Skip to main content

Posts

Showing posts from May 27, 2014

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းစတင်

ရန်ကုန်၊ မေ ၂၇ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစီမံကိန်းအဖြစ် သတ်မှတ်ထားသော မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းကို လုပ်ကိုင်လိုသော ကုမ္ပဏီများသည် ဇွန်လကုန် နောက်ဆုံးထား၍ ကျပ်သန်း ၁၀၀၀ ပေးသွင်းကာ တံတားဆောက်လုပ်ရေးနှင့် သက်ဆိုင်သော နည်းပညာ အဆိုပြုလွှာ တင်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာထားသည်။ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူခြင်း မဟုတ်သည့်အတွက် သေချာသိရှိခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား (အင်ဂျင်နီယာ) ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းအတွက် ယခုဘဏ္ဍာနှစ်အတွင်း ကျပ် ၁၇ ဘီလီယံနီးပါး သုံးစွဲရန် ဧပြီလအတွင်းက ကျင်းပသည့

ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရနှင့် KIO ယနေ့ဆွေးနွေးမည်

ရန်ကုန်၊ မေ ၂၇ကချင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရန်အတွက် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရ ကိုယ်စားလှယ်များနှင့် KIO/KIA မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ ဖွဲ့ရန် ယနေ့ (မေလ ၂၈ ရက်နေ့) တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ထံမှ သိရသည်။ အဆိုပါ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တွင် ပါဝင်မည့် KIO/KIA အဖွဲ့မှ ဗိုလ်မှူးကြီး မရန်ဇော်တောင် ဦးဆောင်သော စစ်ဘက် အရာရှိလေးဦး၊ နည်းပညာ အကြံပေးရုံးမှ ဝန်ထမ်းတစ်ဦးတို့မှာ အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် မြစ်ကြီးနားမြို့သို့ မေလ ၂၇ ရက်နေ့က ရောက်ရှိနေကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။ ယင်းအဖွဲ့တွင် အစိုးဘက်မှ ကိုယ်စားလှယ်များ အနေနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရှိရသည်။ “အဓိကတော့ ပဋိပက္ခတွေ တကယ်လျှော့ချဖို့ပါ” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။ နှစ်ဖက်ကိုယ်စားလှယ

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုကို သတိပေးရန် ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်မရှိဟု NLD တုံ့ပြန်

ရန်ကုန်၊ မေ ၂၇အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို သတိပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က တုံ့ပြန်ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ကာယကံရှင် မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်ပြီး ပြောလို့မရဘူး။ သူကလုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်” ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။ ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုပ်ပိုင်ခွင့်ကို ကျော်လွန် နေသောကြောင့် ပြန်လည် တုံ့ပြန်ရန် မေလ ၃၁ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း NLD ပါတီမှသိရသည်။ အဆိုပါ အ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၂၇ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ပရိသတ်တွေ၊ နောင်လာမယ့် မျိုးဆက်တွေ ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လာရောက် လက်မှတ်ရေးထိုးတာပါ။ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေက ပရိသတ်တွေ၊ တစ်နည်းအားဖြင့် ပြည်သူတွေ ပါပဲ။ ပြည်သူတွေ ကောင်းစားရေးက အနုပညာရှင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ပေးတာပါ” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ပြောကြားသ

ယူကရိန်း အရှေ့ဘက်ရှိ ဒွန်နီဆတ်လေဆိပ်ကို ခွဲထွက်ရေးဝါဒီများ သိမ်းပိုက်ရန် ကြိုးပမ်းပစ်ခတ်မှုကြောင့် ၃၀ ကျော်သေဆုံး

ဒွန်နီဆတ်၊ မေ ၂၇ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသ ရုရှားလိုလားသူ အများစု ကြီးစိုးရာ ဒွန်နီဆတ်မြို့ လေဆိပ်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီ အနည်းဆုံး ၃၀ ကျော်ခန့် သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက ဒွန်နီဆတ်လေဆိပ်ကို သိမ်းပိုက်ရယူရန် ကြိုးစားရာမှ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့များနှင့် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ CNN သတင်းဌာန၏ အဆိုအရ လေဆိပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည့် လက်နက်ကိုင် ခွဲထွက်ရေး သမားများကို ယူကရိန်းစစ်ဘက်က လေကြောင်းမှတစ်ဆင့် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒွန်နီဆတ် ပြည်သူ့သမ္မတနိုင်ငံဟု ဆိုထားသည့် အဆိုပါ ဒွန်နီဆတ်ပြည်နယ်၏ အထူးကိုယ်စားလှယ်၏ အဆိုအရ တနင်္လာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုသည် ပြင်းထန်ပြီး သေဆုံးသူ အနည်းဆုံး ၃၀ ခန့် ရှိကြောင်း သိရသည်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမှာ ခွဲထွက်ရေးဝါဒီများက တနင်္လာနေ့ နံနက်ပိုင်းတွင် ဒွန်နီဆတ် လေဆိပ်အား သိမ်းပိုက်ရန် ဝင်ရောက် စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ခွဲထွက်ရေး ဝါဒီများကို ယူကရိန်းစစ်တ

