Skip to main content

Posts

Showing posts from May 16, 2014

၅၉ (စ) မပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီ ဆန္ဒပြပွဲတွင် မ.ဘ.သ အဖွဲ့အပေါ် အထင်မှားစေသည်...

၅၉ (စ) မပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီ ဆန္ဒပြပွဲတွင် မ.ဘ.သ အဖွဲ့အပေါ် အထင်မှားစေသည့် အပြုအမူအချို့အား ဇလွန်မြို့နယ် မ.ဘ.သ က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် စီစဉ် ၅၉(စ)မပြင်ဆင်ရေး ဇလွန်ပြည်ခိုင်ဖြိုး ပါတီ၏ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေသည့် အပြုအမူအချို့ ပြုမူခဲ့မှုအပေါ် ဇလွန်မြို့နယ် မ.ဘ.သအဖွဲ့မှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေး တင်ပြသွားရန်ရှိကြောင်း ယင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။ ဇလွန်မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဆရာတော်ဦးသဒ္ဓမ္မ၀ံသက “ကြံ့ခိုင်ရေးကလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ မ.ဘ.သ က မပါပါဘူး။ မ.ဘ.သ နာမည်နဲ့ သာသနာ့အလံတွေကို မသုံးဖို့ ဒီဆန္ဒပြပွဲမစခင်မှာ ကြံ့ခိုင်ရေးက ဦးဆောင်သူကို ဦးပဉ္စင်းသွားတားခဲ့တယ်။ မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်ကြီး ကိုယ်တိုင်လည်း သက်ဆိုင်တဲ့ဌာနတွေကို အကြောင်းကြားပြီး တားခဲ့တယ်။ သူတို့က ဘုရားလှူတဲ့ကိစ္စကို ဒီဆန္ဒပြပွဲနဲ့ တွဲလုပ်သွားတယ်။ အဲဒါကြောင့် ပရိတ်အဖွဲ့တွေ၊ သာသနာ့အလံတွေကို သုံးသွားတော့ ထပ်ပြောဖို့ခက်သွားတယ်။ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှ သ

၂၀၁၄ ခုနှစ် လေးလအတွင်း နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ထိုင်းနိ...

၂၀၁၄ ခုနှစ် လေးလအတွင်း နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ် ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံခြားခရီးသွား တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး၊ နိုင်ငံအလိုက် ၀င်ရောက်မှုများတွင် ထိုင်းနိုင်ငံသား ခြောက်သိန်းကျော်ဖြင့် အများဆုံး ဖြစ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ နှုန်းထားအရ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၄ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသန်းဝင်ရောက်မည့် ခန့်မှန်းချက်မှာ ဖြစ်ပေါ်နိုင်ကြောင်း၊ မေ ၆ ရက်ထိပင် ခရီးသွားဧည့်သည်မှာ ၁ ဒသမ ၀၄ သန်းကျော်အထိ ၀င်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၀င်ရောက်လာခဲ့သော နိုင်ငံခြားခရီးသွားများတွင် ဂျပန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ စသည့်နိုင်ငံများနှင့် အမေရိကန်နိုင်ငံသား များမှလည်း သောင်းနှင့်ချီကာ ၀င်ရောက်မှု များပြားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အမေရိကန်တွေလည်း အ၀င်များလာတယ်။ ထိုင်းဘက်ကတော့ နှစ်စဉ်တိုးလာ နေတာပါပဲ” ဟု ပြောကြားသည်။ ပြည်ပခရီးသွား အများစုမှာ အလည်အပတ်အဖြစ် လာရောက်ခဲ့ကြခြင်းဖြစ်ပြီး စီးပွားရေးဆ

အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထ...

အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား ၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။ ယခင်နှစ်တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး ၁၀ လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်းနီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော် ပိုမိုထုတ်လုပ် ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှုမြင့်မား လျက်ရှိပြီး နှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့် အထက်ရှိကြောင်း သိရသည်။ ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လအတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။ အဆိုပါပမာဏမှာ

သမဝါယမ ဝန်ကြီးဌာန၏ တိုးမြှင့်ချေးငွေများ အောက်တိုဘာလတွင် ထုတ်ချေးမည် ရန်ကုန်၊ေ...

