Skip to main content

Posts

Showing posts from March 30, 2014

ကျွန်တော်ထိုးတာပဲလူမြင်တယ်၊ ဒိုင်က ကျွန်တော့်ကိုစော်ကားတာ ဘယ်သူမှမသိဘူး . . . ရ...

ကျွန်တော်ထိုးတာပဲလူမြင်တယ်၊ ဒိုင်က ကျွန်တော့်ကိုစော်ကားတာ ဘယ်သူမှမသိဘူး . . . ရဲရင့်ဋ္ဌေး မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၉)ပွဲ စဉ်တစ်ပွဲဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်အသင်း တို့ပွဲစဉ်မှာကွင်းလယ်ဒိုင်ကို ရခိုင်အသင်း တာဝန်ရှိသူတစ်ဦးက ထိုးကြိတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မြန်မာနေရှင်နယ်လိဂ်မှာ ဒိုင်ကိုကိုယ်ထိလက်ရောက်ကျုးလွန်တဲ့ ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ပြီး လူမှုကွန် ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဖေ့ဘုတ်မှာလည်း ဒိုင်ကိုရန်ပြုခဲ့တဲ့ ဗီဒီယိုဖိုင်ကပျံ့နှံ့နေပါတယ်။ ဒီသတင်းတွေကြောင့် ကာယကံရှင် ဦးဖြိုးညီညီစိုးအပါအ၀င် ရခိုင်အသင်းတာဝန်ရှိသူတွေက မတ်လ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဖြစ်စဉ်ကိုပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဒါကြောင့် သတင်းစာရှင်း လင်းပွဲမှာ ဦးဖြိုးညီညီစိုး ပြန်လည်ဖြေရှင်းခဲ့တဲ့စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒီနေ့ကဖြစ်ရပ်မှာ အကို့အနေနဲ့ဘယ်လိုစိတ်ခံစားချက်နဲ့ ဒိုင်ကိုထိုးလိုက်တာလဲဗျ။ ကျွန်တော့်လုပ်ရပ်နဲ့ ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ်တွေမှာ သတင်းတွေဖတ်ရပါတယ်။ ဗီဒီယိုဖိုင်တွေ လည်း ဖေ့စ်ဘုတ်မှာတွေ့တယ်။ ကျွန်တော်က ပင်နယ်တီပေးတာ မကျေနပ်လို့ ဒိုင်ကိုထိုးတာလို့ ရေးထား တာတွေဖတ်

ဟံသာဝတီအသင်း နေရှင်နယ်လိဂ်-၂ ရာသီဝက် ချန်ပီယံဖြစ်လာ သောကြာ ရန်ကုန်၊ မတ် ၃၀ ၂၀...

ဟံသာဝတီအသင်း နေရှင်နယ်လိဂ်-၂ ရာသီဝက် ချန်ပီယံဖြစ်လာ သောကြာ ရန်ကုန်၊ မတ် ၃၀ ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် - ၂ ကလပ်အသင်း တစ်သင်းဖြစ်သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ပထမအကျော့ နောက်ဆုံးပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး ၂၀၁၄ မြန်မာနေ ရှင်နယ်လိဂ်-၂ ရာသီဝက် ချန်ပီယံဖြစ်လာခဲ့သည်။ ဟံသာဝတီအသင်းသည် ပထမအကျော့ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်တွင် ခုနစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၃ မှတ် ဖြင့် အမှတ်ပေးဇယား ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရခိုင်ယူနိုက်တက်အသင်းက ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်နေပြီး တတိယနေရာတွင် လက်ရွေးစင် ယူ-၁၉ အသင်းက ရမှတ် ၁၉ မှတ်ဖြင့် ရပ်တည်နေ သည်။ ပထမအကျော့ပွဲစဉ် (၉) တွင် မြ၀တီအသင်းက ငွေကြယ် ပွင့်လေးများအသင်း ကို ၄-၀ ဂိုး၊ ဒဂုံအက်ဖ်စီအသင်းက ယူ-၁၉ အသင်းကို ၃-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ မတ် ၃၀ ရက်တွင် စလင်းကွင်း၌ ကစားခဲ့သည့်Best United အသင်းနှင့် မောရ၀တီအသင်းတို့ ပွဲစဉ်တွင် မောရ၀တီအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCO8I

ရတနာပုံ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကို နေပြည်တော်ဦးဆော...

ရတနာပုံ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကို နေပြည်တော်ဦးဆောင် သောကြာ ရန်ကုန်၊ မတ် ၃၀ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၉) ပွဲစဉ် တွေအပြီးမှာ နေပြည်တော်အသင်းက ဆောက်သမ်းအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ ပါတယ်။ နေပြည်တော်အသင်းက ပထမပိုင်းမှာ ငြိမ်းတေဇာဝင်း၊ အောင်ကျော်နိုင်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နေပြည်တော်အသင်းက ဆောက်သမ်းကို အနိုင်ရခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ တိုက်စစ်မှူး ဒီပီတီ ပြိုင်ဘက် ကစားသမားနဲ့ ထိခိုက်မိပြီး ဦးခေါင်းကွဲခဲ့လို့ နေပြည်တော် အသင်းအနေနဲ့ လာမယ့် AFC Cup ပွဲနဲ့ မကွေးအသင်းတို့ပွဲစဉ်မှာ ရုန်းကန်ရဖို့ရှိ နေပါတယ်။ အစောပိုင်း ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယားကို ဆက်တိုက်ဦးဆောင်လာခဲ့တဲ့ ရတနာပုံအသင်းက မနောမြေအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့လို့ အဆင့် (၂) နေရာကို ဆင်းပေးခဲ့ရပါတယ်။ ရတနာပုံအသင်း က ပြီးခဲ့တဲ့တစ်ပတ်မှာ နေပြည်တော်နဲ့ သရေကျသလို မနောမြေအသင်းနဲ့ ထပ်မံသရေကျခဲ့လို့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့ပါတယ်။ ပွဲစဉ် (၉) အခြားပွဲစဉ်တွေမှာ ရန်ကုန်ယူနိုက်တက်အသင်းက ချင်းယူနိုက် တက်အသင်းကို

GFA နှင့်ပွဲ အနိုင်ရလဒ်မှာ ထိုက်တန်ဟု ကမ္ဘောဇနည်းပြဆို သောကြာ ရန်ကုန်၊ မတ် ၃၀...

GFA နှင့်ပွဲ အနိုင်ရလဒ်မှာ ထိုက်တန်ဟု ကမ္ဘောဇနည်းပြဆို သောကြာ ရန်ကုန်၊ မတ် ၃၀ ကမ္ဘောဇအသင်းနည်းပြ ဦးမင်းဇော်ဦးကGFA အသင်းကို အနိုင်ရခဲ့သည့်ရလဒ်မှာ အသင်းအတွက် ထိုက် တန်သည့် ရလဒ်တစ်ခု ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ် ၈ ဇေယျာရွှေမြေအသင်းနှင့်ပွဲတွင် ကမ္ဘောဇအသင်းနည်းပြချုပ်အဖြစ် စ တင်ကိုင်တွယ်ခဲ့သည့် နည်းပြဦးမင်းဇော်ဦးသည် ဇေယျာရွှေမြေအသင်းအား အနိုင်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သလို GFA အသင်းကိုလည်း ၂-၁ ဂိုးဖြင့် ထပ်မံအနိုင်ရရှိအောင် လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ GFA အသင်းကို အနိုင်ရရှိခဲ့ခြင်းမှာ နည်းပြဦးမင်းဇော်ဦး၏ ဒုတိယမြောက်နိုင်ပွဲ ဖြစ်လာသည်။ ဦးမင်းဇော်ဦးက “GFA အသင်းကို အနိုင်ရတာ ကစားသမားတွေကြိုးစားခဲ့လို့ ထိုက်ထိုက်တန်တန် အနိုင် ရတာလို့ပဲ မြင်ပါတယ်။ ကစားသမားတွေက ပရော်ဖက်ရှင်နယ်ဆို တဲ့အတိုင်းပဲ အကောင်းဆုံးကြိုးစားပြီး နိုင် ပွဲရရှိခဲ့တာပါ” ဟု ပြောသည်။ ကမ္ဘောဇအသင်းသည် GFA အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ရမှတ် ၁၅ မှတ်ဖြင့် အဆင့် - ၅ နေရာ သို့ ရောက်ရှိလာပြီး လာမည့် ဧပြီ ၆ ရက်တွင် နေရှင်နယ်လိဂ် ပွဲစဉ် -၁၀ အဖြစ် ဆောက်သမ်းအသင်းနှင့် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ from M

ယခုနှစ် လူငယ်အသင်းပြိုင်ပွဲတွင် အသက်လိမ်ပါက ပြင်းထန်စွာအရေးယူမည် ရဲရင့်ဌေး ရန်...

ယခုနှစ် လူငယ်အသင်းပြိုင်ပွဲတွင် အသက်လိမ်ပါက ပြင်းထန်စွာအရေးယူမည် ရဲရင့်ဌေး ရန်ကုန်၊ မတ် ၃၀ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်-၂ လူငယ်အမှတ်ပေး ပြိုင်ပွဲများတွင် ကစားသမားများ အသက်လိမ်ကစားပါက နှစ်,နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဟု မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းက မဇ်္ဈိမသို့ ပြောသည်။ ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲကို အသက် ၂၁ နှစ်အောက် သတ်မှတ်ထားပြီး မြန်မာ နေရှင်နယ်လိဂ်-၂ လူငယ်အသင်းပြိုင်ပွဲကို အသက် ၁၈ နှစ်အောက် သတ်မှတ်ထားသည်။ “ကျွန်တော်တို့ က အသက်လိမ်တယ်၊ မလိမ်ဘူးဆိုတာ မှတ်ပုံတင်ကိုပဲ စစ်လို့ရတယ်။ နောက် ကစားသမားမှတ်တမ်းအရ သူကစားခဲ့တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးက အားကစား အဖွဲ့ချုပ်တွေက မှတ်တမ်းတွေနဲ့ တိုက်စစ်လို့ ရမယ်။ ကျန်တာကတော့ သူတို့ရဲ့ ကိုယ်ကျင့်တရားအပေါ် မူတည်ပါတယ်။ ဆေးစစ်ချက်က ဒီအရွယ် ကစားသမားတွေမှာ တစ်နှစ်၊ နှစ်,နှစ်လောက် လိမ်ထားရင် မပေါ် ပါဘူး။ အသက်ကျော် ကစားသမား တွေ့ရင် ပထမဆုံး သူ့ကို နှစ်ရာသီပွဲပယ်မယ်။ နောက်ပိုင်းမှာ အသက်လိမ် ကစားသမားတွေ ထည့်ကစား နေမယ်ဆိုရင် အသင်းကိုလည်း အရေးယူဖို့ရှိပါတယ်” ဟု ဦးရဲ

စွန်ပြိုင်ပွဲတွင် ကစားသမား ၁၅၀ ကျော် ၀င်ပြိုင်မည် သောကြာ ရန်ကုန်၊ မတ် ၃၀ အားက...

စွန်ပြိုင်ပွဲတွင် ကစားသမား ၁၅၀ ကျော် ၀င်ပြိုင်မည် သောကြာ ရန်ကုန်၊ မတ် ၃၀ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာအားကစားအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ဒသမအကြိမ်မြောက် မြန်မာ့ရိုးရာစွန်အလှနှင့် စွန်ဖြတ်ပြိုင်ပွဲကို ဧပြီ ၁ ရက် ရန်ကုန်မြို့၊ ကျိုက်္ကဆံ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် ကစားသမား ၁၅၀ ကျော်ပါဝင်မည်ဟု မြန်မာနိုင်ငံ ရိုးရာအားကစားအဖွဲ့ချုပ် အတွင်းရေး မှူးဒေါ်ဥမ္မာသန်းက မဇ်္ဈိမသို့ ပြောသည်။ ၂၀၁၃ ခုနှစ်၊ မတ် ၁၈ ရက်တွင် ကျင်းပခဲ့သည့် န၀မအကြိမ်မြောက်ပြိုင်ပွဲတွင် စွန်ဖြတ်ပြိုင်ပွဲ၌ ကစားသမား ၂၀၀ နီးပါးဝင်ပြိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ပြိုင်ပွဲတွင် လက်ရှိအချိန်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမား စာရင်း ၁၅၀ ကျော်သာ ရှိနေသေးသည်။ ဒေါ်ဥမ္မာသန်းက “စွန်အလှပြိုင်ပွဲမှာ လေးငါးဦးလောက်ပဲ ရှိသေး တယ်။ ကစားသမားအားလုံး စုစုပေါင်း ဆိုရင် ၁၅၀ ၀န်းကျင်လောက်ပဲ ရှိပါသေးတယ်” ဟု ပြောသည်။ ပြိုင်ပွဲတွင် မြန်မာ့ရိုးရာစွန်အလှပြိုင်ပွဲနှင့် စွန်ဖြတ်ပြိုင်ပွဲ အမျိုးအစားနှစ်ခုပါဝင်မည်ဖြစ်ပြီး စွန်အလှပြိုင်ပွဲတွင် ပါဝင်သည့် စွန်ပညာရှင်များအား စွန်ပြုလုပ်စရိတ်ထောက်ပံ့ပေးမည် ဖြစ်သည်။ from Mizzima

မြန်မာအမျိုးသမီးအသင်းနှင့်ခြေစမ်းရန် တရုတ်နှင့်ဟောင်ကောင်အသင်းများကို ဖိတ်ကြားထာ...

မြန်မာအမျိုးသမီးအသင်းနှင့်ခြေစမ်းရန် တရုတ်နှင့်ဟောင်ကောင်အသင်းများကို ဖိတ်ကြားထား ရဲရင့်ဌေး ရန်ကုန်၊ မတ် ၃၀ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းရန်အတွက် တရုတ်ကလပ်အသင်းတချို့နှင့် ဟောင်ကောင်လက်ရွေးစင်အသင်းများကို ဖိတ်ကြားထားသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ်္ဈိမသို့ ပြောသည်။ မြန်မာအမျိုးသမီးအသင်းနှင့် ခြေစမ်းရန်အတွက် မူလက ဗီယက်နမ်အသင်းကို ဖိတ်ကြားခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် တခြားအသင်းများနှင့်ခြေစမ်းရန် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ “အမျိုးသမီးအသင်းနဲ့ခြေစမ်းဖို့ တရုတ်ကလပ်အသင်းအချို့နဲ့ ဟောင်ကောင်လက်ရွေးစင်အသင်းကို ဖိတ် ကြားထားပါတယ်။ သူတို့ဘက်ကလည်း ဘယ်အချိန် ဘယ်လိုလာရမလဲဆိုတာ မေးမြန်းထားပါတယ်။ ခြေ စမ်းပွဲကိုတော့ ဒီမှာပဲကစားမှာပါ” ဟု ဦးစိုးမိုးကျော်က ပြောသည်။ ထို့အပြင် မြန်မာအမျိုးသမီးအသင်းအနေဖြင့် မူလက၀င်ပြိုင်ရန် ဖိတ်ကြားထားသော အနောက်အာရှအမျိုး သမီး ဘောလုံးပြိုင်ပွဲသို့လည်း ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ပေ။ အဆိုပါပြိုင်ပွဲကို ဂျော်ဒန

အိန္ဒိယကုန်တင်လေယာဉ် ပျက်ကျ၊ အမှုထမ်း ငါးဦးလုံးသေဆုံး အေအက်ဖ်ပီ နယူးဒေလီ၊ မတ် ၃...

အိန္ဒိယကုန်တင်လေယာဉ် ပျက်ကျ၊ အမှုထမ်း ငါးဦးလုံးသေဆုံး အေအက်ဖ်ပီ နယူးဒေလီ၊ မတ် ၃၀ အိန္ဒိယလေတပ်၏ ကုန်တင်လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်ရှိ အမှုထမ်းငါးဦး သေဆုံး သွားခဲ့သည်ဟု မတ်လ ၂၉ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယစစ်တပ်တွင် မတော်တဆမှု ထိခိုက်များ ဆက်တိုက်လိုလို ဖြစ်ပွားနေခြင်းက အိန္ဒိယစစ်တပ်၏ ဘေး ကင်းလုံခြုံ ရေးအဆင့်အတန်း နိမ့်ကျနေမှုကို မီးမောင်းထိုး ညွှန်ပြနေသည်။ လွန်ခဲ့သောလကလည်း၊ အိန္ဒိယ ရေတပ်အတွင်း မတော်တဆ ထိခိုက်မှုများကို တာဝန်ယူသည့်အနေဖြင့် အိန္ဒိယ ရေတပ်အကြီးအကဲ နုတ်ထွက်သွားခဲ့သည်။ ရေငုပ် သင်္ဘောမတော်တဆမှုတွင် မီးခိုးမွှန်၍ အရာ ရှိနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုသည့်နေ့တွင်ပင် အိန္ဒိယရေတပ်အကြီးအကဲ နုတ်ထွက်သွား ခဲ့ခြင်း ဖြစ်သည်။ ယခု လေယာဉ်မတော်တဆမှုမှာ အမေရိကန်လုပ် C-130 J Hercules လေယာဉ်သည် အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဟေပရာဒက်ခ်ျ ပြည်နယ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ပျက်ကျသွားခဲ့ခြင်းဖြစ် ပြီး၊ ပုံမှန်လေ့ကျင့်ရေးတာဝန် ထမ်းဆောင်နေစဉ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အမှုထမ်းငါးဦးလုံး သေဆုံးသွားခဲ့သည်ဟု အိန္ဒိယလေတပ် ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူး

ဥရောပသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များစေလွှတ် အေအက်ဖ်ပီ ဘန်ကွေး၊ မတ် ၃၀ ဗဟိုအာဖရ...

ဥရောပသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များစေလွှတ် အေအက်ဖ်ပီ ဘန်ကွေး၊ မတ် ၃၀ ဗဟိုအာဖရိကနိုင်ငံတွင်းရှိ မြင့်တက်လာသော အကြမ်းဖက်မှုများကို လျှော့ချရန်အတွက် ငြိမ်းချမ်းရေး ထိန်း သိမ်းရေးတပ်ဖွဲ့ဝင်များကို ချထားပေးရန် အသင့်ဖြစ်နေပြီဟု ဥရောပသမဂ္ဂက ပြောကြားလိုက်သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းတပ်ဖွဲ့အား လွန်ခဲ့သော ရက်သတ္တပတ်ကတည်းက ချထားပေးရန် ဖြစ်သော်လည်း တပ်သားမလုံ လောက်ခြင်းနှင့် သယ်ယူပို့ဆောင်ရန် လေယာဉ်မလုံလောက်မှုတို့ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ပြင်သစ်နိုင်ငံမှ ကူညီထောက်ပံ့မှုများ ထပ်မံပြုလုပ်သည့်သတင်းထွက်ပေါ်လာပြီးနောက်၌ “စစ်ဆင်ရေးတပ် မှူးက ဒီစစ်ဆင်ရေးကိုစတင်ဖို့ ထောက်ခံချက်ပေးခဲ့ပြီး ဘန်ကွေးမြို့ရှိ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ တဖြည်း ဖြည်းချင်း တိုးလာဖို့ မျှော်လင့်လို့ ရပါပြီ” ဟု အီးယူ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ် တန်၏ ပြောခွင့်ရပုဂ်္ဂိုလ် အမျိုးသမီးတစ်ဦးက ပြောကြားလိုက်သည်။ စစ်ဆင်ရေး စတင်မည့်နေ့ကို ဧပြီ ၃ ရက်၌ပြုလုပ်မည့် ဥရောပသမဂ္ဂအဖွဲ့ဝင်များ၏ အစည်းအဝေးပွဲပြီး နောက်တစ်နေ့၌ ကြေညာလိမ့်မည် ဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http:/

ကရိုင်းမီးယားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တာတာလူနည်းစုများ ကြိုးပမ်း အေအက်...

ကရိုင်းမီးယားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တာတာလူနည်းစုများ ကြိုးပမ်း အေအက်ဖ်ပီ ဘတ်ခ်ချုဆာရေး၊ မတ် ၃၀ ကရိုင်းမီးယားဒေသအား ရုရှကသိမ်းယူခဲ့ပြီးနောက် ကရိုင်းမီးယားရှိ တာတာလူမျိုးများသည် ၎င်းတို့၏ သမိုင်းဝင် ဇာတိမြေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကရိုင်းမီးယာဒေသ အနှံ့အပြားမှ တာတာလူမျိုးများသည် ဘတ်ခ်ချုဆာရေး မြို့တွင် အရေးပေါ်လွှတ်တော် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပြီး ပင်လယ်နက်ကျွန်းဆွယ်ဒေသရှိ မွတ်စလင် ၃၀၀,၀၀၀ ခန့် အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို အလိုရှိကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ “လူတိုင်းရဲ့ဘ၀မှာ အနာဂတ်ကို ပြဋ္ဌာန်းမယ့် ရွေးချယ်မှုတစ်ရပ်လုပ်ရတဲ့ အချိန်အခါမျိုး ရောက်လာတတ်ပါ တယ်” ဟု တာတာလူမျိုးခေါင်းဆောင် ရီဖက်ချူဘာရော့ဗ်က ဆိုသည်။ ကရိုင်းမီးယားဒေသ စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ တာတာလူမျိုးများ ဖြစ်ကြသည်။ ကရိုင်းမီး ယားကျွန်းဆွယ်ဒေသ ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးအတွက် ရုရှလိုလားသူများက မတ်လ ၁၆ ရက်က ဆန္ဒ ခံယူပွဲတစ်ရပ် ကျင်းပခဲ့ကြရာ ထိုဆန္ဒခံယူပွဲကို တာတာလူမျိုးများက အပြင်းအထန် ဆန့်ကျင်ခဲ့ကြပြ

ကမ္ဘာ့သတင်းတိုများ ယူကရိန်းကို သိမ်းပိုက်မည်မဟုတ် ကရိုင်းမီးယားကို သိမ်းခဲ့ပြီး...

