Skip to main content

Posts

Showing posts from December 15, 2014

ယူကရိန်း ဒေဝါလီမခံရစေဖို့ ဒေါ်လာ ဘီလီယံ ၁၀ အရေးပေါ်လိုအပ်

အီးယူ- ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ယာ) နဲ့ ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk (ဝဲ) တို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီ ရှေ့မှာ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄) ယူကရိန်းနိုင်ငံ ဒေဝါလီ မခံရစေဖို့ ဒေါ်လာသန်းပေါင်း တသောင်းရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကပြောပါတယ်။ တနင်္လာနေ့ ဘရပ်ဆဲလ်မှာ အီးယူ ဥရောပ သမဂ္ဂနိုင်ငံများ ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ သတင်းထောက်တွေက မစ္စတာ ယာဆန်နွတ်ကို ဘယ်အချိန်မှာ ငွေလိုအပ်တာလဲလို့ မေးကြတဲ့အခါ မစ္စတာ ယာဆန်နွတ်က မနေ့ကတည်းက လိုအပ်နေတာလို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေနဲ့ စစ်ပွဲဆင်နွှဲနေရတာမို့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေတာဖြစ်ပါတယ်။ ယူကရိန်း ငွေကြေးဖြစ်တဲ့ hryvnia အတွက် ငွေလဲနှုန်းကလည်း မကြုံစဖူး အနိမ့်ဆုံးအနေအထားကို ရောက်နေတာပါ။ ယူကရိန်းအနေနဲ့ ငွေကြေး ထောက်ပံ့မှုတွေရချင်ရင် သူ့နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကောင်ထည်ဖော်ရမယ်လို့ အီးယူကတောင်းဆိုနေပါတယ်။ မစ္စတာ ယာဆင်နွတ်ကတော့ ယူကရိန်းအနေနဲ့ အရှေ့ပိုင်းက ယူကရိန်းခွဲထွက်ရေးသမားတွေကို လက်နက်ရော၊ စစ်သားတွေပါ ပေးပို့ပြီး တိုက်နေတယ

သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီး ချောင်းထဲမျှောခဲ့သည့် လူမဆန်သူ ဖခင်အား ကျွန်းဒဏ်အပြစ်ပေး

စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ် ထန်းတော ကျေးရွာတွင် သမီးအရင်းကို မုဒိန်းမှု ကျူးလွန်ပြီး ရလာသော ကိုယ်ဝန်မှ မွေးလာသော ကလေးကို သတ်ပစ်၍ မဲဇာချောင်းထဲ မျောခဲ့သော ဖြစ်ရပ်တခု အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သည်။ ၁၉နှစ်အရွယ် သမီးကို ကာမကျူးလွန်၍ ရလာသောကိုယ်ဝန်မှ မွေးလာသော ကလေးငယ်ကို လည်ပင်းနဲ့ ဗိုက်ကို ညှစ်သတ်ပြီး စောင်ဖြင့်ပတ်ကာ မဲဇာချောင်းထဲ မျှောခဲ့သည်ကို မီးနေစောင့်ပေးသည့် သမီး ၁၅နှစ်က မြင်ပြီး မခံနို်င်လွန်းသဖြင့် ရဲစခန်းတိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်အား အင်းတော်ရဲစခန်းမှ အမှုဖွင့် ပြီး တရားစွဲခဲ့ရာမှ ကသာခရိုင် တရားရုံးကို ရောက်ခဲ့ သည်။ ကသာခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ မောင်မိုး(ခ)ငမိုး ၄၂နှစ်ကို ယခုလ ၁၅ ရက်နေ့က ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ကျွန်းဒဏ်၊ ပြစ်မှုပုဒ်မ ၃၀၂(၂)ဖြင့် ကျွန်းဒဏ်၊ ပုဒ်မ ၃၁၈ အရ ထောင်ဒဏ်၂ နှစ် သီးခြားစီ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။ အေးလွင်(ကသာ) News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/1tZU6ML from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vU8cOy

