Skip to main content

Posts

Showing posts from June 13, 2014

လာမည့် ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်ြ...

လာမည့် ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့ အမှတ်(၁၃၄) ၃၅လမ်း(လယ်)ရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် စုအတွက် "For Suu" အမည်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားများ ပြပွဲကို ကျင်းပခဲ့သည်။ အဆိုပါပြပွဲကို မမွှေး၊ မချောအိသိမ်း နှင့် ကိုစိုင်းလင်းမြတ် တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သော ပန်းချီဆရာကြီး ခင်မောင်ရင်၊ ရာဟုလာ တို့၏ ပန်းချီကားများနှင့်အတူ အဆိုတော် သျှီ နှင့် ခင်မောင်နီတို့၏ ပန်းချီကားများပါ ၀င်ပြသခဲ့သည်။ (ဓါတ်ပုံ - ကောင်းသိင်္ခ၊ မဇ္ဈိမ) ဒေါ်စု ၆၉နှစ်မြောက်မွေးနေ့အထိမ်းအမှတ် For Suuပန်းချီပြပွဲ လာမည့် ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့ အမှတ်(၁၃၄) ၃၅လမ်း(လယ်)ရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် စုအတွက် "For Suu" အမည်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားများ ပြပွဲကို ကျင်းပခဲ့သည်။ အဆိုပါပြပွဲကို မမွှေး၊ မချောအိသိမ်း နှင့် ကိုစိုင်းလင်းမြတ် တို့က ဦးဆောင်ကျ

ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးကို ကချင်ဒုက္ခသည်များက ပြန်လည်ရေး...

ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးကို ကချင်ဒုက္ခသည်များက ပြန်လည်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန်တောင်းဆို ဖနိဒါ ချင်းမိုင်၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးနှင့် အဖွဲ့ သွားရောက်ခဲ့ပြီး ဒုက္ခသည်များက ငြိမ်းချမ်းရေးရရှိပြီး နေရပ်ပြန်ပါက မိုင်းရှင်းလင်းပေးရန် အပါအဝင် ပြန်လည်ချထားရေုးပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်ဟု ဝိုင်းမော်မြို့နယ် မုန်နာဇွပ် ဒုက္ခသည်စခန်းက တာဝန်ခံ ဆရာနော်လာက မဇ္ဈိမကို ပြောသည်။ “သူတို့က ကျွန်တော်တို့ လိုအပ်ချက်ဘာတွေရှိလဲ။ ငြိမ်းချမ်းရေးရပြီး ကိုယ့်ဒေသကိုပြန်ရင် ဘာတွေ လိုအပ်မလဲ၊ ပညာရေးနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိလား၊ ကျွန်တော်တို့က ပညာရေးနဲ့ ပတ်သက်လို့ ကျောင်းတော့ တက်နိုင်တယ်။ ဒါပေမဲ့ တဝင်းထဲမှာဘဲ IDP(ရွေ့ပြောင်းဒုက္ခသည်များ)နဲ့ IDP မဟုတ်တဲ့ ကလေးတွေ ခွဲပြီး သင်နေတော့ ကလေးတွေ စိတ်မချမ်းသာဖြစ်တယ်။ ကျွန်တော်တို့ ပြန်နိုင်ဖို့က နိုင်ငံရေးမှာ အခြေခံတဲ့အတွက် ဖက်ဒရယ်ရမှ ပြန်လို့ရနိုင်မယ်”ဟု ဆရာနော်လာက ပြောသည်။ ဒုက္ခသည် ၂၀၂၈ဦးနေထိုင်သည့် မုန်နာဇွပ် ဒုက္ခသည်စခန်းက ဒုက္ခသည

World Cup စပိန်ကို အနိုင်ရခဲ့ရာတွင် ကစားကွက်သစ်က အဓိကကျခဲ့ကြောင်း ဗန်ဂါးလ်ပြော...

World Cup စပိန်ကို အနိုင်ရခဲ့ရာတွင် ကစားကွက်သစ်က အဓိကကျခဲ့ကြောင်း ဗန်ဂါးလ်ပြောကြား -------- စပိန်ကို ဂိုးပြတ် အနိုင်ရခဲ့ရာတွင် နယ်သာလန်အသင်း ပြောင်းလဲကျင့်သုံးခဲ့သည့် ကစားကွက် စနစ်သစ်က အဓိက ကျခဲ့ကြောင်း လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1llQLqC စပိန်ကို အနိုင်ရခဲ့ရာတွင် ကစားကွက်သစ်က အဓိကကျခဲ့ကြောင်း ဗန်ဂါးလ်ပြောကြား www.7daydaily.com စပိန်ကို ဂိုးပြတ် အနိုင်ရခဲ့ရာတွင် နယ်သာလန်အသင်း ပြောင်းလဲကျင့်သုံးခဲ့သည့် ကစားကွက် စနစ်သစ်က အဓိက ကျခဲ့ကြောင်း လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1llQILI

World Cup နယ်သာလန်ကို ကာယကြံ့ခိုင်မှုချင်း မယှဉ်နိုင်ခဲ့ဟု စပိန်နည်းပြ ဝန်ခံ ---...

World Cup နယ်သာလန်ကို ကာယကြံ့ခိုင်မှုချင်း မယှဉ်နိုင်ခဲ့ဟု စပိန်နည်းပြ ဝန်ခံ ----------- နယ်သာလန် အသင်းကို ကြံ့ခိုင်မှုပိုင်း ယှဉ်မကစားနိုင်ဘဲ ထိုက်တန်စွာ အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း စပိန်နည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေးက ဝန်ခံ ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1llQKTR နယ်သာလန်ကို ကာယကြံ့ခိုင်မှုချင်း မယှဉ်နိုင်ခဲ့ဟု စပိန်နည်းပြ ဝန်ခံ www.7daydaily.com နယ်သာလန် အသင်းကို ကြံ့ခိုင်မှုပိုင်း ယှဉ်မကစားနိုင်ဘဲ ထိုက်တန်စွာ အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း စပိန်နည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေးက ဝန်ခံ ပြောကြားခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1p3T6EY

World Cup စပိန်ကို အနိုင်ကစားနိုင်မည်ဟု နည်းပြ ကြိုတင်ခန့်မှန်း ပြင်ဆင်ထားခဲ့ြေ...

World Cup စပိန်ကို အနိုင်ကစားနိုင်မည်ဟု နည်းပြ ကြိုတင်ခန့်မှန်း ပြင်ဆင်ထားခဲ့ကြောင်း ဗန်ပါစီပြောကြား --------- စပိန်ကို အနိုင်ကစားနိုင်လိမ့်မည်ဟု နည်းပြ လူးဝစ်ဗန်ဂါးလ်က ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကြောင်း နယ်သာလန် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီက ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1p3T8wo စပိန်ကို အနိုင်ကစားနိုင်မည်ဟု နည်းပြ ကြိုတင်ခန့်မှန်း ပြင်ဆင်ထားခဲ့ကြောင်း ဗန်ပါစီေ� www.7daydaily.com စပိန်ကို အနိုင်ကစားနိုင်လိမ့်မည်ဟု နည်းပြ လူးဝစ်ဗန်ဂါးလ်က ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကြောင်း နယ်သာလန် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီက ပြောကြားခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1llQKTD

“မြန်မာနဲ့ အင်ဒိုနီးရှား အိမ်အကူ နှစ်ဦးကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ဓာတ်ပုံရ...

“မြန်မာနဲ့ အင်ဒိုနီးရှား အိမ်အကူ နှစ်ဦးကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ဓာတ်ပုံရိုက်ခြင်း၊ သကြားတွေ အတင်းကျွေးပြီး မစားနိုင်လို့ အန်ထုတ်တဲ့ အန်ဖတ်တွေကို ပြန်စားခိုင်းခြင်း၊ အမျိုးသားဖြစ်သူက အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း စတဲ့ အကြမ်းဖက်မှုတွေ အမျိုးမျိုး ကျူးလွန်ခဲ့တဲ့ စင်ကာပူက ဇနီးမောင်နှံကို စွဲချက် ၃၂ ခုနဲ့ တရားစွဲပြီ” မြန်မာအိမ်အကူကို အကြမ်းဖက်သည့် အလုပ်ရှင်ကို စင်ကာပူတွင် တရားစွဲ http://ift.tt/WeDLUX စင်ကာပူနိုင်ငံတွင် အလုပ်လု ပ်နေသည့် မြန်မာနှင့် အင်ဒိုနီးရှား အိမ်အကူ နှစ်ဦးကို အကြမ်းဖက်ခဲ့သည့် အလုပ်ရှင် ဇနီးမောင်နှံကို ဇွန်လ ၁၂ ရ... from The Voice Weekly's Facebook Wall http://ift.tt/1p3T0NE

ထိုင်းတွင် ညမထွက်ရအမိန့် တစ်နိုင်ငံလုံးတွင် ရုပ်သိမ်း မဇ္ဈိမ ထိုင်းနိုင်ငံတွင်...

ထိုင်းတွင် ညမထွက်ရအမိန့် တစ်နိုင်ငံလုံးတွင် ရုပ်သိမ်း မဇ္ဈိမ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ထားခဲ့သော ညမထွက်ရအမိန့်ကို ထိုင်းစစ်အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရုပ်သိမ်းပေးလိုက်ကြောင်း ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်။ ယင်းအပြင် ကြားဖြတ်အစိုးရအဖွဲ့ကို သြဂုတ်လအတွင်း ဖွဲ့စည်းပေးမည်ဟုလည်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ဇွန်လ ၁၄ရက်က အတည်ပြု ပြောကြားခဲ့ကြောင်း သည်ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1ooBeIK

" ဆရာနှင့် သင်တန်းသားအချိုးကန့်သတ်မှု လာမည့်ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များ၌ စ...

" ဆရာနှင့် သင်တန်းသားအချိုးကန့်သတ်မှု လာမည့်ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များ၌ စတင်မည် " နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၏ စာသင်ခန်းများအတွင်း တက်ရောက်ရမည့် သင်တန်းသားဦးရေ ကန့်သတ်မှုကို လာမည့် ပညာသင်နှစ်တွင် စတင်ပြုလုပ်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနက ပြင်ဆင်နေပြီဟု သိရသည်။ အဆင့်မြင့် တက္ကသိုလ်နှင့် ကောလိပ်များအတွင်းကျောင်းသားနှင့် ဆရာ အချိုးကန့်သတ်ရန် စီစဉ်ခြင်းသည် ..... အပြည့်အစုံသို့ ► http://ift.tt/SHRhme ဆရာနှင့် သင်တန်းသားအချိုးကန့်သတ်မှု လာမည့်ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များ၌ စတင်မ� http://ift.tt/1jO3lPi ဆရာနှင့် သင်တန်းသားအချိုးကန့်သတ်မှု လာမည့်ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များ၌ စတင်မည် from Popular Myanmar News Journal's Facebook Wall http://ift.tt/SHRhmj

မန္တလေးတွင် အော်ရီဒူးမိုဘိုင်းလ် ဖုန်းဆင်းမ်ကတ် ရောင်းမည့်ဆိုင်များ စာရင်းစတင် ကေ...

မန္တလေးတွင် အော်ရီဒူးမိုဘိုင်းလ် ဖုန်းဆင်းမ်ကတ် ရောင်းမည့်ဆိုင်များ စာရင်းစတင် ကောက်ခံ မန္တလေး၊ ဇွန် ၁၃ ကာတာနိုင်ငံအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များနှင့် ငွေဖြည့်ကတ်များ ဖြန့်ဖြူးမည့် အော်ရီဒူးဖြန့်ချိရေး ကုမ္ပဏီနှစ်ခုက ရောင်းချလိုသည့် ဖုန်းအရောင်းဆိုင်များ စာရင်းနှင့် အချက်အလက်များ စတင်ကောက်ခံလျက် ရှိကြောင်း မန္တလေးခရိုင် ချမ်အေးသာစံမြို့နယ်ရှိ ပိုင်အိုးနီးယား ဖုန်းရောင်းဝယ်ရေးဆိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “စာရင်းလာကောက်တာက အော်ရီဒူး လိုင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ဖြန့်ဖြူးရောင်းချပေးမယ့် ပြင်ပကုမ္ပဏီက ဝန်ထမ်းတွေ လာရောက်ကောက်ခံတာပါ။ MDRGMS ကုမ္ပဏီက ဝန်ထမ်းလေးတွေပါ။ သူတို့ပေးတဲ့ ဖောင်က A4 စာရွက်နှစ်ရွက်စာ ရှိတယ်။ အဲဒီအထဲမှာ ဆိုင်နာမည်၊ လိပ်စာ၊ ပိုင်ရှင်အမည် အများကြီးပဲ။ ပြီးတော့ ဘယ်လိုမန်ဘာပုံစံ ရောင်းချမလဲ ဆိုတာကအစ သူတို့တွေက စိတ်ရှည်ရှည်နဲ့ ရှင်းပြပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။ အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့၏ ဖုန်းဆင်းမ်ကတ်များနှင့် ငွေဖြည့်ကတ်များကို ဖြန့်ဖြူးရောင်းချပေးမည့် ကုမ္ပဏီများကို တရားဝင် ထုတ်ပြန် ကြေညာထားခြင်း မရှိသော်လည်း မန္တလေးမြို့တွင်းရှိ

