Skip to main content

Posts

Showing posts from February 5, 2015

မှိုမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူး

မှိုမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူး ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာများ ထဲမှာ မှိုက တစ်ခု အပါအဝင်ဖြစ် ပါတယ်။ မှိုဟာ အော်ဂဲနစ် ပစ္စည်းများ ကြွယ်ဝတဲ့ အလွှာပေါ်မှာ ပေါက်ရောက်ပြီး မှိုကိုစိုက်ပျိုးတဲ့ အခါ ပိုးသတ်ဆေး Pesticides သုံးစွဲလေ့ မရှိပါဘူး။ Pesticides တွေက မှိုပွင့်ဖြစ်လာမယ့် မျိုးစေ့တွေကို ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ မှိုတွေဟာ ပိုးသတ်ဆေးမပါဝင်တဲ့အပြင် သံဓာတ်နဲ့အသားဓာတ် (ပရိုတင်း) ကြွယ်ဝလှပါတယ်။ မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ရုံ သာမက လူရဲ့ကိုယ်ခံစွမ်းအား စနစ် ( Immume System ) ကိုလည်း မြှင့်တင်ပေးပြီး ကူးစက်ရောဂါပိုးမွှားများမှ ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် မှိုမှာ ပါဝင်တဲ့ ဒြပ်ပေါင်းအချို့ဟာ ရင်သား ကင်ဆာကဲ့သို့သော ရောဂါများကို တိုက်ထုတ်နိုင် ပါတယ်။ ဒါပေမယ့် ယနေ့အခါမှာ စီးပွားဖြစ် မှိုစိုက်ပျိုးတဲ့ သူတွေဟာ မှိုတွေကို မသေစေနိုင်တဲ့ ပိုးသတ်ဆေးတွေကို သုံးစွဲလာကြ ပါတယ်။ ဒါကြောင့် မှိုရဲ့ ကျန်းမာရေး ကောင်း ကျိုးတွေကို ရယူလိုပြီး ပိုးသတ်ဆေးတွေရဲ့ ဓာတုအဆိပ်ဓာတ်ကို မလိုချင်တဲ့ သူများအနေနဲ့ အော်ဂဲနစ်မှိုများနဲ့ သဘာဝအတိုင်း တောထဲက ရရှိတဲ့ မှိုများကို ရွေးချယ်စားသုံးနိုင် ပါတယ်။ By Health D

အဖျားရောဂါနဲ့ ဓာတ်စာ

ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရ င် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။ ဖျားနာချိန် ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။ အဖျားဆေးများ တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအစာ တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အ

ခေါက်ဆွဲခြောက်ထုပ် နဲ့ ကျန်းမာရေး

ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါ ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက် ကို Instant Noodle လို့ ခေါ်ပါတယ်။ တချို့က Junk food အာဟာရ မမြောက်တဲ့ အစားအစာ အဖြစ် သတ်မှတ် ကြတယ်။ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ ကျန်းမာရေး နဲ့ မညီညွတ်ဘူး ဆိုတာ လူတော်တော် များများ သိကြ ပါတယ်။ ဒါပေမဲ့ မဆင်ခြင် နိုင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာလဲ အားသာချက် များစွာ ရှိနေလို့ ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ ဝယ်ရ လွယ်ကူသလို ဈေးပေါတယ်။ အရသာ ရှိတယ်။ အသင့် စားသုံး နိုင်တယ်။ အထူးသဖြင့် အချိန်မပေး နိုင်သူတွေ အတွက် အဆင်ပြေတယ်။ ခေါက်ဆွဲ ခြောက်ထုပ် ရဲ့ သမိုင်းကြောင်း အစကတော့ ခေါက်ဆွဲ ခြောက်တွေ ပထမဆုံး စတင် တီထွင် ထုတ်လုပ်ခဲ့သူ ဂျပန်လူမျိုး Momo-fuku Ando ဆိုသူက စတာပဲ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ Chikin Ramen ဆိုတဲ့ နာမည်နဲ့ ပထမဆုံး ခေါက်ဆွဲ ခြောက်ထုပ် ကို ထုတ်လုပ် ရောင်းချ ခဲ့တယ်။ ဂျပန်ရိုးရာ ခေါက်ဆွဲပြုတ် ကို Ramen လို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲ ကို ဂျပန်ကုမ္ပဏီ Nissanfoods က စတင် ထုတ်လုပ် ခဲ့တယ်။ စတင် ရောင်းချစဉ်က ပုံမှန် ခေါက်ဆွဲထက် ခြောက်ဆလောက် ဈေးကြီး ခဲ့လို့ လူကုံထံ တွေသာ စားသုံး နိုင်ခဲ့တယ်။ ၁၉၇၁

