Skip to main content

Posts

Showing posts from August 9, 2014

ဂါဇာမှာတော့၊ ပါလက်စတိုင်းနဲ့ အစ္စရေး အကြား၊ ယာယီ အပစ်ရပ်စဲမှု၊ သောကြာနေ့ မနက်ပိုင...

ဂါဇာမှာတော့၊ ပါလက်စတိုင်းနဲ့ အစ္စရေး အကြား၊ ယာယီ အပစ်ရပ်စဲမှု၊ သောကြာနေ့ မနက်ပိုင်းက ကုန်ဆုံခဲ့တဲ့ နောက်ပိုင်း၊ ပြန်လည် စတင် လာခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ၊ အရှိန် လျော့ကျ သွားမယ့် အရိပ်အယောင်၊ မတွေ့ရ သေးပါဘူး။ ဂါဇာမှာရှိတဲ့ ပလီတစ်လုံးကို၊ အစ္စရေးတို့ တိုက်ခိုက်ခဲ့မှု အတွင်း၊ ဟားမတ်စ် အဖွဲ့ရဲ့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင် တစ်ဦး သေဆုံး သွားတယ်လို့၊ အစ္စရေးဘက်က ပြောပါတယ်။ http://ift.tt/V8xSwl ဂါဇာမှာ တိုက်ခိုက်မှု အရှိန် မလျော့သေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1ktKKsr

သြဂုတ်လ ၁၀ရက်နေ့ မှာ နေ ကမ္ဘာနဲ့ လ တတန်းတည်း ဖြစ်ချိန်မှာ၊ ကမ္ဘာနဲ့ အနီးဆုံး ဖြစ်...

သြဂုတ်လ ၁၀ရက်နေ့ မှာ နေ ကမ္ဘာနဲ့ လ တတန်းတည်း ဖြစ်ချိန်မှာ၊ ကမ္ဘာနဲ့ အနီးဆုံး ဖြစ်တဲ့ လကို ကမ္ဘာသူ ကမ္ဘာသားတွေ က၊ ပိုပြီး အနီးကပ်နဲ့ အရွယ်စား ကြီးကြီး မြင်ရမှာ ဖြစ်တဲ့အတွက် supermoon စူပါမွန်း လို့ သညာပြု ခေါ်တွင်ပြီး၊ သိပ္ပံပညာရှင် တွေ မိုးလေဝသ ပညာရှင်တွေ အပါအဝင် နက္ခတ္တ ပညာရှင်တွေ စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။ http://ift.tt/1ktKLg6 လကို အကြီးဆုံးမြင်ရမယ့် စူပါမွန်းဖြစ်စဉ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/V8xRsb

"ငြိမ်းချမ်းရေးနှင့် ပညာရေးအတွက် ဂီတဖြင့် ဖျော်ဖြေသည့် “ပန်းရဲ့လမ်း”အဖွဲ့ ယာဉ်မေ...

"ငြိမ်းချမ်းရေးနှင့် ပညာရေးအတွက် ဂီတဖြင့် ဖျော်ဖြေသည့် “ပန်းရဲ့လမ်း”အဖွဲ့ ယာဉ်မတော်တဆမှုဖြစ်" “ကျွန်တော်က တစ်ယောက်လာခေါ်လို့ တစ်ခြားကားနဲ့ သွားတာဆိုတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ အဖွဲ့ထဲကတော့ အားလုံးလိုလို ထိသွားတယ်။ ဒရိုက်ဘာက အများဆုံးဖြစ်သွားတယ်” ဟု ဦးရဲလွင်က ပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1uzFx36 #MizzimaDaily http://ift.tt/OTcCHv ငြိမ်းချမ်းရေးနှင့် ပညာရေးအတွက် ဂီတဖြင့် ဖျော်ဖြေသည့် “ပန်းရဲ့လမ်း”အဖွဲ့ ယာဉ်မတော်တ� mizzimaburmese.com ရန်ကုန်၊ မဇ္ဈိမ။ ။ ရေဘေးသင့်စာသင်ကျောင်းများရှိ ကျာင်းသားများအား ကူညီထောက်ပံ့ရန် ဂီတ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1sKA49g

သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #t...

သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1myhT1B

သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials...

သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials တရုတ်၊ အမေရိကန်၊ အာဆီယံနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တရုတ်နှင့် ၎င်းထက် အင်အားပိုမိုနည်းပါးသော အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ လျော့ပါးစေရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ သို့သော် ယင်းကို တရုတ်တို့ဘက်က တင်းတင်းမာမာ ပြန်လည်တုံ့ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တောင်တရုတ်ပင်လယ်အရေးဟာ ဒီကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ နိုင်ငံတွေကသာ ဖြေရှင်းရမယ့်ကိစ္စပါ” ဟု ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံရှိပြီး ယင်းတို့မှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ဖြစ်သည်။ အင်ဒိုနီးရှားသည်လည်း ယင်းအငြင်းပွားမှုအတွင်းသို့ ပါဝင်လာဖွယ်ရှိနေသည်။ တ

၁၀ နှစ်အတွင်း သစ်မှောင်ခိုတန်ချိန် သန်းချီရှိနိုင်ပြီး ယခုနှစ်ပိုင်းများအတွင်း သ...

၁၀ နှစ်အတွင်း သစ်မှောင်ခိုတန်ချိန် သန်းချီရှိနိုင်ပြီး ယခုနှစ်ပိုင်းများအတွင်း သစ်မှောင်ခိုမှု ပြန်လည်မြင့်တက်နေ လွန်ခဲ့သော ၁ဝ နှစ်မှ လက်ရှိအချိန်ထိ ရှောင်တခင်စစ်ဆေးမှုဖြင့်သာ ဖမ်းဆီး ရမိခဲ့သော သစ်မှောင်ခိုတန်ချိန်မှာ သိန်းနှင့် ချီရှိနေပြီး အမှန်တကယ် မှောင်ခိုသစ်တန် ချိန်မှာ သန်းနှင့်ချီရှိနိုင်ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။ ယင်းအပြင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း သစ်မှောင်ခိုထုတ်ယူမှုမှာ ပြန်လည်မြင့်တက် လာနေသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးပိတ်ဆို့ရန် တိကျသည့်အစီအစဉ်များ မရှိသေးကြောင်း သစ်တောဝန်ကြီးဌာနမှ သိရသည်။ သစ်တောဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဓိက,ကတော့ ရှောင်တခင်အရနဲ့သာ စစ်ဆေးနေရတာတွေဖြစ်တယ်။ အမှန်တကယ်က ကားတစ်စီးစီ၊ ယာဉ်တစ်ခုချင်းစီကို စစ်ဆေးရမှာ။ ဒါပေမဲ့ မြန်မာ-တရုတ် နယ်စပ်မှာက တိုးဂိတ်တွေများတယ်လေ။ တစ်စီးဂျန့်ဖြစ်ရင် ဆယ်ငါးမိနစ် နာရီဝက်လောက်နဲ့ ကားအစီး ၂ဝဝ လောက်ဖြစ်ပြီး လမ်းပိတ်တာတွေဖြစ်နေတယ်။ အဲဒီအတွက် သတင်းပေးပို့မှုတွေကနေပြီးတော့ပဲ ရှောင်တခင်စစ်ဆေးနေရ တာတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။ မှောင်ခိုထုတ်ယူသည့်သစ်များမှာ တရုတ်နိုင်ငံဘက်သို့

လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ လျှောက်ထားသူ၏ အမှန်တက...

လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ လျှောက်ထားသူ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် ၀ါသနာအရ ရွေးချယ်နိုင်ခွင့် နည်းပါးနေကြောင်း ပညာရှင်များသုံးသပ် မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ ဝင်ခွင့်လျှောက်ထားသူ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် ဝါသနာအရ ရွေးချယ်ခွင့်တို့မှာ နည်းပါးလျက်ရှိနေကြောင်း ပညာရှင်များက သုံးသပ်ကြသည်။မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့်စနစ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ၏ ဦးစားပေးလျှောက်ထားမှုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ်ပေါ်မူတည်ပြီး ရွေးချယ်ကြခြင်းဖြစ်ရာ အဆိုပါစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဝင်ခွင့်ရွေးချယ်မှုပုံစံအား ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဝင်ခွင့်စိစစ်ရွေးချယ်ရေး စနစ်အား ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။ “လက်ရှိကျင့်သုံးနေတဲ့ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြုပြင်ပြောင်းလဲဖို့စီစဉ်ရတာက နိုင်ငံတကာမှာကျင့်သုံးနေတဲ့ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုပုံစံက တက္ကသ

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မြန်မာခေါင်းဆေ...

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မြန်မာခေါင်းဆောင်များကို ဂျွန်ကယ်ရီသတိပေး အမေရိကန်နှင့် တိုးတက်နေသော ဆက်ဆံရေးအတွက် မြန်မာနိုင်ငံ၏ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြ§င့် ရန်လိုအပ်မည်ဖြစ်ပြီး လူ့အခွင့်အရေးတိုး တက်စေမည်ဟု ပေးထားသောကတိများ ပျက်ကွက်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု အမေရိကန်က ယူဆသည်များကို ရပ်တန့်ရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဩဂုတ် ၉ ရက်တွင် မြန်မာခေါင်းဆောင်များကို သတိပေးခဲ့သည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်လည်ပတ်ခဲ့မှု၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေးခဲ့မှုတို့ရှိခဲ့ပြီးနောက် အမေရိကန်က မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများနှင့် သတင်းစာလွတ်လပ်ခွင့်ကို ထိန်းချုပ်မှုများအပါအဝင် လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားလာနေကြောင်း သတိပေးခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန် နှင့် ထိပ်တန်းဥပဒေပြုအမတ်များကို တွေ့ဆုံ ခဲ့သောကယ်ရီသည် ယင်းပြဿနာများကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ထို့ပြင် လာမည့်

နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်ဘက...

နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်ဘက်က တင်းမာစွာတုံ့ပြန် နေပြည်တော် အာဆီယံဆွေးနွေးပွဲ ကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်ဘက်က တင်းမာစွာတုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဩဂုတ် ၁ဝ ရက်၌ ပြုလုပ်မည့် အာဆီယံဒေသတွင်းဖိုရမ်ကို အသုံးချပြီး တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်နိုင်ငံက တရုတ်ကို ဖိအားပေးနိုင်ခြေရှိသည်ဆိုသော သုံးသပ်ချက်များထွက်ပေါ်ခဲ့ပြီးနောက် တရုတ်ဘက်က တင်းမာစွာတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ “တောင်တရုတ်ပင်လယ်အရေးဟာ ဒီကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ နိုင်ငံတွေကသာ ဖြေရှင်းရမယ့် ကိစ္စပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဩဂုတ် ၉ ရက်က ထိုင်းနိုင်ငံကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင် ထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အကြား ပြီးခဲ့သည့် မေလအတွင်းက တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမတွင် အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ဦးနေ၀င်...

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမတွင် အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ဦးနေ၀င်းမြေးများ၏ ကုမ္ပဏီအားခွင့်ပြု၊ ယင်းစနစ်ကြောင့် ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှု ပြဿနာပိုဆိုးလာမည် ရန်ကုန်မြို့တွင် အမြန်ဘတ်စ်ကားလိုင်းစနစ် (BRT) စနစ်ကို ဝေဇယန္တာလမ်းမတွင် စမ်းသပ်ပြေးဆွဲရန် ဦးနေဝင်းမြေးများ၏ ကုမ္ပဏီဖြစ်သည့် မေတ္တာလှိုင်းယာဉ်လိုင်းများ ပြေးဆွဲနေသော ဘက်စုံမြင်ကွင်းကုမ္ပဏီ (OMNI FOCUS Company) အား ခွင့်ပြုခဲ့ကြောင်း သိရသည်။ အမြန်ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန်အတွက် မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ရရှိခဲ့ပြီး ဘက်စုံမြင်ကွင်းကုမ္ပဏီက အမြန်ဘစ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်ခဲ့ကာ လွန်ခဲ့သည့်တစ်နှစ်ခွဲခန့် ကတည်းကတင်ပြခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ဝေဇယန္တာလမ်းမတွင် စတင်ပြေးဆွဲ ရန်စီစဉ်ခြင်းမှာ ယင်းလမ်းမှာ ဘတ်စ်ကားလုံးဝပြေးဆွဲခြင်း မရှိသေးသည့်အတွက် ဖြစ်ကြောင်း သိရသည်။ “စတင်ပြေးဆွဲမယ့် OMNI FOCUS ကုမ္ပဏီက ဒီစနစ်ကိုလုပ်တဲ့နေရာမှာ မော်တော်ယာဉ်၊ အခြေခံအဆောက်အအုံ၊ မှတ်တိုင် စတာတွေအတွက် ရင်းနှီးမြှုပ်နှံနိုင်မှုများတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏတော့ ပြောလို့မရနိုင် ဘူး။ သူ့မှာက မော်တော်ယာဉ်တွေကလည်း အဆင့်သင့်ဖြစ်နြေ

သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မိုးရွာသွန်းမှုလျော့က...

သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မိုးရွာသွန်းမှုလျော့ကျနေသဖြင့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မိုးရွာ သွန်းမှုလျော့ကျနေသဖြင့် လာမည့်နှစ်ရက်အတွင်း စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ “သံလွင်မြစ်ရေက ဩဂုတ် ၉ ရက် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ငါးစင်တီမီတာအထက်မှာ တည်ရှိနေတုန်းပဲ။ နှစ်လက်မလောက်ပဲရှိသေးတယ်။ ပင်လယ်နဲ့ နီးတဲ့အတွက် တက်လိုက်ကျလိုက် ဖြစ်နေတယ်။ လောလောဆယ်တော့ ပြန်ကျနေ တယ်။ ၁ဝ ရက်နေ့လောက်အထိတော့ စိုးရိမ်ရေအမှတ်မှာပဲ ရှိနိုင်သေးပါတယ်။ စစ် တောင်းမြစ်ရေက ဩဂုတ် ၉ ရက် ၆ နာရီ ခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနေပြီ။ စိုးရိမ်ရေအမှတ်အောက် လေးစင်တီမီတာအောက်ကို ပြန်ကျသွားပြီ။ ပဲခူးမြစ်ရေကလည်း ၈ ရက် ည ၁ဝ နာရီခွဲမှာ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနေပြီ။ တစ်ပေလောက်ပြန် ကျသွားတာဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဇလဗေဒဌာနခွ

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အစ္စလာမ်အစွန်းရောက်တွေကို...

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အစ္စလာမ်အစွန်းရောက်တွေကို နောက်ထပ် လေကြောင်း တိုက်ခိုက်မှု ၄ ခု လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဂျက်တိုက်လေယဉ်တွေ မောင်းသူမဲ့ Drone ယဉ်တွေနဲ့ သံချပ်ကာကားတွေနဲ့ Truck ကား ၁ စီးကို ပစ်မှတ်ထားတိုက်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေးဌာနက စနေနေ့မှာ ပြောခဲ့ပါတယ်။ Sinjar ဒေသနားမှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အောင်မြင်တယ်လို့ ဆိုပါတယ်။ http://ift.tt/1sKuuUi အီရတ် အစ္စလာမ် အစွန်းရောက်တွေကို ကန်-လေကြောင်း ထပ်မံတိုက်ခိုက် - သစ်ထူးလွင် (နေ့စဉ်သတင်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1B4CK6z

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သာသနာရေး ၀န်ကြ...

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲ ဆိုထားတာကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့မှာ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းအရင်းကို ဒေးဒရဲမြို့နယ် မရမ်းအနောက်အုပ်စု ကျောင်းဆိပ်ကျေးရွာက ကိုအောင်ကျော်ဆန်းက အခုလို ပြောပါတယ်။ http://ift.tt/1sKuqnJ ဦးဆန်းဆင့်အမှု ရုပ်သိမ်းပေးဖို့ ဒေးဒရဲပြည်သူတွေ ဆန္ဒပြတောင်းဆို - သစ်ထူးလွင် (နေ့စဉ်သတ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1B4CDrI

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တြီ...

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြ၀တီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂျာမေဗလီ ဥက္ကဌနှင့်အတူ သွားရောက်ခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ခရေလမ်းထောင့်ရှိ ““ရွှေလက်ရာ”” ထမင်းဆိုင်မှ ထွက်လာသော အဆိုပါ ပါကစ္စတန်နိုင်ငံသား ၂ ဦးအား တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးခဲ့သည်။ http://ift.tt/1sKuq7f တရားမ၀င် ၀င်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသား ၂ ဦးအား အရေးယူထား - သစ်ထူးလွင် (နေ့စဉ်သတင်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sKuns6

အီရတ်မြောက်ပိုင်း တောင်ထူထပ်ရာဒေသမှာ ပိတ်မိနေတဲ့ ယာဇီဒီ ဒုက္ခသည်တွေအတွက် အဓိက အစ...