FIFA ဥက္ကဋ္ဌ ဘလတ္တာအား ထောက်ခံမှုပြုလုပ်တော့မည်မဟုတ်ဟု ပလာတီနီ ၀န်ခံ ဥရောပဘောလုံးအဖွ...

FIFA ဥက္ကဋ္ဌ ဘလတ္တာအား ထောက်ခံမှုပြုလုပ်တော့မည်မဟုတ်ဟု ပလာတီနီ ၀န်ခံ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ပလာတီနီက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဘလတ္တာအပေါ် ထောက်ခံအားပေးမှုများအားလုံး အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသော ဆက်ဆံရေးရှိသူများဖြစ်သော်လည်း လက်ရှိအချိန်တွင် ဘလတ္တာအပေါ် အားပေးထောက်ခံမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပလာတီနီက AFP သတင်းထောက်အပါအ၀င် ဂျာနယ်လစ်နှစ်ဦးနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အသက် ၇၈ နှစ်အရွယ်ရှိ ဘလတ္တာသည် FIFA ဥက္ကဋ္ဌရာထူးကို ၁၉၉၈ ခုနှစ်ကတည်းက ရယူခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု အတည်ပြု ပြောကြားခဲ့ပြီးနောက် ပလာတီနီက ယခုလို တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ပလာတီနီက “ဥရောပနိုင်ငံတွေရဲ့ သဘောထားကို ကျွန်တော် ထောက်ခံပါတယ်။ သူ့ကို အခွင့်အာဏာထပ်ပေးခဲ့ရင် ဘောလုံးလောကအတွက် မကောင်းနိုင်ပါဘူး။ သူ့အပေါ် လေးစားမှုရှိပေမယ့် အားပေးထောက်ခံမှု မလုပ်တော့ပါဘူး။ ဒီအကြောင်းကို သူသိသလို ကျွန်တော်လည်း ပြောထားပြီးပါပြီ။FIFA အနေနဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်ဖို့ လိ

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ် မာဆယ်လို မှတ်တမ...

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ် မာဆယ်လို မှတ်တမ်းဝင် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘရာဇီးလ်အတွက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူဖြစ်လာ ဇွန် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးလ်နှင့် ခရိုအေးရှားအသင်းတို့ပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သော ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ မာဆယ်လိုမှာ ပွဲချိန် ၁၁ မိနစ်တွင် ခရိုအေးရှားဘယ်တောင်ပံမှ အိုလစ်၏ ဖြတ်တင်ဘောကို ကာကွယ်ရန် ကြိုးစားရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်း ဖြစ်သည်။ မာဆယ်လို၏ သွင်းဂိုးမှာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ဂိုးဖြစ်ခဲ့သလို ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်များတစ်လျှောက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မာဆယ်လိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဘရာဇီးလ်အသင်းအတွက် ပထမဆုံး ကိုယ့်ဂိုးကိုယ်သွင်းယူသူ ဖြစ်လာခဲ့သလို အဖွင့်ပွဲစဉ်တွင် အိမ်ရှင်အသင်းအတွက် ပထမဆုံး Own Goal အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘရာဇီးလ်အသင်းမှာ ခရိုအေးရှားအသင်း၏ ဦးဆောင်မှုခံခဲ့ရသော်လည်း နေ

အင်္ဂလန်-အီတလီပွဲစဉ်ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို FIFPro ပြ...

