Skip to main content

#emg_opinions ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ (Written by: တင်ယုနွယ်) နွေလေပူန...



#emg_opinions



ခုတုံးလုပ်ခံနေရသော ရိုးရာပွဲ



(Written by: တင်ယုနွယ်)



နွေလေပူနဲ့အတူ သံစဉ်တစ်ခုကို ကြားနေရလေပြီ။ အဲဒီသံစဉ်ဟာ မြန်မာလူမျိုးတိုင်း ကြည်နူးရတဲ့ပွဲတော်ကာလ ရောက်တော့မယ့် သင်္ကေတလည်း ဖြစ်ပါတယ်။ တူးပို့သံစဉ်ဟာ ရောက်ရှိလာမယ့် သင်္ကြန်ကို ဖော်ပြသလို လူတိုင်းဟာ သင်္ကြန်အငွေ့အသက်မှာ ဆွဲဆောင်ခံရပြီး သင်္ကြန်မှာ ဘယ်လိုဆင်နွှဲမလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး ရင်ခုန်ကြပါတယ်။ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလိုသူတွေရဲ့တစ်ဖက်မှာတော့ ဈေးကွက်စီးပွားရေးစနစ်လို့ ပြောကြတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ခါတော်မီဈေးရောင်း မြှင့်တင်မှုတွေကို သတင်းစာတွေမှာ ရောင်စုံမျက်နှာတွေနဲ့ အပြိုင်အဆိုင် ကြော်ငြာတာကိုလည်း တွေ့ရပြီဖြစ်ပါတယ်။



ကြော်ငြာတွေထဲမှာ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေကနေ တိုက်ခန်း၊ ကွန်ဒိုတွေကို ပွဲတော်ကာလအတွင်း ရာခိုင်နှုန်းလျှော့ချပြီး ရောင်းပေးမယ်ဆိုတဲ့ ကြော်ငြာတွေအပြင် ရေကစားမဏ္ဍပ်ဆောက်ပြီး လက်မှတ်ရောင်းမယ့် သူတွေကလည်း လာရောက်ကစား လိုသူတွေကို ၀န်ဆောင်မှုအစုံနဲ့ ဖော်ပြကြတဲ့ ကြော်ငြာတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကြော်ငြာတွေထဲက ဆန်းပြားတဲ့ ကြော်ငြာတစ်ခုကို တွေ့လိုက်ရပါတယ်။ အရက်ကုမ္ပဏီတစ်ခုက စပွန်ဆာပေးပြီး မန္တလေးမြို့မှာဆောက်မယ့် ဖျော်ဖြေရေးမဏ္ဍပ်နဲ့အတူ ရေကစားမဏ္ဍပ်မှာ လှပျိုဖြူ ၁၀၀ ကို လာရောက်ရေကစားဖို့ ဖိတ်ခေါ်ထားတဲ့ ကြော်ငြာပါ။



လာရောက်ကစားမယ့် မိန်းကလေးတွေဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အတွင်း ရှိရမှာဖြစ်ပြီး ရုပ်ရည်ချောမော ပြေပြစ်ရမယ်လို့လည်းပါကာ ရေကစားမယ့်သူတွေကို အလှမယ်ရွေးသလို သတ်မှတ်ပြီး ခေါ်နေတာကြောင့် ကြော်ငြာကို စိတ်ဝင်စားကာ ဆက်ဖတ်လိုက်ပါတယ်။ အခမဲ့လာရောက် ကစားနိုင်သလို စားသောက်စရိတ်၊ အကြို၊ အပို့ တွေလည်း လုပ်ပေးမယ်လို့ပါပြီး အ၀တ်အစားကိုလည်း စီစဉ်ပေးမယ်တဲ့။ စီစဉ်ပေးမယ့် အ၀တ်အစားကလည်း ခေတ်ပေါ်အ၀တ်အစားပါတဲ့။ ကြော်ငြာကို ဖတ်မိပြီးနောက် ရေကစားပွဲမှာ ဘယ်လိုအစီအစဉ်တွေမှာ ပါဝင်ရမှာမို့ မိန်းကလေးရာချီ ရေကစားဖို့ရွေးပြီး ဖိတ်ခေါ်ရလဲဆိုတဲ့ အကြောင်းရင်းကို တွေးတောမိပါတယ်။ နောက်မန္တလေးလို နန်းစိုက်မြို့ရဲ့ မြို့ရိုးရှိ ကျုံးပတ်လည်မှာ တည်ဆောက်မယ့် ရေကစားမဏ္ဍပ်မှာ ဘယ်လိုဖျော်ဖြေမှုတွေနဲ့ ရေကစားမှာလဲ ဆိုတာကိုလည်း သတ်မှတ်ချက်တွေကိုဖတ်ပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ပြီး စဉ်းစားမိပါတယ်။



