Skip to main content

Posts

Showing posts from March 25, 2015

ပေါင်ခြံဖြူစေရန်

နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။ မုန်လာဥအဖြူဖျော်ရည်ကို သောက် ပါ။ သခွားသီးအခြမ်း (သို့မဟုတ်) သခွား ရည်ပွတ်လိမ်းပေးပါ။ (၁) ညထား၍ နံနက်ရောက်မှ ဆေးပစ်ပါ။ သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ် နှင့်ပျားရည်လက်ဖက်ရည်ဇွန်း တစ် ဝက်နှင့် ရော၍လိမ်းပါ။ မင်သော်ရွက်ကို အနှစ်လုပ်၍ လိမ်း ပါ။ မိနစ် (၂၀-၃၀)ခန့်ထားပြီး ရေ ဆေးပါ။ သံပရာရည်၊ နနွင်း၊ ပျားရည်စသည့် သဘာဝချွတ်ဆေးကို ပေါင်ခြံရှိအ မည်းကွက်နှင့်အနီကွက်နေရာကို လိမ်းပေးပါ။ ဂျုံ၊နို့၊လက်ဖက်ရည် (၂)ဇွန်း၊ ရှောက် ရည်(၃-၄)စက်ကို ရော၍လိမ်းပြီး (၁၅)မိနစ်ခန့်ထားပါ။ ပြီးမှ ရေ ဆေးချပါ။ (၁၅)ရက် ရက်(၂၀)ခန့်ကြာလျှင် အမည်းကွက်၊ အနီကွက် များ သိသာစွာ လျော့ပါးလာသည်ကို တွေ့ရမည်။ လိမ္မော်ခွံကို ကြိတ်ပါ။ သံပရာရည် နှင့်ရော၍ အဖတ်ပြုလုပ်ပြီး လိမ်း ပါ။ ကြပ်သောအတွင်းခံများကို မ ဝတ်ပါ နှင့်။ နေ့စဉ် နို့နွေးနွေး(၁)ခွက်ကို နနွင်း လက်ဖက်ရည်(၁)ဇွန်း ထည့်၍ သောက်ပါ။ HT Health Updates Journal from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/19RZT3d

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။

(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။ (၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့် ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။ (၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။ (၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။ (၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ် လုပ်စေပါတယ်။ (၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကို များစွာကောင်းကျိုးပြုပါတယ်။ (၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ ကိုမဖြစ်စေ တော့ပါဘူး။ (၈) ပန်းသီး က ခန္တာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက၊ မှတ်ဥာဏ်အားလည်းကောင်းစေပါတယ်။ (၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့  ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးပါတယ်။ (၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာ တွေမဖြစ်စေတဲ့အပြင်၊ ဦးနှောက်ပျက်စီးထိခိုက်မှုကိုပါ လျော့ပါးသွားစေပါတယ်။ (၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascular coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့သွေး ကြောတွေမှာ သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းေ

ကာကွယ်ဆေးဖြင့် လက်ဦးမှုရယူနိုင်သော ရောဂါများ

ဆုံဆို့နာ (diptheria) ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ဆုံဆို့နာဟာ အသက်ရှူလမ်း ကြောင်းကိုပိတ်ဆို့ပြီး အသက်အန္တ ရာယ်ဖြစ်စေနိုင်သလို ပိုးဆိပ်ကြောင့် လည်း သွက်ချာပါဒနှင့် နှလုံးရောဂါများဖြစ်ပွားစေတတ်ပါတယ်။ ဆုံဆို့ နာကာကွယ်ဆေးကို ၁၉၄၀ ခုနှစ်ကစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အ သက်တစ်နှစ်အောက် ကလေးများ ကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ဆုံဆို့နာရောဂါကို ကာကွယ်နိုင်ပြီဖြစ် ပါတယ်။ ဝက်သက် (measles) ဝက်သက်ဗိုင်းရပ်စ်ပိုးကို ထိ တွေ့ခြင်း၊ ရှူမိခြင်းဖြင့် ကူးစက်လေ့ ရှိပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနီကွက်များထွက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။ ၁၉၆၃ ခုနှစ်ကတည်း က ဝက်သက်ကာကွယ်ဆေး ထိုးနေ ပေမယ့် ယခုအချိန်အထိ ကြိုကြားကြို ကြားတွေ့ရဆဲဖြစ်ပါတယ်။ ပိုလီယို (polio) တံတွေးနှင့် ဝမ်းမှကူးစက်တတ် ပြီး အောက်ပိုင်းသေခြင်း၊ ခြေလက် လေးချောင်းစလုံးသေခြင်း တို့အထိ ဖြစ်ပေါ်စေပါတယ်။ ၁၉၅၅ ခုနှစ် ကတည်းက ပိုလီယိုကာကွယ်ဆေး တိုက်လာခဲ့တာကြောင့် ယခုအခါ ပိုလီယိုရောဂါ ပျောက်ကွယ်လုနီးဖြစ် လျက်ရှိပါတယ်။ မေးခိုင် (tetanus) ကြွက်သားတွေအလွန်အမင်း တောင့်တင်းကာ အသက်ရှူကြွက် သားများပါလှုပ်ရှားမရတော့တဲ့အထိ အန္တရာယ်ပေးတတ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ မေ