Skip to main content

Posts

Showing posts from July 19, 2014

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေသဖြင့် စိုးရိမ...

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေသဖြင့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။ “ ကျနော် အခု မိုးကြီးပြီး ရေကြီးနေတဲ့ အတွက် ရေတက်နေတဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေက တစ်၊ နှစ်၊ သုံး၊ လေးရယ်၊ နောက် ညောင်ပင်ဈေးကြီးကျေးရွာ၊ ရွှေလှေကျေးရွာတွေ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။ http://ift.tt/1lfsyO9 သံတွဲတွင် ရေကြီး၍ စိုးရိမ်ရေမှတ်ကျော်နေ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nnEhQx

နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား SSA (ဝမ်ဟ...

နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား SSA (ဝမ်ဟိုင်း) အဖွဲ့က အလစ်ငိုက်တိုက်ခိုက်မှုမှာ SSA (ဝမ်ဟိုင်း) မှ ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှုမရှိဟု နေပြည်တော် အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လွှတ်တော် အတွင်း ပြောကြားလိုက်သည်။ http://ift.tt/1oUNhI9 ကြုံတွေ့ရပြဿနာများ SSPP/SSA မှ ‘ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှုမရှိ’ ဟု ဒု- ကက ဝန်ကြီးပြော -... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oUNhId

မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီန...

မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီနိုင်းအနီ ကြီးများကို လမ်းမတော်မြို့နယ် အနော်ရထာ လမ်းမပေါ်တွင် ဖတ်ရှုရသည်ဟု လမ်းသွား လမ်းလာ တစ်ဦးမှ ဆိုသည်။ အဆိုပါ ကြေညာချက်တွင် ယာဉ်ရပ်နားရန် နေရာများ၌ ပစ္စည်းများ စုပုံ ချထားခြင်း၊ နေရာဦး ထားခြင်းများ မပြုရ၊ လိုက်နာခြင်းမရှိပါက မည်သည့် တန်ဖိုးကြီး ပစ္စည်းကိုမဆို အမှိုက်အဖြစ် သိမ်းဆည်း သွားမည့်အပြင် စည်ပင် သာယာဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ http://ift.tt/1oUNhrF ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jJu3ZU

ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်...

ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင်တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ ရပ်ကွက်အတွင်းမှ ကျောင်းသား ကြိုပြီး ထွက်လာသော Toyota ၈င/----မှာ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ပေါ်အရောက်၌ မြောက်မှတောင်သို့ မောင်းနှင်လာသည့် 4A/------တီအီးဟီးနိုး ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြသည်။ http://ift.tt/1oUNefz ကျောင်းကားနှင့် ကုန်တင်ကားတိုက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jJu3cg

နိုင်ငံတ၀ှမ်း အာဇာနည်နေ့ ကျင်းပဖို့ အစိုးရက ခွင့်ပြုတယ်လို့ဆိုပေမယ့် ဆင်ပေါင်ဝဲ...

နိုင်ငံတ၀ှမ်း အာဇာနည်နေ့ ကျင်းပဖို့ အစိုးရက ခွင့်ပြုတယ်လို့ဆိုပေမယ့် ဆင်ပေါင်ဝဲမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက ပါတီဝင်တွေကို လွတ်လပ်ရေး ကျောက်တိုင် သို့ သွားရောက် လွမ်းသူ့ပန်းခွေချခွင့် ၊ အလေးပြုခွင့်ကို မြို့နယ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ အဖွဲ့ချုပ်ရုံးမှာပဲ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးဆွမ်းကပ်လှူပြီး အမျှဝေ သာဓုခေါ် လှူဒါန်းခြင်းကိုပဲ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။ http://ift.tt/1jJu1kA ဆင်ပေါင်ဝဲမြို့တွင် အာဇာနည်နေ့ ကန့် သတ်ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oUNfQL

“မြန်မာနိုင်ငံအတွက် ပထမဆုံး အမျိုးသမီး လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်...

