Skip to main content

Posts

Showing posts from April 7, 2015

လည်တိုင်အသားအရေလှပစေရန်

(၁)လည်တိုင်တွင် အစက်အပြောက် များရှိနေပါက ဆေးဖက်ဝင်အသား အရေသစ်ဆေးဖြင့် (၁)ပတ် (၁) ကြိမ် ပုံမှန်ဆေးပေးရပါမည်။ (၂)လည်တုံ၊ဘယက်၊ ဆွဲကြိုးကဲ့သို့ လည်တိုင်အလှဆင် လက်ဝတ်ရတနာ တို့သည် လည်ပင်းမည်းနေသည့် နေရာကို ဖုံးလွှမ်းစေပါသည်။ သို့သော် စိုထိုင်းဆများသောနေ့များတွင် မဝတ်ဖို့ အထူးဂရုစိုက်ရမည်။ အကယ်၍ ဝတ်မှြ ဖစ်မည့်အနေအထားမျိုးဆိုလျှင် ကြွေ၊ ပုလဲတို့ကို ရွှေ၊ ငွေ၊ နစ်ကယ်နှင့် ခတ်ထားသော အဆင်တန်ဆာများ ကို ရွေးချယ်သင့်သည်။ (၃)မျက်နှာတွင် မိတ်ကပ်ကို လိမ်း သော်လည်း လည်တိုင်ကိုမူ Foun-dation သာ မေးရိုးအထိ လိမ်းပါ။ မျက်နှာနှင့်လည်ပင်းအရောင် သိသိ သာသာကွဲလွဲမှု မဖြစ်စေရန် မျက်နှာ အသားအရောင်နှင့် ဆင်သည့်Foun-dation ကို ရွေးချယ် သုံးပါ။ (၄)လည်တိုင်တွင် ရေမွှေးသုံးခြင်း သည် နေရောင်ထဲ ထွက်သည့်အခါ တွင် ယားယံစူးရှသလို ခံစားရစေပြီး မိမိအရေပြား၏ Type ပေါ်မူတည် ၍ အစက်အပြောက်များ ဖြစ်စေ တတ်သည်။ သို့ဖြစ်၍ နေရောင်မကျ နိုင်သောနေရာများ ဥပမာ သွေးခုန် တတ်သည့် လက်ကောက်ဝတ်၊တံ တောင်ဆစ်အတွင်းပိုင်း၊ ဒူးနောက် နှင့် အတွင်းခံအဝတ်အတွင်းသို့ ဂွမ်း စကလေးဖြင့် ဆွတ်၍ လိမ်းပေးပါ။ (၅)ရေသောက်နှုန်းနည်းလျှင် လည် တိုင်အသားအရေကို ခြောက်သွေ့၊ြ

လက်သည်းဖျက်ဆေးနဲ့ လက်သည်းကျန်းမာရေး

လက်သည်းဖျက်ဆေး မသုံးဘူး တဲ့ မိန်းကလေးကတော့ ခုခေတ်မှာ မရှိသလောက်ပါဘဲ။ လက်သည်းဖျက် ဆေးသုံးပြီးရင် လက်သည်းတွေ ခြောက်သွေ့၊ဖြူပြီး ကျန် ခဲ့တတ်လား။ ကျန်ခဲ့တယ်ဆိုရင်တော့ သင်သုံး နေတာ acetone ပါဝင်တဲ့ လက် သည်းဖျက်ဆေးပါပဲ။ Acetone ပါဝင်တဲ့ လက်သည်းဖျက်ဆေးက ကောင်းလား၊ ကောင်းလားလို့ မေး ရင်တော့ ကောင်းကျိုးဆိုးကျိုး နှစ်မျိုး စလုံး ရှိတယ်လို့ပဲဖြေရပါမယ်။ ကောင်းတာက - acetone ပါတဲ့ လက်သည်းဖျက်ဆေးတွေက လက် သည်းဆိုးဆေးအရောင်ရင့်ကြီးတွေ ကိုတောင် အလွယ်တကူဖျက်ပေး နိုင်ပါတယ်။ အကြိမ်များစွာ ပွတ်ဖျက် စရာမလိုဘဲ တစ်ခါ နှစ်ခါ တိုက်ပွတ်ရုံ နဲ့လက်သည်းဆိုးဆေး အရောင်ရင့် ကြီးတွေကို အလွယ်တ ကူပျက်စေနိုင် ပါတယ်။ တစ်ခါသုံးလျှင် နည်းနည်းပဲ သုံးရတဲ့အတွက် ကာလကြာရှည်သုံး နိုင်ပါတယ်။ လက်သည်းတုတွေ တပ် ဆင်ရာမှာလည်း ယင်းက ပိုမိုအဆင် ပြေစေပါတယ်။ ဆိုးတာက - acetone လက်သည်း ဖျက်ဆေးက နည်းနည်းပြင်းတဲ့အ တွက် လက်သည်းပေါ်မှာရှိတဲ့သဘာ ဝအဆီတွေကို ဖယ်ရှားပစ်ပြီး လက် သည်းကို ခြောက်သွေ့စေပါတယ်။ လက်သည်းပေါ်မှာ အဖြူရောင်တွေ ကျန်စေတဲ့အတွက် မဖြစ်မနေ လက် သည်းနောက်တစ်ကြိမ်ဆိုးပြီး ဖုံးပေး ရပါတယ်။ လက်သည်းကို ခြောက် သွေ့ပြီး ကျိုးလွယ်စေပါတယ်။ Aceton

အစွန်းချွတ်ဆေးများကြောင့် ကလေးငယ်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်

ကျန်းမာရေး၊ ဧပြီ (၅) အစွန်းချွတ်ဆေးကို မီးဖိုချောင်နှင့်ရေချိုးခန်းထဲတွင် လွန်စွာအားကိုးရသော ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သော် လည်း ကလေးသူငယ်များ တိုက်ရိုက်ထိတွေ့ မိလျင် ကူးစက်ရောဂါများ ပိုမိုလွယ်ကူစွာဖြစ်ပွားစေသည့် ကျန်းမာရေး ပြဿနာ ရှိနေကြောင်း နယ်သာလန်၊ ဖင်လန်နှင့် စပိန် နိုင်ငံတို့ မှ ပူးပေါင်းသုတေသီများက ဆိုသည်။ အစွန်းချွတ်ဆေးများကို ပုံမှန်သုံးစွဲလေ့ရှိသော အိမ်၊ကျောင်း စသည့်နေရာများတွင် ကလေးသူငယ်များကို တုပ်ကွေး ရောဂါကူးစက်ခြင်း၊ အာသီးယောင်ခြင်း နှင့် အခြားကူးစက်ရောဂါများဖြစ်ပွားမှုနှူန်းမှာ အစွန်းချွတ်ဆေးနှင့် မထိတွေ့  ရသည့် ကလေးငယ်များနှင့် နှိုင်းစာလျင် အလွန်များပြားနေသည်ကို တွေ့ ရကြောင်း သုတေသီတစ်ဦးက ပြောပြ သည်။ အစွန်းချွတ်ဆေးနဲ့  ထိတွေ့ မိရင် ကလေးတွေရဲ့  ကိုယ်ခံအားက လျော့နဲသွားနိုင်ပါတယ်။ ဒါကြောင့် ကူးစက်မှုတွေ ကလည်း ပိုလာတာပါ။ အမှတ်တမဲ့ဆိုရင် မသိသာတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေ က မသိနားမလည်ဘဲ အစွန်းချွတ်ဆေးကို သုံးမြဲသုံးနေမယ်ဆိုရင် အခြား ကျန်းမာရေးအားနဲချက်တွေ တစ်ခုပြီး တစ်ခု ပေါ်လာမှာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ လူတွေက ကြော်ငြာတွေကိုယုံပြီး အိမ်ထ

အိုင်းလိုင်နာကို အတွင်းထဲထိလိမ်းလျင် အမြင်အာရုံဆိုင်ရာ ဝေဒနာ ဖြစ်ပေါ်နိုင်ခြေ မြင့်မား

ကျန်းမာရေး(၂) ဧပြီ (၅) မျက်လုံးမျက်ခုံးခြယ်သသော အမျိုးသမီးများအနေဖြင့် အိုင်းလိုင်နာကို မျက်လုံးအတွင်းထဲအထိ ခြယ်သလျင် မျက် လုံးထဲ ပိုးဝင်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုေ၀၀ါးခြင်း ကဲ့သို့  အမြင်အာရုံဆိုင်ရာ ဝေဒနာ အမြောက်အများကို ခံ စားရနိုင်ကြောင်း ကနေဒါနိုင်ငံ သုတေသီများက ကမ္ဘာတွင်ပထမဆုံးအကြိမ် အိုင်းလိုင်နာများကြောင့် မျက်လုံး ကျန်း မာရေး ထိခိုက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်မှ မျက်ကပ်မှန်အန္တရယ်ဆိုင်ရာ သုတေသီများအဖွဲ့ က လေ့လာတွေ့ ရှိချက်အရ အိုင်းလိုင်နာဆွဲပြီးသည့်နောက် ယင်းအမှုန်များသည် နောက်ထပ် ၂ နာရီအတွင်း မျက်ကြည်လွှာကို ယားယံနာကျင် စေပြီး ကာယကံရှင်က မခံမရပ်နိုင်သည့်အဆုံး ပွတ်ဆွဲမိလျင် မျက်ကြည်လွှာ စုတ်ပြဲသွားနိုင်ကြောင်း၊ ထို့ အပြင် ပြင် ပ အမှုန်များကို ကာကွယ်ပေးသော မျက်ကြည်ရည်ကိုလည်း ခမ်းခြောက်သွားစေနိုင်ကြောင်း၊ အထူးသဖြင့် မျက် ကပ် မှန်လည်းတပ်၊ အိုင်းလိုင်နာကိုလည်း ချယ်၊ ချယ်သည့်အခါလည်း မျက်ခွံအတွင်းထဲအထိ ချယ်သသူများသည် မျက်စိစုံလုံးကန်းရန် အလားအလာ အလွန်များကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။ သုတေသီများသည် ခဲတံအိုင်းလိုင်နာကို မျက်ခွံအတွင်းသားအထ