သမဝါယမ ဝန်ကြီးဌာန၏ တိုးမြှင့်ချေးငွေများ အောက်တိုဘာလတွင် ထုတ်ချေးမည် ရန်ကုန်၊ မေ ၁၆ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကျေးလက်ဒေသတွင် အသေးစား ချေးငွေများ ထုတ်ချေးနေသော သမဝါယမ ဝန်ကြီးဌာနက ချေးငွေ တိုးမြှင့်ချေးပေးရန် တင်ပြထားသော သမဝါယမ အသင်းများကို အောက်တိုဘာလတွင် စတင်ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။ သမဝါယမ ဝန်ကြီးဌာနက ချေးငွေအသုံးပြု၍ လုပ်ငန်း တိုးတက်လာသော အသင်းစုများကို လက်ရှိ ပုံမှန်ချေးနေသည့် ချေးငွေကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ တိုးမြှင့်ချေးမည် ဖြစ်ပြီး ချေးငွေတိုးချေးရန် တင်ပြထားသော အသင်းများကို စိစစ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။ ချေးငွေများ ထုတ်ချေးရာတွင် အမှန်တကယ် လိုအပ်နေသော ပြည်သူများကို ထုတ်ချေးရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ချေးငွေကျပ် ၁၄၅ ဘီလီယံကျော် ထုတ်ချေးခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ချေးငွေကျပ် ၁၉၀ ဘီလီယံကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာနက ကြေညာထားသည်။ from The Voice Weekly's Facebook Wall h

အသံမိုင်း ပေါက်ကွဲပြီး ၁၅ မိနစ်အကြာတွင် CB ဘဏ်ရှေ့ ထရန်စဖော်မာ ပျက်စီးနေမှုကို တေ...

အသံမိုင်း ပေါက်ကွဲပြီး ၁၅ မိနစ်အကြာတွင် CB ဘဏ်ရှေ့ ထရန်စဖော်မာ ပျက်စီးနေမှုကို တွေ့ရစဉ် လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်အနီး၌ အသံမိုင်းပေါက်ကွဲမှု from Eleven Media Group's Facebook Wall http://ift.tt/1ltGswK

အသံမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ် (၁) ဘေး အုတ်ရေမြော...

အသံမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ် (၁) ဘေး အုတ်ရေမြောင်းအား မေ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ် လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်အနီး၌ အသံမိုင်းပေါက်ကွဲမှု from Eleven Media Group's Facebook Wall http://ift.tt/1ltGsgi

လားရှိုးမြို့ CB ဘဏ်အနီး အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား မေ ၁၆ ရက်နံန...

လားရှိုးမြို့ CB ဘဏ်အနီး အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား မေ ၁၆ ရက်နံနက်ပိုင်းက ရှင်းလင်းနေစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်) လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်အနီး၌ အသံမိုင်းပေါက်ကွဲမှု from Eleven Media Group's Facebook Wall http://ift.tt/1ltGpRG

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ယနေ့နံနက်ပိုင်းက ရန်ကုန်မြ...

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသည့် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ" တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော ရုပ်သံဖိုင်ကို အောက်ပါ Link တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး... from Eleven Media Group's Facebook Wall http://ift.tt/1qK9L57
ဖွံ့ဖြိုးလာမယ့် ၆၆ လမ်း ဈေးကွက်(၁) myanmar.mmtimes.com လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က စတင်အခြေတည်ခဲ့တဲ့ မန္တလေးမြို့ရဲ့ မြို့သစ်ရပ်ကွက်ကြီး တွေ ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အခုအခါ လူကြိုက် များပြီး အခြေချနေထိုင်လိုသူတွေများတဲ့ လမ်း တွေ အစီအရီရှိနေပါတယ်။ အဲဒီအထဲမှာ တောင် မြောက်သွားလမ်း တစ်လမ်းဖြစ်တဲ့ ၆၆ လမ်း လည်း တစ်လမ်းအပါအ၀င်ပါပဲ။ from The Myanmar Times's Facebook Wall http://ift.tt/1qK7zuo

AFC Challenge Cup ပြိုင်ပွဲဝင် မြန်မာအသင်း၏ အပြီးသတ် လူစာရင်း ထုတ်ပြန် ရန်ကုန်၊...

AFC Challenge Cup ပြိုင်ပွဲဝင် မြန်မာအသင်း၏ အပြီးသတ် လူစာရင်း ထုတ်ပြန် ရန်ကုန်၊ မေ ၁၆ အာရှဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် AFC Challenge Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ အပြီးသတ် လူစာရင်းကို မေလ ၁၆ ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် လေ့ကျင့်ခဲ့သည့် မြန်မာအသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်အပြီးတွင် ယခုကဲ့သို့ အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ ဆားဘီးယားနိုင်ငံသား နည်းပြချုပ် အေဗရာမိုဗစ်ခ်ျ ထုတ်ပြန်ခဲ့သည့် အပြီးသတ် ကစားသမား စာရင်းမှာ ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ဗန်လားဟာရွယ်၊ နောက်တန်း- ရန်အောင်ဝင်း၊ သိန်းဇော်၊ ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ အောင်ဟိန်းကျော်၊ အောင်သိုက်၊ ခင်မောင်လွင်၊ အောင်ဇော်၊ ပြည့်ဖြိုးအောင်၊ အလယ်တန်း- မင်းမင်းသူ၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ ဒေးဗစ်ဒန်း၊ စည်သူအောင်၊ ရှေ့တန်း- ကျော်ကိုကို၊ ကောင်းစည်သူ၊ ရန်ပိုင်၊ ချစ

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း၍ နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန် လျော့ကျ ရန်က...

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း၍ နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန် လျော့ကျ ရန်ကုန်၊ မေ ၁၆ မြန်မာ့သစ်လုံးများ ပြည်ပသို့ တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းလိုက်ရာ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံဘက်သို့ တရားဝင် သစ်တင်ပို့ခြင်း မရှိခြင်းကြောင့် အဆိုပါ နယ်စပ်စခန်း၏ ပို့ကုန်ပမာဏမှာ လျော့ကျခဲ့ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။ ယခု၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စမှ မေလ ၉ ရက်နေ့အထိ တာချီလိတ်စခန်းမှ တရုတ်နိုင်ငံသို့ ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁ သန်းကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ နှစ်သန်းခန့် လျော့နည်းလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (နေပြည်တော်) မှ သိရသည်။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်သည် တရုတ်နိုင်ငံသို့ သစ်တင်ပို့မှု ဖြစ်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်လိုက်ခြင်းကြောင့် ယင်းသို့ ပို့ကုန်တန်ဖိုး လျော့ကျခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက ရှင်းပြသည်။ ပြည်ပသို့ သစ်အလုံးလိုက် တ

အခြေခံဥပဒေ ပြင်ဆင်ရန် ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်မည် ရန်ကုန်၊ မေ ၁၆ ၂၀၀၈ ဖွဲ့...

အခြေခံဥပဒေ ပြင်ဆင်ရန် ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်မည် ရန်ကုန်၊ မေ ၁၆ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွား ဧည့်လမ်းညွှန်များ အပါအဝင် ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေသူများ စုပေါင်း၍ မေလ ၃၁ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်မည့် ဝါရင့် ဧည့်လမ်းညွှန် ဒေါ်ချောချောကြေးမုံက ပြောကြားသည်။ ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေသူများမှာ နိုင်ငံရေးသမားများ မဟုတ်ဘဲ ပြည်သူတစ်ဦးတစ်ယောက် အနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံသည့် အနေဖြင့် ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းထံမှ ခွင့်ပြုမိန့် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ဟောပြောတာတွေ၊ ကြွေးကြော် လမ်းလျှောက်တာတွေ လုပ်မှာ မဟုတ်ဘူး။ ကျွန်မတို့ သတ်မှတ်ချက်ကို လက်ခံနိုင်တဲ့ လူဆို ဆန္ဒပြပွဲမှာ ပါဖို့ လက်ခံတယ်။ ကျောက်တံတား ရဲစခန်းမှာ ဒီကိစ္စအတွက် စုံစမ်းတော့ သူတို့က မြို့တော်ခန်းမရှေ့ကို မရဘူး၊ အမေရိကန်သံရုံးရှေ့ လုပ်ဖို့ ပြောတယ်” ဟု ၎င်းကဆိုသည်။ “၂၀၀၈ အခြေခံဥပဒေကို ချက်ချင်းပြင်ဆင်ပါ။ ခရီးသွားလုပ်ငန်းမှ ပြည်သူများ” ဟူသည့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ စာတန်းပ

ရွှေပဲဆီသန့် လောင်စာသိုလှောင်ရုံ မီးလောင် ရန်ကုန်၊ မေ ၁၆ လှိုင်သာယာမြို့နယ် စက်မ...

ရွှေပဲဆီသန့် လောင်စာသိုလှောင်ရုံ မီးလောင် ရန်ကုန်၊ မေ ၁၆ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရွှေပဲဆီသန့် စက်ရုံတွင် မေလ ၁၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က လောင်စာ သိုလှောင်ရုံအတွင်း လွှစာမှုန့်များ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ စက်မှုဇုန်၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းရှိ ရွှေပဲဆီသန့် စက်ရုံ၏ လောင်စာ သိုလှောင်ရုံရှိ လွှစာမှုန့်များကို အချိန်ကြာမြင့်စွာ သိုလှောင် ထားရှိခြင်းကြောင့် အပူအောင်းကာ လွှစာမှုန့်များ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး တစ်နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဂိုဒေါင်ကလုံပြီး အထဲမှာ လွှစာမှုန့်တွေကို အချိန်ကြာမြင့်စွာ သိုလှောင်ထားရာက အပူအောင်းပြီး မီးစလောင်တာ။ လွှစာမှုန့်တို့ ကောက်ရိုးတို့မှာ အပူဓာတ် ရှိတာကြောင့် လေလုံတဲ့ နေရာတွေမှာ အချိန်အကြာကြီး သိုလှောင်မယ် ဆိုရင် အပူမအောင်းအောင် အထက်အောက် လှန်ပေးရတာမျိုး၊ နေရာ ရွှေ့ပေးရတာမျိုး လုပ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ လောင်စာသိုလှောင်ရုံ မီးလောင်မှုကြောင့် စက်ရုံမန်နေဂျာ ဦးမြင့်သိန်

ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင်...

ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင် ၅၀ ခန့် လဲပြို မုံရွာ၊ မေ ၁၆ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ၁၅ မိနစ်ခန့် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော်ခန့် အမိုးလန်ခဲ့ပြီး ဓာတ်မီးတိုင် ၅၀ နီးပါးခန့် လဲပြိုခဲ့ကြောင်း လေပြင်းဒဏ် ခံခဲ့ရသည့် ဒေသခံများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူများထံမှ သိရသည်။ “လေကဖြတ်ပြီး တိုက်တာလည်း မဟုတ်ဘူး။ လေဆင်နှာမောင်း သဘောမျိုးပဲ။ အထက်ကို ဆွဲတင်သလို ခဏပဲ တိုက်သွားတာ။ ဒါကြောင့် အိမ်တွေ အမိုးလန်တာ များတာ။ တချို့ လေကြောင်းကျတဲ့ အိမ်တွေဆို ပြိုတာတို့၊ ဘာတို့ ရှိတာပေါ့။ လေကြောင်း မသင့်တဲ့ အိမ်ကျတော့လည်း ဘာမှကို မဖြစ်ဘူး” ဟု လေပြင်းဒဏ် ခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ လေကြောင်း အပြင်းဆုံးဒဏ် ခံရသည့် ကျေးရွာမှာ ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၇၄ လုံး အမိုးလန်သွားပြီး ဓာတ်တိုင်များ လဲပြိုမှု အများဆုံး ဖြစ်ခဲ့ကာ၊ မူလတန်းလွန်ကျောင်း အုတ်တံတိုင်းများလည်း ပြိုကျခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်

ပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးသည့် ပုဒ်မဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးထားသည် ပုဒ်မဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက် နံနက်က ရန်ကုန်မြို့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပြည်သူလူထုဆန္ဒရယူပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ "ပုဒ်မ ၄၃၆ဟာ တပ်မတော်သားတွေအတွက် အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မဖြစ်တယ်။ အထူးအခွင့်အရေး ရတယ်ဆိုတာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက် ကောင်းရဲ့လားလို့ မေးချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။ သူမက ဆက်လက်၍ "မှန်ကန်တဲ့ မာနသွေးရှိလိုက်စမ်းပါ။ အထူးအခွင့်အရေး မလိုချင်စမ်းပါနဲ့။ အထူးအခွင့်အရေး လိုချင်တာကိုက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာပဲ"ဟုလည်း ပြောကြားလိုက်သည်။ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်တို့က ဟောပြောခဲ့ကြပြီး လူဦးရေ တစ်သိန်းနီးပါး တက်ရောက်လာသည်။ သိင်္ဂီထွန်း Mizzima -

ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းသည့်ကိစ္စ ဗိုလ်ချုပ်ဂွမ်မော် ဖြေရှင်း

မြစ်ကြီးနား၊ မေ ၁၆ ကေအိုင်အေ တပ်ဖွဲ့ဝင်များက ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း ကိစ္စမှာ လက်ရှိ ကေအိုင်အို အဖွဲ့အစည်း၏ ခံယူချက်များကို ရှမ်းတိုင်းရင်းသားများအား ရှင်းပြနိုင်ခြင်း မရှိသည့် အနေအထားကြောင့် နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မေလ ၁၅ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းအတွင်း ဒေသခံလူထုနှင့် တွေ့ဆုံရာ၌ ဖြေရှင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ကေအိုင်အေမှ လူသစ် စုဆောင်းသည့်အပေါ် ရှမ်းလူမျိုးများက ပြစ်တင် ဝေဖန်နေခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ဒါတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး နည်းပါးတဲ့အခါ အယူအဆတွေ လွဲမှားတာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားအရ ကျွန်တော်တို့ ဒီကိစ္စအပေါ် သတိထားဖို့ လိုအပ်တယ် ဆိုတာလည်း သိပါတယ်” ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က ဆိုသည်။ ကချင်နှင့် ရှမ်းလူမျိုးများသည် သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် ဌာနေလူမျိုးများ ဖြစ်သည်နှင့်အညီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် (မဆလ) က ဖိနှိပ်ခံရသောကြောင့် အတူတကွ တော်လှန်ကြမည် ဟူသော

ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းထားမှုအပေါ် ကမ္ဘာ့ဘဏ် တောင်းပန် မန္တလေး၊ မေ...

ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းထားမှုအပေါ် ကမ္ဘာ့ဘဏ် တောင်းပန် မန္တလေး၊ မေ ၁၆ ကမ္ဘာ့ဘဏ်က ဧရာဝတီမြစ် ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲရေးအတွက် ချေးငွေပေးမည့် စီမံကိန်း သတင်းအချက်အလက် ယူဆချက် စာတမ်းတွင် ဧရာဝတီမြစ်ကို နိုင်ငံတကာမြစ်ဟု သုံးနှုန်းမိသည့်အပေါ် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်ရသည့်အတွက် တောင်းပန်ကြောင်း ကမ္ဘာ့ဘဏ်စီမံကိန်း အဖွဲ့ခေါင်းဆောင် Dr. Claudia Sadofs က ပြောကြားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်သည့် ဆွေးနွေးပွဲကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်ရှိ Mandalay Hill Resort Hotel တွင် ကျင်းပရာ အဆိုပါပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “အသုံးအနှုန်းနဲ့ ပတ်သက်လို့ စိတ်အနှောင့်ယှက် ဖြစ်ရင် တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ရေဝေရေလဲ ဒေသနဲ့ ဆက်စပ်နေလို့ ကမ္ဘာ့ဘဏ် ပေါ်လစီအတိုင်း သုံးနှုန်းလိုက်တာပါ။ ပညာရှင်တွေရဲ့ စိုးရိမ်မှုကို သိလို့ ဒီရက်ပိုင်းအတွင်းမှာပဲ ဖြုတ်ထားလိုက်ပါပြီ။ တရုတ်နာမည် နှစ်ခုကိုလည်း ဖယ်ထားပြီးပါပြီ” ဟု ၎င်းက ဘာသာပြန်မှ တစ်ဆင့် ထပ်လောင်း ပြောကြ

မဲဆွယ်မှုကန့်သတ်သော ညွှန်ကြားချက်နှင့်ပတ်သက်၍ ကော်မရှင်နှင့် ဒီချုပ်တွေ့ဆုံဆွေးနွေ...

မဲဆွယ်မှုကန့်သတ်သော ညွှန်ကြားချက်နှင့်ပတ်သက်၍ ကော်မရှင်နှင့် ဒီချုပ်တွေ့ဆုံဆွေးနွေးမှု မအောင်မြင် --------- မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်မှုများ ရှိနေကြောင်း ဝေဖန်ထားခြင်းခံနေရသည့် ညွှန် ကြားချက်မူကြမ်းနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1gytssK မဲဆွယ်မှုကန့်သတ်သော ညွှန်ကြားချက်နှင့်ပတ်သက်၍ ကော်မရှင်နှင့် ဒီချုပ်တွေ့ဆုံဆွေးနွေးမ 7daydaily.com မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်မှုများ ရှိနေကြောင်း ဝေဖန်ထားခြင်းခံနေရသည့် ညွှန် ကြားချက်မူကြမ်းနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ… from 7Day News Journal's Facebook Wall http://ift.tt/1gyttwF

အမေရိကန်က မြန်မာအပေါ် ကျန်ရှိနေသေးသော စီးပွားရေးပိတ်ဆို့မှုအချို့ကို သက်တမ်းထပ်တို...

အမေရိကန်က မြန်မာအပေါ် ကျန်ရှိနေသေးသော စီးပွားရေးပိတ်ဆို့မှုအချို့ကို သက်တမ်းထပ်တိုး ------------- မြန်မာနိုင်ငံအပေါ်အမေရိကန်ပြည်ထောင်စုက ပိတ် ဆို့ထားဆဲဖြစ်သော စီးပွားရေး ပိတ်ဆို့မှုအချို့ကို သမ္မတအိုဘား မားက ကြာသပတေးနေ့ (မေလ ၁၅ ရက်)တွင် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1gyttg3 အမေရိကန်က မြန်မာအပေါ် ကျန်ရှိနေသေးသော စီးပွားရေးပိတ်ဆို့မှုအချို့ကို သက်တမ်းထပ်တိုး 7daydaily.com မြန်မာနိုင်ငံအပေါ်အမေရိကန်ပြည်ထောင်စုက ပိတ် ဆို့ထားဆဲဖြစ်သော စီးပွားရေး ပိတ်ဆို့မှုအချို့ကို သမ္မတအိုဘား မားက ကြာသပတေးနေ့ (မေလ ၁၅ ရက်)တွင် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်သည်။ မြန်မာနိုင်ငံ၌ နိုင်ငံပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် တိုးတက်မှုအချို့ရှိသော်လည်း လို အပ်သောအဆင့်များ ရှိနေသေး သည်ဟု သမ… from 7Day News Journal's Facebook Wall http://ift.tt/1lKTSWQ

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးထားသည် ပု...

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေး ပေးထားသည် ပုဒ်မဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက် နံနက်က ရန်ကုန်မြို့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပြည်သူလူထုဆန္ဒရယူပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေးပေးသည့်ပုဒ်မဟု ဒေါ်အောင်ဆန်းစုကြည်ပြေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gysc8R

အမှတ်-၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း က သပိတ်ကျင်းမြို့ရှိ လူနေကျေး ရွာ...

အမှတ်-၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း က သပိတ်ကျင်းမြို့ရှိ လူနေကျေး ရွာအတွင်း ကွန်မန်ဒိုစစ်ရေးလေ့ ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း ဒေသ ခံများ၏ တိုင်ကြားချက်ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော် မရှင်သို့ အဆိုပါ လေ့ကျင့်ရေး တပ်မှ ဒုတိယ ဗိုလ်မှူးကြီးနှင့် အရာရှိစစ်သည်အချို့ လာရောက် အစစ်ခံခဲ့ကြောင်း သတင်းရရှိ သည်။ စစ်တပ်နှင့် ပတ်သက်၍ တိုင်ကြားမှုများအနက် လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးရာတွင် တပ်မှတာဝန်ရှိသူများကိုယ်တိုင် လာရောက်အစစ်ခံခြင်းမှာ ပထမဆုံးဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေး တိုးတက်မှု အတွက် ယခုကဲ့သို့ အပြောင်းအလဲများ ပိုမိုဖြစ်ပေါ်ရန် လိုအပ်ကြောင်း ဦးစစ်မြိုင်က ပြောသည်။ ရွာအနီး စစ်ရေးလေ့ကျင့်မှု ဒေသခံများ တိုင်တန်း၍ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးရာ တပ်မှလ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gysa0F

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲများတွင် လွှတ်တော် ကိုယ်စား လှယ်လောင်း တစ်ဦးက နိုင်ငံ...

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲများတွင် လွှတ်တော် ကိုယ်စား လှယ်လောင်း တစ်ဦးက နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို ဖိတ်ကြား၍ မိမိကိုယ်စား မဲဆွယ် စည်းရုံးခွင့်ကို ကော်မရှင်သို့ တောင်းခံလာပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် သတင်းစာနှင့် စာနယ် ဇင်းဆိုင်ရာအဖွဲ့တို့ မေလ ၁၆ ရက်၌ Summit Parkview ဟို တယ်တွင် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမတ်လောင်းက သမ္မတဦးသိန်းစိန်ကို ၎င်း၏မဲဆန္ဒနယ်တွင် ကိုယ်စားမဲဆွယ်ခွင့် တောင်းလျှင်ပင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gysbBZ

မှန်ထဲမှာ ပေါ်နေတဲ့ မိမိရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း မခင်မြတ်နွယ် တစ်ယောက်...

မှန်ထဲမှာ ပေါ်နေတဲ့ မိမိရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း မခင်မြတ်နွယ် တစ်ယောက် ရှိုက်ကြီး တငင် ငိုချလိုက် မိပါတယ်။ သူမရဲ့ မျက်နှာဟာ အရင်က ကြည့်ကောင်း ပေမယ့်လည်း အခုတော့ ဒဏ်ရာ ဒဏ်ချက် များကြောင့် အရင်လို ကြည့် မကောင်း တော့ပါဘူး။ ““မျက်နှာပေါ် က ဒဏ်ရာတွေ ကိုကြည့်ပြီး အကြိမ်ကြိမ် ငိုခဲ့ရတယ်။ဒဏ်ရာတွေ ကြောင့် ရုပ်က သူများ တွေလို မလှပတော့ဘူး။မလှတဲ့ အတွက် အလုပ် လျှောက်တဲ့ အခါ အခက် အခဲတွေ အများကြီး ရင်ဆိုင် ရပါတယ်””လို့ မခင်မြတ်နွယ် က ပြန်ပြောပါတယ်။ ရာဇ၀တ်ဘေး ပြေး၍ လွတ်နေသော ဗုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nZ6R84

ကေအိုင်အေ တပ်ဖွဲ့ဝင်များက ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း ကိစ္စမ...

ကေအိုင်အေ တပ်ဖွဲ့ဝင်များက ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း ကိစ္စမှာ လက်ရှိ ကေအိုင်အို အဖွဲ့အစည်း၏ ခံယူချက်များကို ရှမ်းတိုင်းရင်းသားများအား ရှင်းပြနိုင်ခြင်း မရှိသည့် အနေအထားကြောင့် နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မေလ ၁၅ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းအတွင်း ဒေသခံလူထုနှင့် တွေ့ဆုံရာ၌ ဖြေရှင်း ပြောကြားခဲ့သည်။ ရှမ်းလူမျိုးများကို တပ်သားသစ်အဖြစ် စုဆောင်းသည့်ကိစ္စ ဗိုလ်ချုပ်ဂွမ်မော် ဖြေရှင်း - သစ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gys9di

ဓါတ်ပုံ - National League for Democracy

ဓါတ်ပုံ - National League for Democracy အာဏာရှင်ယုံ အကုန်ကန်း-ဘ၀ထဲမှာ ငုတ်ရိုက် မထားချင်ကြပါနဲ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo L www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nZ6Scp

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည...

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည် ရန်ကုန်၊ မေ ၁၆ ပြည်ထောင်စုလွှတ်တော်တွင် ရေးဆွဲနေသော အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အထောက်အကူပြု ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဝင် ဦးသွင်စစ်မာန်အောင်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲကို အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိစာသင်တိုက်တွင် မေလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဥပဒေ ရေးဆွဲခြင်းကို ကန့်ကွက်ကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများကိုပါ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “အဓိကကတော့ ဒီဥပဒေကို ဘာကြောင့် ရေးဆွဲချင်တာလဲ ဆိုတဲ့ အပေါ်မှာ သူတို့ နားလည်မှု လွဲတာ၊ သူတို့ မေးတာကို ပြန်လည် ရှင်းလင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။ ယင်းသို့ နှစ်ဖက်တွေ့ဆုံရန် ကြိုးပမ်းခြင်းကို ကြိုဆိုပြီး တစ်ဖက်နှင့်တစ်ဖက် လွတ်လပ်စွာ ဆွေးနွေးခြင်းကို လမ်းဖွင့်ပေးသင့်ကြောင်း Equality Myanmar မှ ဦးအောင်မျိုးမ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်းများ တွေ့ဆုံ ရန်ကုန...

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်းများ တွေ့ဆုံ ရန်ကုန်၊ မေ ၁၆ ယခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် သတင်းရယူရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မီဒီယာများမှ ဝေဖန် အကြံပြုနိုင်စေရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် စာနယ်ဇင်း အဖွဲ့အစည်းများ မေလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ MJC၊ MJA၊ MJN၊ MJU၊ MRA အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ “ကျွန်တော်က White Card ကိစ္စကို အဓိကထားပြီး မေးတယ်။ တခြား နိုင်ငံတွေမှာ မရှိတဲ့ ဒီ White Card ကိစ္စကို ဘာလို့ ခွင့်ပြုထားသလို့ မေးတော့ ကော်မရှင်က လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်တာပါ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောတယ်။ နောက်ပြီး အိမ်နီးနားချင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံမှာ ကြိုတင်မဲ မရှိဘူး ဆိုတာကို ထောက်ပြခဲ့တယ်” ဟု ၎င်းကဆိုသည်။ ပြည်ထောင်စု ရွေ
ဂျပန်ကုန်စည်ပြပွဲတွင် ဂျပန်ကုန်စည် အမျိုးပေါင်း ၃၀ ကျော် ပါဝင်ပြသ myanmar.mmtimes.com ဂျပန်ကုန်စည်ပြပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ယခုလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဂျပန်ကုန်စည် အမျိုးအစားပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1jEzgep