ကမ္ဘာ့သတင်းတိုများ ယူကရိန်းကို သိမ်းပိုက်မည်မဟုတ် ကရိုင်းမီးယားကို သိမ်းခဲ့ပြီးနောက် ယူကရိန်းကို သိမ်းပိုက်မည်မဟုတ်ဟု ရုရှက ကတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကရိုင်းမီးယားကိုလည်း သီးခြားအုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ထားရှိမည်ဟု ပြောကြားခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြေပြိုမှုများအတွင်းပျောက်ဆုံးသူဦးရေ လျော့ကျ အမေရိကန်နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများအတွင်း ပျောက်ဆုံးသူဦးရေမှာ ၉၀ မှ ၃၀ အထိ လျော့ကျခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၁၈ ဦးအထိ ရောက်ရှိလာကြောင်း အာဏာပိုင်များက ပြော ကြားလိုက်သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန်တွင် ငလျင်လှုပ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့တော်အတွင်း ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ပြီးနောက် လော့စ်အိန်ဂျလိစ် မြို့အတွင်း ရစ်ခ်ျတာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မော်စီထောက်ခံသူနှစ်ဦးသေဒဏ်ပေးခံရ ဖြုတ်ချခံခဲ့ရသော အီဂျစ်သမ္မတဟောင်း မော်စီအား ထောက်ခံသူနှစ်ဦးကို နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့် ဆက်နွယ်သည့်အတွက်

ဗင်နီဇွဲလားဆန်္ဒပြပွဲအတွင်း သေဆုံးသူ ၃၉ ဦးရှိပြီဖြစ် အေအက်ဖ်ပီ ကရာကက်စ်၊ မတ် ၃...

ဗင်နီဇွဲလားဆန်္ဒပြပွဲအတွင်း သေဆုံးသူ ၃၉ ဦးရှိပြီဖြစ် အေအက်ဖ်ပီ ကရာကက်စ်၊ မတ် ၃၀ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအတွင်း လူနှစ်ဦးထပ်မံသေဆုံးခဲ့သောကြောင့် ရက်သတ္တ ပတ်ပေါင်းများစွာ ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူဦးရေမှာ ၃၉ ဦးအထိ မြင့်တက်လာခဲ့ ပြီဟု ပြည်ထဲရေးဝန်ကြီး မီဂူရယ်ရိုဒရီဂွက်ဇ်က ပြောကြားလိုက်သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုးရွားဆုံးသော အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဆန်ခရစ် စတိုဖယ်မြို့ရှိ ဆန္ဒပြသမားများက အတားအဆီးအဖြစ် အသုံးပြုရန် သယ်ဆောင်လာသည့် ကြေးနန်း ကြိုးတစ်ခုဖြင့်ချိတ်မိကာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည် ကို နိုင်ငံပိုင်ရုပ်သံ ဗီတီ ဗီတွင် ထုတ်လွှင့်ပြသခဲ့သည့်။ သမ္မတမာဒူရို၏ လက်ဝဲအစိုးရမှာ ဖေဖော်ဝါရီ ၄ ရက်မှစတင်ပြီး ဆန္ဒပြမှုများ ကို နေ့စဉ်တွေ့ကြုံလျက်ရှိ သည်။ ပြည်သူများက နိုင်ငံအတွင်း စားနပ်ရိက်္ခာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ရာဇ၀တ်မှုများ မြင့်တာလာခြင်းကြောင့် ယင်းကဲ့သို့ ဒေါသတကြီး ဆန်္ဒပြနေကြခြင်း ဖြစ်သည်။ ကွယ်လွန်သွားပြီဖြစ်သော လက်ဝဲယိမ်းသမ္မတ ဟူဂိုးချာဗစ်ဇ်၏ သမ္မတရာထူ

ထိုင်းတွင် အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပ အေအက်ဖ်ပီ ဘန်ကောက်၊ မတ် ၃၀ ထိုင်းန...

ထိုင်းတွင် အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပ အေအက်ဖ်ပီ ဘန်ကောက်၊ မတ် ၃၀ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ယင်လပ် အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်နိုင်မည့် အထက်လွှတ်တော်အမတ်များ ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ လမ်းမများအပေါ် လနှင့်ချီ ဆန္ဒပြမှု များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၀န်ကြီးချုပ်ယင်လပ်သည် ၀တ္တရားပျက် ကွက်မှု စွဲချက်များကို ရင်ဆိုင် ဖြေရှင်းနေရသည်။ လွှတ်တော်အမတ် ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက် အလိုတွင် သောင်းနှင့်ချီသည့် လူအုပ်ကြီးက လမ်းပေါ်ထွက်ဆန္ဒပြပြီး ၀န်ကြီးချုပ်ယင်လပ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ အကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲရေးကို ဦးစွာလုပ်သင့်သည်ဟုပြောဆို သော ဆန္ဒပြသူများက အဆိုပါရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခဲ့ကြသည်။ သို့သော် တနင်္ဂနွေနေ့ လွှတ်တော်ရွေးကောက်ပွဲများကိုမူ အစိုးရ ဆန့်ကျင်သူများက အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။ ၂၀၀၆ ခုနှစ်ကတည်းကထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ from Mizzima - News in Burmese's Facebook Wall http://ift

ကမ္ဘာ့သတင်းတိုများ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးချုပ် တိုက်ခိုက်ခံရ အာဖဂနစ္စတန်...

ကမ္ဘာ့သတင်းတိုများ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးချုပ် တိုက်ခိုက်ခံရ အာဖဂနစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်အတွင်း လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးချုပ်အား တာလီဘန်များက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သ တင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပြင်သစ်လေယာဉ်ပျက်ကျမှုတွင်ပါဝင်ခဲ့သူများ အကူအညီပေးမည် ၂၀၀၉ ခုနှစ် ပြင်သစ်လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သည့် ခရီးသည်များ၏ကျန်ရှိသော မိသားစုများက ပျောက်ဆုံးနေသော မလေးရှား လေယာဉ် MH370 ခရီးစဉ်အတွင်း လိုက်ပါသွားခဲ့သူများ၏ ကျန်ရစ်သော မိသားစုများကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ ပညာရေးအတွက် အကူအညီပေး ပါကစ္စတန်နိုင်ငံအတွင်း ကျောင်းနေရန် အခက်အခဲဖြစ်နေသည့် ကလေးငယ်ပေါင်း ၆ ဒသမ ၇ သန်းအား ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ပညာရေးအဖွဲ့၏ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂေါ်ဒွန်ဘရောင်း ဦးဆောင်သည့်အဖွဲ့က ကြေညာခဲ့သည်ဟု မတ်လ ၃၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကလေး ၃၇၀ လူကုန်ကူးခံရ ဗဟို အမေရိကနိုင်ငံများမှ အများစုပါဝင်သည့် ဒုက္ခသည်ကလေးငယ်ပေါင်း ၃၇၀ ခန့်မှာ မက္ကဆီနိုင

အိန္ဒိယရွေးကောက်ပွဲတွင် မိုဒီအနိုင်ရပါက အိမ်နီးချင်းနိုင်ငံများနှင့်အားပြိုင်မှုမျ...

