Skip to main content

Posts

Showing posts from March 11, 2015

သည်းခြေကျောက်ကို သဘာဝနည်းနဲ့ ဖယ်ကြည့်နိုင်မယ့် ဖျော်ရည်များ

သည်းခြေအိတ် ဆိုတာက အသည်းရဲ့နောက်မှာ ရှိနေတဲ့ သစ်တော်သီးပုံစံ အိတ်ကလေးပါ။ သူကနေ ထုတ်ပေးတဲ့ သည်းခြေရည်ကတော့ စားလိုက်တဲ့ အစာတွေကို ကူညီခြေပေးပါတယ်။ ခြေပေးရင်းနဲ့ သည်းခြေရည်နဲ့ မကျေသေးတဲ့ တချို့အရာတွေ ရောသွားပြီး သည်းခြေကျောက် တည်တာမျိုး ဖြစ်တတ်ပါတယ်။ ဗိုက်နာလာမယ်။ နောက်ကျောတွေ ပုခုံးတွေ နာလာမယ် ဆိုရင် ရောဂါလက္ခဏာ စပြလာတာပေါ့။ နာတာကနေ မအီမသာ ဖြစ်ပြီး အန်လာမယ်၊ အစာမကြေဖြစ်ပြီး နာလာမှာပေါ့။ ဆေးရုံသွား စစ်ဆေးကုသသင့်တဲ့ အခြေအနေမျိုးပေါ့။ မသွားအားသေးခင် သဘာဝ ဆေးမြီးတိုလေးတွေနဲ့ သက်သာနိုင်မယ့် နည်းလေးတွေလဲ သုံးစွဲနိုင်ဖို့ ကျနော်တို့ ကျန်းမာရေးသတင်းများပေ့ခ်ျကနေ မျှဝေလိုက်ပါတယ်။ တချို့နည်းတွေကတော့ တော်တော်လွယ်ပြီး တချို့နည်းတွေကတော့ ပစ္စည်းစုံအောင် ရှာဖို့ နည်းနည်း လက်ဝင်မှာပေါ့နော။ (တချို့ပစ္စည်းပုံတွေတော့ မှတ်ရလွယ်အောင် ဓာတ်ပုံတွေ တွဲတင်ထားပါတယ်) (၁) သံပုရာဖျော်ရည်တဲ့။ အရသာတော့ နည်းနည်းပြင်းမယ်။ ဗိုက်ထဲ ဘာမှ မရှိတဲ့အချိန် တစ်နေ့ကို လတ်လတ်ဆတ်ဆတ် သံပုရာသီး ၄ လုံး ညှစ်ထားတာ သောက်ရမှာပါ။ ဒီနည်းကို တပတ်တိတိ ဆက်လုပ်သွားရမှာပါ။ ဒါဟာ သည်းခြေကျောက်တွေကို ကူညီဖယ်ရှားပေးနိုင်မယ့်နည်းပါပဲ။ ရေသာ ခပ်များများ

ဆေးစွမ်းထက်သော သဘာဝမြင်းခွါရွက်ဖျော်ရည်

မြင်းခွါရွက်ဟာ သဘာဝကပေးထားတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ အရှေ့တိုင်းဆေးနည်းများ၊ အနောက်တိုင်းဆေးနည်းများမှာလည်း မြင်းခွါရွက်၏ ဆေးဖက်ဝင်ပုံများကို ရေးသားဖော်ပြနေကြပါတယ်။ မြင်းခွါရွက်ကို အင်္ဂလိပ်လို Asiatic Pennywort သို့မဟုတ် Indian Pennywort လို့ခေါ်ပြီး ရုက္ခဗေဒလို Centella asiatica လို့ခေါ်ပါတယ်။ တရုတ်တိုင်းရင်းဆေး၊ အိန္ဒိယတိုင်းရင်းဆေးတို့မှာလည်း တွေ့နိုင်ပါတယ်။ မြင်းခွါရွက်၏ ဆေးဖက်ဝင်ပုံများ (၁) ဉာဏ်ကောင်းစေခြင်း၊ မျက်စိအမြင်အာရုံအားကောင်းစေခြင်း၊ အာရုံကြောများ အားကောင်းစေခြင်း၊ ကျား၊မ ဟော်မုန်းဓါတ်မြင့်တက်စေခြင်း၊ အစာကြေလွယ်စေခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ ခွန်အားကို တိုးပွါးစေခြင် စသည်တို့ဖြစ်ပါတယ်။ သဘာဝမြင်းခွါရွက်ဖျော်ရည် လုပ်နည်း (၁) ပုံပါအတိုင်း မြင်းခွါရွက်ကို ရေစင်ဆေး၊ အနည်းငယ်လှီးဖြတ်၊ ဘရန်ဒါကြိတ်စက်နဲ့ ကြိတ်။ ကြိတ်စက်မရှိက ထု၊ ထောင်းပါ။ (၂) ကြိတ်ဖတ်ကို အ၀တ်သန့်သန့်ထဲထည့်၍ အရည်ညစ်ယူပါ။ (၃) မြင်းခွါရွက်ရည်ထဲကို ပျားရည်ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်၊ သဘာဝသကြားညို လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ထည့်မွှေထားပါ။ (၄) ရေခဲသေတ္တာထဲ နာရီဝက်ခန့် အေးအောင်ထည

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့်အအေးစာလေးများ

လူသားတစ်ယောက် အတွက် ကိုယ်တွင်း အပူချိန်ဟာ ပျှမ်းမျှ၉၈ဒသမ၆ ဒီဂရီဖြစ်ပြီး ရာသီ ဥတုပေါ်မူတည်၍ ၄င်းပမာဏ ထက် အပူချိန် အတက်အကျ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ ကိုယ်တွင်းအပူများတာကို ဆေး ပညာလောကမှာ 'ံHeat Stress' လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်း အပူ ချိန်က သူ့အလိုလိုအေးသွားတာမျိုး မရှိတတ်ပါဘူး။ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာ ခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက် ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင် ပါတယ်။ ရေခဲရည်များ၊ ရေနွေး-စွပ် ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူ ထဲ အချိန်အကြာကြီးသွားလာခြင်း၊ ငရုတ်သီး-ချင်း-မျှစ်ချဉ်-ငရုတ် ကောင်း-ပတဲကောစတဲ့ ပူပူလောင် လောင် အစပ်တွေစားခြင်း၊ ရေ သောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့(အထူး) ရှောင်ကြဉ်ပေးရမယ့် အစားအ သောက်တွေဖြစ်ပါတယ်။ ခန္ဓာ ကိုယ်တွင်း အပူငြိမ်းအေးစေဖို့အ တွက် အဓိကဆေးကတော့ ရေဝဝ သောက်၍ တစ်နေ့ကို ရေနှစ်ကြိမ် ချိုးပေးခြင်းပါပဲ။ (မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေ ပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူ ဓာတ်များသူ

အပူနှင့်အပူလွန်ကဲခြင်းဒဏ်ကို ကာကွယ်ရန်နည်းလမ်း

အပူနှင့်အပူလွန်ကဲခြင်းဒဏ်ကို ကာကွယ်ရန်အတွက် နည်းလမ်း များစွာထဲမှတချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ ပူပြင်းသော ရာသီဥတုတွင် အပြင်ထွက်၍ အလုပ်လုပ်ရခြင်း ကြောင့် ကုန်ဆုံးသွားသောစွမ်းအင် များပြန်လည်ဖြည့်တင်းရန် တစ်နေ့ လျှင် အရည်ရှစ်လီတာမျှ သောက် သုံးပေးသင့်သည်။ ကာဗွန်ပါ သော ဖျော်ရည်များနှင့် ဘီယာ များသည် ခန္ဓာကိုယ်ရှိ ရေဓာတ် အားသည် ပြန်လည်အစားထိုးဖြည့် ဆည်းပေးခြင်းမရှိနိုင်သကဲ့သို့ Alcohol ပါသောအရည်များသည် ခန္ဓာကိုယ်ရှိရေဓာတ်ကုန်ခန်းခြင်းကို ပို၍ဖြစ်ပေါ်စေနိုင်ပါသည်။ 100 PLUS ကဲသို့သော ရေဆာရေငတ် ပြေစေနိုင်သော Sport Drink များသည် ခန္ဓာကိုယ်ရှိကုန်ဆုံးသွား သောစွမ်းအင်များကို နဂိုအတိုင်း ပြန်လည်ဖြည့်ဆည်းပေးရန်၊ ကူညီ ပေးရန် နည်းစနစ်တကျထုတ် လုပ်ထားသော အသင့်လျော်ဆုံး အရည်အတွက်ပါဝင်သော Soprt Drink ဖြစ်သည်။ 100 PLUSE သည် ခန္ဓာကိုယ်အတွက်လိုအပ် သောအာဟာရများကို ပြန်လည် ဖြည်းဆည်းနိုင်သော Glucose/Sucrose စသည့်သကြားဓာတ်တို့ ကိုဖြစ်ပေါ်စေသည့် အရည်များနှင့် ပေါင်းစပ်ထားသည်။ ခန္ဓာကိုယ် အတွက်လိုအပ်သော ရေဓာတ်အား ရိုးရိုးရေကို သောက်သုံးခြင်းထက် ကုန်ဆုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန်အထူး ထုတ်လုပ်ထား