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် မသက်ဆိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ မေ ၂၇၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မေလ ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် NLD ပါတီရုံးတွင် ပြုလုပ်သော အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒပြု လက်မှတ်ရေးထိုးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဆန္ဒအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းတာ မပြောင်းတာ ဖြစ်ရတယ်။ ပြည်သူလူထုရဲ့ သြဇာမလွှမ်းမိုးဘဲနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ သြဇာလွှမ်းမိုးနေတာ ဘယ်လိုမှ ဒီမိုကရေစီ နည်းမကျဘူး။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နဲ့လည်း မဆိုင်ဘူး၊ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး၊ နောက်တက်မယ့် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်များကို ဝန်ထမ်းများ မရေးထိုးရန် မည်သည့် ဥပဒေကမှ တားမြစ်ထားခြင်း မရှိသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား များလည်း ဝင်ရောက် လက်မှတ်ရေးထိုးရန် ၎င်းက

ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်

ရန်ကုန်၊ မေ ၂၇သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။ “ဥပဒေကြမ်း ရောက်လာတာနဲ့ ကော်မတီထဲမှာ ချက်ချင်း ဆွေးနွေးဖြစ်မှာပါ။ ပြည်သူအများ စိတ်ဝင်စားနေတဲ့ ဥပဒေဖြစ်တာမို့ လွှတ်တော်ထဲကို အမြန်ဆုံး ပို့မှာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်း

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လူခေါ်ပွဲစားနှင့် အငှားယာဉ်ပွဲစားများကို စီ...

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လူခေါ်ပွဲစားနှင့် အငှားယာဉ်ပွဲစားများကို စီမံချက်ဖြင့် အရေးယူ ရန်ကုန်၊ မေ ၂၇ မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ လူခေါ်ပွဲစားနှင့် အငှားယာဉ် ခေါ်ပေးသော ပွဲစားများကို မေလဆန်းမှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိရာ လတ်တလောတွင် လူဦးရေ ၇၀ ကျော်ကို အရေးယူထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန (အောင်မင်္ဂလာ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဝင်ပေါက်၊ ထွက်ပေါက်များနှင့် အဆိုပါ ဝင်းအတွင်းရှိ လူခေါ်ပွဲစားနှင့် အငှားယာဉ် ခေါ်ပေးသော ပွဲစားများမှာ ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်သည်အထိ ခေါ်ယူမှုများ ရှိသောကြောင့် မြို့တော်စည်ပင်၊ မ.ထ.သ၊ နယ်မြေခံရဲနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက နံနက်နှင့် ညဘက်များတွင် အဆိုပါ ပွဲစားများကို ရှောင်တခင် ဖမ်းဆီး အရေးယူလျက် ရှိကြောင်း၊ လတ်တလောတွင် နေ့စဉ် ပွဲစားလေးဦးခန့်ကို ဖမ်းမိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။ ယခင်က ပွဲစားများကို တိုင်ကြားပါက ဖမ်းဆီးအရေးယူခဲ့ပြီး လတ်တလောတွင် စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလျက် ရှိကြောင

မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန် ------- Update MH 370...

မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန် ------- Update MH 370 လေယာဉ်ပျောက်ဆုံးမှုအပြီး ထုတ်ပြန်လိုက်သည့် ဂြိုလ်တုအချက်အလက်များသည် တရားဝင်ထုတ်ပြန် ထားသော ကောက်ချက်ဆွဲမှုများ၏ မှန်ကန်မှုအပေါ် ပြင်ပကျွမ်းကျင်သူများ ပြန်လည်စိစစ်နိုင်ရန်အတွက် ပြည့်စုံအောင် ပေးထားခြင်းမရှိဟု ဝေဖန်မှုများ ချက်ခြင်းဆိုသလို ထွက်ပေါ်လာသည်။ သတင်းအပြည့်အစုံ... http://ift.tt/1kJD7vE မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန် 7daydaily.com ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများအကြား ဆက်သွယ်ခဲ့မှုအချက်အလက်များကို ယနေ့ထုတ်ပြန်လိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1kJD7vI
စက်မှုဇုန်ထုတ်ကားများကို ၀ယ်ယူလိုသူ ပိုမိုများလာ myanmar.mmtimes.com ကားဈေးကွက်အတွင်း သက်ဆိုင်ရာက ယခုနှစ် ထဲ၌ အပ်နှံရန်ကြေညာထားသည့် '၁က' နှင့် '၂က' အက္ခရာများကြားတွင် စက်မှုဇုန်ထုတ် ကားများကို ကြားဖြတ်အပ်နှံခံသွားမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဈေးကွက်ထဲတွင် စက်မှုဇုန်ထုတ်ကားများကိုဝယ်ယူလို သူများလာပြီး ထိုကားများကို လက်ဝယ်ပိုင်ဆိုင် ထားသူများကလည်း ဈေးမြှင့် ခေါ်လာ… from The Myanmar Times's Facebook Wall http://ift.tt/1rfjKQi

If by any chance you are in Tokyo this week, Shinjuku Nikon Salon will be exhibi...

If by any chance you are in Tokyo this week, Shinjuku Nikon Salon will be exhibiting The Myanmar Times 's Chief Photographer Kaung Htet from Burma 's works from 27th May to 9th June. So, please enjoy! Timeline Photos 新宿ニコンSalon 5月27日~6月9日  「東京写真月間2014」図録より   Kaung Htet氏の作品を紹介します。@[550512146:2048:Kaung Htet] — with Kaung Htet and Kaung Htet from Burma . from The Myanmar Times's Facebook Wall http://ift.tt/1rfj3qe

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံ ကို လာရောက်တဲ့ အဆင့်မြင့်ဆုံး ဂျပန် စစ်ဘ...

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံ ကို လာရောက်တဲ့ အဆင့်မြင့်ဆုံး ဂျပန် စစ်ဘက် ခေါင်းဆောင် အဖြစ်၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တပ်များရဲ့ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး ရှီဂဲယု အီဝါဆာကီ ဟာ၊ မြန်မာနိုင်ငံ မှာ ၄-ရက်တာ ခရီး ရောက်ရှိ နေပြီး၊ မြန်မာ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် နဲ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပါ တယ်။ ဂျပန်စစ်ဦးစီးချူပ် ခရီးစဉ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1wj7X3r

ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ထဲမှာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မီးလော...

ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ထဲမှာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတခုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးလောင်ကျွမ်းတဲ့နေရာဟာ မော်ချီး-လွိုင်ကော်ကားဂိတ်က ဈေးဆိုင်ခန်းတွေ ဖြစ်ပြီး မနက် ၁၁ နာရီခွဲက စလောင်ကာ မီးသတ်ကား ၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့တဲ့အတွက် ၁၀ မိနစ်အကြာမှာ မီးညွန့်ကျိုးသွားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။ လွိုင်ကော်တွင် မီးလောင်၊ ၁ ဦး ဒဏ်ရာရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1tNk5Yq

ယူကရိန်းနိုင်ငံ ဒန်ညက်စ်လေဆိပ်စစ်ဆင်ရေးအတွက် ယူကရိန်းစစ်တပ်နဲ့ တိုက်ပွဲအတွင်း...

ယူကရိန်းနိုင်ငံ ဒန်ညက်စ်လေဆိပ်စစ်ဆင်ရေးအတွက် ယူကရိန်းစစ်တပ်နဲ့ တိုက်ပွဲအတွင်း သူပုန် အယောက် ၁၀၀ လောက် သေဆုံးတယ်လို့ ဒန်ညက်စ်မြို့ဆေးရုံမှာ ကုသခံနေတဲ့ ဒဏ်ရာရ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတဦးက ပြောပါတယ်။ ဒီလေဆိပ်ကို အရင် ၁ ရက်က သူပုန်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ယူကရိန်းတပ်တွေက မေ ၂၆ ရက်နေ့ကစပြီး ဒန်ညက်စ်မြို့က ခွဲထွက်ရေးသမား သူပုန်တွေကို တိုက်ခဲ့တာပါ။ ယူကရိန်း ဒန်ညက်စ်လေဆိပ် စစ်ဆင်ရေး သူပုန် အယောက် ၁၀၀ ခန့် သေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင် www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1tNk46I

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများက ဝန်ဆောင်မှု ပေးနေသည့် အင်တာနက...

