Skip to main content

Posts

Showing posts from April 4, 2014

လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင်လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက် ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေ နဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ်ကိုဆေးကု ဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည် က RFA ကိုပြောပါတယ်။ "လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာ တယ်လေ၊ မ က ၆ ယောက်၊ကျား က ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန်တို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်း...

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင်လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။ လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/PBEoc4

စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက် ရန်ကု...

စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက် ရန်ကုန်၊ ဧပြီ ၄ တရိပ်ရိပ် မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများမှာလည်း ပြီးခဲ့သည့် နှစ်ကထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများသည် နှစ်စဉ် မြင့်တက်လာခြင်း ဖြစ်ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်း ဖြစ်ပြီး လူကြိုက်များသည့် နေရာများတွင်မူ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ကြောင်း ယင်းဈေးကွက်များ အတွင်းမှ သိရသည်။ “တကယ်ငှားရမ်းဖြစ်တဲ့ ဈေးနှုန်းအရ ပြောမယ်ဆိုရင်တော့ အဲဒီလောက်ပေါ့။ ပေါက်ဈေး အရဆိုရင်တော့ အဲဒီထက် မြင့်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပေါက်ဈေးဆိုတာက ပါးစပ်ဈေးပါ” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနိုင်မျိုးဦးက ပြောကြားသည်။ စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်း လုပ်သူများသည် အဝယ်ထက် အငှားဘက်ကိုသာ အာရုံစိုက်လာသဖြင့် အငှားဈေးနှုန်း များမှာ

မြန်မာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေလိုအပ်...

မြန်မာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေလိုအပ် နေပြည်တော်၊ ဧပြီ ၄ မြန်မာနိုင်ငံက အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်မည့် ကဏ္ဍကြီး ခြောက်ခုကို လက်တွေ့ အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများအတွက် ရန်ပုံငွေနှင့် လူသားအရင်းအမြစ် လိုအပ်ချက်များ ရှိနေသေးကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ အာဆီယံ လူမှုယဉ်ကျေးမှုဝန်ကြီး H.E Yuok Ngoy က ပြောကြားသည်။ ဧပြီလ ၄ ရက်နေ့က နေပြည်တော်ရှိ Grand Amara Hotel တွင် ကျင်းပသော အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ (ASCC) ဝန်ကြီးအဆင့် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ အာဆီယံနိုင်ငံများအကြား လက်တွေ့ ဆောင်ရွက်မည် ဆိုပါက ငွေကြေးပံ့ပိုးမှုအပြင် ကျွမ်းကျင်မှု (Professional) ပိုင်းအတွက် လူသားအရင်းအမြစ် လိုအပ်ချက်များနှင့် ဒေသတွင်းနိုင်ငံ အချင်းချင်း ပူးပေါင်းမှုများ တိုးမြှင့်ရန် အရေးကြီးကြောင်း H.E Yuok Ngoy က ပြောဆိုသည်။ မြန်မာ အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံစဉ် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ လူမှုဖူလုံရေးနှင့် ကာကွယ် စောင့်ရှောက်ရေး၊ လူမှုအခွင့်အရေးနှင့် တရားမျှတရေး၊ သ

#emg_opinions သဘာဝသယံဇာတ ထုတ်နုတ်ခြင်း ပွင့်လင်းမြင်သာရှိမှု (Written by: တက္ကသ...

#emg_opinions သဘာဝသယံဇာတ ထုတ်နုတ်ခြင်း ပွင့်လင်းမြင်သာရှိမှု (Written by: တက္ကသိုလ်မိုးဝါ) သဘာဝသယံဇာတ ထုတ်နုတ်တူးဖော်ခြင်းကိစ္စနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ (EITI – Extractive Industries Transparency Initiative) သို့ အဖွဲ့ဝင်လောင်းအဖြစ် ပါဝင်နိုင်ရန် မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် မကုန်မီကပင် ကြိုးပမ်းနေခဲ့ပေသည်။ ၂၀၁၃ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ လိုအပ်သော စာရွက်စာတမ်းများဖြင့် ယင်းအဖွဲ့သို့ တင်ပြလျှောက်ထားရန် ဖြစ်သော်လည်း EITI ၏ လိုအပ်ချက်တစ်ခုဖြစ်သည့် သုံးပွင့်ဆိုင် (အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်) အဖွဲ့အစည်းတို့ သဘောတူညီမှုရရန် ညှိနှိုင်းကာလ မလုံလောက်သဖြင့် မြန်မာနိုင်ငံ အနေနှင့် အဖွဲ့ဝင်လောင်းဖြစ်ရန် လျှောက်ထားချက်ကို ရွှေ့ဆိုင်းလိုက်ရသည်။ ယခုမူ EITI အဖွဲ့ဝင်လောင်း ဖြစ်လာရန် ၂၀၁၄ ဇွန်လကုန်တွင် အပြီးသတ် ဆောင်ရွက်တော့မည်ဟု ဆိုသည်။ ထိုသို့ အပြီးသတ် ဆောင်ရွက်နိုင်ရန် ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်သယံဇာတ စသည့်ကဏ္ဍ သုံးရပ်အနက် မြန်မာနိုင်ငံ အနေဖြင့် ထည့်သွင်းရမည့် ကဏ္ဍကို ကနဦး လေ့လာဆန်းစစ်မှု ပြုရန်အတွက် ကမ္ဘာ့ဘဏ်နှင့် ဗြိတိန်အခြေစိုက် Aden Smit International အဖွဲ့အစည်းတို့က မြန်မာနိုင်ငံသို့ လ

#emg_opinions လမ်းကြောင်း (Written by: ကိုထက်) နွေရာသီကတော့ ရောက်လို့လာခဲ့ပါပြ...

#emg_opinions လမ်းကြောင်း (Written by: ကိုထက်) နွေရာသီကတော့ ရောက်လို့လာခဲ့ပါပြီ။ ကျွန်တော်နေထိုင်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာလည်း ရပ်ကွက်အလိုက် ကွန်ကရစ်လမ်း ခင်းဖို့အတွက် လမ်းသူ၊ လမ်းသားတွေက စိုင်းပြင်းနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာတော့ ၂၀၁၄ ရန်ကုန်တိုင်းဒေသကြီးမှာ ခင်းမယ့်လမ်း ၉၀ ကျန်နေသေးတယ်လို့ သိရပေမယ့် မြို့တော်စည်ပင်က လမ်းလာခင်းရင် အဆင်သင့်ဖြစ်အောင်လို့ဆိုပြီး အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်လို့ရတဲ့ ခဲကျိုးတွေ ကားအစီးလိုက်ဝယ်ပြီး မြေသားညှိလမ်းကို ပြန်ပြင်နဲ့ လမ်းသူလမ်းသားတွေ အလုပ်တွေ ရှုပ်နေကြပါတယ်။ ကျွန်တော်တို့ လူငယ်တွေလည်း လမ်းခင်းရာမှာ အုတ်ခဲကျိုးတွေကို တူနဲ့ထုသူကထု မြေညှိသူကညှိနဲ့ တစ်တပ်တစ်အား ပါဝင်ကြတာပေါ့လေ။ အဲဒီမှာ တချို့အုတ်ကျိုးအုတ်ပဲ့နဲ့ ကွန်ကရစ်ရောနေတဲ့ အစိုင်အခဲတုံးကြီးတွေက ကြီးလွန်းတဲ့အတွက် ၁၀ ချက်၊ ၁၅ ချက်လောက် ၁၀ ပေါင်တူနဲ့ ထုရပါတယ်။ ကျွန်တော်လုပ်နေတာကိုမြင်တဲ့ လမ်းထဲက အန်ကယ်ကြီးက “ငါ့တူ အလယ်ကိုမထုနဲ့ ဘေးစွယ်တွေကိုထုပေး သူ့ဘာသာသူ လမ်းကြောင်းတည့်ရင် ကွဲသွားလိမ့်မယ်တဲ့” ကျွန်တော်လည်း သူပြောသလို ထုကြည့်တော့ အမှန်ပါပဲ။ သိပ်ပင်

ပြည်တွင်း၌ အလုပ်လက်မဲ့မြင့်မားဆဲဟု IRI စစ်တမ်းဆို ---------------- မြန်မာနိုင်င...

ပြည်တွင်း၌ အလုပ်လက်မဲ့မြင့်မားဆဲဟု IRI စစ်တမ်းဆို ---------------- မြန်မာနိုင်ငံ၏ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးကာလတွင် စီးပွားရေးအနည်းငယ်တိုးတက် လာသော်လည်း အလုပ်လက်မဲ့ နှုန်းမှာ ဆက်လက်ရှိနေသဖြင့် ထိုပြဿနာကို အဓိကဖြေရှင်း ရမည်ဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် IRI (International Republican Institute) အဖွဲ့က ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1eguvGR ပြည်တွင်း၌ အလုပ်လက်မဲ့မြင့်မားဆဲဟု IRI စစ်တမ်းဆို 7daydaily.com မြန်မာနိုင်ငံ၏ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးကာလတွင် စီးပွားရေးအနည်းငယ်တိုးတက် လာသော်လည်း အလုပ်လက်မဲ့ နှုန်းမှာ ဆက်လက်ရှိနေသဖြင့် ထိုပြဿနာကို အဓိကဖြေရှင်း ရမည်ဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် IRI (International Republican Institute) အဖွဲ့က ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1eguvGV

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့် ----------------...

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့် -------------------- ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1ka7HAu အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့် 7daydaily.com ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။ ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတု... from 7Day News Journal's Facebook Wall http://ift.tt/1hqsXKo

လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန် -------------------------- လှည်...

လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန် -------------------------- လှည်းကူးမြို့နယ်တွင် ဈေးဆိုင်နှစ်ဆိုင်ပြဿနာဖြစ်ပွား ရာမှစတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲတွင် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့်ဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1ka7JbA လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန် 7daydaily.com လှည်းကူးမြို့နယ်တွင် ဈေးဆိုင်နှစ်ဆိုင်ပြဿနာဖြစ်ပွား ရာမှစတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲတွင် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့်ဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1ka7JbC

ယနေ့ထုတ် #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1ka7IV6

လှည်းကူး ပဋိပက္ခကြောင့် ရဲအင်အား ၃၀၀ခန့် လုံခြုံရေးချထားရ မဇ္ဈိမသတင်းဌာန ရန်ကုန်(...

လှည်းကူး ပဋိပက္ခကြောင့် ရဲအင်အား ၃၀၀ခန့် လုံခြုံရေးချထားရ မဇ္ဈိမသတင်းဌာန ရန်ကုန်(မဇ္ဈိမ) ဧပြီလ ၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ခိုက်ရန်ဖြစ်ပွားရာမှအစပြုပြီး လူအုပ်စုများက ဆူပူခဲ့ကြပြီးနောက် လက်ရှိအခြေအနေမှာ တည်ငြိမ်နေသော်လည်း ရဲအင်အား ၃၀၀ ခန့် လုံခြုံရေးချထားရသည် ဟု လှည်းကူးမြို့နယ် ရဲမှူးခင်မြင့်က မဇ္ဈိမကိုပြောသည်။ “ဒီနေ့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ ရဲအင်အားကတော့ နှစ်ရာကျော် သုံးရာလောက် ချထားရတယ်” ဟု မြို့နယ်ရဲမှူးက ဧပြီလ ၅ ရက် နံနက် ၁၀နာရီ ၅၀မိနစ်တွင် ပြောခြင်းဖြစ်သည်။ လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်ရှိ ဗန်ဒါလမ်းဈေးကြီးအတွင်း စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးသဖြ င့် မကျေနပ်သူ ရာပေါင်းများစွာတို့က ခဲများဖြင့် ပစ်ပေါက်သည့် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဖြစ်ပွားခဲ့မှုကြောင့် လှည်းကူးမြို့တွင် မနက် ခြောက်နာရီမှ ည ခြောက်နာရီထိ အပြင်မထွက်ရန် အာဏာပိုင်တို့က အမိန့်ထုတ်ထားရသည်။ “လုံခြုံရေးတွေကတော့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ အများကြီးပဲ။ လူတွေက တော့ သိပ်မတွေ့ဘူး။ တစ်ချို့ ဆိုင်တွေလ လည်းပိတ်ထားကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဧပြီလ ၅ ရက် မနက် လှည်းကူးမြို့မြင်ကွင်းကိုြေ

တ.စ.ည ပါတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ ကွယ်လွန်

ရန်ကုန်၊ ဧပြီ ၄မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ အသွင်ပြောင်း ပါတီဟု သတ်မှတ်ခံရသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီသည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း တ.စ.ည ပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ပြောကြားသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီမှာ အသက် ၈၈ နှစ်ရှိပြီ ဖြစ်ပြီး ကျောက်ကပ်ရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံတွင် ကုသမှု ခံယူနေရာမှ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “၂ ရက်နေ့အထိ ရုံးတက်တယ်။ ရုံးမှာတောင် စကားတွေပြောပြီး ညနေပိုင်း အိမ်ရောက်မှ ဆေးရုံတင်လိုက်ရတာ” ဟု ဦးဟန်ရွှေက ဆိုသည်။ ကွယ်လွန်သူ ဦးထွန်းရီကို ဧပြီလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောဆိုသည်။ မြင်းမူဇာတိ ဦးထွန်းရီသည် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တပ်သားအဆင့်မှသည် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၈၅ ခုန

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံအထိရှိ

ရန်ကုန်၊ ဧပြီ ၄နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်နေသည့် မြန်မာနိုင်ငံအတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ တိုက်ရိုက်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။ “ပြည်ပရင်းနှီးမြှုပ်နှံမှုက ၄ ဘီလီယံအတိပါ။ ကဏ္ဍအလိုက် ဆိုရင်တော့ ကုန်ထုတ်လုပ်မှုကဏ္ဍက ထိပ်ဆုံးကပါ။ နောက်ဆက်သွယ်ရေးနဲ့ ဟိုတယ်က ဒုတိယနဲ့ တတိယ အများဆုံးပါ” ဟု ၎င်းကဆိုသည်။ ယခု ဘဏ္ဍာနှစ်သစ်တွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဘီလီယံနှင့် ၅ ဘီလီယံကြား ရှိမည်ဟု ခန့်မှန်းထားပြီး ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဟိုတယ်၊ ခရီးသွားလာရေး ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရှာဖွေပေးနိုင်သည့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် Promotion များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကဏ္ဍအားလုံးမှာ ဗြဲလရမ်းလိုက် ကမ်းလှမ်းနေတာထက်စာရင် ကိုယ့်တိုင်းပြည်နဲ့ သင့်တော်တဲ

HIV ပိုး ကူးစက်နှုန်း လျှော့ချရန် မြန်မာနှင့် ဒေသတွင်း နိုင်ငံများကို စင်ကာပူနှင့် ဖိလစ်ပိုင် တိုက်တွန်း

