Skip to main content

အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက် ကျပ်တစ်သောင်း...



အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မြန်မာတိုင်းမ်ဂျာနယ် သတင်းထောက် ကျပ်တစ်သောင်း အမိန့်ချ



မန္တလေး၊ မတ် ၂၈



မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် လျှပ်စစ် ကေဗီကြိုး သွယ်တန်းခြင်းနှင့် ပတ်သက်၍ သတင်းရေးသားသူ မြန်မာတိုင်းမ်ဂျာနယ် အကြီးတန်း သတင်းထောက် ကိုစည်သူလွင်ကို ပြစ်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားရာ မတ်လ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ် တရားရုံးက ငွေဒဏ် ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ်တစ်လအဖြစ် အမိန့်ချမှတ် ခဲ့ကြောင်း မန္တလေးမြို့ခံ သတင်းထောက်များထံမှ သိရသည်။

“ထောင်ဒဏ်တစ်လ ဒါမှမဟုတ် ဒဏ်ငွေ တစ်သောင်းဆိုပြီး အမိန့်ချတာ

ဒဏ်ငွေတစ်သောင်း ဆောင်ပြီး ပြန်လာခဲ့တာ” ဟု ယင်းနေရာသို့ သွားရောက် သတင်းရယူခဲ့သူ 7 Days News သတင်းစာမှ သတင်းထောက် ဦးညီညီဇော်က ဆိုသည်။



ယင်းတရားစွဲဆိုမှုကို ၂၀၁၃ ခုနှစ် ဇွန်လကတည်းက ဆောင်ရွက်ခဲ့ပြီး အမိန့်ချရန် ရုံးချိန်း လေးချိန်းခန့် ချိန်းဆိုပြီးမှသာ ယင်းသို့ အမိန့်ချမှတ် လိုက်ကြောင်း ရုံးချိန်းတိုင်း လိုက်ပါကြသူ ဒေသခံ သတင်းထောက်များထံမှ သိရသည်။



၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၂ တွင် မန္တလေးရုံးခွဲ အကြီးတန်း သတင်းထောက်တစ်ဦး ရေးသားသည့် မတ္တရာမြို့နယ် လျှပ်စစ်ကေဗီကြိုး သွယ်တန်းခြင်းနှင့် ပတ်သက်သည့် သတင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် စာသားများ ပါဝင်သဖြင့် အဆိုပါ သတင်းထောက်ကို တရားစွဲဆိုရန် မတ္တရာမြို့နယ် တရားရုံးသို့ ၂၀၁၃ ခုနှစ် မေလ ၂၉ ရက်နေ့က ဦးတိုက် လျှောက်ထားကြောင်း မတ္တရာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။



ယင်းမတ္တမြို့နယ်လျှပ်စစ် ကေဗီကြိုး သွယ်တန်းခြင်းနှင့် ပတ်သက်သည့် သတင်း ရေးသားချက်တွင် ဒေသခံတစ်ဦး ပြောကြားထားသည့် ဘတ်ဂျက် အပြည့်အဝ သုံးစွဲမှု မရှိသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဂုဏ်သိက္ခာ ထိခိုက်စေသဖြင့် ယင်းသို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက သတင်းထောက်များ မေးမြန်းမှုကို မတ္တရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာက ပြောကြားထားသည်။



အဆိုပါ မတ္တရာမြို့နယ် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်းခြင်းနှင့် ပတ်သက်၍ ရေးသားချက်ကို တိုင်းလျှပ်စစ် အင်ဂျင်နီယာက ခေါ်ယူ တွေ့ဆုံဆွေးနွေးပြီး ဘတ်ဂျက် အပြည့်အဝ သုံးစွဲကြောင်း ရေးသားသည့် သတင်းကို တစ်ပတ်အကြာ မေလ ၃၀ ရက်နေ့တွင် ပြန်လည် ရေးသား ပေးခဲ့ကြောင်း မြန်မာတိုင်းမ်ဂျာနယ် အကြီးတန်း သတင်းထောက် ဦးစည်သူလွင်က ပြောကြားထားသည်။



“ဒဏ်ငွေ တစ်သောင်းဆောင် ရတယ်ဆိုတာ ရေးသားသူ သတင်းထောက်ကို အပြစ်ရှိတယ် ဆိုတဲ့သဘောပဲ။ ဒီကိစ္စကို မကျေနပ်တဲ့အတွက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို စာတင်မယ်” ဟု မန္တလေး အခြေစိုက် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသည့် မန္တလေးခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က ဆိုသည်။



ယင်းသို့ အမိန့်ချမှတ်သည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသို့ ဆက်သွယ် မေးမြန်းရာ ဌာနနှင့် မြန်မာတိုင်းမ် ဂျာနယ်တို့သည် ကောင်စီသို့ အကြောင်းထားခြင်း မရှိသေးကြောင်း ယင်းသို့ ကြားသိရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ကော်မတီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1pmAiBt

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...