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများက ဝန်ဆောင်မှု ပေးနေသည့် အင်တာနက်လိုင်းများ၏ အမြန်နှုန်းများ ယခုလအတွင်း တောက်လျှောက် ကျဆင်းနေခြင်းကြောင့် အင်တာနက်လိုင်းကို မှီတည်၍ လုပ်ငန်း လုပ်ကိုင်သူအချို့ ထိခိုက်မှု ကြုံတွေ့ရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ၎င်းတို့ ကုမ္ပဏီမှာ အိုင်တီကုမ္ပဏီ ဖြစ်သည့်အတွက် အင်တာနက်လိုင်း ပြတ်တောက်ပါက လုပ်ငန်းနှောင့်နှေးကာ ဖောက်သည်များ၏ အပြစ်တင်မှုများ ရင်ဆိုင်ရကြောင်း Software ကုမ္ပဏီ တစ်ခုဖြစ်သည့် Bagan Innovation Technology မှ အမှုဆောင် ဈေးကွက် ရှာဖွေရေးအရာရှိ ဦးဝင်းထွဋ်ဟန်က ပြောကြားသည်။ အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက် - သစ်ထူးလွင် (နေ့စဉ်သတင်း) www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nzbdng

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေြ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို သတိပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က တုံ့ပြန်ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုကို သတိပေးရန် ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်မရ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nzbeHT

၁၉၉၀ ကျော် နှစ်ကာလများက ဖြစ်ပါတယ်။ အဲဒီအချိန် အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းအဖဲ...

၁၉၉၀ ကျော် နှစ်ကာလများက ဖြစ်ပါတယ်။ အဲဒီအချိန် အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းအဖွဲ့အတော်များများ မြို့ပေါ်တက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကြပါတယ်။ အဲဒီအဖွဲ့တွေ အထူးအခွင့်အရေးရအောင် စစ်ထောက်လှမ်းရေးအဖွဲ့တွေက အကူအညီ ပေးကြပါတယ်။ တချို့နေရာတွေမှာ ပေါင်းလုပ်ကြပါတယ်။ ကျောက်စိမ်းတူးလည်း ငြိမ်းအဖွဲ့၊ သတ္တုတူးလည်း ငြိမ်းအဖွဲ့၊ ကုန်သွယ်လည်း ငြိမ်းအဖွဲ့၊ ရေသန့်ထုတ်လည်း ငြိမ်းအဖွဲ့၊ ဓာတ်ဆီရောင်းလည်း ငြိမ်းအဖွဲ့၊ ငါးဒိုင်ဖွင့်လည်း ငြိမ်းအဖွဲ့ (မြစ်ကြီးနား)၊ နောက်ဆုံးကုန်ကုန် ကာရာအိုကေ၊ မာဆတ်ဖွင့်တော့လည်း ငြိမ်းအဖွဲ့ဆိုတာမျိုးအထိ အခွင့်ထူးတွေ ပေးခဲ့၊ ယူခဲ့၊ ရခဲ့ ကြပါတယ်။ အခုချက်ချင်း ပါတီတွေထောင်ပြီး မြန်မြန် မှတ်ပုံသွားတင်ကြပါ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thi www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nSRU6K

ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒထုတ်အပြီး ဗုဒ္ဓဆင်းတုတော်များမဲဖောက်ပေးခဲ့သည့် ဇလွန်ြ...

ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒထုတ်အပြီး ဗုဒ္ဓဆင်းတုတော်များမဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လှုပ်ရှားမှုသည် ဘာသာရေးကို အလွဲသုံးရာ ရောက်သည်ဟု သက်ဆိုင်ရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ မေ ၂၆ ရက်တွင် အကြောင်းကြားစာပေးပို့ တိုင်ကြားလိုက်သည်။ ဘာသာရေးကို နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီ အလွဲသုံးနေဟု အင်န်အယ်လ်ဒီပါတီ တိုင်ကြာ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nzbeaW

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခ...

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်းရရှိသည်။ မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။ မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nzbczL

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းစတင် ရန်ကုန်၊ မေ ၂၇ ရန်ကုန်မြို့တော်တွင် ယ...

မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းစတင် ရန်ကုန်၊ မေ ၂၇ ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးစီမံကိန်းအဖြစ် သတ်မှတ်ထားသော မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းကို လုပ်ကိုင်လိုသော ကုမ္ပဏီများသည် ဇွန်လကုန် နောက်ဆုံးထား၍ ကျပ်သန်း ၁၀၀၀ ပေးသွင်းကာ တံတားဆောက်လုပ်ရေးနှင့် သက်ဆိုင်သော နည်းပညာ အဆိုပြုလွှာ တင်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာထားသည်။ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူခြင်း မဟုတ်သည့်အတွက် သေချာသိရှိခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား (အင်ဂျင်နီယာ) ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းအတွက် ယခုဘဏ္ဍာနှစ်အတွင်း ကျပ် ၁၇ ဘီလီယံ
ဘဏ်ငွေလွှဲစနစ် ပြည်ပရောက်မြန်မာများနှင့် နီးစပ်လာနိုင်မလား myanmar.mmtimes.com လွန်ခဲ့သောနှစ်နှစ်ကျော်မှစတင်ခါ ပြည်တွင်းဘဏ် များက နိုင်ငံတကာဝန်ဆောင်မှုများနှင့် ချိတ် ဆက်ကာ ပြည်ပနိုင်ငံများတွင်နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိ ကြသော မြန်မာနိုင်ငံ သားများအတွက် ငွေလွှဲငွေပို့ဝန်ဆောင်မှုကိုစတင်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာသုံးစွဲလာသည့် မျက်နှာသိမှတစ်ဆင့် ငွေလွှဲသည့် ဟွန်ဒီ လုပ်ငန်… from The Myanmar Times's Facebook Wall http://ift.tt/1tNgWYA

အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်...

အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်းမှ ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်း ---------- တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ သတင်းအပြည့်အစုံ... http://ift.tt/1k0DXUL အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်းမှ. 7daydaily.com တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ from 7Day News Journal's Facebook Wall http://ift.tt/1tNeMrO

ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရနှင့် KIO ယနေ့ဆွေးနွေးမည် ရန်ကု...

ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရနှင့် KIO ယနေ့ဆွေးနွေးမည် ရန်ကုန်၊ မေ ၂၇ ကချင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရန်အတွက် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရ ကိုယ်စားလှယ်များနှင့် KIO/KIA မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ ဖွဲ့ရန် ယနေ့ (မေလ ၂၈ ရက်နေ့) တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ထံမှ သိရသည်။ အဆိုပါ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တွင် ပါဝင်မည့် KIO/KIA အဖွဲ့မှ ဗိုလ်မှူးကြီး မရန်ဇော်တောင် ဦးဆောင်သော စစ်ဘက် အရာရှိလေးဦး၊ နည်းပညာ အကြံပေးရုံးမှ ဝန်ထမ်းတစ်ဦးတို့မှာ အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် မြစ်ကြီးနားမြို့သို့ မေလ ၂၇ ရက်နေ့က ရောက်ရှိနေကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။ ယင်းအဖွဲ့တွင် အစိုးဘက်မှ ကိုယ်စားလှယ်များ အနေနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရှိရသည်။ “အဓိကတော့ ပဋိပက္ခတွေ တကယ်လျှော့ချဖို့ပါ” ဟု မြန်မာငြိမ်းချ

တောင်ကုတ်၊ သံတွဲကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစပေးမည် ရန်ကုန်၊ မေ ၂၇ ရခိုင...

တောင်ကုတ်၊ သံတွဲကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစပေးမည် ရန်ကုန်၊ မေ ၂၇ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် မဟာဓာတ်အားလိုင်းမှ ဇွန်လမှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်း (တောင်ပိုင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လျှပ်စစ်သုံးစွဲခကို ရန်ကုန်မြို့တော်တွင် ကောက်ခံသည့် နှုန်းထား အတိုင်း ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အမ်း၊ စစ်တွေနဲ့ အခြားမြို့တွေလည်း ဒီနှစ်ထဲမှာ ရနိုင်ခြေရှိတယ်။ ကျန်တဲ့မြို့တွေ ရဖို့အတွက် ဓာတ်အားလိုင်းတွေ တည်ဆောက်နေတုန်းပဲ” ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။ ရခိုင်ပြည်နယ် မီးလင်းရေး မဟာဓာတ်အားလိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ဥသျှစ်ပင်- တောင်ကုတ် ၂၃၀ ကေဗီဓာတ်အားလိုင်း၊ တောင်ကုတ် (ဘာယေ)-သံတွဲ ၆၆ ကေဗီ ဓာတ်အားလိုင်း၊ တောင်ကုတ် (ဘာယေ)- တောင်ကုတ် ၁၁ ကေဗီ ဓာတ်အားလိုင်းများ တည်ဆောက် ပြီးစီးပြီဖြစ်၍ ဓာတ်အားဖြန့်ဖြူးရန် တောင်ကုတ် (ဘာယေ) ဓာတ်အားခွဲရုံနှင့် သံတွဲ ဓာတ်အားခွဲရုံတို့ တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သ

အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက် ရန်ကုန်၊ မေ ၂၇ မြန...

အင်တာနက်မြန်နှုန်း ကျဆင်းခြင်းကြောင့် လုပ်ငန်းအချို့ ထိခိုက် ရန်ကုန်၊ မေ ၂၇ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများက ဝန်ဆောင်မှု ပေးနေသည့် အင်တာနက်လိုင်းများ၏ အမြန်နှုန်းများ ယခုလအတွင်း တောက်လျှောက် ကျဆင်းနေခြင်းကြောင့် အင်တာနက်လိုင်းကို မှီတည်၍ လုပ်ငန်း လုပ်ကိုင်သူအချို့ ထိခိုက်မှု ကြုံတွေ့ရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ၎င်းတို့ ကုမ္ပဏီမှာ အိုင်တီကုမ္ပဏီ ဖြစ်သည့်အတွက် အင်တာနက်လိုင်း ပြတ်တောက်ပါက လုပ်ငန်းနှောင့်နှေးကာ ဖောက်သည်များ၏ အပြစ်တင်မှုများ ရင်ဆိုင်ရကြောင်း Software ကုမ္ပဏီ တစ်ခုဖြစ်သည့် Bagan Innovation Technology မှ အမှုဆောင် ဈေးကွက် ရှာဖွေရေးအရာရှိ ဦးဝင်းထွဋ်ဟန်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အပါအဝင် အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီ များကိုလည်း အင်တာနက် မြန်နှုန်း ကျဆင်းမှုကြောင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်အပြစ်တင်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ “လိုင်းက ဒီရက်ပိုင်း တော်တော်လေးကျတယ်။ တက်လိုက်ကျလိုက်နဲ့။ အဓိက ဖြစ်တာကတော့ MPT လိုင်းကပေါ့” ဟု Rain အင်တာနက်ဆိုင် လုပ်ငန်းရှင် အမျိုးသားက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ Red Link ကုမ္ပဏီမှ လက်ထောက် အထွေထွေမ

"အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ...

"အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား လူထုသိရန် အစိုးရချပြ " တားမြစ်ချက်ကို ဖောက်ဖျက်ပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချ မှတ်နိုင်သော ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာဥပဒေမူကြမ်းကို အများပြည်သူသိရှိနိုင်ရန် အတွက်ဟု ဆို ကာ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် မေ ၂၇ ရက်နေ့တွင် ဒုတိယရှေ့နေချုပ်ဦး ဆောင်သော ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်မှ ချပြခဲ့သည်။ ဘာသာ၊ သာသနာနှင့်ဆက်စပ် ကာ အကြံပြုပေးပို့လာသော ဥပဒေ ၄ ရပ်နှင့် စပ်လျဉ်းပြီး သာသနာရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနနှင့် ပြည်ေ ထာင်စု တရားလွှတ်တော်ချုပ်တို့က ထိုဥပဒေ များကို လက်ရှိတွင်ရေးဆွဲနေရာ ထိုထဲမှ ဒုတိယရှေ့နေချုပ်ဦးဆောင်သော အဖွဲ့ က ရေးဆွဲသောဥပဒေ နှစ်ခုအနက်မှ တစ်ခုကို ပထမဦးဆုံး လူထုသိရန် ချပြ ခြင်း ဖြစ်သည်။ ထိုဥပဒေမူကြမ်းတွင် အခန်း ၇ ခန်း ပါဝင်ပြီးဥပဒေရေးဆွဲရခြင်းက ကိုးကွယ်ရာဘာသာ ကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်နိုင်ရန်နှင့် ဘာသာကူး ပြောင်းမှုအား ပွင့်လင်း စွာပြုလုပ်နိုင်ရန် ပြဋ္ဌာန်း ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ဥပဒေကြမ်းတွင်ဖော်ပြထားသောတားမြစ်ချက