Skip to main content

Posts

Showing posts from January 20, 2015

အရေပြားပေါ်က အမာရွတ်များကို ဖယ်ရှားနည်း

အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ။ စိတ်ပျက်မယ် ဆိုလဲပျက်စရာပဲလေ။ တခါတလေ ခြေသလုံးသားအလှအပလေး ပြချင်ရင် ဒီအမာရွတ်တွေကြောင့် စိတ်ပျက်အားငယ်စရာလေးတွေ ဖြစ်တတ်ပါတယ်။ အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြုလုပ်ပေးနိုင်သော အမာရွတ်ဖျောက်ပေးတဲ့ ခရင်တွေ၊ ဂျယ်လီတွေ၊ ဆေးတွေနဲ့ မီးဖိုချောင်သုံးဆေးဝါးတွေအစရှိသဖြင့် အမျိုးမျိုးရှိကြပါတယ်။ အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အထဲက မီးလောင်၊ ခွဲစိတ်၊ ထိခိုက်ဒါဏ်ရာ၊ ရေကြောက်၊ ဝက်ခြံအမာရွတ်လေးများနှင့် အင်းဆက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များကို အောက်ပါနည်းများဖြင့် ငွေကုန်ကြေးကျများစရာမလိုပဲ ကုစားနိုင်ပါတယ်။ (၁) ဗိုက်တာမင်အီး နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့် အလှအပဆိုင်ရာ ဆောင့်ရှောက်မှုများအတွက် အကျိုးထိရောက်မှုရှိစွာ ယနေ့ထိတိုင်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ လည်းကောင်းတွင် ပါဝင်သော အလွန်အစွမ်းထက်သည့် အန်တီအေက်ဆီဒန့်နှင့် အသားအရေ စိုပြေစေရန် ထိန်းသိမ်းပေးသည့်ဓါတ်က အရေပြားနှင့် ပျက်ဆီးနေသော တစ်ရှုးများကို ပြန်လည်ပြင်ဆင်ပေးသည်။ ဗိုက်တ

ကော်ဖီတစ်ခွက်နဲ့ မင်းလေးရှိနေရင်

အမေရိကန်သုတေသနအရ ကော်ဖီတစ်ခွက် မနက်မှာသောက်တာဟာ လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားများ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်တဲ့။ အမျိုးသမီး ကောလိပ်ကျောင်းသူတွေကို ဂျော်ဂျီယာ (Georgia) တက္ကသိုလ်က သုတေသန သမားတွေ လေ့လာချက်အရ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ တစ်နေ့တာအလုပ်လုပ်ပြီး ပင်ပန်းလာတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်၊ နေလို့ ကောင်းစေပါတယ်တဲ့။ News Mg Mandalay http://ift.tt/1rx2wd4 from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1ElcvZV

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်

မျက်စိ ဝေဒနာရှင်များ ဆရာဝန် ညွှန်ကြားသည့် မျက်စဉ်း ဆေးများ ကိုသာ သုံးစွဲသင့်

ရန်ကုန် ဇန်နဝါရီ ၁၉ မျက်စိဝေဒနာ ခံစားနေရသော သူများသည် မျက်စဉ်းဆေးများကို အသုံးပြုသည့်အခါ အတိုင်းအဆမရှိဘဲ အသုံးပြုခြင်း၊ တတ်ကျွမ်းနားလည်သော မျက်စိဆရာဝန်များ၏ ညွှန်ကြားခြင်းမရှိသော ဆေးများကို ဝယ်ယူ အသုံးပြုမိပါက မျက်စိကွယ် နိုင်သည်အထိ ဖြစ်ပွားတတ်ကြောင်း သိရသည်။ အဆိုပါ မျက်စိနှင့် ပတ်သက်၍ ဝေဒနာခံစား နေကြရသူများသည် ပြင်ပ ဆေးဆိုင်များတွင် ရောင်းချသော Sterile Eye Drops မျက်စဉ်းဆေးကို မလိုအပ်ဘဲ ထည့်မိလျှင် မျက်ကြည်လွှာ အပေါ် ဆုံးရှိ အရေပြားလေးများ ပွန်းပဲ့ခြင်းများ ဖြစ်နိုင်ပြီး ၎င်းဆေးကို မလိုအပ်ဘဲထပ်၍ ထည့်မိပါက ရေတိမ် ဝင်လာနိုင်ပြီး မျက်စိ ကွယ်သည်အထိ ဖြစ်များနိုင်သည်ဟု မျက်စိဆရာဝန် တစ်ဦးက ပြောသည်။ မျက်စိသည် လူတိုင်းအတွက် အရေးကြီးဆုံး အရာဖြစ်သောကြောင့် မျက်စိနှင့် ပတ်သက်ပြီး မျက်စိနာခြင်း၊ မျက်သား ယားယံခြင်းများနှင့် ပတ်သက်သော ဝေဒနာများ ခံစားရလျှင် မျက်စိဆရာဝန်၏ ညွှန်ကြားချက် မပါဘဲ ပြင်ပဆေး ဆိုင် များမှ မျက်စဉ်းများဝယ်၍ မသုံးသင့်ကြောင်း၊ ပြင်ပဆေးဆိုင်များတွင် ရောင်းချသော မျက်စဉ်းဆေးများတွင် Antibiotics ပိုးသတ်ဆေး စတီးရွိုက်၊ Sterile Eye Drops နှင့် ယင်းဆေးနှစ်မျိုး ပေါင်းစပ်ထားသည့် ဆေးသာ ရှိသောေ

