Skip to main content

Posts

Showing posts from December 13, 2014

တရားခံပြေး အားလုံးကို ကုန်စင်အောင် ဖမ်းမယ်လို့ ကျောက်တော်ရဲ ပြော

၂၀၁၂ အကြမ်းဖက်မှုတွေ အတွက် အလို ရှိနေ သူတွေ ဆိုပြီး ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးတာတွေ လုပ်ဆောင် နေပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ထဲမှာ တရားခံပြေး အနေနဲ့ သတ်မှတ်ထားတဲ့ သူ ၁၀ဝ ကျော် ကို ရဲတပ်ဖွဲ့က ကုန်စင်အောင် ဖမ်းမယ် ဆိုပြီး စီမံချက် ချ လိုက်လံ ဖမ်းဆီး နေတယ် လို့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှုး က ပြောပါတယ်။ မြို့ခံ ရခိုင် အသိုင်းအဝိုင်း ကတော့ အခုလို လိုက်လံ ဖမ်းဆီးတာ ကို ခံနေရတဲ့ အတွက် ထွက်ပြေး တိမ်းရှောင်နေရ သူတွေဟာ ၂၀၁၂ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထဲမှာ ပါဝင် ပတ်သက် ခဲ့သူတွေ အဖြစ် စွပ်စွဲ ခံထား ရသူတွေ ဖြစ်တယ် ဆိုပြီး ပြောပါတယ်။ တည်ငြိမ် အေးချမ်းနေတဲ့ အခြေအနေမှာ အခုလို ဖမ်းဆီးမှု တွေ လုပ်ရင် မွတ်ဆလင် နဲ့ ရခိုင် တွေ အကြား တခါ ပြဿနာ ပြန်လည် ဖြစ်လာ နိုင်တာကို စိုးရိမ်ရတဲ့ အတွက် ဖမ်းဆီးနေတဲ့ လုပ်ရပ်ကို ပြန်လည် စိစစ်ပေးဖို့ ကျောက်တော် မြို့ခံတွေ စုပေါင်းပြီး ရခိုင် ဝန်ကြီးချုပ်ဆီ တင်ပြ ခဲ့တယ်လို့ မြို့မိမြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးမောင်ဝင်း က ဘီဘိစီကို ပြောပါတယ်။ လတ်တလော မှာ ဖမ်းဆီးခံရသူ ၄ ဦး ရှိနေပြီး ကျန်သူတွေကတော့ တိမ်းရှောင် နေကြ ဆဲပဲ လို့ သိရပါတယ်။ ဘီဘီစီ (ြ

ရဲတွေရဲ့ အကြမ်းဖက်မှု အပေါ် ဆန္ဒပြချီတက်ပွဲ ဝါရှင်တန်မှာ လုပ်

ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲ တွေဟာ၊ စာအုပ်ထဲမှာပဲ ပြောင်းရုံနဲ့ မပြီးပဲ၊ လမ်းတွေ ပေါ်မှာပါ သက်ရောက်ဖို့ လို။ အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ အပေါ် ကန့်ကွက်တဲ့ အနေနဲ့၊ မြို့တော် ဝါရှင်တန်မှာ လူတွေ ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။ အမေရိကန် ရဲတပ်ဖွဲ့က လက်နက်မဲ့ လူမည်း အမျိုးသားတွေကို သတ်ဖြတ် ခဲ့မှုတွေ ဖြစ်ပေါ် လာခဲ့အပြီး၊ အခုလို ဆန္ဒပြမှု ဖြစ်ပေါ်လာတာပါ။ ရာသီဥတု အအေးဒဏ်ကြားထဲကပဲ ဆန္ဒပြသူတွေဟာ ‘ အမည်းတွေရဲ့ အသက်လည်း အရေးပါတယ်’ ဆိုပြီး ရေးသား ထားတဲ့ ဆိုင်းဘုဒ်တွေနဲ့၊ ‘လူမျိုးရေး ခွဲခြားတဲ့ ရဲတွေ ရပ်တန့်ကြ’ ဆိုတဲ့ ဆိုင်းဘုဒ်တွေကို ကိုင်ဆောင် ချီတက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ရုံးစိုက်ရာ ဆီကို ဦးတည် ချီတက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့၊ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူ Al Sharpton ကတော့၊ အခြေအနေ တွေ တိုးတက်ဖို့ဆိုရင် ဥပဒေပိုင်း ဆိုင်ရာ အပြောင်း အလဲ တွေဟာ စာအုပ်ထဲ မှာပဲ ပြောင်းရုံနဲ့ မပြီးပဲ လမ်းတွေ ပေါ်မှာပါ သက်ရောက် ဖို့ လိုတယ် ဆိုတာကို ကွန်ဂရက်စ် နဲ့ အစိုးရ သိဖို့ လိုတယ် ဆိုပြီး ပြောပါတယ်။ ဘီဘီစီ

တိုက်လေးလွှာမှ ပြတင်းပေါက်မှန် ပြုတ်ကျ၍ လူငယ်တစ်ဦး ဒဏ်ရာရ

ရန်ကုန် ဒီဇင်ဘာ ၁၃ ဗိုလ်ချုပ်လမ်းနှင့် (၃၉) လမ်းထောင့်ရှိ တိုက်အမှတ် (၂၅၉-၂၆၃) သမဝါယမ ပို့ကုန်/သွင်းကုန်လုပ်ငန်း တိုင်း ဒေသကြီး သမဝါယမ ဦးစီးဌာန ဆိုင်းဘုတ်တင်ရှိ ထားသည့် ခြောက်ထပ်တိုက်ကြီး၏ လေးလွှာမှ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီခွဲခန့်က ပြတင်းပေါက်မှန် တစ်ချပ်ပြုတ်ကျရာ ပလက်ဖောင်းပေါ်တွင် သွားနေသူများထဲမှ လူငယ်တစ်ဦး ၏ ဦးခေါင်းပေါ်သို့ ကျရောက်သဖြင့် ထိုလူငယ်မှာ ဦးခေါင်း ပေါက်ပြဲသွားခဲ့သည်။ လူငယ်တစ်ဦးက တိုက်ပေါ်သို့ တက်ရောက်ခေါ်ရာ တာဝန်ရှိသူဟု ယူဆရသူ အမျိုးသား နှစ်ဦးပါလာပြီး ခေါင်းဒဏ်ရာရသူ လူငယ်ကိုခေါ်၍ တက္ကစီဖြင့် ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။ (ဦးမြချစ်) The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yLjfeO

တံတားဆောက်လုပ်ရေး စီမံကိန်းကြောင့် သိမ်းခံထားရတဲ့ မြေပိုင်ရှင်တွေ ဆန္ဒပြ

မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရတနာပုံတံတား တည်ဆောက်စဉ် သိမ်းထားတဲ့မြေတွေထဲက ပိုနေတဲ့မြေ ၁၀ ဧကကို ပြန်ပေးဖို့ အမရပူရမြို့နယ် ရွေကြက်ယက်ရွာက လယ်သမားတစ်ရာလောက် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီဇင်ဘာလကုန်မှာ အဲဒီလယ် ၁၀ ဧကကို ပြန်မပေးဘူးဆိုရင် တရားနည်းလမ်းနဲ့ ထပ်မံတောင်းဆိုသွားမယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့(အထက်ဗမာပြည်၊ MDCF) က ကိုစောလှအောင်က ပြောပါတယ်။ "အထက်အမိန့်အတိုင်း ပြန်မရဘူးဆိုရင် မိမိတို့တောင်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ အထောက်အထားတွေ လက်ဝယ်ကိုင်ပြီးတော့ မိမိတို့လယ်တွေကို ဒီလကုန်မှပြန်မပေးရင် ကာယကံရှင်တွေကိုယ်တိုင် လက်ရောက်ပြန်လည်တရားသဖြင့် သိမ်းဆည်းကြတော့မှာဖြစ်ပါတယ်၊ ဒါတောင်သူတွေရဲ့ နောက်ဆုံးအတိအလင်း အစည်းအဝေးဆုံးဖြတ်ချက်ပါ" ရတနာပုံ ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ဖို့အတွက် ရွေကြက်ယက်ကျေးရွာက လယ်ဧက ၂၀ ကျော်ကို စစ်အစိုးရက ၂၀၀၁ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ စီမံကိန်းပြီးလို့ ပိုနေတဲ့မြေ ၁ဝ ဧကလောက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းကြီး ၂ အဖွဲ့က ပြန်မပေးဘဲ အဆောက်အဦးတွေ ဆောက်လုပ်နေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတံတားကို လ

ဆွေးနွေးပွဲတွေ လမ်းလွှဲတာ ဒေါ်စု လက်မခံ

NLD ချမှတ်ထားတဲ့ မူတွေ အတိုင်း ဆက်လုပ် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လေးပွင့်ဆိုင်နဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေ လမ်းလွဲအောင် လုပ်သူတွေကို ဝေဖန်လိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၃ ရက်က စတင်တဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၀ဝ ကျော် တက်ရောက်တဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက အရင်ကတည်းက ချမှတ်ထားတဲ့ မူတွေ အတိုင်း ဆက်လုပ် သွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ် တွေက အလုပ်အမှုဆောင်တွေ၊ လုပ်ငန်းကော်မတီတွေ ဝင်တွေကနေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်း အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြပါတယ်။ ပါတီ အောက်ခြေမှာ ဖြစ်နေတာတွေကို ဗဟိုက သိအောင် အခု အစည်းအဝေးမှာ တင်ပြပြီး အပြန်အလှန် ဖလှယ်ကြမယ်လို့ ရခိုင်ပြည်နယ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဆလပ်ကျေးရွာနဲ့ နားတီးကျေးရွာအကြားမှာ အစိုးရနဲ့ တိုင်းရင်းသား ပူးတွဲတပ်တွေကြား ဒီနေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က နှစ်ဖက်အခြေအနေကို အခုလို ပြောပါတယ်။ "၄၊ ၅ ရက်နေ့လောက်က စစ်တပ်ဘက်က အင်အား ၅ဝဝ၊ ၆ဝဝ လောက်အထိ ကွတ်ခိုင်ဘက်အခြမ်းကို ထပ်မံအင်အားဖြည့်လာတယ်၊ မနေ့ကလည်း နောက်ထပ်အင်အား ၂ဝဝ လောက် ထည့်မံပြီးတော့မှ ဖြည့်လာတာရှိတယ်၊ ဒီနေ့နေ့လယ် ၁၁ နာရီ ၁၅ လောက်ကနေ ၁၂ နာရီခွဲအထိ ကွတ်ခိုင်မြို့နယ်က ရွာနားမှာ ကျနော်တို့တပ်ပေါင်းစုနဲ့ အစိုးရစစ်တပ် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်" အစိုးရတပ်မ ၁၁ နဲ့ ၈၈ တပ်တွေနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကိုးကန့်တပ်မတော် MNDAA ပူးတွဲတပ်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ ဒီလအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားတာ ခုနှစ်ကြိမ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့နယ် ဆိုက်ခေါင်ကျေးရွာကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ဆ

လက်ပန်းတောင်းမှာ ရဲပစ်ခတ် ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ကြေးနီစီမံကိန်းမြေနေရာတင်းမာမှုအခြေအနေ (ဒီဇင်ဘာ ၁၃၊ ၂၀၁၄) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်းကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေနဲ့ ရာချီရှိတဲ့ ရဲအင်အားတွေကြား အခြေအနေ တင်းမာနေပြီး သေနတ်နဲ့ ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရာမှာ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံတွေရဲ့ မြေယာတွေကို တန်ရာတန်ကြေး နစ်နာကြေးမပေးသလို လယ်မြေဧက ထောင်နဲ့ချီသိမ်းယူ၊ ရွာတွေကို ဖယ်ရှားပြီး သာသနိက အဆောက်အဦးတွေကို ဖြိုဖျက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက်ဆိုပြီး နှစ်နှစ်ကျော် ကြာတဲ့အထိ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ လိပ်ခွံတောင်ဘေးက ဒေသခံပိုင်မြေတွေကို စီမံကိန်းအတွက် ခြံစည်းရိုးခတ်ခဲ့တာကြောင့် အခြေအနေတင်းမာလာပြီး ပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ကိုဇော်ထွန်းနဲ့ ကိုပေါဌေး။ ကိုဇော်ထွန်းကတော့ ညာဘက်လက်မောင်းထိတယ်။ ကိုေ

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၄၀)

Myanmar Than Taw Sint Vol 3 No 40.pdf by Thit Htoo Lwin မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၄၀) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1uCuC7E via IFTTT

ကော့မှူးမြို့နယ်မှာ လက်ကိုင်ဖုန်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ၁၃.၁၂.၂၀၁၄ ရက်နေ့ ၁၆၃၅ အချိန်တွင် ကော့မှူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။ ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဒေါ်နုနုယဉ် (၄၉)နှစ်သည် နေအိမ်ရှေ့ခန်းရှိ မီးအားမြှင့်စက်ပေါ်တွင် လက်ကိုင်ဖုန်းအားသွင်းထားစဉ် အပူရှိန်လွန်ကဲပြီး ဖုန်းမှရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အနီးရှိစာအုပ်များ ထည့်ထားသော ပလပ်စတစ်ခြင်းအား ကူးစက်လောင်ကျွမ်းရာမှတစ်ဆင့် အလျား(၃၀)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ် နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ မီးလောင်မှုဖြစ်ပွားစဉ် ဒေါ်နုနုယဉ်၏ လက်နှစ်ဘက်နှင့် ခြေနှစ်ဘက်တို့တွင် မီးဟပ်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ကုသမှု ခံယူ လျက်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါ်နုနုယဉ်အား ကော့မှူးမြို့မရဲစခန်း (ပ)၂၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈

ကျောက်တံတားမြို့နယ် NLD ဗိုလ်ချုပ်နှစ်တရာပြည့်ပွဲ အကြို ရံပုံငွေဈေးရောင်းပွဲ ပြုလုပ်

၃၆ လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ကျောက်တံတားမြို့နယ် NLD မှ ကြီးမှူး၍ ဗိုလ်ချုပ်နှစ်တရာပြည့်အကြိုဈေးရောင်းပွဲတော်နှင့် ကဗျာရွတ်ဆိုပွဲကို ယနေ့(ဒီဇင်ဘာ ၁၃ရက်)က ပြုလုပ်ခဲ့သည်။ ကျောက်တံတားမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးက ဗိုလ်ချုပ်အတွက် “လမ်း”အမည်ရှိ ကဗျာကို ရွတ်ဆိုပြီး ကဗျာဆရာ သော်ဇင်အုန်း၊ ကဗျာဆရာ ပိုင်သစ်နွယ် တို့ကလည်း အသီးသီး ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ကြသည်။ အဆိုပါ ရံပုံငွေဈေးရောင်းပွဲတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် စာအုပ်များ၊ ဒီမိုကရေစီနှင့်ပတ်သက်သည့် စာအုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ရောင်းချခဲ့ကြ သည်။ “ကျွန်တော်တို့ ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အတွက် အကြိုရံပုံငွေ ရရှိအောင်ပြုလုပ်တာပါ၊ ဒါကလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ်တရာမွေးနေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် တဖက်တလမ်းက ကူညီတဲ့ သဘောပါ၊ ဗိုလ်ချုပ်ကို ချစ်တဲ့သူတွေအတွက် ရည်ရွယ်ရောင်းချတာပါ”ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/1tZU6ML from သစ

သန္ဓေသားအတွက် အသက်ပေးသွားသော ရင်သားကင်ဆာ ဝေဒနာရှင်

ဘေကျင်း၊ ဒီဇင်ဘာ ၁၃ ရင်သားကင်ဆာ ခံစား နေရသော်လည်း ပဋိသန္ဓေတည်ဆဲ ကာလတွင် ဓာတုကုထုံးဖြင့် ကုသပါက ရင်သွေးအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် ကုသရန် ငြင်းဆန်ပြီး အသက် စတေးခဲ့သည့် ရုပ်သံတင်ဆက်သူ မိန်းကလေး တယောက်အကြောင်းမှာ သောကြာနေ့က တရုတ်နိုင်ငံမှ အွန်လိုင်း အသုံးပြုသူများအကြား ပွက်လော ရိုက်သွားခဲ့သည်။ ရုပ်သံတင်ဆက်သူ ရှုယွမ်ယွမ် (၂၆ နှစ်) သည် ကလေးမွေးဖွားပြီး ရက်တစ်ရာ ပြည့်ခဲ့သော ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကာ တရုတ်ယဉ်ကျေးမှုအရ အဆိုပါ ရက်တစ်ရာပြည့်သည့် နေ့ရက်ကို အထူး အခါသမယ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အွန်လိုင်းနိုင်ငံသား ၁၀ သန်းကျော်တို့သည် တွစ်တာကဲ့သို့သော တရုတ်လူမှုကွန်ရက် Sina Weibo တွင် သူမသတင်းကို မြင်တွေခဲ့ရာ ထိုသို့ အသက်ပေး စတေးခဲ့ခြင်းအပေါ် အမျိုးမျိုး ဝေဖန်မှတ်ချက်များ ရေးသားခဲ့ကြခြင်း ဖြစ်သည်။ “မိခင်မေတ္တာက ကြီးမားတယ်ဆိုပေမယ့် ဒီလို့ အသက်ပေးသွားဖို့တော့ မသင့်ဘူးထင်တယ်” ဟု တဦးက မှတ်ချက်ပြုထားသည်။ ပြီးခဲ့သည့် မတ်လက ကိုယ်ဝင်ဆောင်နေစဉ်အတောအတွင်း ရှုယွမ်ယွမ်က “မိခင်ရင်းချာရဲ့ စောင့်ရှောက်မှုမရှိဘဲ ကြီးပြင်းရမယ်ဆို ကလေးအတွက် မကောင်းပါဘူး” ဟု ပြည်သူနေ့စဉ် သတင်းစာနှင့် အင်တာ

သန်လျင်မြို့နယ်မှာ ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ်တို့ တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ၁၂.၁၂.၂၀၁၄ ရက်နေ့ ၁၈၃၀အချိန်တွင် သန်လျင်မြို့နယ်၊ သီလ၀ါလမ်းအတိုင်း သန်လျင်ဘက်မှ သီလ၀ါဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ကိုကျော်အေးမောင် (၃၈)နှစ်မောင်းနှင်လာသော 7D---- နစ်ဆန်းအမျိုးအစား ဆီဘောက်ဆာယာဉ်နှင့် အမှတ်(၇)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဘက်မှ ရေကြောင်း တက္ကသိုလ် ဘက်သို့ သုံးခွမြို့နယ်နေ ကိုသန်းမောင်၊ (၄၀)နှစ်စီးနင်း မောင်းနှင်လာသော ၃၁ယ/---- Feeling-110 အမျိုးအစားဆိုင်ကယ်တို့သည် ထွဋ်ခေါင် လမ်းဆုံ အရောက်၌ ပွတ်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးခဲ့သည့်အပြင် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသော ကျောက်တန်းမြို့နယ်နေ ကိုလင်းခိုင်မှာ ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် သန်လျင်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုသန်းမောင်တွင် ရင်ဘတ်အောင့်၊ ၀ဲပခုံးပွန်း ဒဏ်ရာရရှိကာ သန်လျင်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ကိုကျော်အေးမောင်နှင့် ကိုသန်းမောင်တို့အား သန်လျင်မြို့မရဲစခန်းယာဉ် (ပ)၁၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ေ