“မြန်မာနိုင်ငံအတွက် ပထမဆုံး အမျိုးသမီး လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အပြင် မြန်မာတို့ အသည်းကျော် တောင်ကိုရီးယားနိုင်ငံသူ တစ်ဦး ဖြစ်နေခြင်းက ယခင် ကိုယ်စားလှယ်ဟောင်း၏ အရိပ်ဆိုးများကို ကျော်လွှားရာတွင် အထောက်အကူ ပြုနိုင်မည်လား… အာဂျီးမားအတွက် စာမေးပွဲအသစ် thevoicemyanmar.com မစ္စတာ ကင်တားနား ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် ကိုယ်စားလှယ်သစ် အဖြစ် တာဝန်ယူမည့် ကိုရီးယားနိုင်ငံသူ မစ္စယန်ဟီလီက သူ၏ ပထမဆုံး မြန်မာခရီးစဉ်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် from The Voice Weekly's Facebook Wall http://ift.tt/WkATKW

နိုင်ငံရေးပြဿ နာကို အကြမ်းဘက်နည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒ...

နိုင်ငံရေးပြဿ နာကို အကြမ်းဘက်နည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့တာပါ။ အာဇာနည်နေ့ဟာ ဘာကိုပြသလဲဆိုရင် နိုင်ငံရေးပြဿ နာကို လက်နက်နည်းနဲ့ ဖြေရှင်းလို့ မရဘူး ဆိုတာ သင်ခန်းစာယူဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ http://ift.tt/1jJpdLW နိုင်ငံရေးပြဿ နာကို အကြမ်းဘက်နည်းနှင့် မဖြေရှင်းသင့်ဘူးလို့ ဒေါ်စု ပြော - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jJpdM3

ဒီနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာတော့ ရန်ကုန်၊မန္တလေးနဲ့ မြို့ကြီး...

ဒီနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာတော့ ရန်ကုန်၊မန္တလေးနဲ့ မြို့ကြီး အတော်များများမှာ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုတဲ့အသံတွေ ဖုံးလွှမ်းခဲ့ပါတယ်။ နှစ်အစိတ်လောက် မကြားခဲ့ကြရတဲ့ ဥသြဆွဲသံကြောင့် ဒီတကြိမ် အာဇာနည်နေ့ဟာ အများပြည်သူတွေအကြား အမှတ်ရစရာလည်း ဖြစ်ခဲ့ရပါတယ်။ http://ift.tt/1yHarsH သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းသွပ်အမျှဝေ - www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1yHapB5

၆၇ နှစ်မြောက် အာဇာနည်နေ့ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ အာဇာနည်ဗိမာန်ကို တက်ရောက်...

၆၇ နှစ်မြောက် အာဇာနည်နေ့ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ အပါအ၀င် ပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း အာဇာနည်ဗိမာန်ကို တက်ရောက်ဂါဝရ ပြုခဲ့ကြပါတယ်။ http://ift.tt/1yHalRM ဒုသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ အာဇာနည်ဗိမာန်ကို တက်ရောက် ဂါရ၀ပြု - သစ်ထူးလွင် (နေ့စဉ်သ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jJp0IF

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ပါတီရဲ့ လှုပ်ရှားမှုကို ဇူလိုင်လ ၁၉ ရက်မှာ အ...

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ပါတီရဲ့ လှုပ်ရှားမှုကို ဇူလိုင်လ ၁၉ ရက်မှာ အဆုံးသတ် ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်လည် မေလ ၂၇ ရက်က စတင် ကောက်ခံခဲ့တဲ့ ၂ လ နီးပါး ကြာမြင့်တဲ့ လှုပ်ရှားမှု အတွင်း လူထု လက်မှတ် ၅ သန်းကျော် ရရှိထားပြီး ဒီလကုန်မှာ အပြီးသတ် စာရင်း ထုတ်ပြန် နိုင်လိမ့်မယ်လို့ NLD မိတ္ထီလာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြား ပါတယ်။ http://ift.tt/1jJp0Zp ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု အဆုံးသတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1yHal4m

ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွ...

ဂါဇာဒေသ မှာ၊ အစ္စရေးက မြေပြင် စစ်ဆင်ရေး တွေ ပြုလုပ်လာ ကတည်းက၊ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးရပြီး၊ ယာယီနေထိုင်ဖို့ စခန်းနေရာတွေ ကို ရှာဖွေ နေကြရ တဲ့ အရေအတွက် ဟာ၊ တစ်ရက် အတွင်းမှာကို၊ ၂သောင်း ၂ ထောင် ကနေ ၄ သောင်းကျော်၊ ၂ ဆ မြင့်တက်ခဲ့ရတယ် ဆိုပြီး၊ ဂါဇာမှာရှိ တဲ့ ကုလသမဂ္ဂ အရာရှိ တွေက ပြောပါတယ်။ http://ift.tt/1yHagxF ဂါဇာမှာ အိမ်စွန့်ခွာပြေးရသူ ၄သောင်းကျော် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1yHajt3

ရမ်မတ်ဆန် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသအချို့ နေရာကွက်မိုးကြီးနိုင် ----...