အီရတ်မြောက်ပိုင်း တောင်ထူထပ်ရာဒေသမှာ ပိတ်မိနေတဲ့ ယာဇီဒီ ဒုက္ခသည်တွေအတွက် အဓိက အစားအစာနဲ့ သောက်ရေတွေ အပါအဝင်ကယ်ဆယ်ရေး ပစ္စည်းတွေကို အမေရိကန်စစ်လေယာဉ်တွေက ဒုတိယအကြိမ် ချပေးနေပါတယ်။ သူတို့ဟာ ဂျီဟတ်ဒစ်တွေရှေ့တိုးတိုက်ခိုက်လာတာကြောင့် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ http://ift.tt/1sKulQT အီရတ်ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေချပေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1B4CEM0

အမေရိကန် ပြည်ထောင်စု အနေနဲ့ အပြစ်မဲ့ပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို မ...

အမေရိကန် ပြည်ထောင်စု အနေနဲ့ အပြစ်မဲ့ပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို မျက်နှာလွှဲမနေနိုင်ဘူးလို့ ပြောပြီး ဒါကြောင့် အီရတ်မှာ ဝင်ရောက်စွက်ဖက်ရတာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘာမားက ပြောလိုက်ပါတယ်။ အစ္စလာမ်သူပုန်တွေနဲ့ဝေးရာ ထွက်ပြေးလာပြီး အီရန်နိုင်ငံက တောင်တန်းတွေကြားမှာ ပုန်းခိုနေရတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာ အသက်ရှင်ဖို့ အမေရိကန်စစ်တပ်က လေယာဉ်နဲ့ချပေးတဲ့ အစားအသောက်နဲ့ရေတွေဟာ အထောက်အကူဖြစ်စေမှာပါလို့ မစ္စတာ အိုဘာမားက ဒီ စနေ အပတ်စဉ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။ http://ift.tt/1sKuiEO အီရတ်အခြေအနေ ကန်ပစ်ထားလို့မဖြစ်နိုင် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1B4CC76

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊...

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ““မြို့နာမ်”” ဘုရားဝန်းအတွင်းရှိ ကဇာတ်ရုံပေါ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးက လူတစ်ဦးအား ရိုက်နှက်နေကြောင်း သတင်းအရ ထီးလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ http://ift.tt/1sKueow စိတ်ကျန်းမာရေးမကောင်းသူက ကျောက်ခဲနှင့်ထုသဖြင့် သေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwi www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1B4CynD

ရန်ကုန်မြစ်ထဲက ချောင်း ၃ ခွဆုံမှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီ...

ရန်ကုန်မြစ်ထဲက ချောင်း ၃ ခွဆုံမှာ နစ်မြုပ် နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ရေတပ် သင်္ဘ࿿ောတွေ၊ ရေငုပ် သမားတွေ နဲ့ လူအင်အား (၈ဝ)လောက် ထွက်ခွာ သွားပါတယ်။ ဒီခေါင်းလောင်းကြီး ကို နိုင်ငံခြား အကူအညီ မယူဘဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်ယူမှာ ဖြစ်ပြီး ဆယ်ယူမယ့် လူတွေဟာ သက်သက်လွတ် စားတာ၊ သီလ ခံယူတာ တွေ လုပ်ရမှာ ဖြစ်ပါတယ်။ http://ift.tt/1sKugNa ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်တော့မယ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sKuh3q

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် မကွေး တိုင်း ဒေသကြီး၊ အောင...

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် မကွေး တိုင်း ဒေသကြီး၊ အောင်လံ မြို့နယ်၊ အောင်ညီသာ ကျေးရွာ၊ အောင်မြေသာ ဘုန်းကြီး ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဥူးကောဘိတ(ခ)ကျော်မင်းဌေး(၃၂)နှစ်၊ ၀ါတော်(၁၂)၀ါသည် ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ကျောင်းမှ ကျောင်းသားဖြစ်သူ အောင်ညီသာ ကျေးရွာနေ စောပြည့်အောင်(၁၈)နှစ်သည် ဥူးကောဘိတ(ခ)ကျော်မင်းဌေးအား ရွာအတွင်းရှိ အမျိုးသမီး တစ်ဦးနှင့် သမီးရည်းစား ဖြစ်နေကြောင်း ဂုဏ်သိက္ခာ ကျဆင်းအောင် စွပ်စွဲပြောဆိုသဖြင့် ဥူးကောဘိတ(ခ)ကျော်မင်းဌေးက တူနှင့်ထုရိုက်သတ် ခဲ့ကြောင်း ပြောပြသိရ၍ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။ http://ift.tt/1B4Czbc အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေကြောင်း စွပ်စွဲပြောဆိုသူကို တူနှင့်ထုသတ်မြှု www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sKueEV

အာဆီယံ ဒေသတွင်း ဖိုရမ်ကို တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားေ...

