Skip to main content

AFC Challenge Cup ပြိုင်ပွဲဝင် မြန်မာအသင်း၏ အပြီးသတ် လူစာရင်း ထုတ်ပြန် ရန်ကုန်၊...



AFC Challenge Cup ပြိုင်ပွဲဝင် မြန်မာအသင်း၏ အပြီးသတ် လူစာရင်း ထုတ်ပြန်



ရန်ကုန်၊ မေ ၁၆



အာရှဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် AFC Challenge Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ အပြီးသတ် လူစာရင်းကို မေလ ၁၆ ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။



ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် လေ့ကျင့်ခဲ့သည့် မြန်မာအသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်အပြီးတွင် ယခုကဲ့သို့ အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။



မြန်မာ့လက်ရွေးစင်အသင်း၏ ဆားဘီးယားနိုင်ငံသား နည်းပြချုပ် အေဗရာမိုဗစ်ခ်ျ ထုတ်ပြန်ခဲ့သည့် အပြီးသတ် ကစားသမား စာရင်းမှာ ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ဗန်လားဟာရွယ်၊ နောက်တန်း- ရန်အောင်ဝင်း၊ သိန်းဇော်၊ ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ အောင်ဟိန်းကျော်၊ အောင်သိုက်၊ ခင်မောင်လွင်၊ အောင်ဇော်၊ ပြည့်ဖြိုးအောင်၊ အလယ်တန်း- မင်းမင်းသူ၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ ဒေးဗစ်ဒန်း၊ စည်သူအောင်၊ ရှေ့တန်း- ကျော်ကိုကို၊ ကောင်းစည်သူ၊ ရန်ပိုင်၊ ချစ်စုမိုးတို့ ဖြစ်သည်။



မြန်မာအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ရန်ကုန်မြို့တွင် စင်ကာပူကလပ် Lions XII အသင်းကို နှစ်ဂိုးတစ်ဂိုး၊ ထိုင်းနိုင်ငံတွင် မေလ ၁၂ ရက်နေ့က ခြေစမ်းပွဲ ကစားခဲ့ရာတွင် ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက် အသင်းကို နှစ်ဂိုး တစ်ဂိုး၊ မေလ ၁၄ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အသင်းကို တစ်ဂိုးဖြင့် နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့သည်။



မြန်မာအသင်းသည် AFC Challenge Cup ပြိုင်ပွဲအုပ်စု (က) တွင် အိမ်ရှင် မော်လဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ်စတန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် မော်လဒိုက်အသင်းနှင့် မေလ ၁၉ ရက်၊ ပါလက်စတိုင်း အသင်းနှင့် မေလ ၂၁ ရက်၊ ကာဂျစ်စတန် အသင်းနှင့် ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဟု အာရှ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။



AFC Challenge Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းမှာ ၂၀၁၅ ခုနှစ်တွင် သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် အာရှဖလားပြိုင်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။



မြန်မာအသင်းသည AFC Challenge Cup ပြိုင်ပွဲကို စတင် ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနစ်တို့တွင် စတုတ္ထနေရာကို ရရှိခဲ့ဖူးပြီး ၂၀၁၂ ပြိုင်ပွဲတွင်မူ ခြေစစ်ပွဲပင် အောင်မြင်ခဲ့ခြင်း မရှိပေ။



မြန်မာအသင်းသည် AFC Challenge Cup ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင်နိုင်ရန် ခြေစစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ကာ ဂူအမ်အသင်းကို ငါးဂိုး၊ အိန္ဒိယအသင်းကို တစ်ဂိုးဖြင့် အနိုင်ရခဲ့ကာ တရုတ်တိုင်ပေ အသင်းကို တစ်ဂိုးစီ သရေကျကာ ခြေစစ်ပွဲကို အုပ်စုဗိုလ်ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1nTq11T

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...