ရမ်မတ်ဆန် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသအချို့ နေရာကွက်မိုးကြီးနိုင် ------- ဖိလစ်ပိုင်နိုင်ငံတွင် အား အပြင်းဆုံး တိုက်ခတ်ခဲ့သည့် တိုင် ဖွန်းမုန်တိုင်း ရမ်မတ်ဆန် (Ram-ma sun)၏ အရှိန်ကြောင့် ဇူလိုင် ၁၈ ရက်မှ နောက်သုံးရက်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် နေရာကွက်၍ မိုးကြီးကာ မြေပြိုမည့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1nntztg ရမ်မတ်ဆန် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသအချို့ နေရာကွက်မိုးကြီးနိုင် www.7daydaily.com ဖိလစ်ပိုင်နိုင်ငံတွင် အား အပြင်းဆုံး တိုက်ခတ်ခဲ့သည့် တိုင် ဖွန်းမုန်တိုင်း ရမ်မတ်ဆန် (Ram-ma sun)၏ အရှိန်ကြောင့် ဇူလိုင် ၁၈ ရက်မှ နောက်သုံးရက်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် နေရာကွက်၍ မိုးကြီးကာ မြေပြိုမည့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1yH7g4n

၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရ၀ပြုကြသည့် နာရေးကူညီမှုအသင်း (...

၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရ၀ပြုကြသည့် နာရေးကူညီမှုအသင်း ( ရန်ကုန် ) မှ လူငယ်မောင်မယ်များ ဓါတ်ပုံ - ကိုတင်ဝင်း from Popular Myanmar News Journal's Facebook Wall http://ift.tt/1k1tlHF

တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်ရက်အတွင်း မြန်မာနိုင်ငံအတွင်း မုန်တိုင်းငယ်ဝင်မည...

တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်ရက်အတွင်း မြန်မာနိုင်ငံအတွင်း မုန်တိုင်းငယ်ဝင်မည် ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင် ၁၉ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို ဖြတ်သန်းပြီးနောက် ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၌ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ၀င်ရောက်မည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1jJjvK0 တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်ရက်အတွင်း မြန်မာနိုင်ငံအတွင်း မုန်တိုင်းငယ်ဝင်မည် mizzimaburmese.com ရန်ကုန်၊ မဇ္ဈိမ။ ။ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင် ၁၉ ရက်တွင် တရုတ်နိုင်... from Mizzima - News in Burmese's Facebook Wall http://ift.tt/1lfkug9

ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ...

ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ ရခိုင်ရိုးမ ချောင်းရေလျှံသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့အတွင်းရှိ ဇလွန်ရွာ နှင့် မဲနယ်ကွင်းကျေးရွာ ကြားရှိ တံတားပျက်စီးကာ သံတွဲ -ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ကားနှင့် ကုန်ကား အစီးနှစ်ဆယ်ခန့် ပိတ်မိနေသည်ဟု သံတွဲမြို့ မထသ ဥက္ကဋ္ဌ ဦးကျော်ကျော်က ဇူလိုင် ၁၉ တွင် မဇ္ဈိမကိုပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - http://ift.tt/1jJjvda ရခိုင်ရိုးမ တောင်ကျချောင်းရေကြောင့် တံတားကျိုးကာ သံတွဲ-ရန်ကုန် ကားများပိတ်မိနေ mizzimaburmese.com ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ရိုးမ ချောင်းရေလျှံသဖြင့် ရခိုင်ပြည်နယ် သံတွဲမြ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1jJjvdc

၆၇ နှစ်မြောက် အာဇာနည်နေ့ မြင်ကွင်းများ... ဓါတ်ပုံ - ကိုတင်ဝင်း

၆၇ နှစ်မြောက် အာဇာနည်နေ့ မြင်ကွင်းများ... ဓါတ်ပုံ - ကိုတင်ဝင်း from Popular Myanmar News Journal's Facebook Wall http://ift.tt/1oUFp9I
အာဇာနည်နေ့မြင်ကွင်းတစ်ချို့ 46 new photos from The Voice Weekly's Facebook Wall http://ift.tt/1qo8YXH

#emg_opinions ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ Written by - မြန်မာ့အလင်းအောင...

#emg_opinions ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်မှာ Written by - မြန်မာ့အလင်းအောင်သန်း ဗိုလ်ချုပ်ရောက်လာ ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ်သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။ ဘရင်းဂန်းနှစ်ရာနှင့် ကျည်ဆန်များ ခိုးထုတ်သွားမှုတို့အတွက် ဗိုလ်ချုပ်တို့အစိုးရအဖွဲ့ကို လုပ်ကြံဖြိုခွင်းနိုင်သည်။ ယင်းကြောင့် လုံခြုံရေးချထားရန် ဘုရင်ခံက သူ့ကို ပြင်ထားဖို့ပြောထားကြောင်း သခင်နုက ဗိုလ်ချုပ်ကိုပြောသည်။ ဗိုလ်ချုပ်ကတော့ သိပ်အလေးမထားသည့်လက္ခဏာ ပြသည်။ သတိပေးချက် သခင်နုသည် ဗြိတိသျှဘုရင်ခံ ဆာဟူးဗတ်ရန့်၏ သတိပေးချက်ကို အလေးအနက်ထားလျက် စဉ်းစားနေမိသည်။ ဘုရင်ခံပြောပုံက ဗိုလ်ချုပ်တို့ကို အချိန်မရွေး လုပ်ကြံနိုင်သည့်သဘော ပြောလာ၍ အလေးအနက်ထားလျက် စဉ်းစားနေခြင်းပင်။ နက်ဖြန်မှ ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် ဗြိတိန်သို့ ရောက်နေသည်။ ယာယီပြည်ထဲရေးဝန်ကြီးအဖြစ် ပျော်ဘွယ်ဦးမြက တာဝန်ယူထားသည်။ ပျော်ဘွယ်ဦးမြထံ (ဗိုလ်ချုပ်မသိအောင် အရပ်ဝတ်လုံခြုံရေးတွေ စီစဉ်ချထားရန်) ဖုန်းဆက်အကြောင်းကြ

#emg_opinions ၁၉ ဇူလိုင် ၁၉၈၉ Written by - ချစ်ဝင်းမောင် (၁) နိုင်ငံ့သမိုင်းမ...

#emg_opinions ၁၉ ဇူလိုင် ၁၉၈၉ Written by - ချစ်ဝင်းမောင် (၁) နိုင်ငံ့သမိုင်းမှာ ၀မ်းနည်းကြေကွဲစရာ နေ့စွဲများ ရှိခဲ့သည်။ အထူးသဖြင့် ၁၉၊ ဇူလိုင် ငယ်စဉ်ကလေးဘ၀ မူလတန်းအရွယ်မှစ၍ ထိုနေ့စွဲကို အမှတ်တရရှိခဲ့သည်။ ကျောင်းသင်ဖတ်စာအုပ်များတွင် “အာဇာနည်နေ့အကြောင်း” နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သင်ကြားရသောအခါ နိုင်ငံ့သမိုင်းကို ရေရေရာရာ သဘောမပေါက်သော်လည်း မူလတန်းအရွယ် အလယ်တန်းကျောင်းသားတစ်ဦး၏ အသိထဲမှာ “အာဇာနည်” တို့ ကိန်းဝပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးခေါင်းဆောင်။ ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည်။ ငယ်ငယ်တုန်းက သုံးစွဲခဲ့ကြသည့် ငွေအကြွေငါးပြားစေ့မှာလည်း ဗိုလ်ချုပ်၏ဦးခေါင်းပုံ ပါသည်။ ငွေစက္ကူတစ်ကျပ်မှာလည်း ဗိုလ်ချုပ်၏ ခန့်ညားသောရုပ်ပုံ ပါသည်။ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့တစ်တွေ နေ့စဉ်ထိတွေ့ခဲ့ကြရသည်။ ဗိုလ်ချုပ်သည် ကျွန်တော်တို့၏ နှလုံးသားထဲမှာ ထာဝရစွဲတည်နေခဲ့သည်။ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးခြင်းသည် အမိနိုင်ငံကို ချစ်မြတ်နိုးခြင်းအဖြစ် ခံယူသည်။ “အာဇာနည်” ဆိုသည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်စွန့်စားရဲသူဟု ငယ်စဉ်ကတည်းက အသိစိတ်ထဲမှာ စွဲထင်ခဲ့သည်။ ဗိုလ်ချုပ်ကို ကျွန်
NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် အာဇာနည်နေ့ အခမ်းအနား from The Voice Weekly's Facebook Wall http://ift.tt/1k1miPe