Skip to main content

Posts

Showing posts from January 15, 2015

ကျန်းမာဖို့ အရေး သိလိုရာမေး (လက်ဖက်ရည် ၊ဘီယာ)

ဒေါက်တာရှင့်- လက်ဖက်ရည် အချိုသောက်ခြင်းရဲ့ အကျိုးအပြစ်ကို သိလိုပါတယ်။ ကျွန်မ နေ့စဉ် လက်ဖက်ရည် မသောက်ရ မနေနိုင်လို့ပါ။ ဝတ်ရည်(မြောက်ဒဂုံ) သမီးဝတ်ရည်ကို ပြောလိုတာကတော့ လက်ဖက်ရည် ဟာလည်း ကော်ဖီလို စွဲတယ် ဆိုတာပါ။ လက်ဖက်ရည်မှာ ပါဝင်တဲ့ဓာတ်က ဦးနှောက်ကို ဆွပေးပြီး နှလုံးကို ပိုခုန်စေပါတယ်။ အစာအိမ်က အစာချက်ရည်ကိုလည်း ပိုထုတ်စေပါတယ်။ ဒါကြောင့် အိပ်မပျော် တော့တာပါ။ သမီးဝတ်ရည် အနေနဲ့ တစ်နေ့တစ်ခွက်လောက် သောက်တာက ပြဿနာ မရှိနိုင်သော်လည်း လက်ဖက်ရည်သောက်တာ များရင်တော့ နှလုံးပိုခုန်လာ၊ အမော ပိုဖောက်လာတော့မှာပါ။ အစာအိမ် ရောဂါရှိသူတွေ ရှောင်ကြဉ်သင့်ပါတယ်။ ဒေါက်တာခင်ဗျာ- ကျွန်တော့် သားငယ်နဲ့ သူ့သူငယ်ချင်း ဆယ်ကျော်သက် အများစုဟာ ဘီယာဆိုင် ယဉ်ကျေးမှု ခေတ်စားနေပါတယ်။ ကျွန်တော်က ကျန်းမာရေး လိုက်စားပါတယ်။ သားကို အရက်ဘီယာနဲ့ ပတ်သက်ပြီး မတားမြစ်လိုပေမယ့် ဆိုးကျိုးလေးတွေ သိအောင်တော့ ပြောပြလိုပါတယ် ခင်ဗျာ။ ဘယ်သူ့ မေးရမှန်း မသိလို့ ဒေါက်တာ ကိုပဲ ဖြေကြားပေးဖို့ မေးလိုက်ပါရစေ။ ကျွန်တော့်လိုမျိုး ဘယ်သူ့မေးရမှန်း မသိတဲ့ ကျန်းမာရေး သုတမေးခွန်းတွေ ကို ဖော်ပြပေး တဲ့ မြဝတီ သတင်းစာနဲ့ ဖြေကြားပေးတဲ့ ဒေါက်တာစွမ်းကို အထူးပဲ

သတိလစ် မေ့မြောခြင်း

သတိလစ် မေ့မြောခြင်းကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိ၊ တုံ့ပြန်မှု ဆိတ်သုဉ်းသွားပြီး အိပ်ပျော် နေသူကဲ့သို့ နှိုးမရခြင်း ဖြစ်တတ်သည်။ သတိလစ်မေ့မြောခြင်း ကြာမြင့်လျှင် ဦးနှောက်ကို ဆိုးဆိုးရွားရွား ထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ မေ့မြောသူအချို့မှာ ခေါင်း၊ မျက်စိနှင့် ခန္ဓာကိုယ် တစ်ခြမ်း၌သာ ဦးတည်လှုပ်ခြင်း၊ မျက်စိသူငယ်အိမ် တစ်ခုနှင့်တစ်ခု မတူခြင်း၊ မျက်နှာနှင့် ပါးစပ်တစ်ခြမ်းသာ ရွဲ့ခြင်း၊ ခြေလက်မှာလည်း ဘယ် သို့မဟုတ် ညာခြေ လက်သာ ပျော့ခွေနေခြင်း၊ ဦးနှောက်သွေးကြော တစ်ခုခုပိတ်ခြင်း သို့မဟုတ် ပြတ်နေခြင်း၊ ဦးနှောက်အတွင်း အသားပို သို့မဟုတ် ပြည်တည်နာရှိခြင်းနှင့် ဦးခေါင်းဒဏ်ရာရ၍ ဦးနှောက်ဖိညှပ် ခံရခြင်း ဖြစ်နိုင်သည်။ မေ့မြောရသည့် အကြောင်းရင်းခံ အချို့မှာ ဦးနှောက် လှုပ်ခါခံရခြင်း၊ ဝက်ရူးပြန်ခြင်း၊ ယူရီးယား သွေးဆိပ်တက်ခြင်း၊ ဆီးချို အဆိပ်တက်ခြင်း၊ အင်ဆူလင်များခြင်း၊ ဦးနှောက် အဆိပ်မိခြင်း၊ အသည်းအဆိပ် ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်ခြင်း၊ အပူလွန်ကဲခြင်း၊ ဦးနှောက်ကင်ဆာ ဖြစ်ခြင်း၊ သတိမေ့မြောခြင်း၊ ဓာတ်မတည့်ခြင်း၊ စိတ်ချုပ်တည်းမှု ပြင်းထန်ခြ

ကျန်းမာ စိုပြည်သည့် အသားအရေ ဖြစ်စေမည့် ထိပ်တန်း လျှို့ဝှက်ချက်များ

ယခုလိုဆောင်းရာသီ ကာလမှာ အသားအရေဟာ ခြောက်သွေ့ နေတတ်ပါတယ်။ အဲဒီလို ခြောက်သွေ့တဲ့ အသားအရေကို ကြည်လင် ဝင်းပစိုပြည်စေဖို့ လုပ်ဆောင်ရမယ့် ထိပ်တန်း လျှို့ဝှက်ချက်တွေကို စာဖတ် ပရိသတ်များ သိရှိနိုင်ရန် ဖော်ပြ ပေးလိုက်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကို ရှောင်ပါ အသားအရေအတွက် အရေးအကြီးဆုံး သတိပြုရမှာက မိမိအသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ပါ။ နေရောင်ခြည်ကြောင့် အရေပြား တွန့်ခြင်း၊ အနက်ရောင် အစက်အပြောက်များနဲ့ အခြားအရေပြားဆိုင်ရာ ဆိုးကျိုးအချို့ကို ရရှိစေပါတယ်။ နေရောင်ခြည် ဆိုးကျိုးတွေထဲမှာ အဆိုးဆုံးကတော့ အရေပြား ကင်ဆာပါပဲ။ ဒါကြောင့် နေရောင် ထဲ မဖြစ်မနေ သွားလာရမယ်ဆိုရင် Sunscreen (နေရောင်ခြည်လိမ်း ဆေးခရင်မ်) တစ်ခုခုကို လိမ်းသွားရမှာပါ။ ဒီ Sunscreen က SPF (15) အနည်းဆုံး ရှိသင့်ပါတယ်။ အပြင်ထွက်တာ ကြာတဲ့သူဆိုရင်တော့ နှစ်နာရီခြား တစ်ခါလောက် Sunscreen လိမ်းပေးရမှာပါ။ ဒုတိယ တစ်ချက်ကတော့ အရိပ်ရတဲ့ နေရာမှာ နေသင့်ပါတယ်။ နံနက် ၁ဝ နာရီကနေ ညနေ ၄ နာရီကြား နေအပူရှိန် အများဆုံး အချိန်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ အသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင