Skip to main content

Posts

Showing posts from February 2, 2015

အရေပြား ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်

အရေပြား ရောဂါဟာ ကလေးငယ်တွေ အဖုအပိမ့် ထွက်သလို လူကြီးတွေမှာလည်း နီရဲပြီး ရောင်ရမ်းတဲ့ လက္ခဏာ ပြတတ်ကြပါတယ်။ တစ်ခါတလေ အင်ပျဉ်ကြောင့် အဖုအပိမ့်မှာ အဖတ်တွေ ကွာနေရင် အာသာပြေ ပွတ်ပေးပြီး ရေခဲနဲ့ လှိမ့်ပေးရမယ်။ မပျောက်ရင် မက်ဇင်တယ်၊ ဆကီနာ လိမ်းဆေးလိမ်း။ ပြီးတော့ သောက်ဆေး ဘာမီတွန်၊ စီထရင် စားဆေးကျွေး။ သိပ်ဖြစ်လို့ မသက်သာတော့မှ ဆရာဝန်ဆီ ရောက်တော့တယ်။ ပိုဆိုးလာလို့ ဘာကြောင့် အဖုအပိမ့် ထွက်တာလဲလို့ကြည့်ရင် ကလေးတွေဆိုရင် ဝက်သက်၊ ရေကျောက်၊ ဝဲစို၊ ဝဲခြောက်နဲ့ လက်အဖျားတွေဟာ အဖုအပိမ့် ထွက်တတ်တဲ့ ရောဂါပါပဲ။ လူကြီးတွေဆိုရင် ထိမိလို့၊ ယားယံတာဖြစ်လို့ လိမ်းဆေးလိမ်းရုံ စားဆေးနဲ့ မပျောက်တတ်ဘူး။ တချို့ဆိုရင် ရာသီပြောင်းရင် အနည်းဆုံး တစ်ကြိမ် အဖုအပိမ့် ထွက်တယ်။တစ်ခါတစ်ရံ မဝတ်ဖူးတဲ့ သားမွေး အင်္ကျီတွေ၊ ရေမလျှော်ရသေးတဲ့ အင်္ကျီအဝတ်အစား အသစ်တွေက လူကို ယားယံစေတာမျိုးကို တွေ့ရတယ်။ ဝဲနှင်းခူလို ယားယံတဲ့ ရောဂါတွေဟာ စိတ်ပိုင်း ဆိုင်ရာနဲ့လည်း သက်ဆိုင်နေတယ်။ ရင်ဆိုင်ရမယ့် အမှုအခင်း၊ စည်းဝေးပွဲ စတာတွေအတွက် ကြိုတင် စဉ်းစားမိရင် ယားယံတဲ့ အဖုအပိမ့်တွေ ထွက်တတ်တာ တွေ့ဖူးပါတယ်။ ဒါက လူကြားထဲ ပွဲထုတ်ဖန်များလေ ပိုသတ္တိရှိလေပဲ။ သည်လိုပဲ

အရိုးအဆစ်ရောင်၊အကြောတက်ခြင်း

အကြော၊ အဆစ်နဲ့ ကာယကုဌာနမှာ လာပြလေ့ ရှိတဲ့လူနာရဲ့ ၅ ရာခိုင်နှုန်းမှာ အကြောတက်ခြင်းဟာ ဖြစ်ပွား တတ်ပါ တယ်။ အမျိုးသမီးတွေက အမျိုးသား တွေထက် ၁ဝ ဆပိုတယ်။ အကြော တက်တာဟာ လူတွေရဲ့ နေမှုထိုင်မှု ဘဝနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ အကြောတက် ရောဂါ မှန်ကန်ကြောင်း သိရှိရန် အတွက် သွေးစစ်၊ဓာတ်မှန်ရိုက် စစ်ဆေးဖို့ မလိုဘူး။ သေချာ မေးမြန်း၊ စမ်းသပ်ရင်း နဲ့ ရောဂါ ဖော် ထုတ်နိုင်တယ်။ ဒါ့အပြင် အဆစ်တစ်ခုတည်း ကိုက်တယ်ဆိုတဲ့ ဂေါက်အဆစ်ရောင် ရောဂါနဲ့လည်း ခွဲခြားနိုင်တယ်။ ခြေမတစ်ချောင်းပဲ နာရင် အရိုးကျီးပေါင်း တက်နိုင်တယ်။ ဒူးနာလာတယ်။ အရိုးအဆစ် သုံးလေးခု နာပြီး ရောင်လာရင်တော့ လေးဖက်နာ ဖြစ်နိုင်တယ်။ အေအက်အို စစ်လို့များ နေရင် ဒါမှမဟုတ် အဆစ် သုံးလေးခုနာပြီး လာပြရင် ပိုးလေးဖက်နာ ဖြစ်တယ်။ မကုသရင် နှလုံးကို ထိခိုက်နိုင်တယ်။ လက်ချောင်း၊ ခြေချောင်းနာပြီး ထောက်ရင် အဆစ် လေးငါးခုနဲ့ ဒူးနာ၊ တံတောင်ဆစ်နာ၊ လည်ပင်းနာ၊ နောက်ကျောနာ၊ လက်ပြန်နှစ်ခုကြား ထိုးတယ်လို့ ပြောရင် သွေးလေးဖက်နာ ဆိုတာကတော့ သေချာနေပါပြီ။ တစ်နေရာတည်း မဟုတ်ဘဲအဆစ်၊ အကြော၊ အသားစတဲ့ နေရာအနှံ့နာတာ ဆိုရင် လေးဖက်နာ မဟုတ်တော့တဲ့ အကြောတက် ရောဂါ ဖြစ်လာတော့တယ်။ အကြောတက် ရောဂါဆို

ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ

ိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်း သည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများ ဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။ (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့ လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွား သည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ

အိပ်ရေးမဝခြင်းက လူတစ်ဦးကို ပို၍ ရုပ်ဆိုးစေ

အိပ်ရေးမဝခြင်းက လူတစ်ဦးကို ပို၍ ရုပ်ဆိုးစေ အိပ်ရေးမဝခြင်းသည် မျက်နှာနှင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများကို ရောင်ရမ်းစေသလို အကြောအချဉ်များကိုလည်း တင်းမာစေရာ ရေရှည်တွင် သာမန်ထက် အကျည်းတန်သော ပုံရိပ်မျိုး ထင်ဟပ်လာစေတတ် အိပ်ရေးဝဝ မအိပ်ခြင်းသည် လူတစ်ဦးကို အရုပ်ဆိုး အကျည်းတန်စေသည့် သက်ရောက်မှုမျိုး ဖြစ်ပေါ်စေတတ်ကြောင်း သိရှိရသည်။ အိပ်ရေးမဝခြင်းသည် မျက်နှာနှင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများကို ရောင်ရမ်းစေသလို အကြောအချဉ်များကိုလည်း တင်းမာစေရာ ရေရှည်တွင် သာမန်ထက် အကျည်းတန်သော ပုံရိပ်မျိုး ထင်ဟပ်လာစေတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ပြုလုပ်သည့် သုတေသန စစ်တမ်းတစ်ခုက အိပ်စက်ချိန် နည်းပါးခြင်းနှင့် အိုမင်းရင့်ရော် အကျည်းတန်မှုကြား ထင်ရှားသည့် ဆက်စပ်မှု အသစ်များကို ဖော်ထုတ် တွေ့ရှိစေခဲ့သည်။ လူ(၁၀)ယောက်၏ အိပ်ချိန်ကွဲပြားမှုများနှင့် ၎င်းတို့၏ ရုပ်ရည် အပြောင်းအလဲကို စတော့ခ်ဟုမ်းလ်ရှိ ကာရိုလင်စကာ ကျန်းမာရေးဌာနမှ ပညာရှင်များက သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အိပ်စက်ချိန် နည်းပါးသော သူများသည် ရေရှည်တွင် မျက်ခွံပျော့အိ ကျလာသလို မျက်နှာအနေအထား ဖွဲ့စည်းပုံ ဆိုးရွား ပျက်ယွင်းလာသည်ကို

မြန်မာ့ဆေးဖက်ဝင် ကွမ်းပင်

Item Name ------- Betle Vine (ကွမ်း) Category ---------- Raw Material Botany Term ------ Piper bettle Linn Species Family ---- Piperaceae မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင်စိုက်ပျိုးပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။ • အပင် နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံး သေးသွယ်ပြောင်ချော၍ အမြစ်များ ထွက်နေသော ဆစ်ဖုများ ရှိသည် ။ တစ်ခါတစ်ရံ ဂလင်း များပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား ၊ အလတ်စား ၊ အကြမ်းစား ၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့်ခွဲထားသည်။ • အရွက် ရွက်လွှဲထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း ရှိ အ၀ိုက်များ ညီညာသည်။ အရွက်ပေါ်မျက်နှာပြင်ပြောင်ချောသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိ၏ ။ • အပွင့် ပန်းပွင့် အလွန်သေးငယ်သည်။ အဖို ၊ အမ သီးသန့် ရှိသည် ။ ပန်းခိုင် များသည် အရွက်နှင့် မျက်နှာချင်းဆိုင်ထွက်သည်။ အဖိုပန်းခိုင်သည် ပို၍ သေးသည် ။ • အသီး အညှာတံတစ်ချောင်း ပိတ်ချင်သီးကဲ့သို့ စုပေါင်း၍ သီးပြီး ရှည်မျောမျော ပုံသဏ္ဍာန်ရှိသည်။ ► အသုံးဝင်ပုံ အရွက်။ • အာနိသင် မြန်မာ့ဆေးကျမ်းများ အလိုအရ ကွမ်းရွက်သည် ဖန် ၊ ခါး ၊ ပူစပ်သောအရသာရှိ၏။ နှုတ်ကို မြိန်စေ၏ ။ သ