အင်္ဂလန်-အီတလီပွဲစဉ်ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို FIFPro ပြင်းထန်စွာ ဝေဖန် ဇွန် ၁၄ ရက် (မြန်မာစံတော်ချိန် ဇွန် ၁၅ ရက် နံနက်ပိုင်း) တွင် အင်္ဂလန်နှင့် အီတလီအသင်းတို့၏ ပွဲစဉ်ကို လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံ Manaus မြို့ရှိ Amazonia Arena ကွင်း၏ မြက်ခင်းပြင်အနေအထားကို ကမ္ဘာ့ ပရော်ဖက်ရှင်နယ်ကစားသမားများ အဖွဲ့အစည်း (FIFPro) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။ Manaus မြို့၏ အပူချိန်ပြင်းထန်မှုကြောင့် စိုးရိမ်မှုများရှိနေချိန်တွင် FIFPro က ကွင်း၏ မြက်ခင်းပြင်အနေအထားကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။Amazonia Arena ကွင်းမြက်ခင်းမှာ ခြောက်သွေ့နေသလို ဂိုးပေါက်ရှေ့နှင့် အချို့နေရာများတွင်လည်း မြက်ပေါက်ရောက်မှု နည်းပါးကာ မြေသားများ ဖြစ်ပေါ်နေသောကြောင့် FIFPro က ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကစားသမားတွေအနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ကွင်းမှာပဲ ကစားသင့်ပါတယ်။ ဒါပေမဲ့ Manaus မြို့ရဲ့ကွင်းကတော့ အဲဒီလိုအခြေအနေ မရှိပါဘူး။ ကစားသမားတွေအနေနဲ့လည်း ဒီလိုကွင်းမျိုးမှာ ကစားချင်မှာ မဟုတ်ပါဘူး” ဟု FIFPro က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် FIFPro က Manaus မြို့၏ အပူချိန်နှင့်

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း Mobile Team ဖြင့် ထုတ်ပေးမည် ရန်ကုန်၊ ဇွန် ၁၃ နေပြ...

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း Mobile Team ဖြင့် ထုတ်ပေးမည် ရန်ကုန်၊ ဇွန် ၁၃ နေပြည်တော်နှင့် ရန်ကုန် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း လာရောက် မထုတ်ယူနိုင်သူများအတွက် ဇွန်လ ၁၄ ရက်နေ့က စတင်၍ မန္တလေးမြို့နှင့် တောင်ကြီးမြို့တွင် Mobile Team ဖြင့် ၂၀၁၄ ခုနှစ် အမှတ်စာရင်းများ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။ တောင်ကြီးမြို့ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးနှင့် မန္တလေးမြို့တော်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဇွန်လ ၁၄ ရက်နေ့က စပြီး အမှတ်စာရင်းများ သွားရောက် ထုတ်ယူနိုင်ကြောင်း၊ ယင်းမှတစ်ဆင့် မြန်မာနိုင်ငံအထက်ပိုင်း မြို့နယ်များထံ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ ယခုနှစ်တွင် Mobile Team ဖြင့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးခြင်းကို တစ်နိုင်ငံလုံး လှည့်လည်နိုင်မည် မဟုတ်ကြောင်း၊ လာမည့် နှစ်များအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး တိုင်းနှင့် ပြည်နယ်အစုံ သွားရောက်ရန် စီစဉ်ထားကြောင်း ဦးမျိုးညွန့်က ဆက်လက် ပြောကြားသည်။ “မန္တလေးပြီးရင်တော့ မကွေးဘက်ကို ဆက်သွားမယ်

ကချင် အမျိုးသား အောင်လနှင့် အီဂျစ်မှ Salama တို့ ယနေ့ အင်ဒိုတွင် ယှဉ်ပြိုင်ထိုး...

ကချင် အမျိုးသား အောင်လနှင့် အီဂျစ်မှ Salama တို့ ယနေ့ အင်ဒိုတွင် ယှဉ်ပြိုင်ထိုးသတ်မည် အင်ဒိုနီးရှား-ဇွန်၁၄ ကချင် အမျိုးသားအောင်လ (Aung La Nsang)နှင့် အီဂျစ်မှ Salama တို့ ယနေ့တွင်အင်ဒိုနီးရှား , ဂျကာတာ မြို့တော် မှာထိုးသတ်ကြမည်ဖြစ်သည်။ ဇွန် (၁၄) ရက် အင်ဒိုနီးရှား , ဂျကာတာ စံတော်ချိန် ည (ရး၀၀)ခန့် မှာ ပွဲစမှာဖြစ်ပြီး Aung La Nsang နဲ့  Salama တို့ အတွဲကတော့ ည (၉) နာရီ ပတ်ဝန်းကျင်ခန့်ဖြစ်ကြောင့်းသိရသည်။ လက်ဝှေ့ပွဲ စဉ် အား အောက်ပါ လင့် မှ တိုက်ရိုက် ကြည့်ရှု့ နိုင်မည် ဖြစ်ကြောင်း သိရသည်။ Live တိုက်ရိုက်ကြည့်လို သူများ အတွက် လင့် - http://ift.tt/1npECQy http://ift.tt/1lvL5Jz Watch Live One FC | Stream Live ONE Fighting Championship TM Martial Arts Online http://ift.tt/1npECQy Watch ONE Fighting Championship TM martial arts live, stream the event, watch the replays and catch up with the highlights from Popular Myanmar News Journal's Facebook Wall http://ift.tt/1lvL3l4

http://ift.tt/1mUrbVj ကာတွန်းများ ဖတ်ရန်

http://ift.tt/1mUrbVj ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1mUrcIL

World News တစ်နိုင်ငံလုံး နေ၀င်မီးငြိမ်းအမိန့်ကို ထိုင်းစစ်တပ် ပြန်လည်ရုပ်သိမ်း...

World News တစ်နိုင်ငံလုံး နေ၀င်မီးငြိမ်းအမိန့်ကို ထိုင်းစစ်တပ် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာ ------- ထိုင်းစစ်အစိုးရသည် ပြီးခဲ့သည့်လ အာဏာသိမ်းပြီးချိန်မှစ၍ ပြဋ္ဌာန်းထားခဲ့သော တစ်နိုင်ငံလုံးနေ၀င်မီးငြိမ်းအမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ သတင်းအပြည့်အစုံ..... http://ift.tt/1llJN54 တစ်နိုင်ငံလုံး နေ၀င်မီးငြိမ်းအမိန့်ကို ထိုင်းစစ်တပ် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာ www.7daydaily.com ထိုင်းစစ်အစိုးရသည် ပြီးခဲ့သည့်လ အာဏာသိမ်းပြီးချိန်မှစ၍ ပြဋ္ဌာန်းထားခဲ့သော တစ်နိုင်ငံလုံးနေ၀င်မီးငြိမ်းအမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1mUr9wJ

ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ -------- ဧရာဝ...

ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ -------- ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းကလင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1llJHuh ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ www.7daydaily.com ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းကလင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1mUrb7E

နိုင်ငံတကာအဖွဲ့များ ဘက်လိုက်နေကြောင်း ရခိုင်ဒေသခံများ ကုလလက်ထောက်အထွေထွေအတွင်းရေ...

နိုင်ငံတကာအဖွဲ့များ ဘက်လိုက်နေကြောင်း ရခိုင်ဒေသခံများ ကုလလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ကို ပြောကြား ---------------- ကုလလူသားချင်း စာနာ မှုဆိုင်ရာလက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ ဆုံခဲ့ရာ၌ နိုင်ငံတကာအဖွဲ့အ စည်းများက ရခိုင်ပြည်နယ် အတွင်းအကူအညီပေးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဘက် လိုက်မှုများရှိနေဆဲဖြစ်သည်ကို သက်သေနှင့်တကွ ထောက်ပြ ဆွေးနွေးခဲ့ကြောင်း စစ်တွေမြို့မိ မြို့ဖများကပြောသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1llJGXl နိုင်ငံတကာအဖွဲ့များ ဘက်လိုက်နေကြောင်း ရခိုင်ဒေသခံများ ကုလလက်ထောက်အထွေထွေအတွင်းရေးမ www.7daydaily.com ကုလလူသားချင်း စာနာ မှုဆိုင်ရာလက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ ဆုံခဲ့ရာ၌ နိုင်ငံတကာအဖွဲ့အ စည်းများက ရခိုင်ပြည်နယ် အတွင်းအကူအညီပေးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဘက် လိုက်မှုများရှိနေဆဲဖြစ်သည်ကို သက်သေနှင့်တကွ ထောက်ပြ ဆွေးနွေးခဲ့ကြောင်း စစ်တွေမြို့မိ မြို့ဖများကပြောသည်။ လက်ထောက်အထွေထွေ အတွင… from 7Day News Journal's Facebook Wall http://ift.tt/1mUra3J

ငွေကြေးဖောင်းပွမှု တည်ငြိမ်ရန် မူဝါဒချမှတ်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည် နေပြည...