နေပြည်တော်၊ ဧပြီ ၄အာဆီယံဒေသတွင်း နိုင်ငံများတွင် HIV ပိုး ကူးစက်မှုနှုန်း မြင့်မားသော မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံအချို့ကို HIV/AIDS ကူးစက်နှုန်း လျှော့ချရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဧပြီ ၄ ရက်နေ့ (၁၁) ကြိမ်မြောက် အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးအဆင့် အစည်းအဝေးတွင် စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ASCC ဝန်ကြီးများက တိုက်တွန်း ပြောကြားသည်။ ယင်းအစည်းအဝေးကို နေပြည်တော်၊ Grand Amara Hotel တွင် ကျင်းပခဲ့ပြီး စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံတို့မှ ASCC ဝန်ကြီးများ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများတွင် HIV နှင့် ပတ်သက်သော ဗဟုသုတများ ပြန့်ပွားစေရန် စင်ကာပူနိုင်ငံက ဦးဆောင်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ဒေသတွင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ထားပြီး ဖြစ်၍ ယင်းမှတစ်ဆင့် နိုင်ငံအလိုက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ASCC ဝန်ကြီး Mr.Chan Heng Kee က ထုတ်ဖော် ပြောကြားသည်။ အဆိုပါ ပညာပေး အစီအစဉ်များ အတွက်လည်း စင်ကာပူနိုင်ငံက ထောက်ပံ့မှုများ ပေးထားကြောင်း ၎င်းက

ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်

ရန်ကုန်၊ ဧပြီ ၄ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာသည် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ရန် လျာထားသော ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကချင်ပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ် လေးနေရာ ရှိနေပြီး ပြည်နယ်အခြေစိုက် ပါတီ ငါးခုအထိ ရှိနေ၍ ကြိုးစား ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ထပ်လောင်းပြောဆိုသည်။ “ဝင်ပြိုင်မှာပါ။ ဒါပေမဲ့ ဘယ်မြို့နယ်ကို ကိုယ်စားပြု ပြိုင်မလဲ မရွေးရသေးဘူး” ဟု ၎င်းကဆိုသည်။ ဒေါက်တာတူးဂျာသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း ကေအိုင်အိုနှင့် ဆက်နွှယ်မှုများကြောင့်ဟု ဆိုကာ ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံခဲ့ရသူ ဖြစ်သည်။ ယင်းသို့ ပါတီမှတ်ပုံတင်ခွင့် မရသဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းသော်လည်း ထပ်မံ ပိတ်ပင်ခံရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင်

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီ၊ ပြင်သစ် သမ္မတများနှင့် တွေ့ရန် ဥရောပသို့ ၉ ရက်နေ့ သွားမည်

ရန်ကုန်၊ ဧပြီ ၄အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ ဂျာမနီနှင့် ပြင်သစ်နိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံရန် ဧပြီလ ၉ ရက်နေ့တွင် ဥရောပသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်၊ ဝန်ကြီးချုပ် အင်ဂလာမာကယ်လ်နှင့် ဂျာမန် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ယင်းနောက် International Willy Brandt Prize ကို လက်ခံရယူပြီး ဂျာမနီရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ သမ္မတ ဖရန်ဆွာဟော်လန် အပါအဝင် လွှတ်တော်ဥက္ကဋ္ဌ၊ အခြေခံဥပဒေကောင်စီ ဥက္ကဋ္ဌတို့အပြင် နိုင်ငံရေး၊ စီးပွားရေး စစ်ရေးခေါင်းဆောင်များနှင့် ဆက်တိုက်တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ် စစ်တက္ကသိုလ် Ecole Militaire သို့ သွားရောက် လေ့လာမည် ဖြစ်ပြီး ဧပြီ လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြ

အာယု အခမဲ့ဆေးခန်းသစ် ဖွင့်မည် ရန်ကုန်၊ ဧပြီ ၄ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ...

အာယု အခမဲ့ဆေးခန်းသစ် ဖွင့်မည် ရန်ကုန်၊ ဧပြီ ၄ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အတွင်း ကျန်းမာရေး အခမဲ့ ကုသပေးနိုင်မည့် အာယု (အခမဲ့) ဆေးခန်းသစ်ကို ဧပြီလ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါဆေးခန်း ကော်မတီအတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားသည်။ အာယု အခမဲ့ဆေးခန်းသစ်သည် ယုဇနဥယျာဉ်မြို့တော်၊ စီ-ဘလောက် (၈) လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင် တည်ရှိပြီး အဆိုပါ ဥယျာဉ်မြို့တော်ကို ဗဟိုပြု၍ ၉၂ နှင့် ၉၃ ရပ်ကွက်နေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောဆိုသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းကစ၍ မြေနေရာ မရရှိခြင်းကြောင့် စီ- ဘလောက် အုပ်ချုပ်ရေးရုံးအတွင်း ဖွင့်လှစ်ထားခဲ့ရာမှ ယခုအခါ တစ်ဦးတည်း အဆောက်အအုံ အလှူရှင် ပေါ်ပေါက်လာသဖြင့် ယခုကဲ့သို့ ဆေးခန်း မြေနေရာအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဦးသန်းဇော်က ဆက်လက်ရှင်းပြသည်။ အဆိုပါ ဆေးခန်းတွင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ တိုင်းရင်းဆေး (အရိုးအကြော) ဆိုင်ရာ ရောဂါများကို ကုသပေး၍ အင်္ဂါနှင့် ကြာသပတေးနေ့ များတွင် အနောက်တိုင်းဆေး (အထွေထွေရောဂါ) များကို ကုသမ

" ရွာလည်တဲ့ စာ " အသာလုပ်ပါဆရာတို့ရာ ဟဝှာပါပျောက်မဗျာ ဒီနှစ်ပိုင်းထဲ အဝေဖန်ခံ အ...

