Skip to main content

Posts

Showing posts from March 25, 2014

ရုရှားနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ပထမဆုံးအကြိမ် တွေ့ဆုံ သည်ဟိတ်၊ မတ် ၂...

ရုရှားနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ပထမဆုံးအကြိမ် တွေ့ဆုံ သည်ဟိတ်၊ မတ် ၂၅ ယူကရိန်းနိုင်ငံရှိ ကရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံတွင်း သွတ်သွင်းခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် ယူကရိန်း ယာယီအစိုးရအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့နှင့် ယူကရိန်း ကြားဖြတ်အစိုးရ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Deshchytsia တို့သည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပလျက်ရှိသော နျူကလီးယား ထိပ်သီးဆွေးနွေးပွဲတွင် သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရုရှားသည် ယူကရိန်းနိုင်ငံ၏ ယာယီအစိုးရအဖွဲ့ကို ယခင်က အသိအမှတ်ပြုခြင်း မရှိသော်လည်း ယခု ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းလည်းဖြစ်သည်။ ယူကရိန်းနိုင်ငံ တွင်းရှိ ကရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံတွင်း သွတ်သွင်းခဲ့ခြင်းကြောင့် အမေရိကနှင့် ဥရောပနိုင်ငံများက ပိတ်ဆို့ အရေးယူမှုများဖြင့် တုံ့ပြန်ခဲ့ပြီး၊ ရုရှားကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ရှစ်နိုင်ငံအဖွဲ့ (G-8) အဖွဲ့မှ ထုတ်ပယ်ရန် ပြင်ဆင်လျက်ရှိသည်။ ဂျီ-၈ အဖွဲ့မှ ထုတ်ပယ်ခံရမည့် အရေးအတွက် စိုးရိ
အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ရန် ပြင်ဆင် myanmar.mmtimes.com ဥရောပသမဂ္ဂ (န့)၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန (Myanmar Crisis Response Centre - MCRC) တည်ထောင်ပြီးပါက အမြင့်ဆုံး အာဏာပိုင်များသို့ တိုက်ရိုက် ဆက်သွယ်ပေးသွားနိုင်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက မတ်လ ၁၂ ရက်နေ့က ပြောကြားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1fZS06C

Our next supplement takes an in-depth look at Thingyan, Myanmar's new year water...

Our next supplement takes an in-depth look at Thingyan, Myanmar's new year water festival. To enquire about advertising, email us at ads.myanmartimes@gmail.com All subscribers will receive a free copy of our Thingyan special inside the March 31 Myanmar and April 4 English editions. Don't miss out, subscribe today: subscribe.mt@gmail.com from The Myanmar Times's Facebook Wall http://ift.tt/1gAwCuF
Tatmadaw rules of engagement lead soldiers to target civilians: rights group www.mmtimes.com The International Human Rights Clinic used a close study of conflict in Kayin state to highlight the ways in which policies at all levels of military command continue to lead soldiers to target civilian populations. from The Myanmar Times's Facebook Wall http://ift.tt/1lleXt8

ဘုရင့်နောင်အမှတ် (၂) မြစ်ကူးတံတားပြီးပါက ဘုရင့်နောင်ပွဲရုံတန်း ကုန်သွယ်မှု ပိုကော...

ဘုရင့်နောင်အမှတ် (၂) မြစ်ကူးတံတားပြီးပါက ဘုရင့်နောင်ပွဲရုံတန်း ကုန်သွယ်မှု ပိုကောင်းလာမည်ဟုဆို ရန်ကုန်၊ မတ် ၂၅ လှိုင်မြစ်ကိုဖြတ်၍ လှိုင်သာယာမြို့နယ်နှင့် မရမ်းကုန်း ဘုရင့်နောင် နယ်မြေကို ဆက်သွယ် တည်ဆောက်လျက်ရှိသော ဘုရင့်နောင်အမှတ်(၂) မြစ်ကူးတံတား ပြီးစီးသွားပါက ဘုရင့်နောင်ပွဲရုံတန်း၏ ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ပိုကောင်းမွန်လာမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။ လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးထွက် ကုန်စည်များကို တင်ဆောင်လာသည့် ကုန်တင်ယာဉ်ကြီးများသည် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်ကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားမှ ဘုရင့်နောင်ပွဲရုံသို့ ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် ကွေ့ပတ် သွားလာနေရရာ အဆိုပါတံတား တည်ဆောက်ပြီးပါက ဘုရင့်နောင်သို့ တိုက်ရိုက် သွားလာနိုင်မည် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။ “ဒီတံတားကြီး ပြီးသွားရင်တော့ ဘုရင့်နောင် ပွဲရုံတန်းက လူတွေအတွက်တော့ ရွှေပဲပေါ့ဗျာ။ အများကြီး အကျိုးရှိသွားမယ်” ဟု ဦးကိုကိုနိုင်က ဆိုသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရာ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်ရက်
မြန်မာအမျိုးသား ရေဥပဒေ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မည် myanmar.mmtimes.com မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် မြန်မာအမျိုးသား ရေဥပဒေ ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မတ်လ ၁၉ရက... from The Myanmar Times's Facebook Wall http://ift.tt/OYQ6x0
အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန တည်ထောင်ရန် ပြင်ဆင် myanmar.mmtimes.com ဥရောပသမဂ္ဂ (န့)၏ ကူညီမှုဖြင့် မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဗဟိုဌာန (Myanmar Crisis Response Centre - MCRC) တည်ထောင်ပြီးပါက အမြင့်ဆုံး အာဏာပိုင်များသို့ တိုက်ရိုက် ဆက်သွယ်ပေးသွားနိုင်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက မတ်လ ၁၂ ရက်နေ့က ပြောကြားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1ryapRb

ဥပဒေများဖောင်းပွနေသော မီဒီယာလောက ------------------------- ပြန်ကြားရေးဝန်ကြီးဌာ...

ဥပဒေများဖောင်းပွနေသော မီဒီယာလောက ------------------------- ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းသမားတို့ကြား အငြင်းပွားမှု ပြင်းထန်ခဲ့သော သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ ဥပဒေနှစ်ခုသည် ရုတ်တရက်ကြည့်လျှင် သီးခြားစီဟုထင်ရသော်လည်း သတင်းသမား၊ ပုံနှိပ်သူ၊ ထုတ်ဝေသူတို့မှာ ဆက်စပ်နေခြင်းဖြစ်ပြီး ဥပဒေနှစ်ခုလုံး၏ အာဏာစက်မှာ သတင်းသမားများပေါ်တွင် ကျရောက်သက်ဝင်လာမည်ဖြစ်ကြောင်း သတင်းမီဒီယာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုမှုများရှိလာသည်။ သတင်းဆောင်းပါး အပြည့်အစုံ...... http://ift.tt/1gA9wnX ဥပဒေများဖောင်းပွနေသော မီဒီယာလောက | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းသမားတို့ကြား အငြင်းပွားမှု ပြင်းထန်ခဲ့သော သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ြ... from 7Day News Journal's Facebook Wall http://ift.tt/OTieCf

"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရ...

"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရမည်" သင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံခြား ဘာသာ စကားများဖြင့် ဆိုင်းဘုတ်စိုက်ထူ လျှင် ဒဏ်ကြေးငွေကျပ် ၁ဝ သိန်းကောက် ခံသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့က စည်းကမ်းချက်သတ်မှတ်ထား သည်။ မဏ္ဍပ်များအား မြန်မာအမည်ဖြင့် လျှောက်ထားသူ တို့ကိုသာ ခွင့်ပြုပေးသွား မည်ဖြစ်ပြီး မဏ္ဍပ်တွင် လျှောက်ထားသည့် အမည်အစား အမည်ပြောင်း လဲစိုက်ထူ ပါက ဒဏ်ကြေးကျပ် ၁ဝ သိန်း ကောက်ခံ မည်ဖြစ်ပြီး ယင်း ဒဏ်ကြေးကို အာမခံ ကြေး တင်သွင်းငွေမှ ဖြတ်တောက်ထားမည် ဟု သိရသည်။ ယမန်နှစ် ၂ဝ၁၃ ခုနှစ် သင်္ကြန် မဏ္ဍပ်များထံမှ ဒဏ်ကြေးငွေ ကျပ်သိန်း ၈ဝဝ ကျော်ကို ရန်ကုန်စည်ပင်နှင့် တိုင်း ဒေသကြီး အစိုးရတို့က ရရှိခဲ့သည်။ အာမခံငွေကို ရန်ကုန်စည်ပင် လမ်း တံတားဌာနက မဏ္ဍပ်အကြီးများ အတွက် ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ် အလတ်များအ တွက် ကျပ် ၄၅ သိန်း ကောက်ခံ ထားမည် ဖြစ်သည်။ ယခုနှစ်တွင် ရန်ကုန်မြို့၌ သင်္ကြန် မဏ္ဍပ်အကြီး ၅၇ ခု နှင့် အလတ် ၃၆ ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ခွင့်ပြုပေးထားပြီး မဏ္ဍပ်ကြီးများကို လူ စည်ကားရာပြည်လမ်း၊ ကန်တော်ကြီးပတ် လမ်း၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးစေတီ

ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေ

ရန်ကုန်၊ မတ် ၂၆ ၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းသည် ၂၀.၃.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် နေအိမ်မှ ဗဟိုအမျိုးသမီး ဆေးရုံသို့ လက်တွေ့ ဆင်းရန်သွားမည်ဟု ပြောပြီး ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ဖော်ပြပါ ဓါတ်ပုံမှာ ပျောက်ဆုံးသူ အမျိုးသားဖြစ်ပြီး ၎င်းတွင် အမှတ်အသား အဖြစ် လည်ပင်း၌မှဲ့(၁)လုံးရှိကာ အရပ်မှာ ၅ပေ ၄လက်မခန့်ရှိကြောင်း သိရှိရပါသည်။ အဆိုပါလူပျောက်မှုနှင့်ပတ်သက်၍ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေ လျက်ရှိပြီး အမြန်စုံစမ်း တွေ့ရှိနိုင်ရေး မိဘပြည်သူများမှလည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း ၎င်း၏မိသားစုနှင့် ရဲတပ်ဖွဲ့

မြန်မာနိုင်ငံတွင် တရုတ်များ အထူးအခွင့်အရေး ရနေမှုမှာ အစိုးရ၏ တာဝန်မဲ့မှုကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

ဧရာဝတီမြစ်ဆုံကိစ္စအ ပါအ၀င် ပြည်တွင်း၌ တရုတ် ကုမ္ပဏီများ အထူးအခွင့်အရေး ရရှိနေခြင်းသည် အစိုးရ၏ တာဝန်မဲ့မှုများကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။ အစိုးရသည် ပြည်သူလူထု ၏ အခွင့်အရေးကို ကာကွယ်ပေး မှုမရှိခဲ့ဘဲ ဧရာဝတီမြစ်ဆုံကိစ္စ အပါအ၀င် တရုတ်ကုမ္ပဏီများ အား အထူးအခွင့်အရေးများ ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်ခုခု၏ လက် အောက်သို့ ကိုလိုနီသဖွယ် ကျ မသွားစေရေးအတွက် လက်ရှိအ ချိန်တွင် နိုင်ငံ၏ အကျိုးကို ပီပီပြင် ပြင် တာဝန်သိသိနှင့် ထမ်းဆောင်မည့် အစိုးရတစ်ရပ် လိုအပ်နေ ကြောင်း မတ်လ ၂၃ ရက်က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်မှ စာရေးဆရာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။ ဧရာဝတီမြစ်ဆုံကိစ္စနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့သဘောရှိသည် ကို သိရှိလိုကြောင်း စာရေးဆရာများက မေးမြန်းခဲ့ပြီး မန္တလေးမြို့သည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကတည်းက ကျဆုံးခဲ့ပြီးဖြစ် ကြောင်း မန္တလေးမြို့ခံ စာရေးဆရာများက ပြောကြားသည်။ ယင်းမေးခွန်းများမှာ ဖြေဆို ရန်ခက်ခဲသည့် မေးခွန်းများဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီး ‘‘ဒါပေမဲ့ ကျွန်မ ဒီကိစ္စကို ရို

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာသိန်းချီကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်

ရန်ကုန်၊ မတ် ၂၅ ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းဝန်းကျင်ကို ဗီဇာသက်တမ်းတိုးခွင့် ပြုထားသဖြင့် ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်ဟု ထိုင်းအစိုးရက မတ်လ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။ ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများ အပါအဝင် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ လုပ်သားများကိုပါ အဖမ်းအဆီး ရပ်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဗီဇာသက်တမ်း တိုးဖို့အတွက် လုပ်တာ။ နောက်အစိုးရ တက်လာပြီး ပြင်ဆင်တာ မလုပ်သရွေ့ အတည်ဖြစ်တယ်” ဟု ဦးစိန်ဌေးက ပြောဆိုသည်။ ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားရန် မြန်မာနိုင်ငံ အလုပ်အမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးကို မေတ္တာရပ်ခံထားပြီး မြန်မာ သံအမတ်ကလည်း ထိုင်း အလုပ်သမား ဝန်ကြီးဌာနကို မေတ္တာ ရပ်ခံထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောကြားသည်။ “အဖမ်းအဆီး ရပ်ထားတယ်

ယာဉ်ချောက်ထဲကျ သော်လည်း ကလေးငယ် သစ်ပင်တွင်ချိတ်ကျန်ကာ အန္တရာယ်ကင်း

နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာရရှိခဲ့သော အလောင်းတော်ကဿပ ဘုရားဖူးယာဉ်ချောက်ထဲကျမှု တစ်နှစ်သားကလေးငယ် သစ်ပင်တွင် ချိတ်ကျန်ကာ အန္တရာယ်ကင်းလွတ် ရန်ကုန်၊ မတ်၂၅ နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာ ရရှိခဲ့သော အလောင်းတော် ကဿပဘုရား ဖူးဒိုင်နာကား မှောက်မှုတွင် ပါဝင်ခဲ့သူ တစ်နှစ်အရွယ်ကလေးငယ်မှာ အန္တရာယ် မှ လွတ်မြောက်သွားကြောင်း မျက်မြင် တွေ့ရှိခဲ့ရသူ ဒါရိုက်တာ ဦးစိုးဟိန်း (မန်း တက္ကသိုလ်)က ဏသစကူမေ နြတျ သို့ ပြော သည်။ မန္တလေးမြို့၊ အမရပူရမှ အလောင်း တော် ကဿပသို့ ဘုရားလာဖူးပြီးအပြန် တွင် မတ်လ ၂၄ ရက်နေ့ ညနေခင်း၌ လူ ၂၆ ဦး ပါကား ချောက်ထဲသို့ အရှိန်လွန် ထိုးကျသွားခဲ့သော်လည်း ထိုကလေးသည် သစ်ပင်ပေါ်တွင် ချိတ်နေပြီး သေဘေးမှ ထူးဆန်းဖွယ်ရာ လွတ်မြောက်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူ ၄င်းက ဆက်ပြောသည်။ ''ကလေးက သူ့ကိုပတ်ထားတဲ့ ခြုံ စောင်နဲ့ ပုခက်လို အပင်မှာချိတ်နေခဲ့တယ်'' ဟု ၄င်းကထပ်လောင်းပြောကြားသည်။ အဆိုပါဒိုင်နာယာဉ် တိမ်းမှောက်သွားပြီး နောက် ယာဉ်ပေါ်ပါနှစ်ဦးက အကူအညီ ထွက်တောင်းစဉ် ရွှေဆံပင်၊ ရွှေမေတ္တာ လမ်းတံတားဖွင့်ပွဲ တက်ရောက်ကြမည့် ရွှေ ဆံပင် ရွှေမေတ္တာလမ်းတံတားအကျိုး ဆောင်အဖွဲ့၊ သံဃာများနှင့် အနုပညာရှင် များ၏ဘုရားဖူြး

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလဲ

တယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။ အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။ အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။ လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံ အပါ အဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။ အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့

မန်ချက်စတာဒါဘီတွင် မိုယက်စ်ကို ယူနိုက်တက်ပရိသတ်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစား

မန်ချက်စတာဒါဘီတွင် မိုယက်စ်ကို ယူနိုက်တက်ပရိသတ်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစား မန်ချက်စတာစီးတီးကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်အားပေးသည့် မန်ချက်စတာ ယူနိုက်တက် ပရိ သတ် တစ်ဦးက အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်ကို ထိပ်တိုက်ရင်ဆိုင် ရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ယူနိုက်တက်သည် မိုယက်စ်၏ ပွဲဦးထွက် ဘောလုံးရာသီတွင် ဆုတ်ယုတ်ကျဆင်းမှု နွံထဲမှ ရုန်းမထွက်နိုင်သေးဘဲ အီဒင်ဂျက်ကို၏ (၂)ဂိုး၊ ယာယာတိုရေး၏ (၁)ဂိုးဖြင့် အိမ်ကွင်း၌ ခါးသီးမြို့ခံပြိုင်ဘက်တို့ကို ဒူးထောက်ခဲ့ရသည်။ ဂျက်ကို၏ ပထမဂိုးသည် ပွဲအစ စက္ကန့်အနည်းငယ် အတွင်းမှာပင် ရရှိသွားခြင်း ဖြစ်သည်။ မိုယက်စ်ကို ဒေါသထွက် ပေါက်ကွဲနေသော ပရိသတ်များအနက်မှ တစ်ဦးသည် အခြေအနေ အတော်ပြင်းထန်စွာ ရှိနေခြင်းကြောင့် ၎င်းကို ကွင်းလုံခြုံရေးများက ဝိုင်းဝန်းထိန်းသိမ်းကာ ခေါ်ထုတ်သွားရသည်။ အဆိုပါ ပရိသတ်သည် တောင်ပိုင်း ပွဲကြည့်စင်ရှိ ထိုင်ခုံမှ ထလာပြီး မိုယက်စ်ကို အော်ဟစ်ကြိမ်းမောင်းနေသလို ၎င်းကို လုံခြုံရေးများ ဆွဲထုတ်သွားချိန်အထိ ဆက်လက် အော်ဟစ်နေခဲ့သည်ကို တွေ့ရသည်။ စတန်းဖို့ဒ် ပွဲကြည့်စင်တွင် ရှိနေသည့် မန်နေဂျာဟောင်း

Nok Air လေကြောင်း မဲဆောက်-မော်လမြိုင် ခရီးစဉ်ရပ်နား မော်လမြိုင်၊ မတ် ၂၅ ထိုင်း...

Nok Air လေကြောင်း မဲဆောက်-မော်လမြိုင် ခရီးစဉ်ရပ်နား မော်လမြိုင်၊ မတ် ၂၅ ထိုင်းနှင့် မြန်မာနယ်စပ် မဲဆောက်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တိုက်ရိုက် ပြေးဆွဲနေသည့် Nok Air လေကြောင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် အချိန်မှ ငါးလအကြာ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း မော်လမြိုင် အခြေစိုက် သက်ဆိုင်ရာ လေယာဉ် လက်မှတ် ဝန်ဆောင်မှု လုပ်ငန်းအချို့ထံမှ သိရသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစပြီး နေ့စဉ် စတင်ပြေးဆွဲခဲ့ သည့် Nok Air မဲဆောက်-မော်လမြိုင် ခရီးစဉ်သည် လိုက်ပါစီးနင်းသူ ခရီးသည် နည်းပါးခြင်းကြောင့် ရပ်နားသွားသည်ဟု မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။ “ခရီးစဉ် ရပ်နားလိုက်ပါပြီ။ စီးပွားရေးအရ မကိုက်လို့ ရပ်နားလိုက်တာ ဖြစ်မှာပါ။ ခရီးသည်မှ မရှိတော့တာ သူတို့က အချိန်မှန်မှန်ဇယားနဲ့ ပြေးဆွဲတာ မဟုတ်ဘူး။ စင်းလုံးငှားနဲ့ဆိုတော့ စင်းလုံးငှားမယ့်လူ မရှိဘူးဆိုတော့ နားရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ သို့သော်လည်း မော်လမြိုင်လေဆိပ် ပြုပြင်မှုအပိုင်း အားနည်းချက် ရှိနေသည့်အတွက် Nok Air လေကြောင်းလိုင်း ပြေးဆွဲမှု ရပ်ဆိုင်းလိုက်ခြင်

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ယနေ့ဆန္ဒပြမည် ရန်ကုန်၊ မတ် ၂၅ ရခိုင်ပြည်နယ် စစ်တွေ၊...

ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ယနေ့ဆန္ဒပြမည် ရန်ကုန်၊ မတ် ၂၅ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dahaka Tribune သတင်းဌာနက ရေးသားဖော်ပြချက်ကို ကန့်ကွက်သည့် အနေနှင့် ရခိုင်တိုင်းရင်းသားများ အပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများက ယနေ့ (မတ်လ ၂၆ ရက်နေ့) တွင် မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးအရှေ့၌ ဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ဦးဖိုးသားက ပြောကြားသည်။ Dahaka Tribune သတင်းဌာနက ရေးသားဖော်ပြချက်ကို ကန့်ကွက်ခြင်းနှင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုရန်တို့အတွက် ဆန္ဒပြခြင်းဖြစ်ပြီး လူဦးရေ အနည်းဆုံး နှစ်ထောင်ခန့် ပါဝင်နိုင်ကြောင်း ၎င်းကဆိုသည်။ “အခုဆန္ဒပြတာက ရခိုင်တစ်ခုတည်း မဟုတ်ဘူး။ တိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်မယ်” ဟု ဦးဖိုးသားက ပြောဆိုသည်။ Dahaka Tribune သတင်းဌာနက မတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့သည့် ‘ရခိုင်ပြည်နယ်တွင် လူထုဆန္ဒခံယူမှု လုပ်ရန်လိုပြီလား’ အမည်ရ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင
တစ်သက်တာ စာပေဆုကြေးငွေများ လာမည့်နှစ်၌ တိုးမြှင့်ချီးမြင့်နိုင်ဖွယ်ရှိ myanmar.mmtimes.com တစ်သက်တာ စာပေဆုအပါအ၀င် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုကြေးငွေများအား ယခုနှစ်တွင် ထပ်မံမတိုးပေးနိုင်သော်လည်း လာမည့်နှစ်များတွင် ဆတိုးချီးမြင့်နိုင်ရန် ဆောင်ရွက် သွားမည်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။ from The Myanmar Times's Facebook Wall http://ift.tt/1iyTQ2S
Timeline Photos Harrison's Cardiovascular Medicine 2/E |PDF |2014 http://ift.tt/1jtmTbG http://ift.tt/1jtmRAr from Myanmar Medical Community's Facebook Wall http://ift.tt/OYKOBN
Timeline Photos Principles and Practice of Surgery, 6th Edition | PDF | 2012 http://ift.tt/OYKOBF http://ift.tt/1jtmTbA ebooksmedical.com from Myanmar Medical Community's Facebook Wall http://ift.tt/OYKQcN
Timeline Photos CURRENT Medical Diagnosis and Treatment 2014 | PDF | 2014 http://ift.tt/OYKOle http://ift.tt/OYKPWr http://ift.tt/OYKOlg Thanks to http://ift.tt/1jtmTbu from Myanmar Medical Community's Facebook Wall http://ift.tt/OYKO4M
Timeline Photos 250 Cases in Clinical Medicine, 4th Edition | PDF | 2012 http://ift.tt/1jtmR3B http://ift.tt/OYKPWj Thanks to http://ift.tt/1jtmR3D from Myanmar Medical Community's Facebook Wall http://ift.tt/OYKOl8
Timeline Photos All Pretest books in one FOLDER 27 BOOKS http://ift.tt/OYKO4G from Myanmar Medical Community's Facebook Wall http://ift.tt/1jtmR3v

၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁...

၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jtmqpY