The Messenger NewsJournal Vol.5,No.29

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1uR79zy via IFTTT

မြန်မာနိုင်ငံမှာ လုံခြုံရေးအဆင့် တိုးမြှင့်

အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် မြန်မာနိုင်ငံမှာ အကြမ်းဖက် ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု တွေ ဖြစ်လာနိုင်တဲ့ အတွက် တနိုင်ငံလုံး လုံခြုံရေး အဆင့် အနေနဲ့ အဆင့်ငါးဆင့် သတ်မှတ်ထားတဲ့ အနက် အဆင့်သုံး သတ်မှတ် ထားတဲ့ အကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံဖြတ်ကျော် မှုခင်းတားဆီးရေး ဌာန မှ ရဲမှူးချုပ် စိုးမြိုင်က ဘီဘီစီ ကို ပြောပါတယ်။ လုံခြုံရေး အတွက် စိုးရိမ်ဘွယ်ရာ သတင်းအချက်၊ သက်သေ အထောက်အထား စတာတွေ ထက်၊ ပြောင်းလဲနေတဲ့ ဒီကနေ့ ကမ္ဘာကြီး မှာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေ ရဲ့ လှုပ်ရှားမှု တွေ ကို စောင့်ကြည့် နိုင်အောင် လုံခြုံရေး အဆင့်သုံး အထိ မြှင့်ရပုံ ကို ရဲမှူးချုပ် စိုးမြိုင်က ရှင်းပြပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ဝင်ပေါက်ဖြစ်တဲ့ လေဆိပ်ကနေ ဝင်ကြ၊ ထွက်ကြ သူတွေ ကို စစ်ဆေးခြင်း၊ အများပြည်သူ စုရုံးတဲ့ အရေးကြီးတဲ့ နေရာ တွေ မှာ ယူနီဖေါင်းဝတ် နဲ့ရော အရပ်ဝတ် နဲ့ပါ စစ်ဆေး စောင့်ကြပ်မှုတွေ ပါဝင်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1DDQCID from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uL3KRO

ဆစ်ဒနီ ဓါးစာခံဖမ်းထားမှု စီးနင်းရာမှာ ၃ ဦးသေ

လုံခြုံရေးတပ်ဖွဲ့တွေ ဝင်စီးနင်း သြစတြေလျ နိုင်ငံ ဆစ်ဒနီ မြို့လယ်က လင့်ကော်ဖီဆိုင်ကို တနင်္လာနေ့ မနက်ကတည်းက သေနတ်သမား တဦးရဲ့ ဓါးစာခံတွေ ဖမ်းထားတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကျော် အကြာမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက အဲဒီ ကော်ဖီဆိုင်ကို ဝင်ရောက် စီးနင်းရာမှာ ဓါးစာခံ ၂ ဦးနဲ့ တကိုယ်တော် သေနတ်သမားလည်း သေဆုံးသွားပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၄ နှစ်ရွယ် အမျိုးသား တဦးနဲ့ ၃၈ နှစ်ရွယ် အမျိုးသမီး တဦး ဖြစ်ပါတယ်။ အဆိုပါ သေနတ်သမားဟာ အသက်၅၀ အရွယ်၊ အီရန်လူမျိုး Man Haron Monis ဖြစ်ပြီး သြစတြေးလျမှာ ဒုက္ခသည်ခံယူ ထားသူဖြစ်ပါတယ်။ သူဟာ လိင်မှုဆိုင်ရာ စွဲချက်အတော်များကို ရင်ဆိုင်နေရသူဖြစ်ပြီး၊ အာဖဂန်နစ္စတန်မှာ ကျဆုံးခဲ့တဲ့ သြစတြေးလျ စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေဆီကို စော်ကားတဲ့ စာတွေ ရေးသားပေးပို့မှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ဘူးသူဖြစ်ပါတယ်။ သြစတြေလျ နိုင်ငံ ဝန်ကြီးချုပ် Tony Abbott က ဒီသေနတ်သမားဟာ အစွန်းရောက်ဝါဒကို ကြိုက်သူ၊ စိတ် မမှန်သူ ဖြစ်ရာက အစ္စလာမ္မစ် နိုင်ငံ လက်နက်ကိုင် အစွန်းရောက်အဖွဲ့ရဲ့ အထိမ်းအမှတ်သင်္က࿿တေ ကို အရေခြုံသူ ဖြစ်ကြောင်း၊ သူ့ရဲ့ အကြမ်းဖက်ရာဇဝတ်မှု နောက်ကြောင်းကိုလည်း အာဏာပိုင်တွေ သိပြီးဖြစ်ကြော

