Skip to main content

ယာဉ်ချောက်ထဲကျ သော်လည်း ကလေးငယ် သစ်ပင်တွင်ချိတ်ကျန်ကာ အန္တရာယ်ကင်း





နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာရရှိခဲ့သော အလောင်းတော်ကဿပ ဘုရားဖူးယာဉ်ချောက်ထဲကျမှု တစ်နှစ်သားကလေးငယ် သစ်ပင်တွင် ချိတ်ကျန်ကာ အန္တရာယ်ကင်းလွတ်

ရန်ကုန်၊ မတ်၂၅


နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာ ရရှိခဲ့သော အလောင်းတော် ကဿပဘုရား ဖူးဒိုင်နာကား မှောက်မှုတွင် ပါဝင်ခဲ့သူ တစ်နှစ်အရွယ်ကလေးငယ်မှာ အန္တရာယ် မှ လွတ်မြောက်သွားကြောင်း မျက်မြင် တွေ့ရှိခဲ့ရသူ ဒါရိုက်တာ ဦးစိုးဟိန်း (မန်း တက္ကသိုလ်)က ဏသစကူမေ နြတျ သို့ ပြော သည်။


မန္တလေးမြို့၊ အမရပူရမှ အလောင်း တော် ကဿပသို့ ဘုရားလာဖူးပြီးအပြန် တွင် မတ်လ ၂၄ ရက်နေ့ ညနေခင်း၌ လူ ၂၆ ဦး ပါကား ချောက်ထဲသို့ အရှိန်လွန် ထိုးကျသွားခဲ့သော်လည်း ထိုကလေးသည် သစ်ပင်ပေါ်တွင် ချိတ်နေပြီး သေဘေးမှ ထူးဆန်းဖွယ်ရာ လွတ်မြောက်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူ ၄င်းက ဆက်ပြောသည်။


''ကလေးက သူ့ကိုပတ်ထားတဲ့ ခြုံ စောင်နဲ့ ပုခက်လို အပင်မှာချိတ်နေခဲ့တယ်'' ဟု ၄င်းကထပ်လောင်းပြောကြားသည်။ အဆိုပါဒိုင်နာယာဉ် တိမ်းမှောက်သွားပြီး နောက် ယာဉ်ပေါ်ပါနှစ်ဦးက အကူအညီ ထွက်တောင်းစဉ် ရွှေဆံပင်၊ ရွှေမေတ္တာ လမ်းတံတားဖွင့်ပွဲ တက်ရောက်ကြမည့် ရွှေ ဆံပင် ရွှေမေတ္တာလမ်းတံတားအကျိုး ဆောင်အဖွဲ့၊ သံဃာများနှင့် အနုပညာရှင် များ၏ဘုရားဖူးပြန်ကားတန်းနှင့် တွေ့ဆုံ သဖြင့် အချိန်မီကယ်တင် ကူညီမှုပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။


''ချောက်ထဲဆင်းပြီး တော်တော် လေး ခက်ခက်ခဲခဲကယ်တင်ခဲ့ကြရတယ်'' ဟု ကယ်တင်ခဲ့သူတစ်ဦးက ပြောသည်။


ကားသည် ယင်းမာပင်ခရိုင် ကပိုင် မြို့နယ်အတွင်း နတ်ထိပ်မရောက်မီပြာပုံ တောင်အဆင်းလမ်း ညာဘက်ခြမ်းရှိ လူ တစ်ရပ်ကျော် မြေသားကမ်းပါးယံကိုကျော် လွန်ကာ တစ်ရှိန်ထိုးဆင်းသွားပြီး ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သူတို့ ကို ရွှေဆံပင်၊ ရွှေမေတ္တာလမ်း တံတားဖွင့် ပွဲသွား အနုပညာရှင်များ၏ဘုရားဖူးကား များပေါ်သို့ တင်ဆောင်ကာ ဆေးရုံသို့ သွားပို့စဉ် တောင်ပေါ်သို့ ပထမဦးဆုံးတက် လာခဲ့သော စေတနာရှင် လူမှုကူညီရေး အဖွဲ့(ပေါက်ဝကျေးရွာ)ကားနှင့် တွေ့ သဖြင့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာတို့ကို လွှဲပြောင်းတင်ပေးလိုက်ကြောင်း နှင့် ကျန်လူနာများကို ကပိုင်တိုက်နယ် ဆေးရုံသို့ အဖွဲ့က ပို့ပေးခဲ့သည်ဟု သရုပ် ဆောင်ဦးထူးသာထံမှ သိရသည်။


ယင်း နောက် ဒေသခံပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များမှ လူနာတင်ကားများ ထပ်မံရောက်ရှိလာပြီး လူနာများကို ကပိုင် တိုက်နယ်ဆေးရုံမှ မုံရွာဆေးရုံသို့ ဆက် လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


Popular Myanmar News Journal















from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1gAovOE

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...