" ရွာလည်တဲ့ စာ " အသာလုပ်ပါဆရာတို့ရာ ဟဝှာပါပျောက်မဗျာ ဒီနှစ်ပိုင်းထဲ အဝေဖန်ခံ အပြောခံရတဲ့ကိစ္စတွေထဲ အစိုးရကတော့ ထားပါတော့။ သူကငါးပိချက်ပဲလေ။ ဝန်ကြီးတွေတော့ထားပါတော့၊ သူတို့လည်း ငရုတ်သီးပဲ။ အမတ်မင်း များလည်းထားပါတော့၊ သူတို့လည်း ရုပ်သေးပဲ။ ဆန္ဒပြသူတွေလည်း ထားပါတော့။ သူတို့က ခံဖက်ပဲ။ ရဲတွေလည်းထားပါတော့။ သူတို့က တာဝန်အရပဲ။ စစ်သားတွေ လည်း ထားပါတော့။ သူတို့က တစ်သွေးတစ်သံတစ်မိန့်ပဲ။ ဒါဆိုဘာကိုမထားရ ဘူးလဲ မေးပြီ။ ဟုတ်ပြီဖြေပြီ။ ထားမရတာက မီဒီယာပဲ။ အနှီမီဒီယာကား လတ်တလောတွင် အတွင်းအပြင် ဘေးရန်မစင် ဖြစ်နေသတည်း။ မီဒီယာရဲ့သဘောသဘာဝကိုက အစိုးရနဲ့ပြည်သူကြားက ပေါင်းကူး တံတားဗျ။ ခက်တာကဒီတံတားကို အစိုးရဘက်ကလည်းဖျက်၊ ပြည်သူ ဘက်ကလည်း ဖျက်မယ်ဆို ဟိုဘက်ကမ်း ဒီ ဘက်ကမ်းဘယ်သူမှ ရောက် မှာမဟုတ်ဘဲ တစ်ခြမ်းစီဖြစ်နေရင် ပြိုကွဲမှုဆိုတာ သေချာသပေါ့ဗျာ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့ ကြွေးကြော်ထားသလို မီဒီယာလောကမှာ လတ်တလော ထုတ်ဝေနေတဲ့ သတင်းစာ ဂျာနယ်အများ စုရဲ့ နောက် ကွယ်မှာဘယ်သူတွေရှိလဲ။ ဒီစကားက ဘယ်သူဘယ်ဝါအထုပ်ဖြည်ပြ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ဖို့ မဟုတ်ပါဘူး။ ဆို လိုတာကမီဒီယာသမားစစ်စစ်၊ တကယ့်တိုင်းပြည်အတွက် စတုတ္ထမဏ္ဍိုင်

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံအထိရှိ ရန်ကုန်၊ ဧ...

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံအထိရှိ ရန်ကုန်၊ ဧပြီ ၄ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ဝင်ရောက်နေသည့် မြန်မာနိုင်ငံအတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ တိုက်ရိုက်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။ “ပြည်ပရင်းနှီးမြှုပ်နှံမှုက ၄ ဘီလီယံအတိပါ။ ကဏ္ဍအလိုက် ဆိုရင်တော့ ကုန်ထုတ်လုပ်မှုကဏ္ဍက ထိပ်ဆုံးကပါ။ နောက်ဆက်သွယ်ရေးနဲ့ ဟိုတယ်က ဒုတိယနဲ့ တတိယ အများဆုံးပါ” ဟု ၎င်းကဆိုသည်။ ယခု ဘဏ္ဍာနှစ်သစ်တွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဘီလီယံနှင့် ၅ ဘီလီယံကြား ရှိမည်ဟု ခန့်မှန်းထားပြီး ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဟိုတယ်၊ ခရီးသွားလာရေး ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရှာဖွေပေးနိုင်သည့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် Promotion များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကဏ္ဍအားလုံးမ

