Girl’s Generation ၏ ‘Mr. Mr’ ဗီဒီယိုတေးအယ်လ်ဘမ် ကြည့်ရှုသူ ၁၅ သန်းကျော်ရှိ
မဇ္ဈိမ ခိုင်ဖူး စုစည်းရေးသားသည်။
ဆိုးလ်၊ မတ် ၃၀
SNSD ဟု ခေါ်ဆိုနေကြသည့် Girls’ Generation အဖွဲ့၏ ‘Mr. Mr’ ဗီဒီယို တေးအယ်လ်ဘမ်ကို ကြည့်ရှု အားပေးသည့် ပရိသတ်သည် ၁၅ သန်းကျော်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
‘Mr. Mr’ ဗီဒီယိုတေးအယ်လ်ဘမ်သည် မူလက အချက်အလက်များ ပျက်စီးဆုံးရှုံးမှုကြောင့် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း SNSD အဖွဲ့သည် ယခုနှစ် Kpop အနုပညာလောကတွင် ကြည့်ရှုသူ ၁၅ သန်း ကျော်အထိ ရောက်ရှိကာ ပထမနေရာကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။
အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် SNSD အဖွဲ့သည် မတ် ၂၈ ရက်တွင် KBS ရုပ်သံက အပတ်စဉ်ထုတ် လွှင့်သည့် ‘Music Bank’ အစီအစဉ်တွင် ၎င်းတို့၏ နှုတ်ဆက် ဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်ခဲ့ကြပြီး မတ် ၃၀ ရက်တွင် ဩကျြငခွှမနညိ္လ တေးဂီတ ဖျော်ဖြေရေးလိုင်းမှ ၎င်းတို့၏ နောက်ဆုံးပိတ် ဖျော်ဖြေတင်ဆက် မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ‘Music Trend’ တွင် ဖော်ပြထားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mnCJlw
Comments
Post a Comment