FIFA ဥက္ကဋ္ဌ ဘလတ္တာအား ထောက်ခံမှုပြုလုပ်တော့မည်မဟုတ်ဟု ပလာတီနီ ၀န်ခံ
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ပလာတီနီက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဘလတ္တာအပေါ် ထောက်ခံအားပေးမှုများအားလုံး အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးမှာ ရင်းနှီးသော ဆက်ဆံရေးရှိသူများဖြစ်သော်လည်း လက်ရှိအချိန်တွင် ဘလတ္တာအပေါ် အားပေးထောက်ခံမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပလာတီနီက AFP သတင်းထောက်အပါအ၀င် ဂျာနယ်လစ်နှစ်ဦးနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အသက် ၇၈ နှစ်အရွယ်ရှိ ဘလတ္တာသည် FIFA ဥက္ကဋ္ဌရာထူးကို ၁၉၉၈ ခုနှစ်ကတည်းက ရယူခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု အတည်ပြု ပြောကြားခဲ့ပြီးနောက် ပလာတီနီက ယခုလို တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ပလာတီနီက “ဥရောပနိုင်ငံတွေရဲ့ သဘောထားကို ကျွန်တော် ထောက်ခံပါတယ်။ သူ့ကို အခွင့်အာဏာထပ်ပေးခဲ့ရင် ဘောလုံးလောကအတွက် မကောင်းနိုင်ပါဘူး။ သူ့အပေါ် လေးစားမှုရှိပေမယ့် အားပေးထောက်ခံမှု မလုပ်တော့ပါဘူး။ ဒီအကြောင်းကို သူသိသလို ကျွန်တော်လည်း ပြောထားပြီးပါပြီ။FIFA အနေနဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်ဖို့ လိုအပ်နေပါပြီ” ဟု ပြောကြားခဲ့သည်။ ပလာတီနီအနေဖြင့် FIFA ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
(ဘလတ္တာ(၀ဲ)နှင့် ပလာတီနီတို့ကို ဇွန် ၁၁ ရက်ကပြုလုပ်ခဲ့သည့် FIFA ကွန်ဂရက်၌ တွေ့ရစဉ်)
from Eleven Media Group's Facebook Wall http://ift.tt/1ooueMb
Comments
Post a Comment