Skip to main content

လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ လျှောက်ထားသူ၏ အမှန်တက...



လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ လျှောက်ထားသူ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် ၀ါသနာအရ ရွေးချယ်နိုင်ခွင့် နည်းပါးနေကြောင်း ပညာရှင်များသုံးသပ်



မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်သည့်စနစ်မှာ ဝင်ခွင့်လျှောက်ထားသူ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် ဝါသနာအရ ရွေးချယ်ခွင့်တို့မှာ နည်းပါးလျက်ရှိနေကြောင်း ပညာရှင်များက သုံးသပ်ကြသည်။မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့်စနစ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ၏ ဦးစားပေးလျှောက်ထားမှုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ်ပေါ်မူတည်ပြီး ရွေးချယ်ကြခြင်းဖြစ်ရာ အဆိုပါစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဝင်ခွင့်ရွေးချယ်မှုပုံစံအား ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဝင်ခွင့်စိစစ်ရွေးချယ်ရေး စနစ်အား ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသည့်ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။



“လက်ရှိကျင့်သုံးနေတဲ့ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြုပြင်ပြောင်းလဲဖို့စီစဉ်ရတာက နိုင်ငံတကာမှာကျင့်သုံးနေတဲ့ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုပုံစံက တက္ကသိုလ်ဝင်စာမေးပွဲရဲ့ ရမှတ်တစ်ခုတည်းအပေါ်မှာ အခြေခံရွေးချယ်တာမျိုး မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူရဲ့ ဝါသနာ၊ စိတ်ပါဝင်စားမှု၊ ပင်ကိုယ်စွမ်းရည်၊ ပညာရပ်ဆိုင်ရာ အရည်အချင်းတွေဖြစ်တဲ့IQ ၊EQ နှင့် Skill လို့ခေါ်တဲ့ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်တွေ၊ ကျောင်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်မှု ရှိ/မရှိစတဲ့ အခြေအနေ အချက်အလက်တွေပေါ် မူတည်ပြီး စိစစ်ရွေးချယ်ကြတာပါ။ ဒီလိုပုံစံမျိုးကို မြန်မာနိုင်ငံမှာလည်း ကျင့်သုံးနိုင်ဖို့အတွက်ပါ” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။



တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုပုံစံနှင့် စပ်လျဉ်း၍ “ဆရာတို့တုန်းက တက္ကသိုလ် ပညာရေးစနစ်က လွတ်လပ်ရေးရပြီးခါစ အချိန်ကပေါ့။ အဲဒီတုန်းက တက္ကသိုလ်ပညာရေးစနစ်က တက္ကသိုလ်ကို ပထမနှစ်၊ ဒုတိယနှစ်တက်ပြီးတော့မှ မေဂျာရွေးဖို့ လမ်းကြောင်းခွဲတာပါ။ တက္ကသိုလ်ကို နှစ်နှစ်တက်၊ အောင်ပြီးတော့မှ ကိုယ်အားသန်ရာ ဘာသာရပ်အလိုက် အသီးသီးရွေးချယ်ပြီး ဆက်လက်သင်ယူကြရတာပါ။ ဒီခေတ်လို အမှတ်စာရင်းကိုလိုက်ပြီး အမှတ်မီတဲ့ တက္ကသိုလ်မှ တက်ကြရတာမျိုးမဟုတ်ဘူး။ တော်တဲ့သူက ဘယ်တက္ကသိုလ်သွား၊ ညံ့တဲ့သူက ဘယ်တက္က သိုလ်သွားဆိုတာမျိုး မရှိဘူး။ ကျောင်းသားကလည်း ကိုယ့်အခြေအနေကိုကြည့်ပြီး ဝါသနာပါရာအလိုက် တက္ကသိုလ်ပညာကို ဆက်သင်ကြတာပါ။ ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်” ဟု မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး ဦးမောင်မောင်စိုးတင့်ကဆိုသည်။



သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသိန်းဦးဘိုးစောကလည်း “အရင်တုန်းကဆိုရင် ကျောင်းသားတွေကလည်း သင်ချင်တဲ့ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် ရွေးချယ်ပြီး သင်ကြရတာပါ။ သိပ်လွတ်လပ်ပါတယ်။ ဒီခေတ်လို အမှတ်မီမှ ကိုယ်တက်ချင်တဲ့ကျောင်း တက်လို့ရတာမျိုး မဟုတ်ပါဘူး။ ဝါသနာပါတဲ့ ဘာသာရပ်မျိုးကို ရွေးချယ်ပြီး ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်ကြတာပါ။ ခုခေတ်လို အမှတ်စာရင်းကိုကြည့်ပြီး တက္ကသိုလ်ကို ရွေးချယ်ကြတာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာက ဆယ်တန်းကျောင်းသား တစ်ယောက်ဟာ ယေဘုယျအားဖြင့် အသက် ၁၆ နှစ်ဝန်းကျင် လောက်ပဲရှိပါတယ်။ ၁၆ နှစ်ဝန်းကျင်မှာ ကျောင်းသားတစ်ယောက်ရဲ့ ရင့်ကျက်မှုနဲ့ အတွေးအခေါ် IQ၊ EQ ဟာ မလုံလောက်သေးပါဘူး။ သူဘယ်ဘာသာရပ်ကို ရွေးချယ်ရမှန်း၊ စိတ်ပါဝင်စားမှန်းကို ရင့်ရင့်ကျက်ကျက် မသိနိုင်သေးတဲ့ အရွယ်ပါ။ အိမ်ကမိဘက ရွေးချယ်ပေးတဲ့ လမ်းကြောင်းကိုပဲ လိုက်တတ်ကြတဲ့ အနေအထားပါ။ အမှတ်စာရင်းကို ကြည့်ပြီး ရွေးချယ်ကြတာပါ။ အဲဒီတော့ ဝါသနာပါတာနဲ့ ဂုဏ်ရှိချင်လို့ စိတ်မပါဘဲ ကိုယ့်အမှတ်စာရင်းနဲ့မီတဲ့ တက္ကသိုလ်ကို တက်ကြတာမျိုး၊ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်း တခြားစီဖြစ်နေကြတယ်။ ပညာကို ဆုံးခန်းတိုင်အောင်လည်း မသင်နိုင်ကြတဲ့သူတွေလည်း အများကြီးပါ” ဟု သုံးသပ်ပြောဆိုခဲ့သည်။



ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း၊ အဆင့်မြင့် ပညာကဏ္ဍ စစ်တမ်းကောက်ယူချက်အရ ပါမောက္ခချုပ် ၉၁ ရာခိုင်နှုန်းမှာ တက္ကသိုလ်ဝင်ခွင့်ပြုသည့် စနစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်သာမက လူတွေ့စစ်ဆေးခြင်း အပါအဝင် တက္ကသိုလ်က လက်ခံနိုင်သော နည်းလမ်းဖြင့် စီမံဆောင်ရွက်လိုသည်ဟု လေ့လာတွေ့ရှိရကြောင်း သိရသည်။



သို့ဖြစ်ရာ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် လျှောက်ထားသူ၏ ဝါသနာ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်အပြင် ပင်ကိုဥာဏ်ရည်ဥာဏ်သွေး စသောအချက်များနှင့် ပေါင်းစပ်ပြီး နိုင်ငံတော်နှင့် ဒေသလိုအပ်ချက်အရ သက်ဆိုင်ရာ တက္ကသိုလ်၏ စံနှုန်းဖြင့် ရွေးချယ်ဝင်ခွင့်ပြုသောစနစ်ကို ကျင့်သုံးရန် ထောက်ခံအကြံပြုထားကြောင်း သိရသည်။



ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းတက်ရောက်နေကြသူ အချို့အား တွေ့ရစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1myhRa3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...