ငွေကြေးဖောင်းပွမှု တည်ငြိမ်ရန် မူဝါဒချမှတ်ရေးအဆို လွှတ်တော်တွင် ဆွေးနွေးမည် နေပြည်တော်၊ ဇွန် ၁၃ ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရေး မူဝါဒ ချမှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်တွင် ဇွန်လ ၁၃ ရက်နေ့က ဆုံးဖြတ်လိုက်သည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရသဖြင့် လွှတ်တော်သို့ ယင်းအဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇွန်လ ၁၃ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ “ဆီကုန်သည်ကြီးများ၊ ဆန်ကုန်သည်ကြီးများ စသဖြင့် အသင်းကြီးတွေဟာ နိုင်ငံစီးပွားရေးကို ချုပ်ကိုင်နေသူများ ဖြစ်ပါတယ်။ ဒီလိုအသင်းတွေနဲ့ နိုင်ငံတော်နဲ့ ညှိနှိုင်းပြီး ကုန်ဈေးနှုန်း မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုတွေကို ထိန်းချုပ်သင့်ပါတယ်” ဟု ဒေါက်တာမြင့်ကြည်က တင်ပြပြောဆိုသည်။ လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးခြင်း၊ လျှပ်စစ်မီတာခ တက်ခြင်းနှင့် တစ်ပြိုင်နက် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများသည် မဖြစ်သင့်သည့် ကိစ္စရပ်မ

အိန္ဒိယနိုင်ငံတွင် မုဒိမ်းကျင့်ခံရသည်ဟု ယူဆရသော အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံ...

အိန္ဒိယနိုင်ငံတွင် မုဒိမ်းကျင့်ခံရသည်ဟု ယူဆရသော အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး နယူးဒေလီ၊ ဇွန် ၁၂ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ခြင်းများ ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံ အူတာပရာဒက်ပြည်နယ် ကျေးရွာတစ်ရွာတွင် မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ဆိုသော အသက် ၁၉ အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ မိန်းကလေး၏ ရုပ်အလောင်းကို မြို့တော်ဒေလီမှ ကားဖြင့် သုံးနာရီခန့် သွားရသည့် အကွာအဝေးတွင် ရှိသော မိုရာဒဘတ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူမသည် မုဒိမ်းကျင့်ခံခဲ့ရကြောင်း သူမ၏ မိသားစုက ပြောကြားသည်။ သူမ၏ အလောင်းကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ဆဲပင် ဖြစ်သောကြောင့် အမှန်တကယ် မုဒိမ်းကျင့်ခံခဲ့ရခြင်း ဟုတ်မဟုတ်ကိုမူ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးပေ။ ဗုဒ္ဓဟူးနေ့ကလည်း အူတာပရာဒက် ပြည်နယ်တွင် အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး၊ ပြီးခဲ့သည့် လကလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ပြီး အသတ်ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးကိုလည်း တွေ့ရှိခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က အသက် ၄၄ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ဘာဟရစ်ခ်ျ ဧရိယာတစ်ဝိုက်ရှိ သစ်ပင်တစ်ပင်တွင် ကိုယ့်ကိုယ

ဆေးကျောင်းသား သေဆုံးသည့် အကြောင်းရင်းမှန် တစ်လကျော်သည်အထိ မသိရသေးဟု မိသားစုဝင်မျ...

ဆေးကျောင်းသား သေဆုံးသည့် အကြောင်းရင်းမှန် တစ်လကျော်သည်အထိ မသိရသေးဟု မိသားစုဝင်များ ပြောကြား ရန်ကုန်၊ ဇွန် ၁၃ နောက်ဆုံးနှစ် ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုဂွန်ဆိုင်းအောင် ဧပြီလ ၂၉ ရက်နေ့က သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သေဆုံးသည့် အကြောင်းရင်းမှန်ကို တစ်လကျော်ကြာသည်အထိ မသိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။ ကိုဂွန်ဆိုင်းအောင်မှာ ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ဧပြီလ ၂၈ ရက်နေ့ မော်တော်ယာဉ် ဝယ်ယူခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီခန့်က ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ ၎င်း၏ ဦးလေး ပိုင်ဆိုင်သော ကားရေဆေး ဆီထိုးအလုပ်ရုံတွင် ကားရေဆေးခဲ့ပြီး ၎င်း၏ သူငယ်ချင်းနှင့် ကျူရှင်သွားခဲ့ကြောင်း၊ ယင်းသို့ ထွက်သွားစဉ် ၎င်းနှင့်အတူ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ငွေကျပ် ၁၇ သိန်း ပါရှိခဲ့ကြောင်း ၎င်း၏ ဦးလေး ဦးထွန်းခိုင်လတ်က ပြောကြားသည်။ ကိုဂွန်ဆိုင်းအောင်မှာ မသေဆုံးမီ တစ်ရက်အထိ ချစ်သူနှင့် အဆက်အသွယ် ရှိခဲ့ပြီး ၎င်းတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံစဉ်က အရက်သောက်ထားခြင်း၊ မူးယစ်ဆေး သုံးစွဲထားခြင်းမျိုး မတွေ့ရကြောင်း၊ ၎င်း၏ ချစ်သူမှာ သူငယ်ချင်းတစ်ဦး၏ အိမ်တွင် ညအိပ်မည် ဖြစ်သည်ကို သိရှိထားပြီး အပြန်အလှန် ပေးပို့စာများအ

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ပြည်တွင်းလုပ်ငန်းများ မထိခိုက်စေရန် ဥပဒေများ...

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ပြည်တွင်းလုပ်ငန်းများ မထိခိုက်စေရန် ဥပဒေများ ရေးဆွဲ ရန်ကုန်၊ ဇွန် ၁၃ အာဆီယံ ဒေသတွင်း နိုင်ငံများမှ လုပ်ငန်းများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ကို လွှမ်းမိုးမှု မရှိစေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် အားပေးမည့် ဥပဒေများကို ရေးဆွဲလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေး ဒေါက်တာမောင်အောင်က The Voice သို့ ပြောကြားသည်။ ဈေးကွက်အတွင်းသို့ အမှန်တကယ် ရှိသင့်သည့် ဈေးနှုန်းထက် လျော့နည်းသော ကုန်ပစ္စည်းများ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် စုပုံ ကာကွယ်ရေးဥပဒေ (Anti-Dumping Law) နှင့် ပြည်တွင်းလုပ်ငန်းများ လုံခြုံမှုဥပဒေ (Safe Guard Law) တို့ကို ရေးဆွဲလျက်ရှိကြောင်း ၎င်းကဆိုသည်။ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကို ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် စတင်မည် ဖြစ်ပြီး အာဆီယံနိုင်ငံများမှ လုပ်ငန်းများ လွတ်လပ်စွာ စီးပွားရေး လုပ်ကိုင်နိုင်မည်ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုးမှု အားကောင်းသည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံတို့မှ လုပ်ငန်းများ လာရောက် လုပ်ကိုင်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ

ပြည်သူလူထု အများစုကြီးက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်းမှာ စစ်တပ်က လွှမ်းမိုးထား...

ပြည်သူလူထု အများစုကြီးက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်းမှာ စစ်တပ်က လွှမ်းမိုးထားသောကြောင့် အစိုးရ အဖွဲ့မှာလည်း ယခင်စစ်အစိုးရတွင် တာဝန်ယူခဲ့သော၊ ပြည်သူလူထုကို ဖိနှိပ်ခဲ့သော စစ်ဗိုလ်ချုပ်များနှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့မှာလည်း ဗိုလ်ချုပ်ကြီးများဖြစ်၊ ထို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို၊ ဒီမိုကရေစီဘက်တော်သားများကို ကြည့်ရာတွင် မျက်မှန်စိမ်းတပ်၍ ကြည့်နေခြင်း ဖြစ် … ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖွဲ့ပေးပါ – ထက်မြက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oWgVjV