Skip to main content

Posts

Showing posts from February 18, 2015

ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

(၁) အသီးအနှံ သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။ ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။ (၂) အစိမ်းရောင်အစာများ ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။ (၃) ရှောက်သီး၊ လိမ္မေ

စာမေးပွဲကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ

စာမေးပွဲ ကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။ ဥအမျိုးမျိုး ဘာကြောင့် စားသင့်တာလဲ ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။ ဗီတာမင်စီပါသော အစားအစာ ဘာကြောင့် စားသင့်တာလဲ ဗီတာမင် စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ်ခံ စွမ်းအားကို မြင့်တက် စေပြီး

ဆီးချိုသမားတွေစားဖို့ ဓာတ်စာ

ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ် မြင့်မားလာရခြင်းကြောင့် ဖြစ်ပေါ်လာ တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစား (၁) ခန္ဓာကိုယ်မှ အင်ဆူလင် မထုတ်လုပ်နိုင်တဲ့ အမျိုးအစား၊ (၂) ထုတ်လုပ်ပေးတဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်မှ ကောင်းမွန်စွာအသုံး မချနိုင်တဲ့အမျိုးအစား ဆိုပြီး ခွဲခြားထားပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ကာကွယ်ဖို့ဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒါက ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ နှလုံးရောဂါ၊ သွေးလည်ပတ်မှုအားနည်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း စတဲ့ ပြဿ နာတွေဖြစ်ပွားနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့စားသောက်မှု၊ လေ့ကျင့်ခန်း၊ ကောင်းမွန်စွာအိပ်စက်အနားယူ ခြင်း၊ စိတ်ဖိစီးမှုနည်းပါးခြင်း စတဲ့ မှန်ကန်တဲ့ လူနေထိုင်မှုဘ၀ပုံစံကသာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။ ဆီးချိုသမားတွေရဲ့ စားသောက်မှုမှာလည်း အာဟာရဖြစ်စေပြီး၊ အဆီနည်း ပါးဖို့က အရေးကြီးပါတယ်။ အဲဒီအထဲမှာ အသီးအနှံ။ သစ်သီးတွေက ယေဘုယျအားဖြင့် ချိုမြိန်နေတဲ့အတွက် လူအများစုက ဆီးချိုသမားတွေ သစ်သီးမစားသင့်ဘူးလို့ ထင်မြင်နေကြပါတယ်။ တချို့သစ်သီးတွေကတော့ ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဘယ်လ