Skip to main content

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ







ရန်ကုန် ဒီဇင်ဘာ ၁၅

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသော မြန်မာနိုင်ငံ သားများ မြန်မာ သံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိပြီး ယနေ့ည ၈ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိ လာကြသည်။


ပြန်လည်ရောက်ရှိ လာကြသော မြန်မာနိုင်ငံသား အမျိုးသား ၃ဝ နှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၅ ဦး တို့အား မိသားစုများနှင့် ဆွေမျိုးသားချင်းများက လေဆိပ်၌ ကြိုဆိုကြသည်။

ရန်ကုန်မြို့မှ ဇူလိုင် ၈ ရက်တွင် Air Asia လေကြောင်း ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်သို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၇၅ ဦးအားလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ မြန်မာသံရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ၁-၉-၂ဝ၁၄ တွင် ၂ဝ ဦးအား မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။


မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသားများ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူများအား သွားရောက် တွေ့ဆုံကာ ထိန်းသိမ်းရေးစခန်းတွင် အဆင်ပြေစွာနေထိုင် ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေးခြင်း၊ ဆွေမျိုး သားချင်းများနှင့် ဆက်သွယ်ချိတ်ဆက်ပေးခြင်း စသည် တို့ကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖမ်း ဆီး ထိန်းသိမ်းခံရသူများအနက်မှ အပြစ်မဲ့ထိန်းသိမ်းသူများအား အမြန် ဆုံးစေလွှတ်ပေးရေးအတွက် သက်ဆိုင် ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေး ပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာနိုင်ရေး အလေးထားကူညီ ဆောင်ရွက်ပေးရန် ညှိနှိုင်းမေတ္တာရပ် ခံခဲ့ကြောင်း သိရသည်။


သက်သေအဖြစ် ကျန်ရှိနေသော မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး နိုင်ရန် မြန်မာသံရုံးက ဆက်လက်စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။


(ရီရီမြင့်၊ ဥမ္မာသန့်)

The Mirror Daily

http://ift.tt/1n2DVIZ






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uKaPCn

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...