မူးယစ်တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲမည်

ရန်ကုန်၊ ဧပြီ ၄လက်ရှိ ကျင့်သုံးနေသော မူးယစ်တိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ပြင်ဆင်ရေးဆွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေးအဖွဲ့ (ဗဟို) အတွင်းရေးမှူး ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။ ၁၉၉၃ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော မူးယစ်ဥပဒေကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲရန် စီစဉ်ထားကြောင်း ဧပြီလ ၄ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး အသိပညာပေး လူထုလှုပ်ရှားမှု အခမ်းအနားတွင် ၎င်းက ပြောကြားသည်။ “ပြည်သူ့ကျန်းမာရေးကို ဦးစားပေးတဲ့ Public Health Oriented Approach ပုံစံမျိုးဖြစ်အောင် ရေးဆွဲဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။ မူးယစ်ဥပဒေကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ပြုပြင်ရေးဆွဲမည်ဟု ဆိုရာတွင် မူးယစ်ဆေး သုံးစွဲသူများ ရှေ့ဆက်ရမည့် ဘဝတွင် အသက်မွေးဝမ်းကျောင်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်ရှေ့နေအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။ “ဥပဒေကြောင့် အသက်မွေးဝမ်းကျောင်း ပျက်သွားတာမျိုး မဖြစ်အောင် ပြင်ဆင်ဖို့ လိုတယ်”

ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်

ရန်ကုန်၊ ဧပြီ ၄ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။ အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက်တိုင်ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူများကို ပြီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က ဖျော်ဖြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “ဒီကျောက်တိုင်ကို ကြည့်တဲ့ တဒင်္ဂလေးမှာ ငြိမ်းချမ်းရေးအတွက် ငါ့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အသိတစ်ခုပေါ့။ ဘာသာစကား ရှစ်ခုဆိုတော့ ဒီဘာသာတွေက လူဘယ်လောက် ဒါကိုဖတ်ပြီး ငြိမ်းချမ်းရေး အကြောင်းကို ပြောဖြစ်ကြတယ် ဆိုရင်ပဲ တော်တော်လေး ပညာပေးနိုင်သွားပြီလို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။ ငြိမ်းချမ်းရေး ရရှိရန် ဆိုသည်မှာ

လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်

ရန်ကုန်၊ ဧပြီ ၄လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့မရဲစခန်းတို့ထံမှ သိရသည်။ အစ္စလာမ် ဘာသာဝင် မိသားစုဝင် ငါးဦး ရောင်းချသော ကုန်မာပစ္စည်းဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသားနှင့် ဆိုင်ချင်းကပ် ဗုဒ္ဓဘာသာဝင်ဆိုင်မှ ဆိုင်ရှင်၏ တူဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားတို့ စကားများစဉ် အသက် ၃၀ အရွယ် အမျိုးသားက တစ်ဖက်လူ၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးပြီး ထွက်ပြေးကြောင်း၊ ယင်းမှ အစပြုကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဈေးကြီးရပ်ကွက်နေသူ ကိုထွန်းထွန်းက ပြောကြားသည်။ ထွက်ပြေးသူ အမျိုးသားနှင့်အတူ ၎င်း၏ မိသားစုဝင်များက လှည်းကူးမြို့မ ဈေးရှေ့ ရန်ကုန်- ပဲခူးလမ်းမကြီးဘေးရှိ ဟူစင် ရေခဲမုန့်ဆိုင်တွင်းသို့ ဝင်ပြေးပြီး ၁၅ မိနစ်ခန့် အကြာတွင် အနီးအနားနေ လူ ၁၅၀၀ ခန့် ရောက်ရှိလာကြောင်း၊ ယင်းနောက် လူအုပ်ကြီးက မိသားစုဝင် ငါးဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုပါဆိုင်က မထ

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယနေ့စမည်

ရန်ကုန်၊ ဧပြီ ၄အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသော အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၅ ရက်) စတင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသီးသီး ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ၂ ခုကို နှစ်ဖက်လက်ခံသော စာချုပ်တစ်ခု (Single Text) အဖြစ် ပူးပေါင်းရန် ညှိနှိုင်းမည့် အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ အခြေခံ သဘောတူညီချက်များနှင့် လက်မှတ်ထိုးရန် နောက်ဆုံး ဆွေးနွေးမည့် ဘားအံ ဆွေးနွေးပွဲအတွက် အဖြေထွက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။ ယခု ဆွေးနွေးပွဲအတွက် အစိုးရက တင်သွင်းမည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပူးပေါင်းရေးဆွဲထားပြီး ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။ တိုင်းရင်းသား အဖွဲ့များကလည်း အစိုးရနှင့် ညှိနှိုင်းမည့် အပစ်ရပ်မူကြမ်းကို ဧပြီလ

#emg_opinions အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption)...