ဆီးပူခြင်းအတွက် သဘာဝဆေးနည်း

ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက အောက်ပါ ရိုးရာသဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ကြပါတယ်။ ဆေးပြုလုပ်နည်း ၁။ ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။ ၂။ လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။ ၃။ ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်( ချို၍ သောက်နိုင်ရုံ)ခန့် ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ ဆီးပူ ဆီးအောင့်များ သက်သာပျောက်ကင်းသွားပါမည်။ စောနွဲ့ နေဆိုင်(ကျန်းမာရေးသတင်းများ) ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/15pU9LU

သဘာဝ ခြင်နိုင်ဆေး

ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။ လက်တွေ့သုံးကြည့်ပြီး ထိရောက်မှုရှိသူများကတော့ နှစ်သက်သဘောကျနေကြပါတယ်။ အခုဆိုရင် နိုင်ငံခြားသားများကလည်း သဘာဝဆေးနည်းများကို ပိုမိုသုံးစွဲလာနေကြပါပြီ။ ခြင်ပေးစေမည့် လေးညှင်းသံပုရာလုပ်နည်း ၁။ သံပုရာသီး ၁ လုံးကို ၄ ကွင်းရအောင် လှီးလိုက်ပါ။ ၂။ သံပုရာသီး ၈ ကွင်း (၂ လုံးစာ) လှီးထားပြီးလျှင် အစေ့များကို ဖယ်ပစ်ပါ။ ၃။ ပုံထဲမှာ ပြထားသည့်အတိုင်း လေးညှင်းပွင့်လေးများကို သံပုရာကွင်းပေါ်ကို စိုက်ထားပါ။ အတွင်းထဲကို ၀င်နေအောင် စိုက်ပေးပါ။ ၄။ သံပုရာကွင်းများကို ဗန်းတစ်ခုပေါ်တင်ပြီး ခြင်ပေါသည့်နေရာမှာ ချထားပေးပါ။ ၅။ တစ်နေရာတည်း မထားလိုပါက အကွင်းလိုက်ယူ၍ ခြင်ပေါသည့်နေရာများမှာ လိုက်ပြီး ချထားပါ။ သံပုရာသီးနှင့်- လေးညှင်း၏ စူးရှပြင်းထန်သည့် ဓါတ်ပြုအနံ့တစ်ခုကြောင့် ခြင်များ မခံနိုင်၍ ပြေးပါလိမ့်မည်။ သံပုရာသီး၏ အနံ့သည် အများဆုံး ၃ ရက်သာ ခံပါသည်။ သံပုရာသီးခြောက်သွားသည့်အခါ အရည်ပြန်ထွက်လာအောင် ဖိညှစ်ပေးပြီး ပြန်ထားပေးနို

မြန်မာ့ဆေးဖက်ဝင် သနပ်ခါးပင်

Item Name ---------- Chinese Box-Tree (သနပ်ခါး) Category ------------ Raw Material Botany Term -------- Cinnamomum tamala F.Nees Species Family ----- Lauraceae အပူပိုင်း ဒေသဖြစ်သည့် ပခုက္ကူ ၊ မြင်းခြံ ၊ ပြည် ၊ ရွှေဘို ၊ စစ်ကိုင်း ၊ မြိုင်၊ နွားထိုးကြီး ၊ တောင်သာမြို့နယ် များတွင် ပေါက်ရောက်သည်။ အချို့ အထက် အရွက်ပြတ် တောခြောက်များ ၌ လည်း တွေ့ရသည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ပင်လတ် မျိုး ဖြစ်သည်။ အမြင့် ၂၀-၃၀ ပေထိ မြင့်တတ် ၏ ။ ပင်စည် နှင့် အကိုင်းအခက် များတွင် ၁/၂ လက်မမှ ၁ လက်မ ထိ ရှည်သည့် ချွန် ထက်မာကျော သော ဆူးများ ရှိ၏။ အပင်နု စဉ် တွင် အပွေး မဲ့ပြီး အပင်ရင့် လာသော အခါမှ အပွေးထူ လာသည်။ အရွက် ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည် ။ အလျား ၃ လက်မ မှ ၅ လက်မ ထိရှည်ပြီး ရွက်ညှာတွင် အတောင်ပါ သည်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တွင် တစ်ရွက် ပါသည်။ ရွက်ပြား ပြောင်ချော ပြီး တောင့်တင်း မာကျော သည်။ အစိမ်းရင့်ရောင် ရှိသည်။ အပွင့် သေးငယ် သည် ။ အ၀ါနုရောင် ရှိသည်။ အဆုပ် လိုက်ပွင့် ၏ ။ တန်ခူး ၊ ကဆုန်လများ တွင် ပွင့်သည်။ အသီး ချဉ်သော အရသာ ရှိ၏ ။ အပြွတ် လိုက် သီး၏ ။ ငရုတ် ကောင်းစေ့ ခန့် ရှိ၏ ။ အေ

