထားလေးစားကြတဲ့ သူတွေပါ။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇသဘော သဘာဝအရ အေးချမ်းမှုနဲ့ တရားမျှတမှုကို လိုလားကြပေမယ့် စာရေးသူတို့ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်း အသီးသီးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ လောဘဇောတွေ အတောမသတ်နိုင်ကြလို့ တရားမျှတမှုတွေ ပျောက်ဆုံးနေခြင်းပဲဖြစ်တယ်။ လူရယ်လို့ဖြစ်လာရင် ဘယ်သူမှ မတရားတဲ့လုပ်ရပ်တွေကို နှစ်သက်လိုလားမှု ရှိကြမှာမဟုတ်ပါဘူး။ လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာကြတဲ့အခါ အဓိပ္ပာယ်မဲ့နေတဲ့ ဘ၀တွေကို မပိုင်ဆိုင်လိုကြဘူးဆိုတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေ ရှိနေကြတဲ့ ပြည်သူတွေဟာ ဒီနေ့ဒီအချိန်အခါမှာ ဘယ်အတွက်ကြောင့် ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်နေကြသလဲဆိုတာ တာဝန်ရှိသူများ စဉ်းစားသုံးသပ်ကြဖို့ လိုနေကြပြီ ထင်ပါတယ်။ နေရာတကာမှာ မတရားမှုတွေ၊ တရားမျှတမှုတွေမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေမှုကြောင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ အသီးသီးက တရားမျှတမှုကို လိုလားသူတွေ၊ မတရားမှုတွေကို

အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက် ကျပ်တစ်သောင်း...

အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက် ကျပ်တစ်သောင်း အမိန့်ချ မန္တလေး၊ မတ် ၂၈ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် လျှပ်စစ် ကေဗီကြိုး သွယ်တန်းခြင်းနှင့် ပတ်သက်၍ သတင်းရေးသားသူ မြန်မာတိုင်းမ်ဂျာနယ် အကြီးတန်း သတင်းထောက် ကိုစည်သူလွင်ကို ပြစ်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားရာ မတ်လ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ် တရားရုံးက ငွေဒဏ် ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ်တစ်လအဖြစ် အမိန့်ချမှတ် ခဲ့ကြောင်း မန္တလေးမြို့ခံ သတင်းထောက်များထံမှ သိရသည်။ “ထောင်ဒဏ်တစ်လ ဒါမှမဟုတ် ဒဏ်ငွေ တစ်သောင်းဆိုပြီး အမိန့်ချတာ ဒဏ်ငွေတစ်သောင်း ဆောင်ပြီး ပြန်လာခဲ့တာ” ဟု ယင်းနေရာသို့ သွားရောက် သတင်းရယူခဲ့သူ 7 Days News သတင်းစာမှ သတင်းထောက် ဦးညီညီဇော်က ဆိုသည်။ ယင်းတရားစွဲဆိုမှုကို ၂၀၁၃ ခုနှစ် ဇွန်လကတည်းက ဆောင်ရွက်ခဲ့ပြီး အမိန့်ချရန် ရုံးချိန်း လေးချိန်းခန့် ချိန်းဆိုပြီးမှသာ ယင်းသို့ အမိန့်ချမှတ် လိုက်ကြောင်း ရုံးချိန်းတိုင်း လိုက်ပါကြသူ ဒေသခံ သတင်းထောက်များထံမှ သိရသည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၂ တွင် မန္တလေးရုံးခွဲ အကြီးတန်း သတင်းထောက်တစ်ဦး ရေးသားသည့် မတ္တရာမြို့နယ် လျှပ

#emg_opinions အိပ်မက်အမှိုက်ပုံး (Written by: နရီမင်း) အိပ်မက်ဆိုတာ တကယ်တော့...

#emg_opinions အိပ်မက်အမှိုက်ပုံး (Written by: နရီမင်း) အိပ်မက်ဆိုတာ တကယ်တော့ စိတ်အမှိုက်ပုံး တစ်ခုပါပဲ။ အကောင်အထည် ပေါ်မလာသေးတဲ့ စိတ်ကူးစီမံချက်တွေ၊ ဘယ်တော့မှ ပြည့်ဝလာနိုင်မှာ မဟုတ်တဲ့ ဆန္ဒတွေ၊ ကြိတ်မနိုင်ခဲမရ (မချိမဆံ့) ခံစားချက်တွေနဲ့ အတောင်ပေါက်လာမှာ မဟုတ်တော့တဲ့ မျှော်လင့်ချက်တွေဟာ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အဲ့ဒီအမှိုက်ပုံးထဲကို ရောက်သွားကြတယ်။ အဲဒီ အမှိုက်ပုံးထဲကနေ တန်ဖိုးရှိတဲ့ တစ်စုံတစ်ရာကို ကောက်ရခဲ့ဖူးသူ ရှိပါသလား။ ဆင်မြူတေလာကိုးလရစ်ဆိုတဲ့ ရိုမန်တစ် ကဗျာဆရာဟာ ‘ကူဗလိုင်ခန်’ ဆိုတဲ့ ကမ္ဘာကျော်ကဗျာကို အိပ်မက်ထဲကနေ ကောက်ရခဲ့တယ်။ မာကိုနီဟာလည်း သူရဲ့ဆောင်းတွင်းအိပ်မက်ကို အကောင်အထည် ဖော်နိုင်တဲ့အတွက် ကြိုးမဲ့ကြေးနန်းတီထွင်သူ ဖြစ်လာတယ်။ အမှိုက်ပုံးထဲကို လွှင့်ပစ်ပြီးသား သူ့ရဲ့ပထမဆုံး စာမူကို ပြန်ပြီးကောက်ယူလိုက်ရာကနေ အေဂျေခရိုနင်ဟာ ကမ္ဘာကျော် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ညစ်ပတ်ပေရေနေတဲ့ ကလေးတွေ အမှိုက်ပုံကြီးထဲမှာ(အဖိုးမတန်လှပေမယ့်) တစ်နေ့တာဝမ်းစာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပစ္စည်းကလေးတွေ ရှာနေကြတယ်။ ‘လက်ပတိုစပိုင်ရိုးစစ်’ (Leptopspirosis)လို အမှိုက်ပုံးထဲ

[ Voice of the Day ] “မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစု...

[ Voice of the Day ] “မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာရဟန်းတော် ဦးဉာဏိဿရ၏ စစ်ကိုင်းချောင် ဟူသော အရပ်၌ ရာသက်ပန် မယ်သီလရှင် ဝတ်သွားပြီ ဖြစ်ကြောင်း၊ ပါတီ၏ ကိစ္စအဝဝအား ဟစ်ဟော့အဆိုတော် အောက်လွှတ်တော်အမတ်ကြီး ဇေယျာသော်ထံ လွှဲအပ်ခဲ့ကြောင်း၊ ထိုကိစ္စကို မကျေနပ်၍ ပါတီ ဝါရင့်ခေါင်းဆောင် ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဗမာသွေး တစ်မတ်သားသာ ပါသော တရုတ်ကပြား ဦးဉာဏ်ဝင်းတို့သည် ပါတီမှ နုတ်ထွက်ကာ ပါတီအသစ် ထောင်လိုက်ကြပြီး ပါတီ၏ အမည်ကို အမျိုးသား လူအိုကရေစီအဖွဲ့ချုပ်ဟု အမည်ပေးလိုက်ကြောင်း၊ သူတို့ပါတီ၏ ဌာနချုပ်ကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ ယာယီ ဖွင့်လှစ်ထားပြီး ယခုပင်လျှင် လူအိုရုံရှိ အင်အားဖြင့် ပါတီဝင် အတော်အတန် စုဆောင်းမိနေပြီ ဖြစ်ကြောင်း” “မြန်မာထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် ယခင် တပ်မတော် အကြီးအကဲက ခိုင်းတာနည်းနည်း၊ သူအပိုလုပ်မိတာ များများ ဖြစ်ခဲ့သည်ဟု ဝန်ခံ ပြောကြားလိုက်ကြောင်း” “ကမ္ဘာ့ ပွင့်လင်းလူ့အဖွဲ့အစည်း တည်ထောင်သူ သူဌေးကြီး ဂျော့ဆိုးရော့က မြန်မာ့ ပွင့်လင်းလူ့အဖွဲ့အစည်း လူငယ်အုပ်စု များကို မပွင့်မလင်း ထောက်ပံ့ခဲ့သော ဒေါ်လာငွေများ စာရင်းကို ထုတ်ပြန်

ကျုံးဘေးတွင် ဈေးရောင်းချသူများကို အရေးယူမည် မန္တလေး၊ မတ် ၂၈ မြန်မာဘုရင်များ နေ...

ကျုံးဘေးတွင် ဈေးရောင်းချသူများကို အရေးယူမည် မန္တလေး၊ မတ် ၂၈ မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့တော်ရှိ ကျုံးဘေး ပတ်လည် ပလက်ဖောင်းပေါ်၌ မော်တော်ယာဉ်များဖြင့် လာရောက်ကာ စားသောက်ကုန် ချခင်း ရောင်းချနေသူများကို ဧပြီလဆန်းမှ စတင်ကာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။ “အရင်ကတည်းက ခွင့်ပြုထားတာ မရှိဘူး။ အခု တဖြည်းဖြည်းနဲ့ အကဲစမ်းချင်လာတဲ့ သူတွေရှိတော့ ဖမ်းဆီး အရေးယူရတော့မယ်။ အဆင်ပြေရင်တော့ မနက်ဖြန်က စပြီးဖမ်းမယ်။ မနက်ဖြန် မဖမ်းဖြစ်သေးရင်လည်း နောက်အပတ် စဖမ်းမယ်” ဟု ဦးမောင်မောင်မြင့်က ဆိုသည်။ မန္တလေး ကျုံးဘေး ပတ်လည်တွင် ဈေးရောင်းချခြင်းကို ကန့်သတ်ထားပြီး အကယ်၍ ဈေးရောင်းချ နေသည်ကို တွေ့ရှိပါက စည်ပင်သာယာရေး ကော်မတီ အနေနှင့် ဖမ်းဆီးကာ တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ပြီး တရားစွဲ ဆိုခံရပါက ဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းအထိ ဒဏ်ရိုက် အရေးယူခံရမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။ “ကျုံးဘေးမှာ ဈေးမရောင်းရဘူး ဆိုတဲ့ စည်းကမ်းချက်ရှိတာ မသိပါဘူး။ ကျုံးဘေးမှာ ရောင်းတယ် ဆိုတာကလည်း ကျုံ

မီတာခ တိုးမြှင့်ကောက်ခံမှုကို မန္တလေး၌ ဆန္ဒထုတ်ဖော်သူလေးဦး တရားစွဲဆိုခံရ

မန္တလေး၊ မတ် ၂၈လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်တွင် မတ်လ ၂၇ ရက်နေ့ညနေက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သော ဦးသိန်းအောင်မြင့် အပါအဝင် လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ from Voice http://ift.tt/1fwlWbl