တရုတ်ရဲက မသင်္ကာသဖြင့် ရှာဖွေရာမှ မြန်မာနိုင်ငံသား အလောင်းတွေ့ရှိ

လားရှိုး ဒီဇင်ဘာ ၁၅ တရုတ်နိုင်ငံ ဝမ်တိန်တံတားထိပ်တွင် မသင်္ကာဖွယ်ရာ မော်တော်ယာဉ်ကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားတစ်ဦး၏အလောင်းတွေ့ရသည် ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ တွင် တရုတ်နိုင်ငံ ရွှေလီမှုခင်းတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ရဲတပ်ဖွဲ့ကတရုတ် နိုင်ငံရွှေလီမြို့ ဆေးရုံတွင်ရှိနေသော အသက် (၅၅ နှစ်)အရွယ်ရှိ မြန်မာအမျိုးသားအလောင်းကို သွားရောက်အတည်ပြုခဲ့ရာ လားရှိုးမြို့နယ်မြေ ရဲစခန်းမှ လူပျောက်တိုင်ကြားထား သူဖြစ်သည်ဟု သိရသည်။ သေဆုံးသူ မှာ လားရှိုးမြို့ ရပ်ကွက်(၂) နယ်မြေ (၆)ပုဂံလမ်းအမှတ်(၁၂)တွင် နေထိုင်သူ ဦးမျိုးမြင့် (၅၅ နှစ်)ဖြစ်ပြီး လားရှိုး မြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ လားရှိုးမြို့တွင် Happy Time ကစား ရုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ဖေဝင်းက ပြောသည်။ သေဆုံးသူ ဦးမျိုးမြင့်ထံသို့ ဒီဇင်ဘာ ၁ဝ ရက်က တရုတ်နိုင်ငံသားသုံးဦးရောက်လာပြီး တရုတ်စကားပြန်ဖြင့် စကားပြောကြရာ ၄င်းတို့မှာ ရွှေလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ဦးမျိုးမြင့်အား လုပ်ငန်းရှယ်

ကွန်ဂိုတွင် ကူးတို့ရေယာဉ်နစ်မြုပ် ၁၂၉ ဦးထက်မနည်း သေဆုံး

ကင်ရှာဆာ ဒီဇင်ဘာ ၁၅ ကွန်ဂိုဒီမို ကရက်တစ် သမ္မတနိုင်ငံရှိ ကန်ဂန်ရီကာ ရေအိုင်ကြီးတွင် ကူးတို့ ရေယာဉ် တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် သေဆုံးခဲ့သူ ၁၂၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ကူးတို့ရေယာဉ် နစ်မြုပ်မှုမှာ ဒီဇင်ဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ခဲ့ သူများအား ရှာဖွေ ကယ်ဆယ်ရေး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်နယ်ပို့ဆောင်ရေး ဝန်ကြီး လောရင့်ဆပ်ကရာဟိုဇီက ပြောကြားသည်။ ကယ်ဆယ်ရေးလုပ်သားများသည် ရေယာဉ်စီး ခရီးသည်အချို့အား ဒီဇင်ဘာ ၁၄ ရက်တွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ၎င်းတို့သည် ဓာတ်ဆီထည့်သံပုံးများနှင့် အခြားအရာ ဝတ္ထုများကို တွယ်ဖက်ထား ကြသည်ဟု သတင်းတွင် ဖော်ပြသည်။ ရေယာဉ်စီး ခရီးသည်များသည် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသကဲ့သို့ ၎င်းတို့မှာ ရေကူးတတ်သူများလည်း မဟုတ်ကြောင်း သတင်းတွင်ဖော်ပြသည်။ လှိုင်းလေပြင်းထန်ပြီး ဝန်နှင့်အားမမျှဘဲ ခရီးသည်များတင်ဆောင်လာခြင်းကြောင့် အဆိုပါ ရေယာဉ်နစ်မြုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ကတန်ဂါပြည်နယ်မှ တာဝန်ရှိသူများက ပြောကြားပြီး နစ်မြုပ်သွားသော ရေယာဉ်မှာ အမ်ဗွီ ပူ

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၅ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံ သားများ မြန်မာ သံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိပြီး ယနေ့ည ၈ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိ လာကြသည်။ ပြန်လည်ရောက်ရှိ လာကြသော မြန်မာနိုင်ငံသား အမျိုးသား ၃ဝ နှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၅ ဦး တို့အား မိသားစုများနှင့် ဆွေမျိုးသားချင်းများက လေဆိပ်၌ ကြိုဆိုကြသည်။ ရန်ကုန်မြို့မှ ဇူလိုင် ၈ ရက်တွင် Air Asia လေကြောင်း ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်သို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၇၅ ဦးအားလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ မြန်မာသံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ၁-၉-၂ဝ၁၄ တွင် ၂ဝ ဦးအား မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသားများ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူများအား သွားရောက် တွေ့ဆုံကာ ထိန်းသိမ်းရေးစခန်းတွင် အဆင်ပြေစွာနေထိုင် ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေးခြင်း၊ ဆွေမျိုး သားချင်းများနှင့် ဆက်သွယ

Sydney ကဖေးဆိုင် စီးနင်းမှု သေနတ်သမားနဲ့အတူ ဓားစာခံ ၂ ဦးသေဆုံး

ဓားစာခံတွေကို တရက်နီးပါး ဖမ်းဆီး ထားခဲ့တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ချော့ကလက်ကဖေး ဆိုင်ကို လက်နက်အပြည့်နဲ့ ရဲတွေ ဝင်ရောက် စီးနင်းခဲ့တဲ့ အတွက် သေနတ်သမားနဲ့ အတူ ဓားစာ ခံနှစ်ဦးပါ အပါအဝင် လူပေါင်း ၃ ဦး သေဆုံး ခဲ့ရတယ်လို့ ရဲတွေက အတည်ပြု ပြောဆို ပါတယ်။ သေနတ်သမားက လူပေါင်း ၁၇ ယောက်ကို ၁၆ နာရီကြာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် သေနတ်သမားဟာ Man Haron Monis ဖြစ်ပြီး အီရန်နိုင်ငံကနေ ပြောင်းရွှေ့အခြေချလာသူဖြစ်တယ်လို့ New South Wales ရဲတွေကပြောပါတယ်။ သေဆုံးခဲ့ရသူနှစ်ဦးမှာ တစ်ဦးက အသက် ၃၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နောက်တဦးက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။ ဆိုင်ထဲကို ရဲတွေဝင်ရောက်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ သူတို့ ဘယ်လိုသေဆုံးကြတယ်ဆိုတာကို အသေအချာ မပြောနိုင်သေးဘူးလို့ ပြည်နယ်ရဲမင်းကြီး Andrew Scipione ကပြောပါတယ်။ဒါ့အပြင် အခုတိုက်ခိုက်မှုဟာ တခြားဖြစ်ရပ်တွေနဲ့ ဆက်နွယ်မှုမရှိတဲ့ သီးခြား ဖြစ်ရပ်တခုလို့ဆိုပါတယ်။ နောက်ဓားစာခံ လေးဦးနဲ့ ရဲအရာရှိတဦးကတော့ ဒဏ်ရာတွေရခဲ့ကြပေမယ့် အသက်အန္တရာယ် သိပ်မရှိဘူးလို့လည်း ပြောပါတယ်။ သေနတ်သမားဟာ တနင်္လာနေ့မနက် ၉ နာရီ ၄၅ လောက

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wTweQR

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1AzKziz

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁၆)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1AzKyuR

ဒီဇင်ဘာလ (၁၅)ရက်နေ့ ထုတ် The Street View Journal Vol-3,Issue-48

ဒီဇင်ဘာလ (၁၅)ရက်နေ့ ထုတ် The Street View Journal Vol-3,Issue-48 ဒီဇင်ဘာလ (၁၅)ရက်နေ့ ထုတ် The Street View Journal Vol-3,Issue-48 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wTwcsa