အိန္ဒိယရွေးကောက်ပွဲတွင် မိုဒီအနိုင်ရပါက အိမ်နီးချင်းနိုင်ငံများနှင့်အားပြိုင်မှုများ ပိုပြင်းထန်လာနိုင် အေအက်ဖ်ပီ နယူးဒေလီ၊ မတ် ၃၀ အိန်္ဒိယနိုင်ငံတွင် လာမည့်အထွေထွေ ရွေးကောက်ပွဲအပြီး မေလတွင် အတိုက်အခံ ခေါင်းဆောင် နာရန် ဒရာမိုဒီ ၀န်ကြီးချုပ် ဖြစ်လာမည်ဆိုပါက အိန္ဒိယ-တရုတ် နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် အိန္ဒိယ-ပါကစ္စ တန် အားပြိုင်မှုများတွင် အိန္ဒိယအနေဖြင့် ပိုမိုအင်အားကောင်းလာလိမ့်မည် ဖြစ်ကြောင်း နာရန်ဒရာမိုဒီ၏ လက်ထောက်နှစ်ဦးက ပြောကြားခဲ့သည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။ ဧပြီလ ၇ ရက်တွင် စတင်မည့် ငါးပတ်ကြာ အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည်ဟု ရေပန်းစားနေ သော ဟိန္ဒူ အမျိုးသားရေးဝါဒီ မိုဒီသည် အထက်ဖော်ပြပါ အိမ်နီးချင်းနှစ်နိုင်ငံအား ရန်လိုသော အသွင် ဆောင်သည့် သဘောမျိုး ပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် “နယ်ချဲ့ ရေးဝါဒသဘောထား” ကိုစွန့်ပစ်ရန် အိန္ဒိယရွေးကောက်ပွဲ မဲဆွယ်မှုတစ်လျှောက်တွင် သူကသတိပေးခဲ့ပြီး အတိတ်ကာလကလည်း အိန္ဒိယတွင် မွတ်စလင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်ကို သူက ဆန့်ကျင်ပြောဆို ကြိမ်းမောင်းခဲ့သည်။ “ဒီတိုင်းပြည်ကို

ပျော်ကြ၊ ရွှင်ကြ၊ လူမှုဘ၀ ဘုန်းနေလ(ဒဂုံတက္ကသိုလ်)နှင့် ရွှေစင်ခိုင်စုစည်းတင်ပြသည်။...

ပျော်ကြ၊ ရွှင်ကြ၊ လူမှုဘ၀ ဘုန်းနေလ(ဒဂုံတက္ကသိုလ်)နှင့် ရွှေစင်ခိုင်စုစည်းတင်ပြသည်။ မဇ္ဈိမနေ့စဉ်သတင်းစာရဲ့ ပျော်ရွှင်စရာလူမှုဘ၀ကဏ္ဍက ကြိုဆိုပါတယ် ... ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲလမ်းသဘင်များကိုဓာတ်ပုံများနဲ့ လှပဝေဆာစွာဖြင့် အပတ်စဉ်တနင်္လာနေ့ နဲ့ သောကြာနေ့မှာ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပတ္တမြားအက်ဖ်အမ်ရှိုးပွဲ၊The Rich Gems ရဲ့ သင်္ကြန်အထူးဈေးရောင်းပွဲတော်နဲ့ စိုးသူဖျော်ဖြေပွဲအစီအစဉ် ရှင်းလင်းပွဲနဲ့ မန္တလေးမှပွဲများကို လည်း တင်ဆက်ပေးလိုက်ပါတယ်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1gSnEsX

ကိတ်ဘတ်ရှ်၏ Before the Dawn ဖျော်ဖြေပွဲလက်မှတ်များ ၁၅ မိနစ်အတွင်း ရောင်းကုန် မဇ...

ကိတ်ဘတ်ရှ်၏ Before the Dawn ဖျော်ဖြေပွဲလက်မှတ်များ ၁၅ မိနစ်အတွင်း ရောင်းကုန် မဇ္ဈိမ ခိုင်ဖူး စုစည်းရေးသားသည်။ "Wuthering Heights" တေးအယ်လ် ဘမ်သစ်၏ နာမည်ကျော်အဆိုရှင် ကိတ်ဘတ်ရှ်၏ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဦးဆုံးပြုလုပ်မည့် ရှိုးပွဲလက်မှတ်များသည် မိနစ်ပိုင်းမျှကာလအတွင်း ရောင်းကုန်သွားခဲ့ သည်ဟု ဘီဘီစီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဖျော်ဖြေပွဲ လက်မှတ်များကို မတ် ၂၈ ရက် နံနက် ၉ နာရီခွဲက ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ၎င်းလက် မှတ်များသည် လန်ဒန်မြို့ရှိ Hammersmith Apollo တွင် သြဂုတ် ၂၂ ရက်၌ကျင်းပမည့် ကိတ်ဘတ်ရှ်၏ ကနဦးဖျော်ဖြေပွဲအတွက် ဖြစ်သည်။ “ကျွန်မရဲ့ဖျော်ဖြေပွဲအတွက် ပရိသတ်တွေ အခုလို တက်တက်ကြွကြွနဲ့ အားပေးတာ အရမ်းကိုကျေးဇူးတင် ပါတယ်” ဟု ၎င်းက ပြောကြားထားသည်။ Before the Dawn ဖျော်ဖြေပွဲကို ယခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆက်တိုက်ပြုလုပ်သွား မည်ဖြစ်ပြီး ယင်း ဖျော်ဖြေပွဲသည် ကိတ်ဘတ်ရှ်၏ ၁၉၇၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် The Tour of life ဖျော် ဖြေပွဲနောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြုလုပ်သည့်ဖျော်ဖြေပွဲလည်း ဖြစ်သည်။ ကိတ်ဘတ်ရှ်၏ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် နှင့် လက်မှတ်ရောင်းချသည့် ၀က်ဘ်ဆိုဒ

Girl’s Generation ၏ ‘Mr. Mr’ ဗီဒီယိုတေးအယ်လ်ဘမ် ကြည့်ရှုသူ ၁၅ သန်းကျော်ရှိ မဇ္ဈိမ...

Girl’s Generation ၏ ‘Mr. Mr’ ဗီဒီယိုတေးအယ်လ်ဘမ် ကြည့်ရှုသူ ၁၅ သန်းကျော်ရှိ မဇ္ဈိမ ခိုင်ဖူး စုစည်းရေးသားသည်။ ဆိုးလ်၊ မတ် ၃၀ SNSD ဟု ခေါ်ဆိုနေကြသည့် Girls’ Generation အဖွဲ့၏ ‘Mr. Mr’ ဗီဒီယို တေးအယ်လ်ဘမ်ကို ကြည့်ရှု အားပေးသည့် ပရိသတ်သည် ၁၅ သန်းကျော်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ ‘Mr. Mr’ ဗီဒီယိုတေးအယ်လ်ဘမ်သည် မူလက အချက်အလက်များ ပျက်စီးဆုံးရှုံးမှုကြောင့် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း SNSD အဖွဲ့သည် ယခုနှစ် Kpop အနုပညာလောကတွင် ကြည့်ရှုသူ ၁၅ သန်း ကျော်အထိ ရောက်ရှိကာ ပထမနေရာကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် SNSD အဖွဲ့သည် မတ် ၂၈ ရက်တွင် KBS ရုပ်သံက အပတ်စဉ်ထုတ် လွှင့်သည့် ‘Music Bank’ အစီအစဉ်တွင် ၎င်းတို့၏ နှုတ်ဆက် ဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်ခဲ့ကြပြီး မတ် ၃၀ ရက်တွင် ဩကျြငခွှမနညိ္လ တေးဂီတ ဖျော်ဖြေရေးလိုင်းမှ ၎င်းတို့၏ နောက်ဆုံးပိတ် ဖျော်ဖြေတင်ဆက် မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ‘Music Trend’ တွင် ဖော်ပြထားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCJlw

ဂျနီဖာလိုပက်ဇ် ဒူဘိုင်းရှိုးပွဲတွင် ပရိသတ် အကြိုက်နည်းခဲ့ မဇ္ဈိမ ခိုင်ဖူး စုစည်းေ...