အာဆီယံ ဒေသတွင်း ဖိုရမ်ကို တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဟာ ဒီနေ့ မနက်က မြန်မာသမ္မတ ဦးသိန်းစိန် နဲ တွေ့ဆုံခဲ့ရာမှာ ရခိုင်ပြည်နယ်ပြသနာ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ လူ့အခွင့်အရေးစတဲ့ ပြု ပြင် ပြောင်း လဲရေးမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့မရှိဘူးလို့ ထပ်လောင်းပြောကြားခဲ့သလို ဂျွန်ကယ်ရီကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ http://ift.tt/1vrTvbx ဂျွန်ကယ်ရီနဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1A3ORiS

ဆီရီးယားနဲ့ အီရတ်မှာ ဆူနီဂျီဟတ်ဒစ်တွေ သီးခြားအစ္စလမ်မစ်နိုင်ငံတခု ထူထောင်တာကို သ...

ဆီရီးယားနဲ့ အီရတ်မှာ ဆူနီဂျီဟတ်ဒစ်တွေ သီးခြားအစ္စလမ်မစ်နိုင်ငံတခု ထူထောင်တာကို သူခွင့်မပြုနိုင်ဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ ဒီလို အစ္စလမ်မစ်နိုင်ငံထူထောင်ဖို့ ကြိုးစားနေကြတဲ့ စစ်သွေးကြွတွေကို အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နယူးယောက်တိုင်း သတင်းစာကို အိုဘားမားက ပြောခဲ့တာပါ။ http://ift.tt/1vrTuUZ ဆူနီဂျီဟတ်ဒစ်တွေကို အစ္စလမ်မစ်နိုင်ငံ ထူထောင်ခွင့်မပြုလို့ အိုဘားမားပြော - သစ်ထူးလွင် www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vrTuV5

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် PR အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အလိုမရ...

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် PR အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပွဲကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဆန္ဒပြကြမယ့်သူတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးစာတိုက်အနီးကစုရပ်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကို ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဌေးမြင့်က အခုလို ပြောပါတယ်။ http://ift.tt/1A3OODq PR စနစ် ကန့်ကွက်ဆန္ဒပြခွင့် ငြင်းပယ်ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vrTtjL

အာရှမှာဖြစ်တဲ့ အကြောင်းအရာ အများစုက ၂၁ ရာစုရဲ့ သမိုင်းဖြစ်ရပ်တွေ အဖြစ် မှတ်တမ်...

အာရှမှာဖြစ်တဲ့ အကြောင်းအရာ အများစုက ၂၁ ရာစုရဲ့ သမိုင်းဖြစ်ရပ်တွေ အဖြစ် မှတ်တမ်းတင်သွားမှာ ဖြစ်သလို အဲဒီ သမိုင်း မှတ်တမ်း ထဲမှာ အရှေ့တောင် အာရှမှာဖြစ်တဲ့ ကိစ္စတွေက အများကြီး ပါဝင်နေမှာ ဖြစ်တဲ့ အတွက် အမေရိကန် ပြည်ထောင်စုက အာရှ- ပစိဖိတ်ဒေသနဲ့ ထိတွေ့ ဆက်ဆံသွားဖို့ အခိုင်အမာ သန္နိဌာန်ချ ထားတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားပါတယ်။ သမ္မတ Barack Obama အနေနဲ့လည်း နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ စိတ်အားသန်နေတယ်လို့ နေပြည်တော်မှာ စနေနေ့က ကျင်းပတဲ့ အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများအဆင့် ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ http://ift.tt/1vrToN7 ၂၁ ရာစုမှာ အာရှဒေသ ပိုအရေးပါနိုင်ကြောင်း ၀န်ကြီး ကယ်ရီပြော - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1A3OLYx

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြော...

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရ အနေနဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ လွှတ်တော်နဲ့ အတူတကွ လုပ်ကိုင်နေကြတာဟာ အလားအလာကောင်း ဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို အသိပေး ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။ http://ift.tt/1A3OJzN မြန်မာ့ပြုပြင်ရေး John Kerry ချီးကျူး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vrTofS

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် ကုန်ဈေးနှုန်းနှင့် မိသားစုတစ်စု၏ လူနေမှုစရိတ်များကို...

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် ကုန်ဈေးနှုန်းနှင့် မိသားစုတစ်စု၏ လူနေမှုစရိတ်များကို စစ်တမ်းကောက်ယူမည်၊ အလုပ်သမားများပါဝင်သည့် မြို့နယ်အဆင့်စစ်တမ်းကောက်ယူမှုအဖွဲ့အစည်းများက ဆောင်ရွက်မည် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် ကုန်ဈေးနှုန်းနှင့် မိသားစုတစ်စု၏ လူနေမှုစရိတ်များကို အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် ကုန်ဈေးနှုန်းနှင့် မိသားစုတစ်စု၏ လူနေမှုစရိတ်များကို စစ်တမ်းကောက်ယူမည် အလုပ်သမားများပါဝင်သည့် မြို့နယ်အဆင့်စစ်တမ်းကောက်ယူမှုအဖွဲ့အ... from Eleven Media Group's Facebook Wall http://ift.tt/1nDQaw9

သမ္မတနှင့် ဂျွန်ကယ်ရီတွေ့ဆုံမှုတွင် အရေးယူခံရသည့် ဂျာနယ်လစ်များ အခြေအနေကို ဂျွန်ကယ...

သမ္မတနှင့် ဂျွန်ကယ်ရီတွေ့ဆုံမှုတွင် အရေးယူခံရသည့် ဂျာနယ်လစ်များ အခြေအနေကို ဂျွန်ကယ်ရီမေးခွန်းထုတ်၊ တွေ့ဆုံခဲ့မှုတွင် သတ်မှတ်ချိန်ထက်အချိန်ပိုကြာပြီး ဆွေးနွေးခဲ့ သမ္မတနှင့် ဂျွန်ကယ်ရီတွေ့ဆုံမှုတွင် အရေးယူခံရသည့် ဂျာနယ်လစ်များ အခြေအနေကို သမ္မတနှင့် ဂျွန်ကယ်ရီတွေ့ဆုံမှုတွင် အရေးယူခံရသည့် ဂျာနယ်လစ်များ အခြေအနေကို ဂျွန်ကယ်ရီမေးခွန်းထုတ်၊ တွေ့ဆုံခဲ့မှုတွင် သတ်မှတ်ချိန်ထက်အချိန်ပိုကြာပြီး ဆွေးနွေးခဲ့ from Eleven Media Group's Facebook Wall http://ift.tt/1vrQyrn

အီဗိုလာဗိုင်းရပ်စ်သံသယရှိ လူနာများကို ထားရှိနိုင်ရန် ပြည်တွင်းရှိ ဆေးရုံကြီးအချိ...

အီဗိုလာဗိုင်းရပ်စ်သံသယရှိ လူနာများကို ထားရှိနိုင်ရန် ပြည်တွင်းရှိ ဆေးရုံကြီးအချို့တွင် ကြိုတင်ပြင်ဆင် အီဗိုလာဗိုင်းရပ်စ်သံသယရှိ လူနာများကို ထားရှိနိုင်ရန် အီဗိုလာဗိုင်းရပ်စ်သံသယရှိ လူနာများကို ထားရှိနိုင်ရန် ပြည်တွင်းရှိဆေးရုံကြီးအချို့တွင်ကြိုတင်ပြင်ဆင် from Eleven Media Group's Facebook Wall http://ift.tt/1nDQ9Zc

နေပြည်တော်အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးကို တရုတ်ဘက်မှတင်းမာစွာတုံြ့...

နေပြည်တော်အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးကို တရုတ်ဘက်မှတင်းမာစွာတုံ့ပြန်၊ ယင်းကိစ္စနှင့်တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံများကသာ ဖြေရှင်းရမည့်ကိစ္စဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော နေပြည်တော်အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးကို နေပြည်တော်အာဆီယံဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးကို တရုတ်ဘက်မှတင်းမာစွာတုံ့ပြန်၊ ယင်းကိစ္စနှင့်တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံများကသာ ဖြေရှင်းရမည့်ကိစ္စဟု တ... from Eleven Media Group's Facebook Wall http://ift.tt/1nDQ9Z2