မြန်မာ့ဆေးဖက်ဝင် နနွင်း ပင်

Item Name --------- Turmeric (နနွင်း) Category ------------ Raw Material Botany Term ------- Curcuma longa Linn Species Family ----- Zingiberaceae မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက်သည်။ မြန်မာ ပြည် အထက်ပိုင်း တောတောင် များ၌ သဘာဝ အလျောက် ပေါက်ရောက် သည်။ ကူးသန်း ရောင်းဝယ် ရေးအတွက် စိုက်ခင်း များ တည်ထောင်၍ စိုက်ပျိုးကြ သည်။ ချင်းပင် ကဲ့သို့ စိုက်ပျိုး ရသည်။ အပင် ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တောက်ပ သော အရောင် ရှိသည်။ နနွင်း အမျိုးအစား ၇ မျိုး ရှိသည့် အနက် ဆေးဖော်စပ် ရာ၌ ဤ နနွင်း ရိုးရိုး ကိုသာလျှင် ဆေးဖက် အဖြစ် အထူး အသုံး ပြု၏။ အရွက် ရွက်ညှာ သည် ရွက်ပြားနှင့် အလျား ညီ၏။ ရွက်ညှာ ရင်းမှ ရွက်ပြား ထိပ် အထိ အမြှောင်း ပါသည်။ ရွက်ပြား ရှည်မျောမျော ပုံဖြစ် ပြီး အဖျားချွန် ကာ အရင်းသွယ်သည်။ ရွက်နား ညီသည်။ရွက်ကြော များ အလွန် ထင်ရှား သည်။ အပွင့် အ၀ါ နုရောင် ရှိသည်။ အပွင့်သည် ဆိပ်ဖူးပွင့် နှင့် တူသည်။ ၀ါဆို ၊ ၀ါခေါင် လများတွင် ပွင့်သည်။ အသုံးဝင်ပုံ ဥတက်။ အာနိသင် မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသ

မြန်မာ့ဆေးဖက်ဝင် လင်းနေ ပင်

Item Name ------- Sweet-Flag (လင်းနေ) Category ---------- Raw Material Botany Term ------ Acorus calamus Linn Species Family --- Araceae အေးမြသော ရာသီဥတု ရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်း တစ်ဝိုက်တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သော်လည်း အိမ်သုံးဆေး အဖြစ် အသင့် အတင့် စိုက်ပျိုး ကြသည်။ ချင်းပင် ကဲ့သို့ပင် စိုက်ပျိုး ရသည်။ အပင် ပင်ပျော့ ပင်ငယ် မျိုးဖြစ်၏။ အမြင့် ၃ ပေ ခန့်ထိ မြင့်သည်။ ပင်စည်မှာ မြေအောက် ပင်စည် ဖြစ်သည်။ အနံ့ ထင်ရှား သည်။ ပင်စည်သည် ဥတက် သဖွယ် ဖြစ်ကာ ဥများရှိ အဆစ်များ အဖြူရောင် ရှိသည်။ အရွက် အလျား ၃ ပေ ခန့်ထိ ရှည်သည်။ ရွက်ပြား သေးသွယ် ရှည်လျားပြီး ချောသည်။ ရွက်လယ်ကြော ထင်ရှား သန်မာသည်။ မြေအောက် ပင်စည်မှ မြေပေါ်သို့ ယပ်တောင် သဖွယ် ဖြန့်ထွက်သည်။ ရွက်ထိပ်သည် ဓါးသွားဦး ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ အပွင့် ရှည်လျားသော ပန်းခိုင် ပေါ်တွင် စိမ်းဝါရောင် အပွင့် များစွာ ပွင့်၏။ အဖူးခွံ အစိမ်းရောင် ရှိ၍ အရွက်နှင့် တူသည်။ အသုံးဝင်ပုံ မြေအောက်ပင်စည်။ အာနိသင် မြန်မာ ဆေးကျမ်း များအလိုအရ လင်းလေ သည်စူးရှ သော အနံ့ ရှိ၏။ ခါး၍ စပ်ဖျဉ်းဖျဉ်း အရသာ ရှိ၏။ နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရ