Skip to main content

Posts

Showing posts from January 7, 2015

အမျိုးသမီးအတွက် နေ့စဉ် စားသုံး ပေးသင့်သော အစားအစာ ငါးမျိုး

အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။ (၁) သင်္ဘောသီး လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများ ပါတယ်။ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကောင်းကြောင်း တွေ့ရတယ်။ ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။ (၂) လျှော်စေ့ မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ သို့သော် သိပ္ပံပညာရှင်များက အီစတြိုဂျင် ဟော်မုန်းဓာတ်ပေါင်း ကြွယ်ဝတဲ့ ဤအနီရောင် အစေ့များဟာ ရင်သားကင်ဆာ ကာကွယ်ရေး လက်နက်ကောင်း တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ရင်သားကင်ဆာ ရှိတဲ့ အမျိုးသမီးရဲ့ အစာထဲမှာ လျှော်စေ့ ဖြည့်စွက်ပေးရင် ကင်ဆာကို ထိရောက်စွာ ဟန့်တားနိုင်တယ်လို့ ဆိုတယ်။ လျှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်

ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။ သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။ လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ

Microgynon 30 ED ကိုယ်ဝန်တားဆေး

၁။ ကျွန်မက Microgynon ED ဆိုတဲ့ သန္ဓေတားဆေးသောက်ပါတယ်။ ပြဿနာက ကျွန်မက အားဆေးနောက်ဆုံး ၂ လုံးလောက် (သို့) ၁ လုံးလောက် ကျန်တဲ့အချိန်မှ ရာသီလာပါတယ်။ အဖြူပြန်သောက်ရင် ရာသီမလာဘူးဆိုလို့ ရာသီလာပြီးချိန်ထိ စောင့်ပြီးမှ ဆေးအဖြူ ပြန်သောက်ပါတယ်။ အဲတာမှန်ပါသလား။ အခု ၂ လ ရှိပြီ ရာသီ အလွန် နည်းပါတယ်။ ကျွန်မသားကို ဗိုက်ခွဲပြီးမွေးပါတယ်။ ၆ လ ရှိပါပြီ။ နို့မတိုက်တော့ပါ။ ကိုယ်ဝန်မရှိခင်တုန်းက အဲဒီဆေး သောက်တာ သွေးတိုးဖူးပါတယ်။ ၂။ ကျမအသက်က ၃၁ နှစ်ပါ။ တားဆေးက microgynon ED ပါဆရာ။ ကာမစိတ်ကရာသီလာပြီးနောက်ပိုင်းမှမရှိတာပါ။ ခင်ပွန်းနဲ့ လက်ပွန်းတတီးနေပေမယ့်လည်း အင်္ဂါစိုစွပ်မှုမရှိဘူးဆရာ။ ဆေးကြောင့်ပဲဖြစ်တာလား။ မေးခွန်း (၂) တားဆေးကြောင့်ဖြစ်နိုင်ပါတယ်။ အမျိုးအစားပြောင်းသင့်ပါတယ်။ ပြန်ကောင်းလာပါမယ်။ Libido in Women အမျိုးသမီး စိတ်နည်းနေခြင်းကိုပို့လိုက်ပါတယ်။ Microgynon 30 ED ကိုယ်ဝန်တားဆေးမှာ Ethinylestradiol နဲ့ Levonorgestrel ခေါ်တဲ့ဟော်မုန်း ၂ မျိုးတွဲပါတယ်။ Oestrogen နဲ့ Progesterone ဟော်မုန်းတွေကို ဓါတ်ခွဲခန်းမှာထုတ်လုပ်ထားတာဖြစ်တယ်။ Monophasic pill အမျိုးအစား တားဆေးဖြစ်တယ်။ မျိုးဥမထွက်စေဘဲ၊ မျိုးဥထွက်ပြီးသေ

အဖျားရောဂါနဲ့ ဓာတ်စာ

ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။ ဖျားနာချိန် ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။ အဖျားဆေးများ တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအစာ တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အကော

နားသန့်ရှင်းရေး လုပ်ရန် သိထားသင့်သော အချက် (၇) ချက်

မိခင် အတော်များများက မိမိတို့၏ သားသမီးများကို မကြာခဏ နားသန့်ရှင်းရေး လုပ်ဆောင်ပေးသည်ကို မြင်ဖူး၊ ကြုံဖူးကြပေမည်။ ထိုနားသန့်ရှင်းရေးကို ဘာကြောင့် လုပ်ဆောင်ရသည်၊ နားကိုမည်သို့ သန့်ရှင်းအောင် လုပ်ရမည်ကို သိထားသင့်သည်။ (၁) နားသန့်ရှင်းရေး ဘာကြောင့်လုပ်ရသလဲ။ - နားမသန့်ရှင်းသူသည် မိမိကိုယ်ကိုယ် ညစ်ပတ်သူအဖြစ် ပေါ်လွင် ထင်ရှားစေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုမစိုက်သူဖြစ်သည်။ (၂) နားသန့်ရှင်းရေး လုပ်ရန် ဘယ်သူတွေ လိုအပ်သလဲ။ - နား၏ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်မည်ဆိုပါက ကျွမ်းကျင် ပညာရှင်များ မလိုအပ်ဘဲ မိသားစုဝင် အချင်းချင်း ကူညီပေးစွမ်း နိုင်သည်။ သို့သော် နား၏ အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်မည်ဆိုပါက အန္တရာယ် ရှိသည့်အတွက် ကျွမ်းကျင်သူများနှင့် ပြသ လုပ်ဆောင်သင့်သည်။ (၃) နားသန့်ရှင်းရေးကို ဘယ်အချိန် လုပ်သင့်သလဲ။ - နား၏ အရေပြားလေးများသည် ရေချိုးပြီးချိန်တွင် နူးညံ့နေချိန် ဖြစ်သောကြောင့် သန့်ရှင်းရေး လုပ်ရန် ကောင်းသောအချိန် ဖြစ်သည်။ သို့သော်ရေချိုးချိန် မဟုတ်သော်လည်း ရေနွေးဖြင့် နားသန့်ရှင်းရေး လုပ်ဆောင်နိုင်သကဲ့သို့ ရေကူးပြီးချိန် များတွင်လည်း ပြုလုပ်နိုင်သည်။ အနည်းဆုံး တစ်နေ့ တစ်ကြိမ် သန့်ရှ