ငယ်စဉ်ကကြည့်ခဲ့ရတဲ့ မန္တလေးသင်္ကြန် မြင်ကွင်းကို ပုံဖော်ထားတဲ့ "သင်္ကြန်မိုး" ရုပ်ရှင်ဇာတ်ကားမှာ နှစ်ဆယ်ရာစုခေတ်ရဲ့ သင်္ကြန်ရေကစားတဲ့ မြင်ကွင်းကိုတွေ့ခဲ့ရပြီး မန္တလေးကျုံးပတ်လည်ရှိ ရေကစားမှု ပုံရိပ်၊ ငွေငန်းရုပ်နဲ့မြို့ကို လည်ပတ်ဖျော်ဖြေတဲ့ ဖျော်ဖြေရေးယာဉ်စတဲ့ မြင်ကွင်းတွေကိုပါ မြင်တွေ့သိခွင့်ရခဲ့ပါတယ်။ ငွေဖလားထဲကရေကို သပြေခက်နဲ့ ရေပက်တဲ့ မြင်ကွင်းတွေနဲ့ စည်းချက်ကျစွာကတဲ့ သင်္ကြန်ယိမ်းတွေကို မြင်ခဲ့ရတာကြောင့် မြန်မာ့ရိုးရာသင်္ကြန် ပုံရိပ်တွေဟာ ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ အဲဒီပုံရိပ်တွေကို ပြန်လည်မြင်ယောင် တွေးမိတာကြောင့် ခေတ်နောက်ပြန်ဆွဲ သွားလိုတာ မဟုတ်ဘဲ ရိုးရာရှိခဲ့တဲ့ သင်္ကြန်ပွဲကို သတိရမိခြင်း ဖြစ်ပါတယ်။



တကယ်တော့ သင်္ကြန်ဆိုတဲ့စကားလုံးဟာ "သင်္ကန္ထဆိုတဲ့ 'ပါဠိပုဒ်ကလာတဲ့' သက္ကတ" ရရစ်သံနဲ့ သင်္ကြန်ဆိုပြီး မြန်မာစကား ဖြစ်ပေါ်လာတယ်လို့ မြန်မာအဘိဓာန်မှာ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဖြစ်ပါတယ်။ သင်္ကြန်ကာလဖြစ်တဲ့ ရာသီဟာ မိဿရာသီဖြစ်ပြီး ရာသီအဦးအစ ဖြစ်တာကြောင့် ရာသီကုန် နှစ်ဟောင်းကနေ ရာသီသစ် နှစ်သစ်ကို ကူးပြောင်းတယ်လို့လည်း သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ရေသဘင်ပွဲတော်ဟာ မြန်မာလူမျိုးတို့ရဲ့ ဆယ့်နှစ်လရာသီ ပွဲတော်မှာ အလွန်ကြီးကျယ် ခမ်းနားတဲ့ အမျိုးသား ပွဲတော်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီလိုတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲတဲ့ရေသဘင်ပွဲရဲ့ ၂၁ ရာစု ခေတ်သင်္ကြန်မြင်ကွင်းမှာတော့ ငွေဖလားခွက်နေရာမှာ မီးသတ်ပိုက်၊ ဂန်းပိုက်ရေပိုက် ခေါင်း၊ ပလတ်စတစ် ရေဖလားတွေ အစားထိုးလာသလို စည်းချက်ညီသင်္ကြန် ယိမ်းအကမှာ နိုင်ငံတကာ သံစဉ်တေးသွားတွေနဲ့ အနောက်တိုင်းအကတွေ၊ အ၀တ်အစားတွေ နေရာရလာပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ရာသီမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ သာဂူ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး စတဲ့မုန့်တွေ နေရာမှာ ဘီယာ၊ အရက်၊ ၀ိုင်စတဲ့ ယမကာတွေ မှီဝဲကာ ရေကစား လာကြပါတယ်။ ဒီပုံရိပ်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်း လောက်ကစပြီး ကင်မရာတွေ၊ ဖုန်းကင်မရာတွေနဲ့ ရိုက်ကူးကာ စက္ကန့်မလပ် မြင်တွေ့ကြားသိရတဲ့ မျက်နှာစာအုပ် (facebook)မှာ ပိုမိုမြင်တွေ့လာခဲ့ရသလို သင်္ကြန်ကို လူကြီးသူမ အများစုက နားရှုပ်၊ မျက်စိရှက်စရာတွေ မြင်ရတဲ့ မကောင်းတဲ့ မြင်ကွင်းတွေ ပုံဖော်နေတဲ့ပွဲတော်လို့ မြင်လာပါတယ်။



ဒီလို အမြင်မကောင်းတဲ့ မြင်ကွင်းတွေကြောင့် ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ပွဲတော်ကို အမြင်လွဲလာမှုတွေ ရှိလာပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်းလာတယ်လို့ ပြောဆိုနေကြတဲ့ကာလမှာ ယဉ်ကျေးမှုတွေပါ ပြောင်းလာနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် ခေတ်နဲ့အညီ ၀တ်စားဆင်ယင် ရေကစားမှုကို အတိုင်းအတာ တစ်ခုအထိ လက်ခံနိုင်ပေမယ့် လွန်ကဲစွာနဲ့ ခေတ်လွန်အပြိုင်အဆိုင် ၀တ်ဆင်ကာ ယမကာမှီဝဲပြီး ရိုးရာအနှစ်သာရကို ဖျက်ကာ ရိုးရာအလှ ပျက်မှာကိုတော့ မလိုလားတာ အမှန်ပါ။ မြန်မာတို့ရဲ့ ချစ်စရာရိုးရာ သင်္ကြန်ပွဲရဲ့ အမြင်မလှတဲ့ မြင်ကွင်းတွေကို နောင်မျိုးဆက်တွေကို မမြင်စေလိုသလို မလှတဲ့မြင်ကွင်းတွေ မြင်တွေ့ပြီး အတုယူ မှတ်သားလိုက်ရင်ဖြင့်...။



(ယမန်နှစ် ရန်ကုန်သင်္ကြန်ပွဲတော် မြင်ကွင်းတစ်ခု (ဓာတ်ပုံ)အောင်မျိုးသန့်)





from Eleven Media Group's Facebook Wall http://ift.tt/1fEFg9M

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3