ဂျနီဖာလိုပက်ဇ် ဒူဘိုင်းရှိုးပွဲတွင် ပရိသတ် အကြိုက်နည်းခဲ့ မဇ္ဈိမ ခိုင်ဖူး စုစည်းရေးသားသည်။ နယူးယောက်၊ မတ် ၃၀ ရှိုးပွဲများတွင် အမျိုးသမီးများ အားကျလောက်သည့် ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ထူးထူးခြားခြား ပေါ် လွင်အောင် ပြသလေ့ရှိသည့် ဂျနီဖာလိုပက်ဇ်သည် မတ် ၂၉ ရက်ည၌ ဒူဘိုင်း ကမ္ဘာ့ဖလားပွဲအပြီး ၎င်း၏ပင် ကိုယ်ဟန်အတိုင်း သီချင်းများကို သီဆိုဖျော်ဖြေခဲ့သော်လည်း ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းခဲ့သည်။ အသက် ၄၄နှစ်ရှိပြီဖြစ်သည့် ကလေး နှစ်ယောက်မိခင်ဖြစ်သူ ဂျနီဖာသည် ၎င်း၏ ခန္ဓာကိုယ် တောင့်တင်း ခိုင်မာမှု လျော့ကျခြင်းမရှိသည်ကို ယင်းပွဲ၌ တွေ့ရသည်။ ၎င်းသည် ဒူဘိုင်းမြို့၊ Meydan Racecourse ဖျော်ဖြေပွဲတွင် ကိုယ်နှင့်ကပ်နေသည့် တစ်ဆက်တည်း ဂျင်းဝတ်စုံတိုကို ရင်ဘတ်နား အတွင်းခံ ငွေမင် ရောင် အင်္ကျီပေါ်လွင်အောင် ၀တ်ဆင်ထားပြီး သီဆိုဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ အမေရိကန် Idol အဆိုပြိုင်ပွဲ၏ ဒိုင် လူကြီးတစ်ဦးဖြစ်သည့် ဂျနီဖာလိုပက်ဇ်သည် ပြိုင်ပွဲအပြီးတွင် ဖျော်ဖြေ ပွဲကို လာရောက်ခဲ့ကြသည့် “ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းင်းတွစ်တာပေါ်၌ ရေးသား ခဲ့သည်။ အကတွင် အလွန်ထူးခြား ပြောင်မြောက်လှသည့် ဂျနီဖာလိုပက်ဖ်သည် လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က &qu

“ပြန်ဆုံတိုင်း” စီးရီး ကာရာအိုကေ ထွက်ရန်ကြိုးစားနေသည့် ဆင်ပေါက် မေနှင်းကြည် ရန...

“ပြန်ဆုံတိုင်း” စီးရီး ကာရာအိုကေ ထွက်ရန်ကြိုးစားနေသည့် ဆင်ပေါက် မေနှင်းကြည် ရန်ကုန်၊ မတ် ၃၀ သီချင်းအေးအေးများ သီဆိုထားသည့် ဆင်ပေါက်သည် ၎င်း၏ “ပြန်ဆုံတိုင်း” စီးရီးကာရာအိုကေ ထွက်ရှိ ရန် အမြန်ဆုံး စီစဉ်နေသည်ဟု မဇ္ဈိမသို့ ပြောသည်။ “ကျွန်တော့်စီးရီးကို အမြန်ဆုံးထွက်ဖြစ်အောင် စီစဉ်နေတယ်။ ဒီနှစ်ထဲထွက် နိုင်ရင်တော့ အကောင်းဆုံး ပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါစီးရီးတွင် ရိုက်ကူးမှု ပုံစံများ ပါဝင်မည်မဟုတ်ဘဲ ၎င်း၏သီချင်းများနှင့် လိုက်ဖက်သည့် ရိုက်ကူးမှုပုံစံများသာ ပါဝင်မည်ဖြစ်သည်။ ၎င်းသည် “ပြန်ဆုံတိုင်း” စီးရီးကို၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိခဲ့ပြီး ပေါ့ပ်သီချင်းအများအပြား ပါဝင်ကာ ယင်းစီးရီးကို လူငယ်ပရိသတ်များက ကြိုက်နှစ်သက်စွာ အားပေးခြင်းကို ခံရသူဖြစ်သည်။ “အောင်မြင်ဖို့အတွက် အနုပညာ အလုပ်လုပ်တာထက် ပရိသတ်ရင်ထဲမှာ အောင်မြင်သူ တစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်” ဟု ဆင်ပေါက်က ပြောသည်။ လက်ရှိတွင် အဆိုပြိုင်ပွဲ အများအပြား ထွက်ရှိလာခြင်းကြောင့် မျိုးဆက်သစ်များအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် ၎င်းက သုံးသပ်ပြော ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုတော်ဆင်ပေါက်သည် ယနေ့အချိန်ထိ ပရိသတ်လက်ခံသည့် အောင်မြင် ကျော်ကြားနေသည့် အနုပညာရ

ဆံကေသာ အလှမပျက်ဘဲ ဆိုးဆေးများ သတိထားဆိုးစေချင် ပန်းမြတ်ဇော် ရန်ကုန်၊ မတ် ၃၀ ဆ...

ဆံကေသာ အလှမပျက်ဘဲ ဆိုးဆေးများ သတိထားဆိုးစေချင် ပန်းမြတ်ဇော် ရန်ကုန်၊ မတ် ၃၀ ဆံကေသာဆိုတာ လူတိုင်းမြတ်နိုးတတ်တဲ့ အရာတစ်ခုပါပဲ။ ဒါ့အပြင် လူတစ်ယောက်အတွက်တော့ ဒုတိယမျက်နှာလို့ဆိုရင် မှားမယ်လို့ မထင်ပါဘူး။ ပိတုန်းရောင်ကေသာလို့ ဆိုနေကြတဲ့ ယခင်က ပျိုမေ တို့ရဲ့ဆံသားတွေက အခုချိန်မှာ ပိတုန်းရောင်ဆံကေသာက ရှားမှရှား ဖြစ်လို့နေပါ ပြီ။ ယနေ့ခေတ်မှာ ပျိုမေများရဲ့ အလှအပတွေက နေ့စဉ်နေ့တိုင်း၊ နှစ်စဉ်နှစ်တိုင်း ခေတ်နဲ့အညီ ပေါ်နေတာကြောင့် ဆံပင်နဲ့ ပတ်သက်ပြီးလည်း အမျိုးမျိုးပေါ်လို့ နေပါတော့တယ်။ အခုနောက်ပိုင်းမှာ ပျိုမေ အများစုက ဆံကေသာကို အမျိုးမျိုးလှပအောင် ပြုလုပ်လာကြတာကဖြင့် အရောင်အမျိုးမျိုး ဆေးတွေဆိုးလာကြတာကို တွေ့မြင်နေရ ပါတယ်။ ဒီလိုဆံပင်အရောင်တွေ ဆိုးလာမှုနဲ့အတူ နောက်ဆက်တွဲပြဿနာ တွေက ဆံပင်ဆိုးပြီး တစ်လ လောက်အချိန်မှာ ဆံကေသာ ပိုမိုလှပစေဖို့ ဖြောင့်ကြတဲ့အခါမှာ ဆိုးဆေးနဲ့ ဖြောင့်ဆေး ပေါင်းမိတော့ ဆံပင်တွေ ကြေမွသွားတာကို တချို့ ကြုံတွေ့ကြရမှာပါပဲ။ ဒီလိုဆေးနှစ်ခု ပေါင်းစပ်ခြင်းမှာတော့ ဆိုးဆေးထက် ဖြောင့်ဆေးဟာ ပိုမိုထိခိုက်မှု တွေရှိလာနိုင်ပါတယ်။ ဒါဟာ ဆံကေသာကို ပြုပြင်ပေးသူက မလုပ်တတ်ရင်တော့ အခုလို ဆိုးကျိုးများကိ

မန္တလေးတွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပဦးမည့် စိုးသူ ပန်းမြတ်ဇော် ရန်ကုန်၊ မတ် ၃၀...

မန္တလေးတွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပဦးမည့် စိုးသူ ပန်းမြတ်ဇော် ရန်ကုန်၊ မတ် ၃၀ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်စိုးသူ၏ Past & Present Soe Thu Live @ Mandalay ရှိုးပွဲကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်အားကစားကွင်းတွင် ဧပြီ ၁၁ ရက် ညနေ ၄ နာရီ၌ အခမဲ့ကျင်း ပပြုလုပ်သွားမည် ဖြစ်သည်။ စိုးသူက ““မနှစ်က Past & Present Live Show စီစဉ်ကတည်းက စီစဉ်ကြတဲ့သူတွေ အားလုံးက ပြည် တွင်းမှာပွဲလေးတွေ ထပ်ပြီးစီစဉ်ချင်ကြတယ်။ ပွဲတွေကို အရမ်း မစိပ်ချင်တာကြောင့် ရက်ကလေး နည်း နည်းခြားပြီး စီစဉ်လိုက်တယ်။ အကြောင်း တစ်ခုကြောင့် အဓိက,က လူများများလာ ကြည့်နိုင်အောင် နေ ရာသေချာရှာနေတာနဲ့ မလုပ်ဖြစ်ဘဲ သင်္ကြန်နားကပ်ပြီး အခုလို စီစဉ်ဖြစ်သွားတယ်”ဟု၎င်းက ပြောသည်။ ယင်းပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် နှစ်ပတ်လည်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပရိသတ် အများဆုံး ၀င်ရောက်ကြည့်ရှုနိုင်သည့်နေရာကို ရှာဖွေခဲ့ရာမှ သင်္ကြန်နားနီးသည့်အချိန်တွင် ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ စိုးသူ၏ ပထမဆုံးပြုလုပ်သည့် Past & Present Live @ Minder Ground Yangon ရှိုးပွဲကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ရက်တွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ အခမဲ့အနေဖြင့် ကျင်း

သတင်းတိုများ မေနှင်းကြည် စုစည်းရေးသားသည်။ ရန်ကုန်၊ မတ် ၃၀ ဂရေဟမ် ဒီ...

သတင်းတိုများ မေနှင်းကြည် စုစည်းရေးသားသည်။ ရန်ကုန်၊ မတ် ၃၀ ဂရေဟမ် ဒီနှစ်သင်္ကြန်ပြီးရင် တစ်ကိုယ် တော်စီးရီး ထွက်ဖြစ်မယ်။ သင်္ကြန်စီးရီးတွေမှာတော့ ဒီနှစ် သီချင်းမဆိုထား ဘူး။ သင်္ကြန် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းဆိုမယ်။ နှစ်တိုင်းဆိုနေကျ သင်္ကြန်သီချင်းအဟောင်း တွေကိုပဲ သီဆိုဖြစ်မယ်။ ယုန်လေး လှိုင်သာယာ ဗစ်တိုးရီးယားမှာ ဧပြီ ၆ ရက် "Hello Music" သင်္ကြန်စီးရီး လက်မှတ်ရေးထိုးပွဲ ရှိတယ်။ နယ်တွေမှာတော့ ပြီးသွားပြီ။ ဒီနှစ်သင်္ကြန်ကို ရန်ကုန်နဲ့ မန္တလေးမှာ သီချင်း ဆိုမယ်။ ပရိသတ်တွေနဲ့ အပေးအယူမျှအောင် ဆိုဖြစ်မှာပါ။ သားစိုး နှစ်တိုင်း သင်္ကြန်မှာထွက်ဖြစ်တဲ့ ကျွန်တော့်စီးရီး ထွက်မယ်။ ခေါင်းစဉ်ကိုတော့ ထူးခြားအောင် “ရောသမ ပေါင်းချုပ်” လို့ ပေးထားတယ်။ အရင်ထွက်ပြီးတဲ့ စီးရီးတွေကို ပေါင်းချုပ်လုပ်ထားတဲ့ သဘောပါ။ ဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော့်ရဲ့စီးရီးအသစ်နဲ့ ပရိသတ်များ ပျော်ရွှင်နိုင်မှာပါ။ ဖူးစုံ အမေရိကမှာ နှင်းဆီအငြိမ့် ဖျော်ဖြေနေတယ်။ ဧပြီ ၉ ရက်မှာ မြန်မာပြည် ပြန်ရောက်မယ်။ သင်္ကြန် အစီ အစဉ်ကတော့ မဆုံးဖြတ်ရသေးဘူး။ သီချင်း ဆိုဖြစ်မှာလား၊ အိမ်မှာရှိဖြစ်မလား မသေချာဘူး။ သင်္ကြန်ပြီး ရင်တော့ ဇာတ်ကားရိုက်ကူးဖို့ က

မိကျောင်းကန်နှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှစ်ခု နံနက် ၃ နာရီတွင် အင်အားသုံး ဖျက်ဆီးခံရ၊ သပိတ်စခန်းများ ပူးပေါင်းဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၃၀သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်လျက် ရှိသော မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း နှစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုံခြံရေးတပ်ဖွဲ့၏ အကူအညီဖြင့် မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အင်အားသုံး ဖျက်သိမ်းခဲ့ရာ ဖျက်ဆီးခံရသော သပိတ်စခန်း နှစ်ခုနှင့် မရမ်းကုန်း (၆) ရပ်ကွက်မှ မြေသိမ်းခံရသူများ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်က ယင်းနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ from Voice http://ift.tt/1fEWeRS

တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ

ရန်ကုန်၊ မတ် ၃၀နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။ from Voice http://ift.tt/1fEWd0v

မိကျောင်းကန်နှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှစ်ခု နံနက် ၃ နာရီတွင် အင်အားသုံး...

မိကျောင်းကန်နှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှစ်ခု နံနက် ၃ နာရီတွင် အင်အားသုံး ဖျက်ဆီးခံရ၊ သပိတ်စခန်းများ ပူးပေါင်းဆန္ဒထုတ်ဖော် ရန်ကုန်၊ မတ် ၃၀ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်လျက် ရှိသော မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း နှစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုံခြံရေးတပ်ဖွဲ့၏ အကူအညီဖြင့် မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အင်အားသုံး ဖျက်သိမ်းခဲ့ရာ ဖျက်ဆီးခံရသော သပိတ်စခန်း နှစ်ခုနှင့် မရမ်းကုန်း (၆) ရပ်ကွက်မှ မြေသိမ်းခံရသူများ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်က ယင်းနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ သပိတ်စခန်း နှစ်ခု၏ အမိုးအကာများမှာ စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် မတ်လ ၃၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်း အင်အား ရာနှင့်ချီကာ အဆိုပါ သပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့ရာ ယင်းကဲ့သို့ ဆောင်ရွက်မှုကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဆန္ဒထုတ်ဖော်သူ များက အကြမ်းဖက် ဖြိုခွင်းမှု အလိုမရှိ၊ မြေယာပြဿနာကို အစိုးရက ဖြေရှင်းပေးရေးတို့ကို ကြွေြးေ

သမီးကလေး အပါအဝင် ကျေးရွာသုံးရွာမှ နေထိုင်သူများ DKBA နယ်မြေသို့ ပြောင်းရွှေ့မည်

ရန်ကုန်၊ မတ် ၃၀လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၉၁ စုသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ ဧပြီလ ၁ ရက်နေ့တွင် လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သမီးကလေးကျေးရွာ နေသူများ ယာယီ ခိုလှုံနေသည့် အောင်သိဒ္ဓိကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။ from Voice http://ift.tt/1jpTJYq

အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ မတ် ၃၀ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးဖွဲ့ ပူးပေါင်းကာ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း (ဦးထွန်းလင်းခြံလမ်းထိပ်) ၌ ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဝင် ကိုမင်းသူကျော်က ပြောကြားသည်။ from Voice http://ift.tt/1fEU3hm

တရားမဝင် ဟန်းဆက် တင်သွင်းလမ်းကြောင်း အခွန်ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီများ ပူးပေါင်း ဖော်ထုတ်မည်ဟုဆို

ရန်ကုန်၊ မတ် ၃၀မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက် ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။ from Voice http://ift.tt/1fEU3hd

အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၃၀၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ from Voice http://ift.tt/1fEU0C0

ပညာရေးတက္ကသိုလ်နှင့် ကောလိပ်မှဆရာများ အင်္ဂလိပ်စာသင်ကြားရန် ဗြိတိန် ပေါင်လေးသန်း ကူညီမည်

ဗြိတိသျှကောင်စီက မြန်မာနိုင်ငံရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များရှိ ဆရာ၊ ဆရာမ များကို အင်္ဂလိပ်စာ သင်ကြားရေး နှစ်နှစ်စီမံချက်အတွက် ပေါင် ၄ ဒသမ ၂ သန်း ကူညီသွားမည်ဟု ပညာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။ “ဗြိတိန်နဲ့ မြန်မာက ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိပေမယ့် အခုလို နားလည်မှုစာချွန်လွှာ ထိုးတာ ကတော့ ဒါ ပထမဦဆုံးပါ”ဟု ပြောသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဗြိတိသျှကောင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစာချုပ်အရ အင်္ဂလန်နိုင်ငံသား ဆရာများသည် ပညာရေးတက္ကသိုလ် နှစ်ခု၊ ပညာရေးကောလိပ် ၁၉ ခုနှင့် မာလာဆောင် အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနတို့မှ ဆရာ၊ ဆရာမပေါင်း ၁၃၀၀ ခန့် ကို ၂၀၀၄ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ သင်ကြားသွားမည်ဟု စာချွန်လွှာတွင်ပါ ရှိသည်။ လာရောက်သင်ကြားမည့် ဆရာ ၅၀ ဦးတွင် ကြီးကြပ်ကွပ်ကဲသူ ခြောက်ဦး ပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်စာ သင်ကြားရေးစနစ် တိုးတက်စေရေးနှင့် မြန်မာ့ပညာရေး မြင့်မားစေရန် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း အခမ်းအနားတက်ရောက်သူ မိတ္ထီ

မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

ရန်ကုန်၊ မတ် ၃၀မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ from Voice http://ift.tt/1jpR019

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်

ရန်ကုန်၊ မတ် ၃၀မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများကပြောကြားသည်။ from Voice http://ift.tt/1fES78q

ဗြိတိသျှကောင်စီက မြန်မာနိုင်ငံရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များရှိ...

ဗြိတိသျှကောင်စီက မြန်မာနိုင်ငံရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များရှိ ဆရာ၊ ဆရာမ များကို အင်္ဂလိပ်စာ သင်ကြားရေး နှစ်နှစ်စီမံချက်အတွက် ပေါင် ၄ ဒသမ ၂ သန်း ကူညီသွားမည်ဟု ပညာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။ “ဗြိတိန်နဲ့ မြန်မာက ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိပေမယ့် အခုလို နားလည်မှုစာချွန်လွှာ ထိုးတာ ကတော့ ဒါ ပထမဦဆုံးပါ”ဟု ပြောသည်။ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်မှဆရာများ အင်္ဂလိပ်စာသင်ကြားရန် ဗြိတိန် ပေါင်လေးသန်း ကူညီမ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iQCYom

တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ ရန်ကုန်၊ မတ် ၃၀ နှစ်ပေါင်း သုံးဆယ်...

တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ ရန်ကုန်၊ မတ် ၃၀ နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။ သန်းခေါင်စာရင်းကို စာရင်းကောက်ဦးရေ တစ်သိန်းဝန်းကျင် အသုံးပြုကာ မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ကောက်ယူနေပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းများ ရေးဆွဲရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် အဆင်မပြေသည့် ကိစ္စများ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ “ကုတ်နံပါတ် (လူမျိုးသင်္ကေတ) မရထားတဲ့ မျိုးနွယ်စုတွေက ၉၁၄ မှာ ထည့်လို့ရှိရင် ဘယ်လောက်အထိ စိတ်ချရမလဲ ဆိုပြီး စိုးရိမ်ကြတယ်။ ၉၁၄ မှာ ထည့်လိုက်ရင် မျိုးနွယ်စု အမည

မွန်ပြည်နယ်တွင်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကို...

မွန်ပြည်နယ်တွင်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်နှင့် အရံ ဆရာ/ဆရာမအင်အား ၄၄၆၄ ဦးဖြင့်ကောက်ယူနေ မော်လမြိုင်-မတ်၃၁ မွန်ပြည်နယ်တွင် မြို့နယ် (၁၀) ခု၊ မြို့နယ်ခွဲ (၂)ခု၊ ရပ်ကွက် (၈၆) ခု၊ ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ကျေးရွာပေါင်း (၁၁၈၄) ရွာ ရှိပြီး အိမ်အကြာင်းအရာနှင့် သန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်နှင့် အရံ ဆရာ/ဆရာမအင်အား (၄၄၆၄) ဦးဖြင့် ကောက်ကွက်ပေါင်း (၃၀၃၀) တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ (၃၀) ရက် နံနက် (၇) နာရီ မှ စတင်ကောက်ယူလျှက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲ အခမ်းအနား ကို မတ်လ (၃၀) ရက်နေ့၊ နံနက် (၇) နာရီတွင် မော်လမြိုင်မြို့ အထက (၁၁) ၌တွင် ကျင်းပဲ့ကြောင်း သိရသည်။ထူးထူး(မော်လမြိုင်) from Popular Myanmar News Journal's Facebook Wall http://ift.tt/1jO5Hhb

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ

ပုသိမ်၊ မတ် ၃၀ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ from Voice http://ift.tt/1jpOkk7

တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင် ပြန်လည် ခန့်အပ်မည်ဟုဆို

ရန်ကုန်၊ မတ် ၃၀အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ from Voice http://ift.tt/1fEQfws

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်

ရန်ကုန်၊ မတ် ၃၀နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ from Voice http://ift.tt/1jpOk3u