တည်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

၁။ရောင်ရမ်းမှု လျော့ကျ စေပါတယ် တည်သီးမှာ ကက်တီချင်နဲ့ ဂယ်လိုကက်တီချင် တို့လို ကျန်းမာရေး အကျိုးပြု အင်တီ အောက်ဆီးဒင့်တွေ ပါဝင်တဲ့ အပြင် အကျိတ်ပြေ ပျောက်စေတဲ့ ဘီတူလင်းနစ် အက်စစ်လည်း ပါဝင်ပါတယ်။ ကက်တီချင် ဓာတ်မှာ ကူးစက်ပိုး ကင်းစေတာ၊ ရောင်ရမ်းမှု လျော့ကျ စေတာနဲ့ သွေးကြောက သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ် ပေးတာ စတဲ့ အစွမ်း အာနိသင်တွေ ရှိပါတယ်။ ၂။အိုမင်းမှုနဲ့ ရောဂါဝေဒနာတွေကို ဟန့်တားပေးပါတယ် လတ်ဆတ်တဲ့ တည်သီးတွေမှာ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတို ဇန်သင်းတို့လို အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေ စုပေါင်းပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန် ပေးတဲ့အတွက် အိုမင်းမှုကို ဟန့်တားပေးကာ ရောဂါဝေဒနာ အများအပြားရဲ့ ဖြစ်စဉ်ကို နှောင့်နှေး စေပါတယ်။ ၃။အသက်ကြီး တာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ် ပေးပါတယ် တည်သီးမှာ ပါဝင်တဲ့ ဇီဇန်သင်းဟာ မျက်စိ အာရုံခံလွှာရှိ မက်ကူလာမှာ အင်တီ အောက်ဆီးဒင့် ရရှိစေပြီး အသက်ကြီးသူ တွေမှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ၄။ကူးစက်ပိုးတွေကို တွန်းလှန် ပေး

Kiss and Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။ ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရရှိလာနိုင်တယ်။ ပေါ့ပေါ့ပါးပါးနမ်းတာကနေ • ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ • တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ • မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ • ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။ သွားရည်ထဲကနေ • Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်း

အဆုတ်စွမ်းရည် မြင့်တက်စေဖို့

(၁) အသက်ရှည်ရှည်ဆွဲရှူပါ အသက်ရှူလျှင်ရှည်ရှည်၊ ဖြည်း ဖြည်းနှင့်မှန်မှန်ရှူပါ။ အသက်ရှူထုတ်သည့်အခါ၌လည်း ဖြည်းဖြည်း နှင့်အဆုတ်အတွင်းရှိ လေများအားလုံးကုန်သွားအောင်ရှူထုတ်ပါ။ အသက်ရှူသည့်အခါ မြန်မြန်နှင့် တိမ်တိမ် ရှူခြင်းထက်ဖြည်းဖြည်းချင်း တစ်ဆုံးရှူခြင်းက အောက်စီဂျင် ပိုမို စုပ်ယူနိုင်စေသည်။ (၂) မျက်နှာသစ်ပါ အသက်အောင့်ထားပြီး မျက်နှာသစ်ပါ။ မျက်နှာကိုရေစင်သည်နှင့် နှလုံးခုန်နှုန်းကျသည်။ နှလုံးခုန်နှုန်းကျသည်နှင့် သွေးထဲတွင်အောက်စီဂျင် ပျော်ဝင်မှုများလာပြီး အသက်များများမရှူရဘဲ အမောခံနိုင်သည်။ လူ အပါအ၀င်နို့တိုက်သတ္တ၀ါ (mammals)များ၌ ရေငုပ်သည့်အခါ အသက်အောင့်ထားသော်လည်း အောက်စီဂျင်များများကျန်စေရန် ခန္ဓာကိုယ်က နှလုံးခုန်နှုန်းကိုနှေးပစ်သည့် အာနိသင်ရရှိစေရန် အသက်အောင့်ပြီး မျက်နှာသစ်ရခြင်း ဖြစ်သည်။ (၃) ပူဖောင်းမှုတ်ပါ အိမ်အလုပ်လုပ်နေစဉ်၊ ရုပ်မြင်သံကြားကြည့်နေစဉ်၊ လမ်းလျှောက်နေစဉ် ရာဘာပူဖောင်းမှုတ်ပါ။ ကျင့်သားရလာသည်နှင့် အဆုတ်က လေ များများရှူသွင်းနိုင်ပြီး အားပြင်းပြင်းရှူထုတ်လာနိုင်သည်ကို တွေ့ရမည်။ (၄) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ စက္ကန့် (၂၀) ခန့်အသက်ရှူ သွင်းပါ။ (၅) စက္ကန့်ခန့် အသက်အောင့်ပါ။ ထို့နောက်စ

ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

(၁) အမျိုးသမီးဖြစ်ခြင်း အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်းပိုးဝင်မှု ပိုအဖြစ်များသည်။ အမျိုးသမီးဆီးပြွန်သည် အမျိုးသားထက်ပိုတိုပြီး ဘက်တီးရီးယားများ ကျော်ဖြတ်ဝင်ရောက်ရသည့် လမ်းကြောင်း ပိုမိုလွယ်ကူသောကြောင့် မကြာခဏ ဆီးပိုးကူးစက်လေ့ရှိသည်။ (၂) လိင်ကိစ္စများပြားခြင်း မကြာခဏလိင်ဆက်ဆံသူများတွင် ဆီးလမ်းကြောင်းရောဂါပိုးဝင် ရောက်မှု ပိုများလေ့ရှိသည်။ (၃) သန္ဓေတားခြင်း diaphragm အမျိုးအစားသန္ဓေတားနည်း အသုံးပြုသည့် အမျိုးသမီး များတွင် ဆီးလမ်းကြောင်းပိုးဝင်လေ့ ရှိသည်။ (၄) သွေးဆုံးခြင်း သွေးဆုံးပြီးသည့် အမျိုးသမီးများ၌ အီစတရိုဂျင်ဟော်မုန်းချို့တဲ့ သောကြောင့် ဆီးလမ်းကြောင်းအ တွင်းပြောင်းလဲမှုများဖြစ်ပွားပြီး ရော ဂါပိုးပိုမိုဝင်ရောက်စေသည်။ (၅)ဆီးလမ်းကြောင်းပုံမှန်မဟုတ်ခြင်း မွေးရာပါ ချွတ်ယွင်းမှုများကြောင့် ဆီးလမ်းကြောင်းပုံမှန်မဟုတ် သည့်အခါ ဆီးစွန့်လျှင် ဆီးမကုန်ဘဲ ကျန်ခဲ့တတ်သောကြောင့် ပိုးများပိုပွားစေသည်။ (၆) ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းတို့ကြောင့် ဆီးကျန် တတ်ပြီး ပိုးများပါပိုပွားတတ်သည်။ (၇) ဆီးပိုက်တပ်ထားခြင်း ဆီးမသွားနိုင်သည့် အကြောင်း တစ်မျိုးမျိုး

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က

အမျိုးသားတွေ အတွက် အရေးကြီးဆုံးက ဘာလဲ?

အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့.... ဗီတာမင်စီ ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ မဂ္ဂနီဆီ

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။ အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။ အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး