Skip to main content

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၂၇ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


“နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ပရိသတ်တွေ၊ နောင်လာမယ့် မျိုးဆက်တွေ ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လာရောက် လက်မှတ်ရေးထိုးတာပါ။ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေက ပရိသတ်တွေ၊ တစ်နည်းအားဖြင့် ပြည်သူတွေ ပါပဲ။ ပြည်သူတွေ ကောင်းစားရေးက အနုပညာရှင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ပေးတာပါ” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ပြောကြားသည်။



“ပုဒ်မ ၄၃၆ က နိုင်ငံသား မဲဆန္ဒရှင်တွေ အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်။ တပ်မတော် အတွက်လည်း ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။



“အစ်ကိုတို့က နိုင်ငံရေးကို သိပ်နားမလည်ပါဘူး။ လေ့လာမှုအားလည်း နည်းပါတယ်။ အခု လက်မှတ် လာထိုးတာလည်း နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့ လာထိုးတာပါ။ အဓိက ကတော့ အစ်ကိုတို့ ပြည်သူတစ်ရပ်လုံး လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို လုပ်ရဲဖို့ လိုပါတယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီဥပဒေကိုသာ ပြင်လိုက်နိုင်ရင် နောက်ထပ် ဥပဒေတွေကိုလည်း ပြင်ဆင်လို့ရတဲ့ အခြေအနေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆိုသည်။



ယင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲသို့ သရုပ်ဆောင် ဝေဠုကျော်၊ ရာဇာနေဝင်း၊ ဒေါင်း၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ခင်ဇာခြည်ကျော်၊ သင်ဇာဝင့်ကျော်၊ ယုသန္တာတင်၊ ဒါရိုက်တာကိုပေါက်၊ ဝင်းထွန်းထွန်း၊ တေးသံရှင် Rဇာနည်၊ အဲလက်စ်၊ ချောစုခင်၊ ဇာတ်သဘင် ပညာရှင် ဦးမိုးမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စသည့် နာမည်ကျော် အနုပညာရှင်များ လာရောက်ကာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၃ ရက်နေ့ကလည်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အနုပညာရှင် အချို့က လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။


{fcomment}





from Voice http://ift.tt/1mou9SP

Comments

Popular posts from this blog

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3