#emg_opinions အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption) Written by - ဒေါက်တာခင်မောင်ညို "ကိုဘသစ် ဒီအပတ် ဘာအကြောင်း ဆွေးနွေးမှာလဲ" "ကျွန်တော်စဉ်းစား ထားတာကတော့ အကျင့်ပျက်ခြစားခြင်းမှ လွတ်မြောက်ခြင်း (Freedom from Corruption) ဆိုတာကို ဆွေးနွေးချင်ပါတယ်" အသံလွှင့်ဌာနတစ်ခုမှ ကိုဘသစ်ကို လာရောက်အင်တာဗျူး နေခြင်းဖြစ်သည်။ ထိုအသံလွှင့်ဌာနသည် မကြာသေးမီကမှ မြန်မာပြည်တွင် ရုံးစိုက်ခွင့်ရရှိပြီး စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော သတင်းမီဒီယာကို တစ်တပ်တစ်အား ပါဝင်နေခြင်းဖြစ်သည်။ အင်တာဗျူးလုပ်သူက မေးသည်။ "ကိုဘသစ်ခင်ဗျား အကျင့်ပျက်ခြစားခြင်း (Corruption) ကို အဓိပ္ပာယ်ဖွင့်ပေးပါလား" "အကျင့်ပျက်ခြစားခြင်းဆိုတာ ခိုးတာပါပဲ။ လာဘ်စားတာလည်း ခိုးတာပါပဲ။ အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူ ဒါမှမဟုတ် အာဏာရှိသူဟာ သူ့လုပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး လာဘ်ရယူတာကို ပြောတာပါ။ ကျွန်တော်တို့ မြန်မာစကားရှိပါတယ်။ ၀န်ကတော်သေတော့ တစ်ကျပ်၊ ၀န်ကြီးသေတော့ တစ်မတ်ဆိုတာ "ကိုဘသစ် ရှင်းပြပါလား" "၀န်ကတော်သေတဲ့အခါ အသုဘမှာ အကူထည့်တယ်။ ဒီအခါတစ်ကျပ်ထည့်တာပေါ့။ များများထည့်တယ်။ ဘာကြောင်

မန္တလေးတိုင်းအတွင်း အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း မေလ အထိ ဆောင်ရွက်မည် မန္တလေး၊ ဧ...

မန္တလေးတိုင်းအတွင်း အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း မေလ အထိ ဆောင်ရွက်မည် မန္တလေး၊ ဧပြီ ၃ အခြေခံ စာတတ်မြောက်မှုနှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် နှစ်မြို့နယ်တွင် ဧပြီလ ၁ ရက်မှ မေလ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမှတ် ၂ အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတွင် အခြေခံ စာတတ်မြောက်မှုနှုန်း တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ အခြေခံပညာ စာတတ်မြောက်ရေး လုပ်ငန်းကို တက္ကသိုလ်သင်တန်း ကြီးကြပ်ဆရာများ၊ သင်တန်းနည်းပြများ၊ အခြေခံပညာ ကျောင်းများမှ ကြီးကြပ်ရေးမှူး ဆရာမများ၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်များမှ စေတနာရှင် လုပ်အားပေး ကျောင်းသား၊ ကျောင်းသူများ စသည်တို့ ပါဝင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ မန္တလေးတိုင်းဒေသကြီး ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းများကို ဧပြီလ ၁ ရက်နေ့တွင် ကျောက်ဆည် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ သည် စဥ့်ကိုင်မြို့နယ

#emg_opinions ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ (Written by: တင်ယုနွယ်) နွေလေပူန...

#emg_opinions ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ (Written by: တင်ယုနွယ်) နွေလေပူနဲ့အတူ သံစဉ်တစ်ခုကို ကြားနေရလေပြီ။ အဲဒီသံစဉ်ဟာ မြန်မာလူမျိုးတိုင်း ကြည်နူးရတဲ့ပွဲတော်ကာလ ရောက်တော့မယ့် သင်္ကေတလည်း ဖြစ်ပါတယ်။ တူးပို့သံစဉ်ဟာ ရောက်ရှိလာမယ့် သင်္ကြန်ကို ဖော်ပြသလို လူတိုင်းဟာ သင်္ကြန်အငွေ့အသက်မှာ ဆွဲဆောင်ခံရပြီး သင်္ကြန်မှာ ဘယ်လိုဆင်နွှဲမလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရင်ခုန်ကြပါတယ်။ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလိုသူတွေရဲ့တစ်ဖက်မှာတော့ ဈေးကွက်စီးပွားရေးစနစ်လို့ ပြောကြတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ခါတော်မီဈေးရောင်း မြှင့်တင်မှုတွေကို သတင်းစာတွေမှာ ရောင်စုံမျက်နှာတွေနဲ့ အပြိုင်အဆိုင် ကြော်ငြာတာကိုလည်း တွေ့ရပြီဖြစ်ပါတယ်။ ကြော်ငြာတွေထဲမှာ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေကနေ တိုက်ခန်း၊ ကွန်ဒိုတွေကို ပွဲတော်ကာလအတွင်း ရာခိုင်နှုန်းလျှော့ချပြီး ရောင်းပေးမယ်ဆိုတဲ့ ကြော်ငြာတွေအပြင် ရေကစားမဏ္ဍပ်ဆောက်ပြီး လက်မှတ်ရောင်းမယ့် သူတွေကလည်း လာရောက်ကစား လိုသူတွေကို ၀န်ဆောင်မှုအစုံနဲ့ ဖော်ပြကြတဲ့ ကြော်ငြာတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကြော်ငြာတွေထဲက ဆန်းပြားတဲ့ ကြော်ငြာတစ်ခုကို တွေ့လိုက်ရပါတယ်။ အရက်ကုမ္ပဏီတစ်ခုက စပွန်ဆာပေးပြီး မန္တလေြး

လက်ပတ်အနီရောင်ဝတ်ထားသူများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု Written By - သစ်ထ...

လက်ပတ်အနီရောင်ဝတ်ထားသူများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု Written By - သစ်ထွဋ် အစိုးရသက်တမ်း သုံးနှစ်ကျော်လာတဲ့ ယနေ့အချိန်အထိ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပေါ် အကောင်းမြင်သူများရှိသလို ဝေဖန်သူများလည်း အများအပြား ရှိနေခဲ့ပါတယ်။ ဝေဖန်သူများက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် မေးခွန်းထုတ်ရာမှာ အစိုးရရဲ့ပြုပြင် ပြောင်းလဲမှုများဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အောက်ခြေအဆင့်တွေအထိ ရောက်ရှိခြင်းမရှိတဲ့ ဖြစ်ရပ်များကို အရေးကြီးတဲ့ အချက်များအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။ လက်ပတ်အနီရောင်ဝတ်ထားသူများ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အဆင့်ထိရောက်ရှိခြင်း မရှိဟု သုံးသပ်နိုင်တဲ့ ဖြစ်ရပ်အများအပြား ရှိနေခဲ့ရာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့တော်ရဲ့ မြို့လယ်ကောင်ရှိ သပိတ်စခန်းတစ်ခုကို အင်အားသုံး ဖယ်ရှားခဲ့သော ဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်များဟာ ယခင်အာဏာရှင် အစိုးရလက်ထက်က လုပ်နည်းလုပ်ဟန်များနဲ့ အသွင်တူနေတဲ့ ဖြစ်ရပ်က ပြုပြင်ပြောင်းလဲမှုများ ဖြစ်စဉ်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ယင်းဖြစ်စဉ်အတွင်း မြေအသိမ်းခံရမ

ဒိုင်နိုဆောပုံတူမျိုးပွား သိပ္ပံပညာရှင်များ အောင်မြင်စွာမွေးဖွား လစ်ဗာပူးလ်၊ ဧပြ...

ဒိုင်နိုဆောပုံတူမျိုးပွား သိပ္ပံပညာရှင်များ အောင်မြင်စွာမွေးဖွား လစ်ဗာပူးလ်၊ ဧပြီ ၃ အင်္ဂလန် အရှေ့မြောက်ပိုင်း လစ်ဗာပူးလ်မြို့ရှိ ဂျွန်မိုး တက္ကသိုလ်မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဒိုင်နိုဆော ပုံတူမျိုးပွား တစ်ကောင်ကို အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ကြောင်း ပြောကြားသည်ဟု Science Fiction သတင်းတွင် ဖော်ပြထားသည်။ ထိုဒိုင်နိုဆော သားပေါက်လေးကို စပေါ့ (Spot) ဟု အမည်ပေးထားပြီး Apatosaurus ဒိုင်နိုဆော မျိုးစိတ်ဝင် ဖြစ်ကာ ဂျွန်မိုးတက္ကသိုလ် လက်အောက်ရှိ တိရစ္ဆာန် ဆေးကောလိပ် တစ်ခုတွင် ပညာရှင်များက ပေါက်ဖွားစေရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး စပေါ့သည် ယခုအခါ အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း ယင်းသတင်းက ဆိုသည်။ သိပ္ပံပညာရှင်များသည် Apatosaurus ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုမှ DNA ကိုထုတ်ယူပြီးနောက် မျိုးပွားပြီး ငှက်ကုလားအုတ်မ တစ်ကောင် ဝမ်းဗိုက်အတွင်း ထည့်သွင်းကာ သန္ဓေသားအဖြစ် မွေးမြူခဲ့ခြင်း ဖြစ်သည်။ ယင်းပရောဂျက်ကို ဦးဆောင်သူမှာ သိပ္ပံပညာရှင် ဒေါက်တာ ဂါးရတ်ဂျုံးစ် ဖြစ်ပြီး ဒိုင်နိုဆောနှင့် ငှက်ကုလားအုတ်တို့သည် မျိုးရိုးဗီဇလက္ခဏာ ဆင်တူသောကြောင့် ယင်းသို့ ပေါင်းစပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ “သူတို့ရဲ့ ဥခွံတွေဟာ

တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

အော့စ်တင်၊ ဧပြီ ၃အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ အဆိုပါ စစ်စခန်းသည် ၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်ကပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုဖြစ်ပွားခဲ့သည့် စစ်တပ်အတွင်း သေနတ် ပစ်ခတ်သည့် ဖြစ်စဉ်ကြောင့် နှလုံးကြေကွဲရကာ ယင်းကိစ္စအတွက် အသေးစိတ် စုံစမ်းမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွးခဲ့သည့် နေရာမှာ စစ်တပ် အခြေစိုက်စခန်း အတွင်းရှိ ကားလ်အာဒါနယ် စစ်ဆေးရုံတွင် ဖြစ်သည်ဟု သတင်း အတည်ပြုချက်များက ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများတွင် အခြေအနေ သိပ်မစိုးရိမ်ရသူများ ရှိသကဲ့သို့ အခြေအနေ အလွန်စိုးရိမ်ရ သူများလည်း ပါဝင်ကြောင်း ဆေးရုံဝန်ထမ်းများက ဆိုသည်။ Ford Hood စစ်စခန်းအတွင်းမ